Tumgik
#wretchediam
moshay7 · 5 years
Photo
Tumblr media
ငါသာလျင်ငါ၏ကိုးကွယ်ရာ ပြောပြီး မှန်ထဲကြည့်စိတ်ပျက်စရာ ချစ်စရာကောင်းတဲ့ အကွက်တစ်ကွက်မှမတွေ့ဘူးကွာ ထင်ရာကိုတွေး အသက်တာကကြာလေဆွေး စုတ်ပြတ်သတ် ရတက်မအေးတဲ့ ဒီအသက်တာ ကိုဘယ်သူစာနာပေး? အပြစ်များတဲ့သွေဆောင်ရာ လောကကြီးထဲမှာ လဲကျပြီး မထတော့တဲ့ အကြိမ်တွေကလည်းမနည်းတော့ဘူးကွာ ငါဟေ့ ဆိုပြီးတော့ကြွေးကြော် နလုံးသား က မဲညစ်လို့ညော် တင်းခံရင်း ရုန်းကန်ရင်း ရလိုက်တာ ဆုံးရှုံးခြင်း အဖော် လိုနေတာဘာလဲ? ငွေမဟုတ်ဘူး! ရွှေမဟုတ်ဘူး! လိုနေတာဘာလဲ? ငါမဟုတ်ဘူး! သူမဟုတ်ဘူး! လိုနေတာဘာလဲ? ဘာသာတရားတွေမဟုတ်ဘူး!!! လိုနေတာက .... နလုံးသားထဲ အသက်ရှင်တဲ့ဘုရားဘဲ!!!!! စကြာဝဠာ တစ်ခုလုံးပိုင်နေပါစေ အသက် ဝိညာဉ်ဆုံးရှုံး သွားရင်ဝမ်းနည်းစရာပင် သိပ္ပံနည်းပညာ ဟာသပါ ဘဲဟာ ဖန်ဆင်းခြင်း တန်ခိုးပညာကို မျက်ကွယ်ပြုပြီးလျှောက်ပြောနေတာ အင်္ဂါ ဗုဒ္ဓဟူး ကြိုက်တဲ့ဂြိုလ်မှာနေ မင်းရဲ့အသက် ထာဝရမရှည်ဘူးလေ ဒါပေမဲ့ လမ်းတစ်လမ်း မင်းထင်တဲ့အင်္ဂါဂြိုလ် ထက်နှိုင်းယှဉ်စရာမရှိအောင်လန်း အားလုံးကို အသက်ပေးချစ်တဲ့ ခရစ်တော်ရဲ့အသက်လမ်း လိုနေတာဘာလဲ? ငွေမဟုတ်ဘူး! ရွှေမဟုတ်ဘူး! လိုနေတာဘာလဲ? ငါမဟုတ်ဘူး! သူမဟုတ်ဘူး! လိုနေတာဘာလဲ? ဘာသာတရားတွေမဟုတ်ဘူး!!! လိုနေတာက .... နလုံးသားထဲ အသက်ရှင်တဲ့ဘုရားဘဲ!!!!!် ကိုးကွယ် ချီးမြောက်ခြင်း ဘုန်းကြီးခြင်းအလုံးစုံ ခံထိုက်သူ အသက်စွန့် ထမြောက် အပြစ်နဲ့ကင်းတဲ့သိုးသငယ် ယေရှု ကယ်တင်ခြင်းအမှုကိုယ်တော်ပြု အခုနဲ့ အချိန်တိုင်းမှာလိုတာက ကယ်တင်ရှင်ယေရှုဘဲ လိုနေတာဘာလဲ? ငွေမဟုတ်ဘူး! ရွှေမဟုတ်ဘူး! လိုနေတာဘာလဲ? ငါမဟုတ်ဘူး! သူမဟုတ်ဘူး! လိုနေတာဘာလဲ? ဘာသာတရားတွေမဟုတ်ဘူး!!! လိုနေတာက .... နလုံးသားထဲ အသက်ရှင်တဲ့ဘုရားဘဲ!!!!! လိုနေတာက ........ လိုနေတာက ယေရှုခရစ်တော်ဘဲ #salvationRap #wretchediam #savedbygrace #jesus ရောမဩဝါဒစာ ၅:၈, ၅:၁၂, ၁၀:၁၀-၁၁ (at ပသိဆည်) https://www.instagram.com/p/Bw4Xeu1nJPH/?utm_source=ig_tumblr_share&igshid=11517n5k86o6a
0 notes