Tumgik
xuehuabingyu · 6 months
Text
သဘော​တရား​လေး တစ်ခု။
လူ​နှစ်ယောက်​ပေါ့​နော်။ A​ နဲ့​ B ပဲ​ ထား​ပါ​တော့။ A က​ B ကို​ ကူညီ​တယ်။ ဒါပေမယ့်​ B​ က​ A ရဲ့​ ကောင်း​ကြောင်း​ တစ်ခု​မှ​ မ​ပြော​ဘဲ​နဲ့၊ မကောင်း​ကြောင်း​တွေ​ကို​ပဲ​ မရ​ရအောင်​ လိုက်​ရှာ​ပြီး​ ပြော​တယ်။ အဲဒီ​တော့​ A အနေ​နဲ့​ကြည့်​ရင်​ သူ​ဘက်​က​လည်း​ ကူညီ​ပေး​ရ​သေးတယ်၊ အကောင်း​လည်း​ အ​ပြော​မ​ခံရ​ဘူး​ဆို​ရင်၊ သို့မဟုတ်​ အမြဲ​တမ်း​ မကောင်း​ပဲ​ အပြော​ခံရ​တယ်​ဆို​ရင်​ နောက်​ပိုင်း​ကျ​ B​ ကို​ ကူညီ​ချင်​စိတ်​ ဘယ်​ရှိ​တော့​မလဲ။ အဲဒီ​တော့​ မ​ကူညီ​တော့ဘူး​ပေါ့။ အဲဒီ​အခါ​ကျတော့​လည်း​ A​ က​ B ကို​ မ​ကူညီ​ဘူး​ဆိုပြီး​တော့​ B​ က A​ ကို​ အပြစ်​ပြော​ပြန်​တယ်။ အဲဒါ​နဲ့​ပဲ​ ပတ်​ချာ​ကို​လည်​နေ​တော့တာ​ပဲ။
ကိုယ်​တွေ​အနေနဲ့​ ပြောရရင် ကိုယ်​တွေကို​ အကောင်း​မ​ပြော​တဲ့​သူ​ဆို​ သေ​တာ​တောင်​ မ​ကူညီ​ဘူး။ ဘာပဲ​ပြောပြော​ အ​ကောင်း​ပြော​ခံရ​မှာ​မှ​ မဟုတ်​တာ၊ ဘာ​လို့​ အား​အကုန်​ခံ​ပြီး​ ကူညီ​ရ​မှာ​လဲ။ မကူညီ​ဘဲ​ အေးအေး​ဆေး​ဆေး​ နေရင်​လည်း​ မ​ကောင်း​ပြော​ခံရ၊ ကူညီ​ရင်​လည်း​ အ​ကောင်း​ပြော​ခံရ​တာ​လည်း​ မဟုတ်။ အဲဒီ​တော့​ အစ​ကတည်းက​ မ​ကူညီ​တော့ဘူး။ ဘာပဲ​ပြောပြော​ မကောင်း​ပြော​ခံရ​မယ့်​အတူတူ​တော့​ ကိုယ့်​ဘက်​က​ အားအင်​တွေ​ကို​ အကုန်​မခံ​တော့ဘူး​လေ။ 🤭🤭🤭
0 notes
xuehuabingyu · 7 months
Text
ကိုယ်​တွေ​နှင့် voice and messaging app များ။
Voice and messaging app ထဲမှာ​ များ​သော​အားဖြင့်​ ဖုန်း​နံပါတ်​ကို​ သုံး​ပြီး​ account ဖွင့်​ရတာ​တွေ​ချည်း​ပဲ။ ကိုယ်​တွေအနေ​နဲ့​ ပြော​ရရင်​ အဲဒီ​လို ဖုန်း​နံပါတ်​ကို​သုံး​ပြီး​မှ​ account ဖွင့်​ရတာ​မျိုး​ကို​ မ​ကြိုက်​ဘူး။ ဖုန်း​နံပါတ်​က​ ပြည်တွင်း​မှာ​ဆိုရင်​တော့​ အဆင်ပြေ​တယ်။ ပြည်​ပ​ကိုလည်း​ ရောက်​သွား​ရော၊ ဖုန်း​နံပါတ်​ကို​ ပြန်​ပြောင်း​နဲ့​ အလုပ်​ရှုပ်​တယ်။ အဲဒါ​ကြောင့်​ ဘယ်လို​မျိုး​ကို​ အ​ကြိုက်​ဆုံး​လဲ​ဆို​တော့​ ဖုန်း​နံပါတ်​ရော၊ email address ရော​ သုံး​စရာ​မလို​တဲ့​ voice and​ messaging​ app/service တွေကို​ အ​ကြိုက်​ဆုံး​ပဲ။ ဥပမာ​ Zangi​ Messenger​ လို​ပေါ့။ (Telegram​ လည်း​ ရ​တယ်​။ ဒါပေမယ့်​ Telegram​ က​ Video​ Chat လုပ်​တဲ့​အခါ​မှာ video quality က​ အရမ်း​ ဆိုး​လွန်း​အားကြီး​တယ်။ အဲဒါ​ကြောင့် အဆင်​မပြေ​ဘူး။)​Zangi Messenger မှာ​ account တစ်ခု​ ဖွင့်​ဖို့​အတွက်​ ဘာ​မှ​မ​လို​ဘူး၊ ဒီအတိုင်း​ ဖွင့်​လိုက်​ရုံ​ပဲ။ account ဖွင့်​ပြီး​ သူ​ random ချ​ပေးတဲ့​ နံပါတ်​နဲ့​ပဲ​ တစ်ယောက်​နဲ့​တစ်ယောက်​ ဆက်သွယ်​ကြ။ ကိုယ့်​ဖုန်း​နံပါတ်​/email ကို​လည်း​ သူများ​ကို​ ပေး​စရာ​ မလို။ အဲဒါ​က​ အကောင်း​ဆုံး​ပဲ။
သူ့​နောက်က​ သဘောကျ​တာ​က​ email address နဲ့​ ဖွင့်​လို့​ရ​တဲ့​ voice and messaging app/service တွေ​။ ဥပမာ​ Zoom လို​ပေါ့။ ကိုယ်​တွေ အတွက်​ ပြော​ရရင် ဖုန်း​နံပါတ်​က​ ခဏခဏ​ ပြောင်း​ချင်​ ပြောင်း​နေ​ပေမယ့်​ email address ဆို​ ပြောင်း​ခဲ​တယ်။ ဘယ်လို​ပြောရ​မလဲ၊ သုံး​တာ​ကြာ​သွား​တာနဲ့​အမျှ​ အဲဒီ​ email address​ ကို​ သံယောဇဉ်​ တွယ်​သွား​သလို​နဲ့​ ပြောင်း​ခဲ​သွား​ရော။ အရမ်း​ကြီး​ကို​ လိုအပ်​နေ​မှ​ ပြောင်း​တယ်။ အဲဒါ​ကြောင့်​ email address နဲ့​ပဲ account ဖွင့်​လို့​ရ​တဲ့​ voice and messaging app တွေ​ကို​ပဲ သုံး​ချင်​တာ။ အဲဒီ​အထဲမှာ​မှ​ အချိန်​တစ်ခု​ကြာ​ရင်/သိပ်​မ​သုံး​ဖြစ်လို့​ session expired ဖြစ်​သွားပြီး​ အလို​အလျောက်​ logout ဖြစ်​သွား​တာ​မျိုး​ မဟုတ်​တာ​တွေ​ကို​ ပို​ပြီး​ ကြိုက်​တယ်။ ဒါ​က​လည်း​ ဥပမာ​ ပေး​ရရင်​ Zoom ပဲ။ ဘာဖြစ်လို့​ အဲဒီ​လို​ အချိန်​တစ်ခု​ကြာ​ရင်​/သိပ်​မသုံး​ဖြစ်ရင်​ session expired ဖြစ်​သွားပြီး​ အလို​အလျောက်​ logout ဖြစ်​သွား​တာ​မျိုး​ မဟုတ်​တာ​တွေ​ကို​ ပို​ပြီး​ ကြိုက်ရလဲဆိုတော့​ ခဏခဏ​ login ပြန်​ဝင်​ရတာ​ အလုပ်​ရှုပ်​လို့။ အဲဒါ​ကြောင့်​လည်း​ အဲဒီလို​ မဖြစ်​တာ​ကို​ပဲ​ ရွေး​သုံး​နေမိ​တာ။
နောက���​ဆုံး​တစ်ချက်​က​ email address တစ်ခု​တည်း​ကို လုပ်​လိုက်​ရုံ​နဲ့​ voice and messaging​ app ကို​ တန်း​သုံး​နိုင်​တယ်​ဆို​ရင်​ ပို​ကောင်းသွား​တာ​ပေါ့။ ဥပမာ Google​ Meet နဲ့​ Google Chat လို​ပေါ့။ Google account လေး​ ရှိ​ရုံ​နဲ့​ တန်း​သုံး​လို့​ ရ​နေ​ပြီ။ Google​ account ဆိုတာ​ကလည်း​ Android​ ကို​ စ​သုံး​ပြီ​ဆို​တာ​နဲ့​ တန်း​ပြီး လုပ်​ရတာ​ပဲ​ မဟုတ်​လား။ အဲဒီ​တော့​ Android​ သုံး​တဲ့​သူ​တိုင်း Google​ account တစ်ခု​တော့​ အနည်းဆုံး​ ရှိ​ကြ​တယ်​လေ။ အဲဒါ​ကြောင့် တော်တော်​ အဆင်ပြေ​တယ်​လို့​ ပြောတာ။ နှစ်ခု​ပဲ​ မကောင်း​တာ။ အဲဒါ​တွေက​တော့​ တစ်၊ Voice and Video Chat အတွက်​ Google​ Meet ကို​ သုံး​ရ​ပြီး​ စာ​ရိုက်​ပြီး​ စာ​ပို့​ဖို့အတွက်​ကို​တော့​ Google​ Chat ကို​ သုံးရတာ​ပဲ။ App​ တစ်ခု​တည်း​မှာပဲ​ နှစ်ခု​စလုံး​ သုံး​လို့​ မရ​ဘဲ​ နှစ်​ခု​ကို​ ခွဲ​သုံး​နေရ​တာ​ပေါ့​နော်။ နှစ်၊ Google​ ကို​ ပိတ်ထား​တဲ့​ နိုင်​ငံတွေ​ ရှိနေ​တဲ့အတွက်​ နေရာ​တိုင်း/နိုင်ငံ​တိုင်း​မှာ​ သုံး​မရ​တော့​ completely reliable မဖြစ်​ဘူးပေါ့နော်။ နို့​မို့​ဆို​ရင်​တော့​ တော်တော်​လေး​ အဆင်ပြေ​ပါတယ်။
အဲဒီ​တော့​ နိဂုံး​ချုပ်​အနေနဲ့​ ပြောရရင်​ voice and​ messaging​ app မှာ​ဆိုရင်​ Zangi​ Messenger, Zoom နဲ့​ Google Chat + Google Meet တွေ​ကို အ​ကြိုက်​ဆုံး​ ဖြစ်​ပါ​ကြောင်း။ ဒါပေမယ့်​ Internet​ ဆို​ Facebook​ နဲ့​ voice and messaging app​ ဆို​ Viber ပဲ​ သိ​ကြ​တဲ့​ မြန်မာ​နိုင်ငံ​မှာ​ နေ​နေ​ရတော့​ သဘော​မကျ​လည်း​ မိုး​ခါး​ရေ​ လိုက်​သောက်​ပြီး​ အများ​နည်း​တူ​ လိုက်​သုံး​နေ​ရ​တယ်​ပေါ့နော်။ ဆိုး​ပါ့။ 🤦‍♀️🤦‍♀️🤦‍♀️
P.​S.​ Google​ Chat ကို​ အခု​ ပြန်​သုံး​ကြည့်​လိုက်​တော့​ Google​ Chat ထဲမှာ​လည်း​ video call/chat လုပ်​လို့​ရ​တာကို​ တွေ့​လိုက်​ရပါတယ်​။ (Google​ Meet သွင်း​ထား​ဖို့​တော့​ လိုမယ်​ထင်တယ်​။)​ ဒါ​ပေ​မယ့်​ Google​ Meet​ မှာ​ သုံး​ရ​သ​လောက်​ အဆင်​မ​ပြေ​ဘူး။​ အဓိက​အား​ဖြင့်​ video call/chat လုပ်​နေ​စဉ်​မှာ​ screen ရဲ့​ ဘေး​နား​အထိ​ အကုန်​ မ​ပေါ်​တာ​ပဲ။ အဲဒါကို​ သည်းခံ​နိုင်​ရင်​တော့ Google​ Chat​ app ထဲ​မှာ​တင်​ video call/chat လုပ်​လို့​ရ​ပါတယ်။
0 notes
xuehuabingyu · 7 months
Text
ကိုယ်တွေနှင့် Clash of Clans account ဝယ်ခြင်း ဒုက္ခ။
ဒီရက်ပိုင်းမှာ #ClashOfClans ဂိမ်းကို ပြန်ကစားဖြစ်တော့ ကိုယ်တွေရဲ့ ကစားလက်စ account နှစ်ခုစလုံးက Town Hall Level 10 တွေချည်းပဲဆိုတော့ အကြာကြီး ကစားနေရတာနဲ့ပဲ ကြာတော့ စိတ်က မရှည်တော့ဘူး။ အဲဒါနဲ့ပဲ သူများ ကစားပြီးသား COC account ကို ဝယ်ပြီး ဆက်ကစားမယ်ဆိုပြီး account ရောင်းတဲ့ post တွေကို လိုက်ကြည့်၊ account ရောင်းတဲ့သူတွေကို ဆက်သွယ်ပြီး လိုက်မေးကြည့်တော့ ကြိုက်တဲ့ တချို့သော account ဈေးနှုန်းတွေက အားပါးပါး၊ ဈေးတွေက လန်ပြန်ထွက်နေတာပဲ။ ကြိုက်တဲ့ Town Hall Level 15 account တစ်ခုရဲ့ ဈေးနှုန်းဆိုရင် သုံးသိန်းတဲ့။ နောက်တစ်ခုက level 14 ထင်တယ်၊ scenery လေးလည်း ကိုယ်တွေ ကြိုက်တဲ့ scenery လေးပဲ၊ အဲဒီ‌တစ်ခုက လေးသောင်းတဲ့။ ဈေးနှုန်းတွေကို ကြားတော့ လန့်တောင် လန့်တယ်။ အဲဒါကြောင့် တော်ပါပြီလို့။ ကိုယ်တွေက COC ကို အမြဲကစားနေတာ မဟုတ်ဘူးလေ။ ရုပ်ရှင်ကြည့်၊ ဝတ္ထုဖတ်ရင်းနဲ့ ပျင်းလာရင် အပျင်းပြေ တစ်ချက်တစ်ချက် ဂိမ်းဘက်ကို ပြောင်းပြီး ကစားဖြစ်တာဆိုတော့ အဲဒီဘက်မှာ အဲဒီလောက်ကြီး ပိုက်ဆံ မသုံးချင်ဘူးလေ။ Level 14/15 ကို တစ်သောင်းခွဲ၊ အများဆုံး နှစ်သောင်းပဲ သုံးချင်တာ။ အဲဒါနဲ့ပဲ account ဝယ်ဖို့ အဆင်မပြေ ဖြစ်သွားရော။
နောက်တစ်ခု အဆင်မပြေ ဖြစ်တာက ငွေချေတဲ့အပိုင်း။ ရောင်းတဲ့သူ‌တွေက ပိုက်ဆံ ကြိုလွှဲတဲ့။ သူတို့ဘက်က ပိုက်ဆံရပြီးမှ account ကို ပေးမယ်တဲ့။ အဲဒါကလည်း သူတို့ကို အပြစ်ပြောလို့ မရပြန်ဘူး။ သူတို့ဘက်က အလိမ်ခံရပေါင်း များနေတော့ သူတို့လည်း နောက်ပိုင်းမှာ account ကို အရင်မပေးတော့ဘဲနဲ့ ဝယ်တဲ့သူက ငွေကြိုလွှဲဆိုတဲ့ စနစ် ဖြစ်သွားတာ။ သူတို့ကြောက်တဲ့အတိုင်း ကိုယ်တွေဘက်ကလည်း အလိမ်ခံရမှာစိုးလို့ အဲဒီလို ပိုက်ဆံ ကြိုလွှဲခိုင်းတာကို မကြိုက်တာ။ Online shopping မှာ ဝယ်ရင်တောင်မှ payment on delivery (ပစ္စည်းရောက် ငွေချေစနစ်) ကို သုံးတာ။ ကိုယ့်ဘက်က ငွေကြိုပေးရတာမျိုးဆို မဝယ်ဖြစ်ဘူး။ ကိုယ်တွေက လိမ်မယ့်သူမို့လို့ အဲဒီလို ပိုက်ဆံအရင်မလွှဲတာ မဟုတ်ဘူး၊ အလိမ်ခံရမှာ စိုးလို့ ပိုက်ဆံကို ကြိုမလွှဲချင်တာ။ (သူများဆီက လိမ်ဖို့ လုံးဝ မစဉ်စားဘူး။ ကိုယ်တွေက ဘဝမှာ ရိုးရိုးသားသားပဲ နေတယ်။) အဲဒီတော့ သူတို့က သူတို့ကို မယုံရင် ယုံကြည်ရတဲ့ ကြားခံကို သုံးတဲ့။ ကြားခံကို သုံးတာက ဟုတ်တယ်၊ ခက်နေတာက တစ်၊ အဲဒီကြားခံကို ဘယ်လိုရှာရမလဲ မသိတာ။ နှစ်၊ အဲဒီကြားခံက တကယ်ယုံရလား၊ အတုလားဆိုတာကို ပြန်စိုးရိမ်နေရပြန်ရော။ အဲဒါနဲ့ပဲ ကြားခံနဲ့လည်း အဆင်မပြေ။ ကြားခံနဲ့ အဆင်မပြေရင် အပြင်မှာ လူတွေ့ပြီး ဝယ်တဲ့။ COC account ရောင်းတာ ရန်ကုန်မှာပဲ မဟုတ်ဘူး၊ မြန်မာတစ်နိုင်ငံလုံး နှံ့နေတာ။ ရန်ကုန်မှာဆိုရင်တော့ တော်သေး။ ရန်ကုန် မဟုတ်တဲ့ တခြားနေရာ‌တွေကို ကိုယ်‌တွေက ဘယ်လိုလုပ်ပြီး သွားနိုင်မှာလဲ။ အဲဒါကြောင့် အဲဒီနည်းနဲ့လည်း အဆင်မပြေ။ အဲဒါနဲ့ပဲ အခုထိ မဝယ်ဖြစ်သေးဘူးဆိုပါတော့။
အခက်အခဲတွေက အဲဒီလို။ အဲဒါနဲ့ပဲ သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်တော့ ဝယ်လို့ မရမှာနဲ့တော့ မထူးတော့ပါဘူး၊ ကစားလက်စ account နှစ်ခုကိုပဲ ဆက်ကစားတာပဲ ကောင်းမလားလို့။ အလုပ်ရှုပ်လည်း သက်သာသလို ပိုက်ဆံကုန်လည်း သက်သာတယ်လေ။ 😁😁😁
0 notes
xuehuabingyu · 7 months
Text
မြန်မာနိုင်ငံရဲ့ စစ်ဘေးရှောင်သူတွေ ထအော်တဲ့ ကိစ္စနှင့် ပတ်သက်၍...
ဒီနေ့ညနေမှာ RFA မှာ ကြားလိုက်ရတဲ့ သတင်းတစ်ပိုဒ်နဲ့ ပတ်သက်ပြီး ပြောချင်လွန်းလို့ ပြောလိုက်ဦးမယ်။ အစတုန်းကတော့ မပြောတော့ဘူးလို့ စဉ်းစားထားတာ။ ဒါပေမယ့်လည်း မပြောဘဲနဲ့လည်း မနေနိုင်တာနဲ့ ပြောဖြစ်တာ။ အဲဒီသတင်းက ဘာလဲဆိုဝောာ့ မြန်မာနိုင်ငံ နယ်စပ်ဘက်ကနေ တရုတ်နိုင်ငံဘက်ကို စစ်ဘေးရှောင်သွားတဲ့သူတွေက တရုတ်နိုင်ငံဘက်မှာ အစားကောင်းကောင်း မစားရ၊ ရေကောင်းကောင်း မသောက်ရလို့ တရုတ်နိုင်ငံကို အပြစ်ပြောတဲ့ သတင်း။
ဒီအကြောင်းကို မပြောခင်မှာ ကိုယ်တွေရဲ့ အကြောင်းကို နည်းနည်း ပြောမယ်။ ကိုယ်တွေက အကြောင်းရင်း မဆီလျော်တာတွေ၊ မဟုတ်မမှန်တာတွေဆို ဘက်မလိုက်ဘဲနဲ့ ပြောတတ်တယ်။ ဘာကိုပဲဖြစ်ဖြစ် အလယ်ကနေ နေပြီး ကြည့်လေ့ရှိတယ်။ အဲဒီလို အလယ်ကနေ ကြည့်ပြီး ကိုယ့်အမြင်ကို အားမနာတမ်း ပေါ်တင် ပြောတတ်တယ်ဆိုပါတော့။ အခု ဒီအကြောင်းကိုလည်း အလယ်ကနေ ကြည့်ပြီး ကိုယ်တွေရဲ့ အမြင်ကို ပြောသွားပါမယ်။ အဲဒါကြောင့် အမြင်မတူတဲ့သူတွေ၊ သဘောမကျတဲ့သူတွေလည်း ရှိပါလိမ့်မယ်။ အဲဒီလိုလူတွေကတော့ ဒီ post ကို ကျော်ချသွားလိုက်ပါ။ အဲဒီလို သဘောမကျတဲ့သူတွေ ဒီ post ကို report တင်လို့ အဖျက်ခံရတဲ့ဒဏ်ကနေ ဝေးအောင်လို့ blogger မှာလည်း တင်ထားပါတယ်။ ဒီ post ကို ရေးတုန်းက Google Keep မှာ ရေးတဲ့အတွက် Google Keep မှာလည်း backup အနေနဲ့ ရှိပါသေးတယ်။ အဲဒါကြောင့် post ပျောက်သွားမှာကို မစိုးရိမ်ပါဘူး။ တစ်နေရာရာကနေ ပြန်ယူလိုက်ရုံပါပဲ။
တကယ်တမ်း ပြောရရင် ဒီအကြောင်းကို ပြောရတာ သိပ်တော့ မကောင်းဘူး။ အခုလို ပြောရတာလည်း ကိုယ်တွေ ကိုယ်ချင်းမစာတတ်လို့၊ လူသားချင်း စာနာစိတ် မရှိလို့ အခုလို ပြောရတာ မဟုတ်ဘူး။ တချို့လူတွေက အရမ်းကို လွန်လွန်းပြီး လျှာအရိုးမရှိတိုင်း လျှောက်လျှောက်ပြောပြီး ပြောတာတွေကလည်း အဓိပ္ပာယ် မရှိလို့ မပြောမဖြစ် ပြောရတာ။ အဲဒါကြောင့် လူမုန်းခံရမယ်ဆိုတာကို သိလျှက်နဲ့ ပြောရတာ။
ထားပါ‌လေ၊ အဓိက အကြောင်းအရာကို ပြောပါမယ်။ မြန်မာနိုင်ငံဘက်က တရုတ်နိုင်ငံဘက်ကို စစ်ဘေးရှောင်တဲ့သူတွေက တရုတ်နိုင်ငံအတွင်းမှာ စားရသောက်ရတာ မကောင်းလို့ တရုတ်နိုင်ငံကို အပြစ်ပြောနေကြတယ်။ ငါ့နှယ်၊ တကယ့်ကို ဟာသပဲ။ နင်တို့က တရုတ်နိုင်ငံကို အလည်အပတ်၊ အပျော်ခရီး သွားနေကြတဲ့ ခရီးသွား‌တွေ မဟုတ်ဘူး။ စစ်ဘေးရှောင်တဲ့ ဒုက္ခသည်တွေဟ။ အဲဒါကို ဘာတွေ မြင့်မြင့်ကြီး မျှော်လင့်နေကြတာလဲ။ ဘာလဲ၊ တရုတ်နိုင်ငံဘက်က နင်တို့ကို လေယာဉ်ပျံနဲ့ လာကြိုပြီး နေထိုင်ဖို့အတွက် ကြယ်ငါးပွင့် ဟိုတယ်ဆီကို ပို့ပေးရမှာလား။ (တဲတစ်တဲထဲမှာ ငါးယောက်လောက် စုနေရတယ်လို့ ညည်းနေလို့လေ။) အိပ်ဖို့အတွက် လှလှပပ ပြင်ဆင်ထားတဲ့၊ အိစက်ညက်‌ညောင်းပျော့ပြောင်းတဲ့ မွေ့ယာနဲ့ ကုတင်၊ romantic လေး ပိုဖြစ်သွားအောင်လို့ နှင်းဆီပန်းပွင့်ဖတ်လေးတွေကို ကြဲထားတဲ့ မွေ့ယာ၊ ရာသီဥတုပူရင် ဖွင့်ဖို့ လေအေးပေးစက်၊ အဲဒါတွေပါတဲ့ အဆင့်မြင့် ဟိုတယ်အခန်းမှာ ထားပေးရမှာလား။ အစားအသောက် မကောင်းဘူးဆိုလို့၊ အစား‌အသောက်ကိုလည်း ဟိုတယ်မှာ ရှေးရှေး‌က ဘုရင်တွေ စားသလိုမျိုး အရမ်းကို အရသာရှိလှတဲ့ ဟင်းပွဲပေါင်း မြောက်များစွာကို စီစဉ်ပေးရမှာလား။ ငါနှယ်၊ စစ်ဘေးရှောင် ဒုက္ခသည်တွေက ဒီလိုမျိုး မှန်းနေကြလား မသိပါဘူး။ စစ်ဘေးရှောင် ဒုက္ခသည်ပါဆိုမှ အလည်အပတ် ခရီးသည်တွေလို့်များ ထင်နေကြလား မသိ။ စစ်ဘေးရှောင် ဒုက္ခသည်ပါဆိုမှ နေစရာ၊ စားစရာရှိရင် တော်ပြီပေါ့၊ ဘာတွေ မြင့်မြင့်တွေကို လျှောက်မှန်းနေတာလဲ။ စစ်ဘေးရှောင် ဒုက္ခသည်တွေ မပြောနဲ့၊ ရိုးရိုးလူတွေတောင်မှ ခရီးတွေဘာ‌တွေ သွားရင် အပြင်မှာစားရတဲ့ အစားအစာနဲ့ အိမ်မှာ စားရတာက မတူဘူးဟ။ အဲဒါကို ဘာတွေ မြင့်မြင့်တွေ လျှောက်မှန်း၊ အိမ်မှာ စားရသလို မစားရလို့ ပေါက်ကရ ‌‌လျှောက်အော်နေကြသေးတယ်။ အမှန်အတိုင်း ပြောရရင် စစ်ဘေးရှောင်လာတဲ့ နင်တို့ကို ��ရုတ်နိုင်ငံဘက်က လက်ခံပေးတာကို ကျေးဇူးတောင် တင်ရမှာ။ ကျေးဇူး မတင်တဲ့အပြင် စောက်အပြစ် ပြောချင်သေးတယ်။ အဲဒါကို ကျေးဇူး မသိတတ်တာလို့ ခေါ်တယ်။ ဘာနဲ့တူလဲဆိုတော့ ကိုယ့်ကို အစာကျွေးတဲ့ သခင်ရဲ့လက်ကို ပြန်ကိုက်တဲ့ ခွေးနဲ့ တူတယ်။ တရုတ်နိုင်ငံကို သဘောမကျရင်လည်း တခြားနိုင်ငံထဲကို ဝင်ပြေး။ အဲဒီမှာ စကားမတတ်၊ ဘာမတတ်နဲ့ မျက်စိကြောင်တောင် ဖြစ်နေမှာကို မြင်ယောင်သေး။ (အဲဒီလို တခြားနိုင်ငံထဲကို ဝင်ပြေးရင်‌တောင် တရုတ်နိုင်ငံအတွက် ပိုတောင် ကောင်းသေးတယ်။ အနည်းဆုံးတော့ စစ်ဘေးရှောင်တွေကို နေစရာ၊ စားစရာလည်း ပေးထားရသေး၊ အပြစ်လည်း အပြောခံရတဲ့ အဖြစ်ကနေ လွတ်တာပေါ့။)
တရုတ်နိုင်ငံက အဲဒီလို စစ်ဘေးရှောင်တွေကို ဆက်ဆံတာက အမှန်ဖြစ်တယ်ဆိုရင်တောင်မှ တရုတ်နိုင်ငံကို အပြစ်တင်လို့ မရဘူး၊ နင်တို့ စောက်အထင်ကြီးနေတဲ့ US နိုင်ငံက refugee တွေကို ထားတာလည်း အဲဒီလိုပဲ ထားတာဟဲ့။ ပန်ဆယ်လို သူ US ရောက်သွားပုံကို ရေးထားတာကို တစ်ခါ ဖတ်ဖူးတယ်။ ပန်ဆယ်လို US ကို ရောက်သွားပုံကလည်း အဲဒီ refugee ကနေပဲ ရောက်သွားတာတဲ့။ သူ စစရောက်ချင်းက US ရဲ့ တစ်ခုတည်းသော မြို့ပျက်နည်းပါး ဖြစ်နေတဲ့ Detroit မြို့ကို ရောက်သွားတာ။ အဲဒီမှာ နေရတာလည်း လေးပေအခန်းလေးကို သုံးလေးယောက်လောက် စုနေရပြီး နေရတာလည်း လုံးဝ မသန့်ဘူးတဲ့။ အဲဒီလို မသန့်လို့ သူတောင်မှ ကျန်းမာရေး ထိခိုက်လာလို့ နောက်ဆုံးမှာ နေလို့ လုံးဝ အဆင်မပြေတော့တာနဲ့ အဲဒီကနေ ထွက်လာပြီး တခြားတစ်နေရာမှာ ပြောင်းနေတာတဲ့။ နင်တို့ စောက်အထင်ကြီးနေတဲ့ US တောင်မှ ဒုက္ခသည်တွေကို အဲဒီလို ဆက်ဆံတာ၊ အဲဒါကို တရုတ်နိုင်ငံက နင်တို့ကို ကောင်းကောင်းထားလိမ့်မယ်လို့ မျှော်လင့်နေတာလား။ နင်တို့ စောက်အထင်ကြီးနေတဲ့ US က နင်တို့လို ဒုက္ခသည်တွေကို အဲဒီလို ဆက်ဆံတာကျ နင်တို့ စောက်ပါးစပ်က တစ်ခွန်းမှ မဟဘဲနဲ့ တရုတ်နိုင်ငံက နင်တို့လို ဒုက္ခသည်တွေကို အဲဒီလို ဆက်ဆံပါတယ်ဆိုပြီး စောက်သံက ထွက်လာတယ်။ တရုတ်နိုင်ငံကိုကျ စောက်ပြစ် ပြောချင်ကြတယ်၊ US လုပ်တာကျတော့ နင်တို့ ပါးစပ်ပေါက်ကနေ စောက်သံ တစ်သံမှ မထွက်လာဘူး။ တော်တော် ကောင်းကြတယ်နော်။ စိတ်ပျက်ဖို့၊ စိတ်ကုန်ဖို့ အရမ်း‌ကောင်းတယ်။
နင်တို့လို ဒုက္ခသည်တွေကို တရုတ်နိုင်ငံက အဲဒီလို ဆက်ဆံတယ်ဆိုတာ အမှန်ဖြစ်တယ်ဆိုရင်တောင်မှ မြန်မာနိုင်ငံမှာလည်း ဒီလို ကောင်းကောင်း မဆက်ဆံတာမျိုး ရှိတာပဲ။ ဒါတောင်မှ နင်တို့လို စစ်ဘေးရှောင်‌တွေ မဟုတ်ဘူးနော်၊ လူရည်ချွန်တွေ။ အရင်တုန်းက လူရည်ချွန်တွေကို လေ့လာရေး ခရီးပို့တာ ဘယ်လိုပို့တယ်မှတ်လဲ၊ စစ်လေယာဉ်နဲ့ အသွားအပြန်၊ စားတော့လည်း ဘာမှ အရသာမရှိ၊ အသားမရှိ၊ ဘာမရှိနဲ့၊ ���ရွက်တွေချည်း တော်တော်လေးကို ညံ့တဲ့ အစားအစာတွေ။ အိပ်တာကလည်း တဲထိုး အိပ်ရတာ။ ဒါတောင် နိုင်ငံ့ဂုဏ်ဆောင် လူရည်ချွန်တွေနော်။ အသက်အရွယ်ကလည်း နင်တို့လို အရွယ်ရောက်ပြီးသားလူတွေ မဟုတ်ဘူး၊ အခုမှ ကလေးသာသာ ကျောင်းပညာရေး အလယ်တန်းလေးတွေ။ အိမ်မှာဆို ဖူးဖူးမှုတ်ထားကြတဲ့၊ ကောင်းကောင်းစား၊ ကောင်းကောင်း အိပ်ကြရတဲ့ ကလေးတွေ။ အဲဒါကို နင်တို့ စစ်ဘေးရှောင် ဒုက္ခသည်တွေက ဘာကို မျှော်လင့်နေကြတာလဲ။ သူများက လက်ခံပေးတာကိုဖြင့် ကျေးဇူးတင်ရမှာကို ကျေးဇူးမတင်တဲ့အပြင် စောက်အပြစ် တင်လိုက်သေးတယ်။ အဲဒါကို ကိုယ်တွေ စောက်မြင်ကတ်တာ။ 😠😠😠
နောက်ပြီး ‌စစ်ဘေးရှောင် ဒုက္ခသည်ဆိုတာ အလည်အပတ် ခရီးသွားတာ မဟုတ်၊ ဟိုဘက်နိုင်ငံထဲကို ဝင်ပြေးတာ ပိုက်ဆံ ကုန်တာလည်း မဟုတ်၊ အလည်သွားသလို ဗီဇာလည်း လျှောက်စရာ မလို၊ ဗီဇာဖိုးလည်း မပေးရ။ နိုင်ငံကူးလက်မှတ်တောင် ပါသွားရဲ့လားကိုတောင် သံသယ ဖြစ်မိတယ်။ အဲဒါကို ဘာတွေ မြင့်မြင့်မားမားတွေကို မှန်းနေတာလဲ။ အဲဒါကို အဆင့်မြင့်မြင့် နေရမယ်လို့ ထင်နေကြတာလား။ အစားအ‌သောက် ကောင်းကောင်း၊ နေထိုင်စရာ ကောင်းကောင်း၊ WiFi လေးပါ ရှိမယ်လို့ ထင်နေကြတာလား။ စစ်ဘေးရှောင် ဒုက္ခသည်အဖို့က နေစရာနဲ့ စားစရာ ရှိရင် ပြီးပြီ၊ အရမ်း ကောင်းကောင်းကြီး မရဘူးလေ။ ကိုယ့်နိုင်ငံမှာ အသက်မသေအောင်လို့ အသက်လုပြီး ပြေးတာ၊ တစ်ဘက်နိုင်ငံမှာ အသက် မသေရင် ပြီးတာပဲလေ၊ ဘာတွေကို အပို လျှောက်မှန်းနေတာလဲ။ ကိုယ်ကလည်း စစ်ဘေးရှောင် ဒုက္ခသည်အနေနဲ့ ရောက်သွား‌သေးတယ်၊ အပျံစား နေရ၊ စားရမယ်လို့ ထင်နေတာကတော့ လွန်လွန်းအားကြီးတယ်။ စစ်ဘေးရှောင် ဒုက္ခသည်ဘဝက အဲဒီလိုပဲ။ တရုတ်နိုင်ငံ တစ်နိုင်ငံတည်း အဲဒီလို ဖြစ်နေတာ မဟုတ်ဘူး၊ နင်တို့ စောက်အထင်ကြီးနေတဲ့ US နိုင်ငံမှာတောင်မှ အဲဒီလိုမျိုး အခြေအနေ ဆိုးတယ်ဆိုတာကို မှတ်ထား။ အေး၊ ကောင်းကောင်းနေ၊ ကောင်းကောင်း စားချင်ရင်တော့ ပိုက်ဆံအများကြီး အကုန်အကျခံ၊ လေယာဉ်ပျံစီးပြီး နိုင်ငံထဲကို ဝင်၊ အဆင့်မြင့် ဟိုတယ်မှာ နေ၊ ဟိုတယ်မှာ စား၊ အဲဒါဆိုရင်တော့ အဆင့်မြင့်မြင့်နဲ့ စိတ်တိုင်းကျစေရမယ်။ တစ်ပြားမှ မကုန်တဲ့ စစ်ဘေးရှောင် ဒုက္ခသည်ဆိုရင်ဝောာ့ အဲဒီလို ကောင်းကောင်း ဘယ်ထားနိုင်မလဲ။ ပြီးတော့လည်း စစ်‌ဘေး‌ရှောင် ဒုက္ခသည်ဆိုတာ တစ်ယောက်လည်း မဟုတ်၊ ဆယ်ယောက်လည်း မဟုတ်၊ အယောက် ငါးရာကျော်လောက် ရှိနေတာ။ အဲဒီလောက် လူအများကြီးကို တရုတ်နိုင်ငံက နင်တို့ကို နင်တို့မှန်းထားသလို ကောင်းကောင်း ဘယ်ထားနိုင်မလဲဟ။ အဲဒီတော့ နင်တို့ စိတ်တိုင်းကျတော့ ဘယ်ဟုတ်မလဲ။ နင်တို့ ကိုယ့်စရိတ်နဲ့ကိုယ် ကိုယ့်ပိုက်ဆံနဲ့ကိုယ် အလည်အပတ် ခရီးသွားတယ်ဆိုရင်တောင်မှ နင်တို့ တည်းချင်တဲ့ နေရာမှာ နေလို့မရဘူး။ သူတို့ ငှားထားတဲ့ ဟိုတယ်မှာ နေရတယ်။ အစားအစာလည်း နင်တို့ ခံတွင်းနဲ့ တွေ့ချင်မှ တွေ့မယ်၊ စားလို့ ကောင်းချင်မှ စားလို့ ကောင်းဦးမှာ။ အိမ်မှာ စားရသလိုမျိုး မဟုတ်ဘူး။ အဲဒါကို စစ်ဘေးရှောင် ဒုက္ခသည်အနေနဲ့ နေလို့ မကောင်း၊ စားလို့ မကောင်းဆိုပြီး အော်နေသေးတယ်။ နင်တို့ ဦးနှောက် သုံးပြီးတော့လည်း နည်းနည်းပါးပါး စဉ်းစားကြပါဦး။ စောက်အပြစ် ပြောဖို့လောက်ပဲ သိတယ်။
ကဲ၊ ဒီလောက်ပဲ ပြောဦးမယ်။ ဆက်ပြောရင် ဒီထက် ပိုဆိုးမယ်။ နိဂုံးချုပ်လေး ပြောပြီးရင် ဒီမှာပဲ ရပ်လိုက်တော့မယ်။ နိဂုံးချုပ်ကတော့ တစ်ခုခုဆို လျှာအရိုးမရှိတိုင်း လျှောက်မပြောနဲ့၊ သူများကိုလည်း ဘလိုင်းကြီး လျှောက်လျှောက်ပြီး အပြစ် မတင်နေနဲ့၊ ကျေးဇူး မကန်းနဲ့။ ဒီလောက်ပဲ။
P.S. စာလုံး အသုံးအနှုန်းတွေ ကြမ်းသွားရင်၊ ရင့်သွားရင် သည်းခံပေးပါ။ ဒီကိစ္စက ဒီလို ကြမ်းကြမ်းနဲ့ ရင့်ရင့် ပြောမှ အဆင်ပြေမှာမို့လို့ပါ။ 🙂🙂🙂
1 note · View note