Don't wanna be here? Send us removal request.
Text
သူမတူအကျဥ်းသား ရရှိနိုင်သောနေရာများ
သူမတူအကျဥ်းသား ပုံနှိပ်စာအုပ်ကို အောက်ပါနေရာများနှင့် ကိုယ်စားလှယ်များတွင် ဝယ်ယူ ရရှိနိုင်ပါသေးသည်။
.
စင်ကာပူ
ထိုက်သူရ
ပင်နီဆူးလားပလာဇာ
5 လွှာ အခန်းနံပါတ် (51)
.
ထိုင်း
ဘန်ကောက် - Zawgyi Bar & Bistro
44/1 44/2 Soi Phetchaburi 17,
Bangkok 10400
ချင်းမိုင် - The Bake Zone
204, Moo 9, Sansai Noi, San Sai District,
Chiang Mai, Thailand
Postal code 50210
မဲဆောက် - https://www.facebook.com/maddisontrossard
.
ဂျပန် - https://www.facebook.com/stella.ofp.fr
.
ဒူဘိုင်း - https://www.facebook.com/TheSaviorOfTheHero
.
USA - https://www.facebook.com/SpringMyanmarSociety
.
နော်ဝေ - https://www.facebook.com/nord.land.184
.
ယူကေနဲ့ တခြားနိုင်ငံများမှ ဝယ်ယူလိုရင်တော့ ကျနော့်ကို ဆက်သွယ်ပါ။ လက်ရှိအခြေအနေမှာ မြန်မာပြည်တွင်းကို မပို့ပေးနိုင်ပါ။ ကျေးဇူးတင်ပါတယ်။
AKMoe - https://www.facebook.com/akmoe2001
0 notes
Text
To Future Generation in 2121,
သို့ ၂၁၂၁ အနာဂတ်မျိုးဆက်သို့
.
I wrote this letter as a simple reminder of what happened in 2020. I hope you all are doing fine in 2121. It’s been over 100 years and what happened in 2020 must have been in history book.
.
ဒီစာကို ရေးရတဲ့ အကြောင်းကတော့ ၂၀၂၀ ဘာဖြစ်ခဲ့သလဲ ဆိုတာ သတိပေးချင်ရုံမျှပါ။ မင်းတို့အားလုံး ၂၁၂၁မှာ အခြေအနေကောင်းမယ်လို့ မျှော်လင့်ပါတယ်။ နှစ်တရာကျော်ပြီ ဆိုတော့ ၂၀၂၀မှာ ဘာဖြစ်ခဲ့တယ် ဆိုတာ အခုလောက်ဆို သမိုင်းစာအုပ်ထဲ ရောက်နေရောပေါ့။
.
Historians might record many facts and timelines but they might miss human emotion side of how we felt at that time. We feel trapped, scared and uncertain. We don’t know what to do. The World is hoping for a miracle. We pray for cures, vaccines or anything.
.
သမိုင်းဆရာတွေက အချက်အလက်တွေ နေစွဲတွေ မှတ်တမ်းတင်ထားကြမှာ သေချာပေမဲ့ လူတွေ ဘယ်လိုခံစားရတယ်တော့ ထားချင် ထားခဲ့မှာ။ ငါတို့ဟာ ပိတ်မိနေတယ်၊ ကြောက်တယ်၊ ဘာမှ မသေချာဘူးလို့ ခံစားနေရတယ်။ ဘာလုပ်ရမှန်းလည်း မသိဘူး။ ကမ္ဘာကြီးက တစုံတရာ ကိုမျှော်လင့်နေတယ်။ ဆေးပေါ်လာဖို့၊ ကုသနိုင်ဖို့၊ ဘာပဲဖြစ်ဖြစ် ပျောက်စေ တခုခုကို ဆုတောင်း နေကြရတယ်။
.
I don’t want to bore you with details. I just want to remind you something you future generations might forget. Please be kind to this World. Be gentle to Eco Systems. Be fair to other living things. We humans are not all mighty and powerful. If we are out of balance, the Nature will engage and rebalance it. That’s how the World works.
.
မင်းကို ငါ အချက်အလက်တွေနဲ့ ဖိမသတ်ချင်ဘူး။ မင်းတို့မျိုးဆက်သစ်တွေ မေ့နေမှာ စိုးလို့ သတိပေးချင်ရုံပါ။ ကမ္ဘာကြီးကို ကြင်နာပါ။ သဘာဝ ပတ်ဝန်းကျင်ကို ငဲ့ညှာပါ။ တခြားသော သက်ရှိတွေကို မျှတပါ။ ငါတို့ လူသားတွေဟာ ခွန်အားကြီး၊ စွမ်းအားကြီးလှတာ မဟုတ်ဘူး။ ငါတို့တွေကြောင့် ချိန်ခွင်လျှာ ရွှေ့သွားခဲ့ရင် သဘာဝက ဝင်ပြီး ညှိပေးသွားမှာပဲ။ ဒါက လောကနိယာမပါ။
.
I hope next generations learnt our mistakes and prepared enough for your generation. I hope you all are well informed and well prepared. It said “There is no smoke without fire.” I hope that you all are not starting another fire. Enjoy the life and be kind to others. It sounds boring but trust me. It’s better for you all. Be safe.
.
ငါတို့နောက်က မျိုးဆက်တွေက ငါတို့အမှားတွေ သင်ခန်းစာယူပြီး မင်းတို့ မျိုးဆက်အတွက် ပြင်ဆင်ပေးခဲ့မယ်လို့ မျှော်လင့်ပါတယ်။ မင်းတို့ မျိုးဆက်ကလည်း အသိဉာဏ် အပြည့်နဲ့ ကောင်းကောင်း ပြင်ဆင်ထားမယ် လို့ မျှော့်လင့်မိတယ်။ "မီးမရှိဘဲ မီးခိုးမရှိဘူး" ဆိုတဲ့ ဆိုရိုး ရှိတယ်။ မင်းတို့ မီးတော့ ထပ်မမွေးလောက်ဘူးလို့ ငါတော့ မျှော်လင့်တာပဲ။ ဘဝကြီးကို ခံစားပါ။ အများကိုလည်း ကြင်နာပါ။ ခပ်ပေါပေါ စကားတွေလို့ မင်းထင်ချင် ထင်လိမ့်မယ်။ ဒီလိုနေတာဟာ အကောင်းဆုံးဆိုတာ မင်းယုံပါ။ အန္တရာယ် ကင်းပါစေ။
.
It is from bottom of our 2020 old generations ‘ hearts.
ဒီစကားတွေဟာ ၂၀၂၀ မျိုးဆက်ဟောင်းများရဲ့ ��င်ထဲက လာတဲ့စကားတွေပါ။
_______________________
AKMoe 2020/04/12
1 note
·
View note
Text
တန်ခိုးပျောက်ချိန် - တင်မိုး
တန်ခိုးပျောက်ချိန် - တင်မိုး ++++++++++++ ပန်းဖူးသဖွယ်၊ ကလေးငယ်လျှင် ရယ်ကာ ရွှင်ကာ၊ မြင်ရာရာကို ဘာသာအလျောက်၊ မြူးခုန်ပေါက်လျက် ဝမ်းမြောက်လွတ်လပ် လှပါ၏။ ပန်းပွင့်သဖွယ်၊ ပျိုမျစ်ရွယ်လျှင် ရယ်ကာ ရွှင်ကာ၊ နေချင်ပါလည်း သင့်ပါ၏လော၊ မသင့်လောဟု တွေးတော ဆင်ခြင်၊ ဣနြေ္ဒဝင်လျက် ဟန်မှင်သတ်၍၊ ရွှင်တတ်ဘိ။ ပန်းကြွေပမာ၊ ရွယ်ဇရာမူ ခန္ဓာလည်းရင့်၊ စိတ်လည်းရင့်၍ မသင့်အမှု၊ သင့်အမှုကို တွေးရှုဆင်ခြင်၊ သတိဝင်လည်း ရယ်ချင်စိတ်ကင်း၊ ရယ်ဖွယ်ကင်းကာ မြင်ကွင်းလည်းခြောက် တန်ခိုးပျောက်သည် စိတ်မြောက် ကိုယ်မြောက် မရှိပြီ။ ။
1 note
·
View note