Don't wanna be here? Send us removal request.
Text
Day 5 - updateOrCreate
updateOrCreate ဆိုတာ table ထဲမှာ record ရှိရင် update လုပ်။ မရှိရင်အသစ် create လုပ်ပေးမယ်ပေါ့။
Book::updateOrCreate(
['name' => "Ready player one"],
['description' => 'A famous blah blah blah...']
);
အဲ့လိုဆိုရင် Ready player one ဆိုတဲ့ စာအုပ် Book table ထဲရှိခဲရင်ရှိတဲ့ row မှာ description ကို update လုပ်မယ်။ Book ထဲမရှိဘူးဆိုရင် Ready player one ဆိုတဲ့ name နဲ့ သူ့ရဲ့ description အသစ်ကိုcreateလိမ့်မယ်။
ယနေ့ကတော့ဒါပါဘဲ။
0 notes
Text
Day 4 - Transformers, CSV and a way to package development
Transform ဆိုတာကတော့ api ထွက်လာမဲ့ပုံစံကိုကြားမှားသတ်မှတ်ပေးတဲ့ပုံပေါ့၊ဒီလိုသတ်မှတ်လိုက်လို့ api တစ်ခုနည်းနည်းလေးပြောင်းသွားရင် mobile developer တွေ frontend developer တွေအတွက်အခက်အခဲနည်းသွားမှာပေ့ါ။
--
Database seed တာထက်ပိုပြီးလူနာလည်လွယ်တာကတော့ csv file import တာပါဘဲ။အများကြီးတွေးပူနေစရာမလိုတော့ဘူး။ ဓာတ်ပုံတော့ဘယ်လို seed မလဲမသိဘူး။ s3 link ထည့်လိုက်တယ်ထင်တယ်။
--
Package development ကိုလေ့လာဖြစ်တယ်။ ကိုယ်ရေးချင်တာလေးရှိတော့ရေးနေရင် unit testing လုပ်ဖြစ်တယ်။
0 notes
Text
Day 3 - Flashback
မနှစ်က nodejs နဲ့အလုပ်ဝင်တော့ project အသေးလေးတစ်ခုကို sailsjs framework အသစ်မှာစဖြစ်တယ်။ အဲ့တုန်းကဘာလုပ်လဲဆိုတော့ visual novel game engine အသေးစားလေးလုပ်ဖြစ်တယ်။ ဇာတ်လမ်းကလည်းတိုတိုလေးတစ်ခုရေးထားတာရှိတော့အဲ့တာကိုလုပ်ကြည့်ချင်လို့ဆက်ဖြစ်သွားတာ။ အံမယ် ဟိုတလောကမှကြည့်ထားတဲ့Black Mirror ရဲ့ White Christmas အပိုင်းထဲကဇာတ်ဝင်ခန်းတစ်ပိုင်းနဲ့တောင်တူနေတယ်။ - Dashboard မှာ CRUD တော့ပြီးသွားပေမဲ့ API တော့မထုတ်လိုက်ရဘူး။ အဲ့ရုံးမှာ sailsjs လေ့လာဖို့တစ်လ လေ့လာချိန်ပေးတော့ ဒါထိုင်ရေးနေတာ။ sailsjs က fullstack အာရုံစိုက်တဲ့ဟာဆိုပေမဲ့ ဒီမှာတော့ frontend ကို jquery နဲ့ရှုပ်ပွတတ်အောင်ရေးထားတာ။ ရုံးလဲပိတ်သွားပြီဆိုတော့ လျောက်ကြည့်ချင်တဲ့လူရှိရင် repo ကို public လုပ်ပေးထားလိုက်တယ်။ MongoDB Cloud နဲ့လည်းချိတ်ထားပြီးသားဆိုတော့ setup က npm install -g sails npm install sails lift အဲ့တာဆိုပြီးပြီ။ -
https://github.com/thihakyaw97/mp023
0 notes
Text
Day 2 - Migration
အရင်တုန်းက Laravel မှာ Migration ကိုဒီနေ့အထိအပြည့်အဝနားမလည်ခဲ့ဘူး။ ယောင်ယောင်လည်လည်ဖြစ်နေတာပေါ့။ Migration နဲ့ပတ်သက်လို့ ကိုယ်တွေအတွက်အရမ်းအသုံးဝင်တာလေးတစ်ခုသိလိုက်ရတယ်။
--
အရင်ကဆိုရင် column တစ်ခုကိုဖြုတ်တာဘဲဖြစ်ဖြစ် ပြင်တာဘဲဖြစ်ဖြစ်ထပ်ထည့်တာဘဲဖြစ်ဖြစ်ဆိုရင်
migration ဖိုင်လ်ထဲ သွားပြင်ရေးရတယ်
database ထဲသွားပြီး value ပြင်ရတယ်
Database ထဲသွား manually သွားပြင်တယ်ဆိုတာက ကိုယ်တွေပြင်လိုက်တဲ့ migration ဖိုင်လ်အတိုင်းလိုက်သွားပြင်တာ။အလုပ်သိပ်ရှုပ်တယ်ပေါ့ဗျာ။ စိတ်ညစ်ရတယ်။
ဒီနေ့သိလိုက်ရတာကအဲ့လိုပြင်ရမဲ့အခြေအနေမျိုးဆိုရင်လွယ်လွယ်ကူကူရင်ဆိုင်လို့ရမဲ့နည်းလမ်းပေါ့ဗျာ။
migration file အသစ်ဆောက်လိုက်တယ်။ နာမည်တော့သေချာပေးပေါ့။
php artisan make:migration add_description_column_in_book_table --table=books
--table=books ဆိုတာက migration file generate လုပ်တဲ့အချိန် book table မှာပြင်စရာရှိတာပြင်လို့ရတာပေါ့။
rollback လုပ်ရင်အဆင်ပြေအောင်လည်း down() ထဲမှာ လည်း rollback လုပ်ရင်ဘာလုပ်မလဲရေးပေါ့။
ပြီးရင် php artisan migrate လုပ်။အဲ့တာဆိုအိုကေတယ်။ အရင်လို့ database ထဲ manually ပြင်စရာမလိုတော့ဘူး။ဟာဟ။
0 notes
Text
Day 1 - Homestead
အရင်ကဆို Laravel ကို Homested မသုံးချင်ခဲ့ဘူး။ လက်ရှိရေးနေတဲ့ပုံစံကအဆင်ပြေနေတာကော setup လုပ်ဖို့အချိန်မပေးနိုင်တာကော Windows သုံးနေတာကြောင့််ကော ပျင်းနေတာကတော့အဓိကအချက်ပေါ့ဗျာ။ အလုပ်ရဲ့ပထမဆုံးနေ့မှာတော့ ကွန်ပျူတာမှာ homestead သုံးခိုင်းတော့ပြင်ရဆင်ရအုန်းမယ်။ ၂၀၁၆တုန်းက OS X ကိုစသုံးတာဒစ်လည်ချက်ဘဲအားတီတို့။ အဲ့အချိန်က Linux တစ်ခါမှမသုံးဖူးတဲ့သီဟလေးအတွက် composer သွင်းတာတောင်တိုင်ပတ်ချက်ဘဲ။ အခု macbook ပြန်သုံးတော့ စက်dမှာevelopment enviroment အတွက်ပြင်ဆင်တာအခက်အခဲသိပ်မကြံရတော့ဘူး။ ဒါကတော့ homestead ကိုစက်ပေါ်မှာမပြင်ဆင်ခင်အချိန်အထိပေါ့။
--
homestead ဆိုတာလွယ်လွယ်နဲ့ပေါ့ပျက်ပျက်ပြောရရင်တော့ development environment ကိုကိုယ့်ရဲ့စက်ထဲထည့် မ run တော့ဘဲအခြားစက်ယောင်ယောင် virtual box ထဲ Ubuntu 18.04 တင်ပြီး run တာရယ်။ဘာထူးခြားလဲဆိုတော့ Homestead က laravel အတွက်သီးသန့်ထုတ်ထားတာမို့လို့ အရင်လို php artisan serve run စရာမလိုတော့ဘူး၊php version ကြိုက်သလိုပြောင်းလို့ရတယ်။ local မှာရေးတဲ့ code ကို VM ပေါ်မှာတန်း run လို့ရတယ်။ ဒါကတော့သူ့ရဲထူးခြားချက်လေးတွေပါဘဲ။ ကျန်တာတွေကောရှိသေးတယ်။ခုတော့ခေါင်းထဲဖမ်းမိတာဘဲချရေးလိုက်တယ်လေနော့။
--
Homestead သွင်းဖို့ Vagrant ဆိုတာအရင်သွင်းရတယ်။ Vagrant သွင်းပြီးရင် VMware ဘာညာသွင်းရတယ်။အကောင်းဆုံးနဲ့ free ကြိတ်လို့ရတာကတော့ virtualboxပါဘဲ။ Vagrant download လုပ် virtualbox download လုပ် virtualbox အတွက် image file download လုပ် (ဒီဟာတော့အတော်နှေးတယ်) ပြီးရင် 'စလို့ရဖို့' စလို့ရပြီ။
--
Laravel documentation အရ homestead ကိုနှစ်နည်းသုံးလို့ရတယ်။ Project တစ်ခုချင်းစီမှာ VirtualMachine ဆောက်ပြီးသုံးတဲ့ locally setup ရယ် VM တစ်ခုထဲမှာ project တွေအများကြီးကို VM တစ်ခုထဲမှာထည့်ထားတဲ့ globally setup ရယ်ပေါ့။ Macbook ဆိုရင် locally setup မေ့ထားလိုက်တော့။ project တစ်ခုတိုင်း VM တစ်ခုဆိုသေရချည်ရဲ့။
--
Homestead အတွက် github ကနေပြီး pull ရတယ်။ branch ကို master ကနေ release ပြောင်းရသေးတယ်။ စိတ်သောကနည်းအောင်လို့ပါရယ်။ ပြီးရင် Homestead.yml ကို config ရေးရတယ်။ မမိုက်ဘူး။ case sensitive ဖြစ်တာရယ် mac ပြန်သုံးတာမကြာသေးတော့ directory မှာဒစ်လည်သွားသေးတယ်။
--
အားလုံးအိုကေပြီဆိုရင်တော့ vagrant up ဆိုပြီး github က pull ထားတဲ့ Homestead directory ထဲကနေ terminal နဲ့ရိုက်လိုက်တယ်။ အိ���ကေတယ်ဆိုရင်တော့ဖြင့် local မှာရေးတဲ့ကုဒ်က VM ထဲမှာ အေးဆေး run လို့ရပြီ။
-
နောက်ကြိုက်တဲ့အထဲမှာ Makefile ဘဲ။အတော်မိုက်တယ်။github က pull ထားတဲ့ Homestead directory ရဲ့ terminal မှာ vagrant ssh ရိုက်ပြီး project directory ကို mount။ make setup လို့ရိုက်လိုက်ရင် project ကိုအစအဆုံး setup လုပ်ပေးသွားတယ်။ file ထဲမှာတော့ script file လိုမျိုးလေး။ နောက်မှအေးဆေးလေ့လာဖို့မှတ်ထားရအုန်းမယ်။
0 notes
Text
မှတ်တမ်းပါခင်ဗျာ
အလုပ်အသစ်လဲစတော့စိတ်ကူးလေးတစ်ခုယဉ်မိတာကတော့ငါတစ်နှစ်အတွင်းနေ့တိုင်းအသစ်သင်ယူလာတာတွေ ရေးပြီးသိမ်းထားရင်အခြားလူမဖတ်တောင်ငါဖတ်ရင်တစ်ခုခုတော့ကျေနပ်စရာ ရလာမယ်ထင်တာဘဲ။မသိဘူး။ စာရေးပြီးတင်ဖို့အတွက် ဆိုတော့ thumblr မှာဘဲတင်တော့မယ်။ စာဖတ်ရရင်ကျေနပ်ပြီလေ။ အားလဲမအားဘူး။ပျင်းလဲပျင်းတယ်။ Day - 1၊ Day - 2 ဘာညာကနေ Week - 1 ၊ Week - 2 ဘာညာဖြစ်သွားနိုင်တယ်ဆိုတော့ ဖြစ်မြောက်အောင်ဖိအားပေးခံယူချက်လုပ်ရတော့မှာဘဲ။ ထင်ရတာဘဲ။ Notion ကမြန်မာလိုရိုက်လို့မကောင်းဘူးဘာဖြစ်လဲမသိဘူး။ Draft သိမ်းမလို့ကို။ Typora နဲ့ဘဲ local မှာသိမ့်းတော့မယ်။
0 notes