Tumgik
mediabook5 · 3 years
Text
တောင်သူဦးကြီးဆိုပြီး နေဝင်းက ဂျင်းထည့်ခဲ့တာ
Tumblr media
Zero Setting🇺🇲
အများနဲ့မတူတဲ့ အမြင်လေးပါ
အခုဒေါ်လာဈေးတွေတက်တယ် မြန်မာငွေတန်ဖိုးကျတယ် အဲ့တာဆို ကုန်ဈေးနူံးတွေ ထိုးတက်တော့
မယ် လူတွေ ဒုက္ခရောက်တော့မယ်
အခုလဲရောက်နေတာပါပဲ အဲ့ထက်အခြေအနေပိုဆိုး
လာတော့မယ် စီးပွားပျက်ကပ်ဘေးကနေ အငတ်ဘေးစိုက်လာမယ် လူတွေတစ်နေ့စာတစ်နေ့
မနည်းရှာစားရတော့မယ် ခိုး ဆိုး လု နိုက်တွေပေါ
လာမယ်
ဟုတ်ပြီ အဲ့လိုဖြစ်အောင် ဘယ်သူတွေ လုပ်နေတာလဲ အဖြေကလဲရှင်းတယ် စကစပါပဲ
သူတို့ ဒေါ်လာဈေးတက်အောင် တမင်ကိုလုပ်နေတာ ဗဟိုဘဏ်ကထုတ်ရောင်းတာ ဈေးကွက်ထဲ ဒေါ်လာဈေးကျဖို့လိုအပ်တဲ့ ပမာဏမဟုတ်သလို တကယ်လဲ မရောက်ပဲ စစ်ခရိုနီတွေ လက်သိပ်ထိုး ဈေးပေါပေါနဲ့ဝယ်ယူလိုက်ကြတာ
အခုလိုအခြေအနေဖြစ်လို့ စစ်အာဏာရှင်တစ်စုက
ငတ်လဲမငတ်ဘူး အလုံးလဲမလျော့သလို သူတို့မတရားပိုင်ဆိုင်မူ့က မပြောင်းလဲဘူး ပိုတောင်တိုးလာအုံးမယ် ပြည်ပကို ဒေါ်လာနဲ့ ရှိသမျှသံယံဇာတ
ထုတ်ရောင်းကြမှာလေ
သူတို့တွေးတာ
ပြည်သူတွေ နေ့ဖို့ညစာ မနည်းရှာစား အပူတွေသောကတွေနဲ့ ဗျာများနေရင် နိုင်ငံရေးဘက်မလှည့်
တော့ဘူး သူတို့ဘာလုပ်လုပ် ငုံခံရတော့မယ် အဲ့လို
တွေးတာ လုပ်ကြတာ
ဒီနည်းကို မဆလ တံခါးပိတ်ဝါဒဆိုပြီး ဦးနေဝင်းက
ဆန်တောင် သူရောင်းမှစားခဲ့ရတာ အဝတ်အထည်ဆိုလဲ အရှက်လုံရင်ရပြီ လယ်စိုက်ပြီး ကိုယ်မစားရပဲ တာဝန်ကျေဆိုပြီး ပေးခဲ့ရတဲ့ လယ်သမားတွေကို
တောင်သူဦးကြီးဆိုပြီး နေဝင်းက ဂျင်းထည့်ခဲ့တာ
ဆန်၃ ပြည်အထက် သယ်ရင်အဖမ်းခံရတာ ပြည်သူ
ကို ဒုက္ခနွံထဲထားပြီး သူကိုယ်တိုင်က ကမ္ဘာပတ် ဖာချခဲ့တာ အဲခေတ်ကို မှီခဲ့သူတွေ သိကြမှာပါ
၈၈ အရေးအခင်းကြီး သန္ဓေတည်တာလဲ ၇၅ကျပ်တန် ၃၅ကျပ်တန် ၂၅ကျပ်တန်တွေ ဖျက်သိမ်းလို့
လူတွေ ဒုက္ခရောက်ရာက ဖြစ်လာတာ
နောက် နဝတ လက်ထက်
စီးပွားရေးမှန်သမျှ စစ်တပ်ကထိန်းချုပ်လိုက်တယ်
ပြီးတော့ သူ့လက်ဝေခံ ပေါင်းစားဖို့ ခရိုနီတွေမွေးခဲ့
တယ် ရန်ကုန်မှာဆို အရှေ့ဘက်မှာ ယုဇနဌေးမြင့်
အနောက်ဘက်မှာ FMI နဲ့တရုတ် တောင်ဘက်မှာ
လော်စစ်ဟန်သား အေးရှားဝေါ ထွန်းမြင့်နိုင် မြောက်မှာ ဇေကမ္ဘာခင်ရွှေ လယ်တွေကို စစ်တပ်ကသိမ်းပေး စက်မူဇုန်တွေ အိမ်ယာတွေလုပ် ကြွယ်ဝ
သွားတယ်
နောက်ထပ်ခရိုနီအုပ်စုတွေအများကြီး ရေးမနေတော့ဘူး ပြောချင်တာက စစ်အာဏာရှင်တွေ ခရိုနီ
တွေကတစ်ဆင့် ပြည်သူက အရိုးအရင်ပဲ စားလို့ရ
အောင်လုပ်ခဲ့တယ် အဲ့ခရိုနီကောင်တွေက တိုင်းပြည်
တိုးတက်အောင် စီးပွားရေးလုပ်တာလား မဟုတ်ဘူး စစ်အာဏာရှင်တွေအတွက် သံယံဇာတ ရောင်း
ပေါင်းစားကြတာ
ဒီနေ့ထိ မြန်မာပြည်မှာ အပ်တောင်မလုပ်နိုင်ဘူး
သူတို့တွေ အားရပါးရ နိုင်ငံပိုင် သံယံဇာတရောင်းစည်းစိမ်ခံနေချိန်မှာ ပြည်သူက နေ့ဖို့ညစာ မနည်း
ရှာစားနေခဲ့ရတယ် ပြည်သူတွေအဆင်ပြေရင် သူတို့
ဘက်လှည့်မှာ စိုးတယ် အဲ့တာကြောင့် ပြည်သူတွေ
ဒုက္ခရောက်အောင်ထားမယ် အဲ့တာစစ်အာဏာရှင်တွေရဲ့ သီဝရီပဲ
၂၀၀၇ သံဃာအရေးအခင်းဖြစ်တာ လောင်စာဆီဈေးတက်လို့ဖြစ်တာ လူတွေကျပ်တည်းလာလို့ဖြစ်
တာ အခုလဲ လူတွေ ဒုက္ခရောက်အောင် လုပ်လာပြီ
ပြောမယ်ဆို တိုင်းပြည်ကို Reset ချနေတာ Zero
Setting ဖြစ်အောင်လုပ်နေတာ
စစ်အာဏာလက်ထက်မှာ ရိုးသားစွာဘယ်သူချမ်း
သာလဲ လိုက်ကြည့်လိုက် ဘယ်သူမှမချမ်းသာဘူး
သူတို့နဲ့ ပေါင်းစား ခိုးစားမှသာ ချမ်းသာတာ အသိပညာရှင် အတတ်ပညာရှင် ဘယ်လောက်တော်တော် ���မြာင်းထဲရောက်မှာပဲ တကယ်တော်တဲ့သူတွေလဲသူ့တို့လက်အောက်မနေဘူး နိုင်ငံခြားလစ်ကြတာ
ဒါကြောင့်
MaAlol စစ်အုပ်စုဟာ အတော့်ကို ယုတ်မာနေပါပြီ
တိုင်းပြည်အခုထက် ပိုဒုက္ခမရောက်အောင် စောနိုင်
သမျှစောအောင် အပြတ်ဖြတ်ဖို့ လိုပါတယ်
နောက်တစ်ပိုင်းက ကျပ်တည်းလို့ ပေါက်ကွဲလာမယ့်
ပြည်သူရဲ့ဒေါသကို မင်းအောင်လိုင် စခတပ် ဘယ်လောက် ရှင်းနိုင်မလဲ ဘယ်သူကဘယ်သူ့ကို
အပြတ်ရှင်းမလဲဆိုတာ မကြာခင် မြင်တွေ့ရပါတော့
မယ် လို့ ပြောချင်တယ်ဗျာ
မုဆိုး လက် 🇺🇲
0 notes
mediabook5 · 3 years
Text
လက်ကျန်နေ့ရက်တွေမှာတော့ ချစ်ခြင်း​မေတ္တာ​တွေရှိတဲ့ ရပ်ဝန်းမှာပဲ​ရင်း ​မေတ္တာတွေနဲ့ ကမ်းလာတဲ့ လက်တွေကိုပဲ ဆီးကြိုတော့မယ်
Tumblr media
ကျွန်​တော်က​တော့ ဘယ်သူ့ကိုမဆို ကျွန်​တော့်ကို​ပေးတဲ့အတိုင်းပြန်​ပေးမှာပဲ
ကိုယ့်အ​ပေါ်ကို ဘယ်တုန်းကမှနားလည်မ​ပေးခဲ့တဲ့လူ​တွေကိုနားလည်​ပေးရတာ စိတ်ကုန်​နေပြီ
ဒီလို​ပြောလို့ ကျွန်​တော်က မချစ်​ပေးချင်တာမဟုတ်ဘူး
ကျွန်​တော့်အတိတ်ကိုလာကြည့် တတ်နိုင်တာထက် ပိုချစ်​ပေးခဲ့တဲ့​နေရက်​တွေချည်းပဲ
ဘယ်​လောက်ချစ်​ပေး​ပေး နားလည်မှုမရှိတဲ့လူဆိုတာ သက်သက်ကိုရှိတာ အမြဲ​ကောင်း​ပေးခဲ့လည်း သူတို့စိတ်အလိုကို မလိုက်နိုင်တဲ့တစ်​​​နေ့ကျ ကျွန်​တော့်ကိုအပစ်ဖွဲ့ပြီး ထားသွားကြတာပဲ
နောက်ပိုင်း ကိုယ့်ကို မလိုအပ်ဘူးထင်ရင် ကိုယ်ကအရင် သူတို့နားကထွက်လာလိုက်တယ် သွားချင်​နေတဲ့လက်​တွေကို ဆွဲထားရတဲ့အလုပ်​တွေ ဒီထက်ပိုပြီး မလုပ်​တော့ဘူး
အနားမှာရှိတဲ့လူတွေကိုတတ်နိုင်သလောက်ကောင်းပေးမယ် မေတ္တာ​ပေးတဲ့လူ​တွေကို ​မေတ္တာ​တွေပြန်​ပေးပြီး ဥပက္ခါ​တွေလာ​ပေးရင်​တော့ လှည့်ကိုမကြည့်မိအောင်နေမယ်
လက်ကျန်နေ့ရက်တွေမှာတော့ ချစ်ခြင်း​မေတ္တာ​တွေရှိတဲ့ ရပ်ဝန်းမှာပဲ​ရင်း ​မေတ္တာတွေနဲ့ ကမ်းလာတဲ့ လက်တွေကိုပဲ ဆီးကြိုတော့မယ်
ဒါဟာကျွန်တော့်ကိုယ် ကျွန်တော် ဒဏ်ရာတွေကြားက အချိန်မီကယ်တင်ခြင်းပဲ ။
#Mental_Note. .credit
0 notes
mediabook5 · 3 years
Text
Tumblr media
#အောက်ချင်းငှက်လိုချစ်ရဲလား.....
ချစ်ခြင်းမေတ္တာရယ်၊ သစ္စာတရားရယ်
ကိုယ့်ချစ်သူအပေါ်မှာထားတဲ့ တာဝန်ယူမှုရယ်နဲ့
ပတ်သက်လာရင် ကျနော့်ရဲ့စံပြပုဂ္ဂိုလ်တွေက
လူသားတွေမဟုတ်ဘူး
လူသားတွေထက် အစစအရာရာ နိမ့်ကျတယ်လို့
လက်ခံထားတဲ့ တိရစ္ဆာန်တွေထဲက တိရစ္ဆာန်ဖြစ်တဲ့
အောက်ချင်းငှက်တွေပဲ...
ဟုတ်ပါတယ် အောက်ချင်းငှက်တွေက
ငှက်တွေထဲမှာတော့ တော်တော်ထူးခြားတဲ့ငှက်ပါ
အကြောင်းအမျိုးမျိုးကြောင့် အဖိုသေရင်
အမကလည်း လိုက်သေတတ်ပါတယ် ဒါမှမဟုတ်
တစ်ကောင်ကောင်က သစ္စာပျက်တယ်လို့
သံသယဝင်ရုံနဲ့လည်း သတ်သေတတ်ပါတယ်
အချစ်ကို အသက်နဲ့ရင်းပြီး သစ္စာစောင့်ကြပါတယ်...
နောက်ပြီး တခြားငှက်တွေလို
မျိုးတူတယ်ဆိုတာနဲ့ တွေ့ကရာ အထီး၊ အမမှန်သမျှနဲ့
ပျော်မြူးလေ့မရှိပါဘူး
သူတို့တကယ်ချစ်ခင်စုံမက်တယ်ဆိုမှ
မိတ်လိုက်ပြီး တစ်သက်လုံး ပေါင်းသင်းလေ့ရှိပါတယ်
အထူးခြားဆုံးကတော့ အသိုက်ဖွဲ့ခြင်းနဲ့
သားသမီး၊ ဇနီးမယားကို ငှက်အဖိုက
ပြုစုစောင့်ရှောက်တာ၊ ကြင်နာယုယတာဖြစ်ပါတယ်...
အောက်ချင်းငှက်တွေက အုပ်စုဖွဲ့နေရာကနေ
အဖိုနဲ့ အမက ချစ်ကြိုက်သွားပြီဆိုရင်
အဲ့ဒီအုပ်စုကနေ ခွဲထွက်ပြီး နှစ်ကောင်တည်း
တစ်အိုးတစ်အိမ်ထူထောင်ကြတယ်
သွားအတူ၊ လာအတူ၊ စားအတူ၊ အိပ်အတူပေါ့
အဲ့လိုအချိန်မှာ မုဆိုးတွေ ဘာတွေက
တစ်ကောင်ကောင်ကို သတ်လိုက်ပြီဆိုရင်
ကျန်တစ်ကောင်က မိုးစွန်တိမ်ညွန့်ဖျားအထိ
ပျံတက်သွားပြီး အတောင်ကိုရုပ်ချကာ
မြေပေါ်ထိုးချအသေခံတတ်တယ်
အဲ့ဒါကြောင့်လည်း အောက်ချင်းငှက်တွေက
ရှားပါးစာရင်းဝင်ငှက်မျိုးဖြစ်နေကြတာပဲ...
ငှက်အတော်များများက မိတ်လိုက်ပြီးရင်
အထီးက အမကို စွန့်ခွာသွားတာများတယ်
အဲ့တော့ကိုယ်ဝန်ကြီးနဲ့ ကျန်ခဲ့တဲ့အမက
တော်တော်ဒုက္ခရောက်ပါတယ်
ဥဥ၊ ကလေးမွေး၊ ကလေးကိုစောင့်ရှောက်
အစာရှာနဲ့ တော်တော်ဒုက္ခရောက်ပါတယ်...
ဒါပေမဲ့ အောက်ချင်းငှက်ကတော့ အဲ့ဒီလိုမဟုတ်ပါဘူး
မိတ်လိုက်ပြီးကတည်းက သူ့ချစ်သူနားက
လုံးဝမခွာလိုက်တာ ရာသက်ပန်ပါပဲ
အစာလည်း သူကိုယ်တိုင်ပဲ မိန်းမကိုရော
ကလေးတွေကိုရော ရှာကျွေးပါတယ်
ပြောရရင် လင့်ဝတ္တရားကျေပွန်လွန်းတယ်ပေါ့...
ငှက်မဥဥဖို့ သစ်ခေါင်းကို အတူရှာကြတယ်
အဖိုက အမကို ကိုယ်ဝန်ရှိပြီဆိုတာနဲ့
အရမ်းအလိုလိုက်တယ် ဂရုစိုက်တယ်
အိပ်ရင်တောင်မှ ကိုယ်ချင်းကပ်ပြီး ငှက်မက
သူ့ယောက်ျားရဲ့တောင်ပံကြားထဲ ခေါင်းလေးလျှိုပြီး
အိပ်တယ် တွေးကြည့်ရင်ကို ကြည်နူးစရာ...
သူတို့က သူတို့အိမ်ဖြစ်တဲ့ သစ်ခေါင်းကို
သူတို့သဘာဝအရ သေချာရွေးတယ်
တွေ့ပြီဆိုရင် ငှက်မက အမှိုက်တွေ၊ သစ်ရွက်တွေကို
ကြမ်းပြင်မှာ ခင်းပြီး ညီနေအောင်လုပ်တယ်
ပါကေးခင်းသလိုပေါ့ အဲ့လိုအချိန်မှာ အဖိုကလည်း
အရမ်းအလုပ်များတယ်
သူကဘာလုပ်လဲဆိုတော့ တောင်ကျွန်း၊ မြောက်ကျွန်း
အရှေ့ကျွန်း၊ အနောက်ကျွန်းစတဲ့ လေးကျွန်းမြေကို
အခေါက်ခေါက်အခါခါ ကိုက်ချီသယ်ဆောင်ပြီး
ခုနက ငှက်မပါကေးခင်းတဲ့နေရာကို ယူလာပေးရတယ်
အဲ့လိုပုံစံနဲ့ သူတို့ရဲ့မီးနေခန်းကို ပြုပြင်ကြတယ်
နောက်ပြီး အဲ့ဒီလေးကျွန်းမြေကလည်း
အင်မတန်ဆေးဖက်ဝင်တယ်တဲ့...
လေးကျွန်းမြေရှာပြီးတော့လည်း အဖိုရဲ့တာဝန်က
မပြီးသေးဘူး ဘာလုပ်ရသေးလဲဆိုတော့
သစ်စေးအမျိုးမျိုးကို ပတ်ရှာရသေးတယ်
ရှာပြီးတော့မှ ငှက်မက အတွင်းကနေ
ငှက်ဖိုက အပြင်ကနေပြီး အဲ့ဒီသစ်စေးတွေနဲ့
သူတို့ရဲ့အသိုက်ကို အင်္ဂတေကိုင်ရတယ်
အဲ့ဒီမှာ ငှက်မရဲ့နှုတ်သီးထွက်ရုံအပေါက်တစ်ပေါက်ပဲ
ချန်ထားတော့တယ် ငှက်မလည်း ထွက်မရ
ငှက်ထီးလည်း ဝင်မရ...(ဓာတ်ပုံထဲမှာ ကြည့်ကြည့်ပါ)
ဒါသည် သူတို့ သားပေါက်သည်အထိပဲ...
အဲ့ဒီတော့ ငှက်မ သစ်ခေါင်းထဲမှာ
ရှိနေသမျှ ကာလပတ်လုံး အစာရှာကျွေးရဖို့ တာဝန်သည်
လုံးဝငှက်ထီးပဲ...အဲ့ဒီလိုပဲ သားပေါက်လာရင်လည်း
သားသမီးအတွက်ရော မယားအတွက်ပါ
ရှာကျွေးပေးတော့ပဲ အထဲက မထွက်မချင်း
အဖိုက အစာကို နှုတ်သီးနဲ့ချီတယ်
ရေကို သူ့မှာအပိုပါတဲ့အမောက်ထဲကို ထည့်တယ်
အဲ့ဒီအမောက်ထဲက ရေလှောင်ကန်လိုဖြစ်နေတော့
မိန်းမအတွက်ရော သားသမီးအတွက်ရော ရေကမပူရဘူး
အဲ့ဒီလိုမျိုး အစာနဲ့ရေကို သယ်သယ်ပြီး
မိန်းမနဲ့ ကလေးတွေဆီကို ပြေးရလွှားရတာ
အဖိုတွေမှာ တစ်နေ့ကို အကြိမ် ၆ဝ၊ ၇ဝ လောက်
လွန်းထိုးနေရတာပါ ဘယ်လောက်ချစ်လဲ
စဉ်းစားသာကြည့်...
အဲ့ဒီမှာ အဖိုက သူခုနက သစ်စေးတွေနဲ့
အပြင်ကနေ အင်္ဂတေကိုင်ထားတဲ့နေရာမှာ
သူ့အမှတ်အသားနဲ့သူကိုင်ထားတယ်
ဖြစ်သလို လုပ်ထားတာမဟုတ်ဘူး
ဘာလို့အဲ့လိုလုပ်လဲဆိုတော့ သူမရှိတုန်း
တခြားတစ်ကောင်က သူ့မိန်းမကို လာကြောင်မှာစိုးလို့
စိတ်မချလို့ အဲ့လိုလုပ်ထားတာ ဒါမှ တခြားတစ်ကောင်
သူ့မိန်းမကို အစာလာကျွေး၊ ရေလာတိုက်နဲ့ လာလုံးရင်
သူသိမှာလေ...
အဲ့လိုပဲ အထဲက အမကလည်း
အပြင်က သူ့ယောက်ျား သူ့ဆီကို ပေါ်မလာဘဲ
နည်းနည်းကြာနေရင် စိတ်ကပူပြီ
ငါ့ယောက်ျား တခြားငှက်မနဲ့များ သွားကြူနေလားဆိုပြီး
အထဲကနေ အသဲကွဲပြီ
အဲ့ဒီတော့ ငှက်ဖိုကလည်း အချိန်မှန်ရတယ်
ပြီးတော့ ငှက်ဖိုကလည်း သူ့အမှတ်အသားတွေကို
နေ့စဉ်စစ်တယ်...ပျက်နေလို့ကတော့
အစာလည်းမကျွေးတော့ဘူး ရေလည်းမတိုက်ဘူး
သူလည်းသတ်သေတာပဲ...
အဖိုကလည်း တစ်နေ့တစ်နေ့ အခေါက် ၆ဝ၊ ၇ဝ လောက်
သူ့မိန်းမကို အစာကျွေး ရေတိုက်လုပ်ရတာကို
နည်းနည်းမှ စိတ်မပျက်ဘူး ပျော်နေတာ
ဒီလိုနဲ့ သူတို့သီရိဂေဟာလေးမှာ
ကလေးတွေ မွေးလာတယ်
အဲ့ဒီမှာ အချိန်တန်တော့ သူ့တို့သစ်စေးတွေနဲ့
အင်္ဂတေကိုင်ထားတဲ့ အပေါက်ကို
ဝိုင်းခွာကြတယ် ပွင့်လည်းသွားရော
ငှက်ဖိုကြီးမှာ သူ့မိန်းမ မီးနေသည်ကိုကြည့်ပြီး
ကရုဏာသက်ရပြန်ရော...
ဘာလို့လဲဆိုတော့ သူ့မိန်းမမှာ အမွှေးတွေ
အတောင်တွေ မရှိတော့ဘူးလေ
ကိုယ်တုံးလုံးဖြစ်နေပြီ ကလေးတွေလိုပဲ
အထဲမှာ လနဲ့ချီပြီး နေခဲ့ရတာကို
��ျံလည်းမပျံနိုင်သေးဘူး အညောင်းမိနေလို့
အဲ့တော့ တစ်ခါ ငှက်ဖိုကြီးမှာ မိန်းမနဲ့ ကလေးတွေ
အတောင်စုံပြီး ပျံနိုင်တဲ့အထိ မမောမပန်းနဲ့
ရှာကျွေးရပြန်ရော...ဒါသူ့ဝတ္တရားကိုး...
ကဲ...ဒီတော့ ကိုယ့်ရည်းစားတွေကို
စိန်ခေါ်လိုက်ကြစမ်းပါဦး
အောက်ချင်းငှက်လို ချစ်ရဲလားဟေ့လို့...
(ဓာတ်ပုံတွေကို google က ရှာထားတာပါ
စာတွေကတော့ အောက်ချင်းငှက်အကြောင်း
ရေးထားသမျှ စာအုပ်စာတမ်းများမှ
ကောက်နုတ်ထားတာပါ...)
#crd
Share,
0 notes
mediabook5 · 3 years
Text
Tumblr media
ရွေးချယ်စရာတွေ များနေရင်တောင်
တွေဝေခြင်းမရှိစွာနဲ့ မင်းကိုပဲ
အမြဲ ရွေးချယ်မှာ :)💛
0 notes
mediabook5 · 3 years
Text
Tumblr media
"အသုံးချရုံ သက်သက်နဲ့တော့
လာ မ ပတ် သတ် ကြ ပါ နဲ့ "
👌-------------👌-------------👌
ကိုယ်မကြည့်ခင်တုန်းက
သူ့သဘာဝအတိုင်း လှနေနှင့်ပြီး
ကိုယ် ငေးမိတော့မှ ပျောက်ကွယ်သွားတဲ့
တိမ်ရောင်စုံတွေကို မြင်တော့
ကိုယ့်အသိထဲက လူတစ်ချို့
သိသိသာသာကြီး ပြောင်းလဲသွားတာကိုလဲ
အရမ်းကြီး မအံသြတော့ဘူး
ရှိခဲ့ဖူးပါလားလို့ လက်ခံလိုက်ရုံကလွဲလို့
တစ်ချို့ အတိတ်က အဖြစ်အပျက်တွေက
အရင်တိုင်း ပြန်မရနိုင်တော့ဘူးလေ
အနာမကျက်သေးတဲ့ ဒဏ်ရာတွေသာ
ရင်နှင့်မမျှစွာ ကိုယ့်မှာ ထင်ကျန်ရစ်ခဲ့တာ
ဘဝမှာ အမြတ်နိုးဆုံးအရာတွေကို
နည်းအမျိုးမျိုးနဲ့ ဆုံးရှုံးခဲ့ရပြီးတဲ့နောက်မှာတော့
ဘယ်လို ထိခိုက်ကြေကွဲစရာအဖြစ်မျိုးကမှ
ကိုယ့်ကို ထူးပြီး မနာကျင်စေတော့ပါဘူး
ဒါက ရင့်ကျက်သွားတယ်လို့ မဆိုသာပါဘူး
အမှန်က ခက်ခဲစို့နင့်မှုတွေများစွာထဲကနေ
(အေးပါကွာ ငါ သိပါပြီးဆိုတဲ့ ပုံစံနဲ့ )
အရာရာကို နားလည်လက်ခံပေးလိုက်တာပါ
မာကျေားမှုတွေနဲ့ ခက်ထန်လာပြီးဆိုရင်
အမုန်းလက်နက် ကိုင်စွဲမထားသူဟာ
အရှုံးဘဲမို့လား , ကိုယ်ရှုံးခဲ့ပါတယ်
ကိုယ့်ကိုယ်ကိုတောင် ပြန်ကျပျောက်တဲ့အထိ
ဘ ဝ မှာ
လိုသုံးလဲ ခံခဲ့ရဘူးတယ်
မရှိသုံးလဲ ခံခဲ့ရဘူးတယ်
ခဏသုံးလဲ ခံခဲ့ရဘူးတယ်
အပိုသုံးလဲ ခံခဲ့ရဘူးတယ်
တော်တော်အသည်းမာတဲ့ကောင်ပါ
လိုလို့ သုံးတဲ့သူတွေ အဆင်ပြေသွားရင်
ကိုယ်က ပြုံးပြုံးကြီး ကျေနပ်နေခဲ့မိတာ
နောက်ပြီးတော့
ကိုယ်က ဈေးပေါတယ်လေ
ဘယ်သူဘာတောင်းတောင် ပေးလိုက်တာဘဲ
ဘယ်သူက ဘာလိုအပ် လိုအပ်
လွယ်လွယ်နဲ့ ဖြည့်ဆည်းပေးလိုက်တာဘဲ
အားနာလို့ ပြောမထွက်ခဲ့တာတွေ ရှိသလို
သေလောက်အောင် နာကျင်နေတဲ့ကြားက
ဟန်မပျက် ပြုံးထားခဲ့ရတဲ့
အခြေအနေတွေ ကိုယ့်မှာ တကယ်ရှိတယ်
အကြောင်းရှိမှ ဆက်သွယ်လာသူတွေကို
သတိရလို့ဘဲလို့ ထင်မှတ်ခဲ့ဘူးတယ်
အလုပ်တွေ မအားဘူးလို့ ပြောတာကို
ကိုယ့်ကို ရှောင်တိမ်နေမှန် မသိခဲ့ဘူး
တောင်းပန်ပါတယ်နော်လို့
တစ်ဖတ်လူက ပြောလိုက်တာနဲ့
ကိုယ်က အရာရာကို ကြေအေးပေးလိုက်ရော
နောက်ကျောကို ထိုးမယ့်ဓားတွေဟာ
အနားမှာ အဆင်သင့်ရှိနေတာကိုတော့
သွေးအလိမ့်လိမ့်ထွက်ပြီးမှ သိခဲ့ရတာပါ
တစ်ခုခုဆို ထပေါက်ကွဲပြီး
ပွင့်ပွင့်လင်းလင်း ဖြေရှင်းလိုက်ချင်ပေမယ့်
အော် မဖြစ်သေးပါဘူးလေဆိုပြီး
သူဘယ်လို ခံစားသွားရမလဲဆိုတဲ့စိတ်နဲ့
ကိုယ့်မှာတော့ ကိုယ်ချင်းတွေ စားခဲ့မိတာ
ဒါ ပေ မယ့် , တစ်ချို့က အဲ့လိုမဟုတ်ဘူး
တစ်ဖတ်လူ ဘယ်လို နာကျင်နေမလဲဆိုတာ
သူတို့က နည်းနည်းလေးမှ ထည့်မတွက်ကြဘူး
ဖြန့်တောင်းခြင်းမရှိတဲ့ လက်တစ်စုံဟာ
ပေးဆပ်ခြင်းတွေနဲ့ အသားကျနေပါပြီး
ကိုယ်ဘယ်လောက်
ထိခိုက်ပေးလိုက်ရတယ်လို့ မမှတ်ဘဲ
သူတို့ အဆင်ပြေပါစေလို့ဘဲ တွက်ပါတယ်
သိပါစေ မြင်ပါစေလို့တော့
ကိုယ့်မေတ္တာတွေကို ချမပြတော့ဘူး
နောက် ဆို
ဘယ်သူ့ကိုမှ ဝင်လာပါလို့ မဖိတ်ခေါ်သလို
ဘယ်သူ့ကိုမှလဲ ထွက်မသွားပါနဲ့လို့
အပင်ပန်းခံပြီး ဆွဲမထားတော့ဘူး
အနိုင်မလိုချင်လို့ အလျော့ပေးခဲ့ပေမယ့်
ရှုံးတဲ့သူမှာလဲ နှလုံးသားနဲ့ပါဘဲ
ပြန်ထွက်သွားဖို့ အစီအစဉ်ရှိရင်
အစကတည်းက ဝင်မလာတာ ကောင်းပါတယ်
အသုံးချရုံ သက်သက်နဲ့တော့
လာ မ ပတ် သတ် ကြ ပါ နဲ့ ။
#အရှင်ဇဝနသူ့စိတ်ကြိုက်စာပေများ
(ခင်မင် လေးစားလျှက်ပါ)
1 note · View note