Don't wanna be here? Send us removal request.
Text
မြတ်စွာဘုရားရှင်၏ဂုဏ်တော် ၉ ပါး
အရဟံ
သမ္မာသမ္ဗုဒ္ဓေါ
ဝိဇ္ဇာစရဏ သမ္ပန္နော
သုဂတော
လောကဝိဒူ
အနုတ္တရော ပုရိသဒမ္မသာရထိ
သတ္ထာဒေဝ မနုဿာနံ
ဗုဒ္ဓေါ
ဘဂဝါ
အရဟံ ဂုဏ်တော်
ကိလေသာကင်းစင်၍ အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ခြင်း၊ လူ၊ နတ်၊ ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံယူထိုက်တော်မူထိုက်သော မြတ်စွာဘုရား။ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်း���ှုကို ပြုလုပ်တော်မမှုသော မြတ်စွာဘုရား။
အရဟံဂုဏ်တော် (၅) ချက်
အာရကတ္တာ - ကိလေသာတို့မှ ဝေးတော်မူသောကြောင့် အရဟမည်၏။
ပစ္စယာဒီနံ အရဟတ္ထာပိ - လူသုံးပါးတို့၏ ပစ္စည်းလေးပါး စသော ပူဇော်အထူးကို ခံထိုက်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
နတ္ထိ ရဟော ဧတဿာတိ - ဆိတ်ကွယ်ရာ အရပ်၌ မကောင်းမှုပြုခြင်းသည် မရှိသောကြောင့် အရဟမည်၏။
အရီနံ ဟတတ္တာပိ - ကိလေသာ တည်းဟူသော ရန်သူကို သတ်အပ်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
အရာနံ ဟတတ္တာပိ - သံသရာ စက်တို့ ၏အကန့်တို့ကို ဖျက်ဆီးအပ်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော်
တရားအလုံးစုံကို သဗ္ဗညုတဉာဏ်ဖြင့် အလိုလိုသိခြင်း၊ ဉာဏ်ပညာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်စွာဘုရား။ (အရာအားလုံးကို ကိုယ်ပိုင်ဥာဏ်စွမ်းဖြင့် အမှန်အတိုင်းသိမြင်တော်မှုသော မြတ်စွာဘုရား)
ဝိဇ္ဇာစရဏ သမ္ပန္နော ဂုဏ်တော်
ဝိဇ္ဇာဉာဏ် ၃-ပါး(၈ပါး) ၊ စရဏ အကျင့် ၁၅ ပါးတို့နှင့် ပြည့်စုံတော်မူခြင်း၊ အကြီးဆုံး ဝိဇ္ဇာနှင့် အကောင်းဆုံး အကျင့်ရှိသူဖြစ်တော်မူသော မြတ်စွာဘုရား။
ဝိဇ္ဇာဉာဏ် (၃) ပါး
ပုဗ္ဗေနိဝါသဉာဏ် - ရှေးဘဝမှ နေခဲ့သော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော ဉာဏ်။
ဒိဗ္ဗစက္ခုဉာဏ် - နတ်တို့၏ မျက်စိကဲ့သို့ အပိတ်အပင် အတားအဆီးမရှိ မြင်နိုင်သော ဉာဏ်။
အာသဝက္ခယဉာဏ် - အာသဝေါတရား လေးပါးကို ကုန်စင်အောင် ပြုတတ်သော အရဟတ္တမဂ်ဉာဏ်။
ဝိဇ္ဇာဉာဏ် (၈) ပါး
ဣဒ္ဓိဝိဓဉာဏ် - တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်သောဉာဏ်။
မနောမယိဒ္ဓိဉာဏ် - စိတ်သွားတိုင်း ကိုယ်ပါနိုင်သောဉာဏ်။
ဒိဗ္ဗသောတဉာဏ် - နတ်တို့၏ နားကဲ့သို့ ကြားနိုင်သောဉာဏ်။
ပရစိတ္တဝိဇာနနဉာဏ် - သူတပါး၏စိတ်ကိုပိုင်းခြား၍သိနိုင်သောဉာဏ်။
ပုဗ္ဗေနိဝါသဉာဏ် - ရှေးရှေးသော ဘဝပေါင်းခြားများစွာက နေခဲ့ဘူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သောဉာဏ်။
ဒိဗ္ဗစက္ခုဉာဏ် - နတ်တို့၏မျက်စိကဲ့သို့ မြင်နိုင်သောဉာဏ်။
ဝိပဿနာဉာဏ် - ဖြစ်ပေါ်သမျှသော သင်္ခါရတရားတို့ကို လက္ခဏာသုံးပါးတင်၍ ရှုမြင်ဆင်ခြင်နိုင်သောဉာဏ်။
အာသဝက္ခယဉာဏ် - အာသဝါတရားလေးပါးကို ကုန်စင်အောင်ပြုတတ်သော အရဟတ္တမဂ်ဉာဏ်။
စရဏ အကျင့် ၁၅ ပါး
သဒ္ဓါ
သတိ
ဟိရီ
ဩတ္တပ္ပ
ဝီရိယ
သုတ
ပညာ
ဘောဇနမတ္တညုတာ
ဇာဂရိယာနုယောဂ
သီလ
ဣန္ဒြိယသံဝရ
ပထမစျာန်
ဒုတိယစျာန်
တတိယစျာန်
စတုတ္ထစျာန်
သုဂတော ဂုဏ်တော်
အကျိုးရှိသော ဟုတ်မှန်သောစကားကိုသာ ကောင်းစွာဆိုတတ်သောမြတ်စွာဘုရား။
လောကဝိဒူ ဂုဏ်တော်
သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောက တည်းဟူသော လောကသုံးပါးကို အကုန်အစင်သိမြင်တော်မူသော မြတ်စွာဘုရား။
အနုတ္တရော ပုရိသဒမ္မသာရထိ ဂုဏ်တော်
မယဉ်ကျေးသော ဆုံးမထိုက်သူတို့ကို ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမရာ၌ အသာလွန်ဆုံးဖြစ်တော်မူသောမြတ်စွာဘုရား။
သတ္ထာဒေဝ မနုဿာနံ ဂုဏ်တော်
လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံးတို့၏ ဆရာတစ်ဆူဖြစ်တော်မူသော မြတ်စွာဘုရား။
ဗုဒ္ဓေါ ဂုဏ်တော်
သစ္စာလေးပါးကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူပြီးတစ်ပါးသူ တို့တို့အားလည်း ဟော���ြားညွှန်ပြနိုင်သောမြတ်စွာဘုရား။
သစ္စာ ၄ ပါး
ဒုက္ခသစ္စာ - ဒုက္ခဟူသော ဆင်းရဲခြင်းတရားသည် အမှန်တကယ်ရှိသည်။
သမုဒယသစ္စာ - သမုဒယသည် 'ဒုက္ခ'ကိုဖြစ်စေသော အကြောင်းအရင်း အမှန်ဖြစ်သည်။
နိရောဓသစ္စာ - ဒုက္ခ၏ ငြိမ်းအေးရာ နိဗ္ဗာန်သည် အမှန်တကယ်ရှိသည်။
မဂ္ဂသစ္စာ - နိဗ္ဗာန်ကိုရရှိရန် နည်းလမ်းသည် မဂ္ဂင်ရှစ်ပါး အမှန်ပင်ဖြစ်သည်။
ဘဂဝါ ဂုဏ်တော်
ဘုန်းတော် ၆-ပါးနှင့် ပြည့်စုံတော်မူခြင်း၊ ဘုန်းတန်ခိုးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သော မြတ်စွာဘုရား။
ဘုန်းတော်ခြောက်ပါး
ဣဿရိယဘုန်းတော် - မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော မြတ်စွာဘုရား။
ဓမ္မဘုန်းတော် - မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ယသဘုန်းတော် - များပြားသော အခြံအရံ၊ ပျံနှံ့သော အကျော်အစောနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
သိရီဘုန်းတော် - အတုမရှိသော ကျက်သရေတော် နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
ကာမဘုန်းတော် - လိုအင်ဆန္ဒမှန်သမျှ ခဏချက်ချင်း ပြည့်ဝတော်မူသော မြတ်စွာဘုရား
ပယတ္တဘုန်းတော် - အတုမရှိသော လုံလဝီရိယနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
0 notes
Photo

ဗကဗြဟ္မာမင်းအား အောင်မြင်တော်မူခြင်း
“အို...တည်မြဲခြင်းဆိုသည့် အယူဝါဒ မှန်မမှန်....အရှင်ဘုရားနဲ့ တပည့်တော်တို့ တန်ခိုးပြိုင်ရအောင်၊ တပည့်တော်က ကိုယ်ရောင်ဖျောက်ပြီး တန်ခိုးပြိုင်မယ်"
Artist - https://www.facebook.com/htetthurein.zaw
0 notes
Photo

သစ္စကပရိဗိုဇ်အား အောင်မြင်တော်မူခြင်း
“အို… ဒီခန္ဓာငါးပါးဟာ ကိုယ် အတ္တမဟုတ်ပါ ဆိုသော...ဒီစကားဟာ မတော်မလျော်ပါဘူး။ ရဟန်းဂေါတမက ဒီလိုပြောတယ်ဆိုတာ မသင့်လျော်ပါဘူး။ တစ်ချိန်ချိန်မှာ ရဟန်းဂေါတမနှင့် စကားပြိုင်ဆိုင်ပြောရရင်ကောင်းမယ်။ ဒါမှလည်း ရဟန်းဂေါတမဟာ ယုတ်ညံ့တဲ့ အယူဒိဋ္ဌိမှ ကင်းစင်နိုင်လိမ့်မယ်။"
Artist - https://www.facebook.com/htetthurein.zaw
0 notes
Photo

အင်္ဂုလိမာလအား အောင်မြင်တော်မူခြင်း
“အို…ရဟန်းကြီး… ရဟန်းကြီးက ရပ်နေတယ်လို့ပြောပြီး ပြေးနေတယ်၊ စကားသည်အရှေ့အနောက် ညီညွတ်မှုမရှိ... အသင်ရပ်တော်မှုလော့ "
Artist - https://www.facebook.com/htetthurein.zaw
0 notes
Photo

နာဠာဂီရိဆင်အား အောင်မြင်တော်မူခြင်း
“အို.. နာဠာဂီရိ….သင့်ကို အရက် ၁၆ အိုးတိုင်အောင် တိုက်လိုက်တာဟာ ကလေးကို သတ်ဖို့မဟုတ်ဖူး၊ ငါဘုရားကို သတ်ဖို့ဖြစ်တယ်၊ ဒါကြောင့် မဆိုင်တဲ့ ကလေးဆီကို မသွားဘဲ ငါ့ဘုရားထံသို့သာ ဖြောင့်ဖြောင့် လာခဲ့ပါတော့”
Artist - https://www.facebook.com/htetthurein.zaw
0 notes
Photo

မာရ်နတ်အား အောင်မြင်တော်မူခြင်း
အို!! အသင် မာနတ် ..... မြတ်ဗုဒ္ဓ၏ မဟာဗောဓိပင် အပရာဇိတ ရွှေပလ္လင်နှင့် သဗ္ဗညုတဉာဏ်တော် ရရာရကြောင်း ဘ၀ပေါင်းများစွာ ... ဆယ်ဖြာသော ပါရမီ အကျင့်သီလ စာဂအ၀၀ဖြင့် လုံးလအကြောင်းပြု ကောင်းမှုအစုစုတို့ကို.... ငါအမိ မဟာပထဝီ မြေကြီးအသိဆုံးပင်ဖြစ်ပေသည်....။ အသင်မယုံကြည်ပါက... မြတ်ဗုဒ္ဓ၏ ပါရမီအဆက်ဆက် ဘ၀အဆက်ဆက် ငါမဟာပထဝီ မြေကြီးအပေါ် ရေစက်သွန်းချခဲ့သော သက်သေတို့ကို..... ငါ့ဆံနွယ်များမှာ စိုစွတ်နေသော ရေများဖြင့် အသင့်အား သက်သေပြုပါအံ့..."
Artist - https://www.facebook.com/htetthurein.zaw
0 notes
Photo

အာဠာဝကဘီလူးအား အောင်မြင်တော်မူခြင်း
အို...ရဟန်းကြီးဂေါတမ.. အသင့်အားမေးခွန်း၄ခုမေးပါမည်.... လောကမှာ ဘယ်အရာဟာ အမြတ်ဆုံး ဖြစ်သလဲ? အဘယ်တရားကို နေ့စဉ်ရက်ဆက် ပွားမယ်ဆိုရင် လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်ချမ်းသာကို ရောက်နိုင်ပါသလဲ? အရသာအပေါင်းမှာ ဘယ်အရသာဟာ အချိုမြိန်ဆုံး ဖြစ်ပါသလဲ? အဘယ်တရားနဲ့ အသက်ရှည်ခြင်းဟာ အမြတ်ဆုံးဖြစ်ပါသလဲ?
Artist - https://www.facebook.com/htetthurein.zaw
0 notes
Photo

နန္ဒောပနန္ဒ နဂါးမင်းအား အောင်မြင်တော်မူခြင်း
“အို… ဦးပြည်းကတုံး ရဟန်းယုတ်တွေဟာ ငါ့ဦးခေါင်းပေါ်ကနေ တာဝတိံသာကို အဝင်အထွက် လုပ်နေကြတယ်။ ငါ့အပေါ်လည်း ခြေမှုန့်တွေ ကျတယ်။ ဒီနေ့ကစ ဒီဦးပြည်းတွေကို သွားခွင့်မပေးတော့ဘူး”
Artist - https://www.facebook.com/htetthurein.zaw
0 notes
Photo

စိဉ္စမာဏဝိကာပရိဗ္ဗိုဇ်မအား အောင်မြင်တော်မူခြင်း
“အို… ရဟန်းကြီး ရှင်က လူတွေကို တရားဟောနေတယ်၊ အသံကလည်း ချိုမြိန်ပါပေ့၊ နှုတ်ခမ်းကလည်း စေ့ပါပေ့၊ ဒီမှာတော့ ရှင့်ကို စွဲပြီး ကိုယ်ဝန် ရင့်မာကြီးဖြစ်နေပြီ၊ သားးဖွားဖို့အတွက် သားဖွားတဲ့အိမ် မပြုလုပ်ပေးတော့ဘူးလား?" Artist - https://www.facebook.com/htetthurein.zaw
0 notes
Text
အနတ္တလက္ခဏသုတ္တံရှင်းတမ်း အပိုင်း (၅ - နောက်ဆုံးပိုင်း)
ငါ တစ်ယောက်တည်းမဟုတ်ဘူး
★ “ဧသော မေ အတ္တာ” ဒီဟာက ငါရဲ့ အတ္တပဲ၊ အတ္တဆိုတာက ခုနတုန်းကပြောတဲ့ Atman - Individual Soul ထာဝရ တည်ရှိတဲ့ဟာ ဟုတ်တယ်မို့လား “ဧသော မေ အတ္တာ”။ ဒီဟာကို ဘယ်လို ထာဝရ တည်ရှိတုန်း?
★ သဘောအားဖြင့် ကျောင်းမှာ ရန်ဖြစ်လို့ အတန်းကျောင်းတက်တုန်းက ကျောင်းမှာ လူတစ်ယောက်က လူတစ်ယောက်ကို တစ်ယောက်က စာတော်တယ် တစ်ယောက်ကလည်း အဲလိုပဲ တော်တယ်။ အချင်းချင်း ယှဉ်ပြိုင်ပြီးတော့ jealous တွေဖြစ်ကြတယ်။
★ ပထမဆုံးတော့စာပဲ ပြိုင်တယ် နောက်ပိုင်းကျတော့ ရည်စာ��တွေလည်း ပြိုင်တယ်ဆိုရင် ကိုယ်က စိတ်ထဲမှာ negative emotion တွေ အများကြီးဝင်လာပြီ။ အဲတော့ လူတစ်ယောက်က လူတစ်ယောက်ကို destructive emotion နဲ့ ကြည့်တာ ဖျက်လိုဖျက်စီး စိတ်ခံစားမှုနဲ့ကြည့်တယ်၊ နောက်ပြီးတော့ မယုံကြည်တဲ့ စိတ်ခံစားမှုနဲ့ ကြည့်တယ်။ ကြောက်တဲ့ စိတ်ခံစားမှုနဲ့ကြည့်တယ်။ insecure မလုံခြုံတဲ့ စိတ်ခံစားမှုနဲ့ ကြည့်တယ် တစ်ယောက်ကိုတစ်ယောက် ဒါ နမူနာပြောပြတာ နေ့စဉ်ဖြစ်နေတဲ့ဟာ။
★ စီးပွားရေးလောကလည်း ဒီတိုင်းပဲ၊ ပညာရေးလောကလည်း ဒီတိုင်းပဲ။ အဲတော့ အဲလိုဖြစ်တယ်ဆိုရင် အဲဒီ A နဲ့ B ဆိုပါတော့ A က B ကို မကောင်းတာ ပြောလိုက်တယ်ဆိုရင် ပြိုင်ဘက်တစ်ယောက်ကို မကောင်းတာ ပြောလိုက်တယ် negative ပြောလိုက်တယ်ဆိုရင် A က B ကို ပြောလိုက်တယ် အဲဒါ B က တေးထားတယ်။
★ တေးထားပြီးတော့ သူရဲ့ identity ကို သူက တည်ဆောက်တဲ့နေရာမှာ သူက ဘယ်သူဆိုပြီးတော့ သူရဲ့ဘဝကို တည်ဆောက်တဲ့နေရာမှာ အဲဒဏ်ရာဒဏ်ချက်ကို သူက အစွဲပြုပြီးတော့ သူ တည်ဆောက်တယ်။ ဒို့ကလေ ကျောင်းမှာတုန်းက ဘယ်သူက ဒို့ကို ဘယ်လိုပြောဖူးတယ်၊ ဒို့က ပြိုင်ကြတာ ၁၀-နှစ်ကြာသည်ထိ၊ ၁၅-နှစ် ကြာသည်အထိ၊ နှစ်-၂၀ နှစ်-၃၀ ကြာသည်အထိ အဲဒီဟာကို အစွဲပြုပြီး ကိုယ်ရဲ့ identity တွေကို တည်ဆောက်ထာတာ construct လုပ်ထားတာ။
★ တကယ်လို့ လူတစ်ယောက်က အဲဒါတွေ မေ့လိုက်စမ်းပါ အဲဒါတွေ ဘာမှ မထူးပါဘူး အဲလိုလာပြီးတော့ပြောရင် အဲလူပြောတာ ကိုယ်က မကျေနပ်ဘူး။ You have not gone through this, what right have you got to say this to me. ခင်ဗျားတို့က ဒီလိုအတွေ့အကြုံ မတွေ့ခဲ့ရဘူး ဒီလို သူများအပြောအဆို မခံရဘူး။ မခံရဘဲနဲ့ ဒို့ကို ဘယ်လို နားလည်ပေးနိုင်တုန်း ဘယ်လိုလုပ် ဒီလိုလာပြောတုန်း။ ဘာဖြစ်လာတုန်း defensive ဖြစ်လာတယ် မာန ဖြစ်လာတယ်။ This is me. အဲဒီ identity ကို ကိုယ်က ဖက်ထားတာတာပဲ။
★ ဒီ “ဧသော မေ အတ္တာ” ကိုတော့ ထာဝရ စိတ်ထဲမှာ ထာဝရ ရှိစေချင်တာ ထာဝရဖြစ်ချင်တာ။ ဒါက ဒဏ်ရာဒဏ်ချက်တောင်မှ ထာဝရ ရှိစေချင်တာ။ ကောင်းတဲ့ဟာဆိုရင်တော့ ပြောမနေနဲ့တော့ ထာဝရ ရှိစေချင်တာ။ တကယ် ထာဝရမရှိတဲ့ဟာကို ထာဝရရှိတယ်လို့ထင်တာ ဒါကိုကျတော့ “ဒိဋ္ဌိ” လို့ ခေါ်တယ်တဲ့။
★ အတ္တဒိဋ္ဌိ - အတ္တ က ထာဝရ ၊ ဒိဋ္ဌိ က အမြင်မှားတာ ထာဝရရှိသလို။ သောတာပန်ဖြစ်မှ ဒီဟာကပြုတ်တယ်တဲ့။ ဒီတစ်ခုပဲ ပြုတယ်။ ဒီနှစ်ခု ( ဧတံ မမ၊ ဧသောဟ မသ္မိ) က မပြုတ်သေးဘူး။
★ ခင်ဗျားတို့က ဒါမျိုး မကြုံဘူးဘူး ဘယ်သိမှာတုန်းဆိုပြီးတော့ ကိုယ့်ဟာကိုယ် တခါတည်း ပြန်ပြီးတော့ မာနနဲ့ ဒေါနဲ့ မောနဲ့ ပြန်ပြောတာ။ အဲဒါ “မာန” ။ အတွေ့အကြုံ တစ်ခုကို လက်မလွတ်တမ်း ဖက်ထားပြီးတော့ မိမိ ငါ ဆိုပြီးတော့ အဲဒါကို ငါ ဆိုပြီးတော့ လုပ်နေတာ သူကျတော့ “တဏှာ” တဲ့။
★ တဏှာ၊ မာန၊ ဒိဋ္ဌိ - အတ္တဆိုတာ ဒါပြောတာ။ ဒီ psychology နဲ့ ပြောရင် အတ္တဖြစ်ပျက်ပုံက တဏှာ၊ မာန၊ ဒိဋ္ဌိ ဒီ သုံးခုပြောတာ။ တဏှာ နဲ့ မာန က အနာဂါမ်ရောက်တဲ့အခါကျမှ ဒီအတ္တက ပြုတ်တာ။ တဏှာထဲမှာ အရူပရာဂ ကလွဲလို့ပေါ့နော်၊ တဏှာတော်တော်များများကတော့ အနာဂါမ်မှာ ပြုတ်တယ်။ တချို့ဟာတွေ ရဟန္တာဖြစ်မှ ပြုတ်တယ်။
★ အနာဂါမ်မှာ တဏှာတချို့ပြုတ်တယ် ကာမတဏှာ၊ ဘဝတဏှာ အဲဒီဟာပြုတ်တယ်။ မာနကျတော့ ရဟန္တာကျမှ ပယ်တယ်၊ အနာဂါမ်မှာ ရှိသေးတယ်ဆိုပေမယ့် သူက အများကြီးတော့ ဒုက္ခမဖြစ်စေတော့ဘူးပေါ့ အငွေ့လောက်ပဲ ကျန်တော့တာပေါ့။
★ ဒီဟာကို ဘုန်းဘုန်းတို့ အနောက်ပိုင်း psychologyရဲ့ သဘောနဲ့ ပြန်ပြီးတော့ ပြောမယ်ဆိုရင် အနောက်တိုင်း psychology မှာ narcissism ရှိတယ်။ Narcissism ဆိုတာက (1) Self-love (တဏှာ)(2) Pride (မာန)(3) Will - to live forever (ဒိဋ္ဌိ)
★ Self-love က ကိုယ့်ကိုယ်ကို ချစ်တာ အရမ်းများသွားတာ တော်ရုံတန်ရုံမဟုတ်ဘူး။ သူက clinical ဖြစ်သွားတဲ့ ပုံစံမျိုး။ ဒါက တဏှာ (self-love)၊ ဒါက မာန (pride)၊ ဒါက ဒိဋ္ဌိ (will - to live forever) ထာဝရ forever - narcissism. ဒီ narcissism က psychology အရဆိုရင် အတ္တရဲ့ နေ့စဉ်ဘဝမှာ လူတွေရဲ့ စိတ်နေသဘောထား စိုးမိုးနေတာ။
★ ဒါကြောင့် မြတ်စွာဘုရားက ဘာပဲလုပ်လုပ် ကိုယ်လုပ်တဲ့ဟာ ဒါ ငါ့ ဟာ မဟုတ်ဘူး၊ ဒါ ငါ မဟုတ်ဘူး၊ ဒါ ထာဝရ မရှိဘူး ဆိုပြီးတော့ အဲဒီလို နှလုံးသွင်းဖို့။ နှလုံးသွင်းတာ အနတ္တလက္ခဏသုတ်ရဲ့ တတိယအပိုင်း။ ဒီဟာကို ပိုပြီးတော့ လွယ်ကူအောင် ဘုန်းဘုန်းက narcissism ကိုရော အနတ္တကိုရော လွယ်ကူအောင်။
★ အနတ္တကို ဘယ်လို တွေ့အောင်ရှာမှာတုန်း? တစ်ခုခုဖြစ်လာရင် စိတ်ထဲမှာ ကိုယ်က ကိုယ်တစ်ယောက်တည်းပဲ ဖြစ်တယ် Unique ဖြစ်တယ်၊ ကိုယ့်မှာ အရမ်းထူးခြားတယ် တစ်ယောက်တည်းပဲ။ ချော်လဲလို့ ခြေထောက်ကျိုးတယ်ဆိုရင် ငါ တစ်ယောက်တည်းပဲ ဟုတ်တယ်မို့လား။
★ အရမ်းကောင်းတဲ့ အစာအာဟာရကို စားတယ်ဆိုလည်း “ငါတစ်ယောက်တည်းစားဖူးတယ် ဘယ်သူမှ မစားဖူးဘူး။” သူများဆဲခံရပြီဆိုလည်း “ဒီလို ဆဲခံရတာ တလောကလုံးမှာ ငါ ပဲ ရှိတယ် ဘယ်သူမှ မရှိဘူး” အဲလို သူက unique ဖြစ်ချင်တဲ့ဟာ unique မဖြစ်ရင် စိတ်ထဲမှာ သူက secure မဖြစ်ဘူး။ အဲဒီစိတ်ကို ဘုန်းဘုန်းက “အတ္တ” လို့ ခေါ်တယ်။
★ ဒါဖြင့် ဒီ အတ္တနည်းသွားအောင် အနတ္တ ဘယ်လိုသွားမှာတုန်းဆိုတော့ အနတ္တ ကျတော့ Universal, ခ��ေထောက်ကျိုးတာလည်း တစ်ယောက်တည်း မဟုတ်ဘူး သူများတွေလည်းဖြစ်တယ်။ ဒီလို အစားအသောက်ကောင်းရင်လည်း ငါတစ်ယောက်တည်းမဟုတ်ဘူး သူများတွေလည်း စားရတယ်။ ဒီလို ဆင်းဆင်းရဲရဲ စားရတာလည်း ငါ တစ်ယောက်တည်း မဟုတ်ဘူး သူများတွေလည်း စားရတယ်။ ဒီလို ကားကောင်းကောင်း စီးရတာလည်း ငါ တစ်ယောက်တည်း မဟုတ်ဘူး သူများတွေလည်း စီးရတယ်။
★ အဲဒီလို စိတ်ထဲမှာ ကိုယ်က ထားတယ် အထူးသဖြင့် မုဒိတာ ဖြစ်တယ်။ မုဒိတာ ဖြစ်တာ share လုပ်တာလေ ကိုယ့်ရဲ့ သုခကို သူများကို share လုပ်ပေးတယ်၊ သူများရဲ့ သုခကိုလည်း ကိုယ်က share လုပ်ပေးတယ် မုဒိတာ။ အဲဒီလို မုဒိတာ ဖြစ်တယ်ဆိုရင် unique ဖြစ်ချင်တဲ့စိတ်ကနေ universal ဖြစ်ချင်တဲ့စိတ်ကို ရောက်သွားတယ်။
★ အတ္တ emotion ဘက်ကနေ အနတ္တ emotion ဘက်ကိုသွားတယ်။ ဒါကြောင့် ကရုဏာပွားတာတို့ မုဒိတာ ပွားတာတို့ ဒါတွေဟာ အနတ္တ ကို အသုံးပြုပြီးတော့ emotion management စိတ်ခံစားမှုကို ကိုင်တွယ်ပေးတာ။
အားလုံး ကျန်းမာချမ်းသာကြပါစေ။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ပါမောက��ခဒေါက်တာဓမ္မသာမိ
(၂၇.၁၁.၂၀၁၆) စင်္ကာပူတွင် ဟောကြားတော်မူခဲ့သော "အနတ္တလက္ခဏသုတ္တံရှင်းတမ်း" တရားတော်မှ ရေးသားပူဇော်ပါသည်။
0 notes
Text
အနတ္တလက္ခဏသုတ္တံရှင်းတမ်း အပိုင်း(၄)
The Law of Change - အနိစ္စနိယာမ
★ နောက်ဒုတိယပိုင်းကျတော့ ဘာကြည့်ခိုင်းတုန်းဆိုတော့ မြတ်စွာဘုရားက “The Law of Change - အနိစ္စနိယာမ” ကို ကြည့်ခိုင်းတာ။ ခန္ဓာငါးပါး ဒီလိုရိုက်လိုက်တယ် အဲဒီအတွေ့အကြုံ အဲဒီ experience လေးကို anaylse လုပ်ပြီး ဖြစ်ပေါ်လာတဲ့ တွေ့ရှိရတဲ့ components ၅-ခု aspects ၅-ခု အဲဒီ ၅-ခု တစ်ခုစီ ပြန်ကြည့်ပါ။
★ ဒီ physical body အမြဲတမ်း မပြောင်းမလဲရှိသလား? ပဉ္စဝဂ္ဂီငါးဦးကို မေးတယ်။ သိပ္ပံအနေနဲ့ ဘုန်းဘုန်းတို့သိတာပဲ biology အရ ဒီမှာ molecule တွေ cell တွေ အမြဲတမ်း ပြောင်းလဲနေတယ်။ ပဉ္စဝဂ္ဂီငါးဦးက မမြဲပါဘူး။ အမြဲတမ်းပြောင်းလဲနေတယ်။
★ ဒါကြောင့် ဒီနေရာမှာ မမြဲလို့ အနတ္တ ဖြစ်တာ။ ခုနတုန်းက ပြောတာ ဗြဟ္မာက ထာဝရ တည်ရှိတယ် နောက်ပြီးတော့ ဗြဟ္မာက ဖန်တီးပေးလိုက်တဲ့ သူရဲ့ creature - Atman ဒါကလည်း ထာဝရတည်ရှိတယ်ဆိုတော့ ဒုတိယအပိုင်းက ထာဝရတည်ရှိတယ်ဆိုတဲ့ဟာကို မြတ်စွာဘုရားက refuse လုပ်ထားတာ။ အနိစ္စကိုပြပြီးတော့ အတ္တ ဆိုတာ မရှိပါဘူး။
★ ရုပ်လည်းပြောင်းလဲတယ်၊ ဝေဒနာလည်း အမြဲတမ်းပြောင်းလဲနေတယ်၊ သညာ - memory အမြဲတမ်းပြောင်းလဲနေတယ်၊ emotion တွေ thought တွေ အတွေးတွေ စိတ်ခံစားတွေ အဲဒါတွေလည်း ပြောင်းလဲနေတယ်၊ consciousness - ဝိညာဏ် ကလည်း ပြောင်းလဲနေတယ်။
ဒုက္ခ -------> အနတ္တအနိစ္စ -----> အနတ္တ
★ အကျဉ်းချုပ်ကတော့ ဒါပဲ ဒုက္ခဖြစ်လို့ အနတ္တဖြစ်တယ်၊ အနိစ္စ ဖြစ်လို့ အနတ္တ ဖြစ်တယ်။ အနတ္တလက္ခဏသုတ် သုံးပိုင်း ရှိတာ နှစ်ပိုင်းကုန်သွားပြီ။ “ရူပံ နိစ္စံ ဝါ အနိစ္စံ ဝါတ��” ဒီရုပ်ခန္ဓာကိုယ်က မြဲသလား? မပြောင်းမလဲပဲ ဒီတိုင်း တည်ရှိသလား? အမြဲတမ်းပြောင်းလဲနေသလား? “အနိစ္စံ, ဘန္တေ” အမြဲတမ်း ပြောင်းလဲပါတယ်တဲ့။
★ အဲဒီပြောင်းလဲတဲ့ ရုပ်ခန္ဓာကိုယ် ကိုယ့်အလိုတိုင်းဖြစ်သလား? ကိုယ့်အလိုအတိုင်း မဖြစ်ဘူးလား? ဆံပင်ဖြူလာတယ်ဆိုရင် ကိုယ့်အလိုအတိုင်း ဘယ်ဖြစ်တော့မှာတုန်း။ “ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါတိ” အဲဒီ ပြောင်းလဲတဲ့ဟာ သုခလား? ဒုက္ခလား? ဒုက္ခပါ။
★ ဒါဖြင့် ပြောင်းလဲတယ် ဒုက္ခလည်းဖြစ်တယ်၊ ဒုက္ခက first chapter ထဲမှာလည်း ပါပြီးသား။ အနိစ္စလည်းဖြစ်တယ် ဒုက္ခလည်းဖြစ်တယ်ဆိုတဲ့အရာ အဲဒီအရာကို ဒါ မြဲမြံတဲ့အရာ ငါ့ ဟာ ထာဝရတည်ရှိနိုင်တယ်။ဒါ “ငါ့ဟာ” ဒါ “ငါ” “ထာဝရ တည်ရှိတယ်” ဒီလို သွားပြီးတော့ ကြုံးဝါးလို့ ယူဆလို့ ဆွဲယူဖို့ သင့်သလား? မသင့်ဘူး။
★ ဒါကြောင့် တတိယအခန်းကျတော့ ဒါကြောင့်မို့လို့ ဒီခန္ဓာကိုယ်ကို အနတ္တ ဆိုပြီး ရှုပါတဲ့။ ဝေဒနာလည်း အနတ္တ ဆိုပြီး ရှုပါ။ သညာလည်း အနတ္တ ဆိုပြီး ရှုပါ။ သင်္ခါရ ဝိညာဏ် ဒါတွေ အနတ္တလို့ ရှုပါ။ အဲဒါ တတိယပိုင်း။ အနတ္တလက္ခသုတ်ပြီးသွားပြီ။
★ အဲဒီထဲမှာ အတ္တကို မြတ်စွာဘုရားက psychology အရ ရှင်းပြတဲ့ဟာလေး နည်းနည်း ရှင်းပြချင်တယ်။ ဒါ ‘ငါ့ဟာ’ ဒါက ‘ငါ’ ဒါက ‘ထာဝရ တည်ရှိတယ်’ သုံးခု။
အင်္ဂလိပ်လို အရင် ရေးမယ်ဆိုရင်
This is mine = ဧတံ မမ This is me = ဧသောဟ မသ္မိ This is I who lasts forever = ဧသော မေ အတ္တာ
★ အတ္တယုံကြည်တဲ့သူတဲ့သူတွေက ဒီအတွေးတွေ တွေးတယ်တဲ့ This is mine. This is me. This is my identity which will last forever.
★ င့ါဟာဆိုပြီးတော့ ကိုယ်က စွဲကိုင်တယ် ကိုယ်က ဆုပ်ကိုင်ထားတာ၊ နောက်ပြီးတော့ ဒီဟာက ငါ, This is me ဒီ identity ကို ကိုယ်က hold on လုပ်ထားတယ်။ နောက် ဘာဖြစ်လို့တုန်းဆိုတော့ မိမိရဲ့ သန္တာန်ထဲမှာ ထာဝရတည်ရှိတဲ့အရာတစ်ခုရှိတယ်လို့ ကိုယ်က ယူဆထားတယ်။
★ “ဧသော မေ အတ္တာ” ဒီဟာက ငါရဲ့ အတ္တပဲ၊ အတ္တဆိုတာက ခုနတုန်းကပြောတဲ့ Atman - Individual Soul ထ���ဝရ တည်ရှိတဲ့ဟာ ဟုတ်တယ်မို့လား “ဧသော မေ အတ္တာ”။
★ ဒီဟာကို ဘယ်လို ထာဝရ တည်ရှိတုန်း?
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ပါမောက္ခဒေါက်တာဓမ္မသာမိ
(၂၇.၁၁.၂၀၁၆) စင်္ကာပူတွင် ဟောကြားတော်မူခဲ့သော "အနတ္တလက္ခဏသုတ္တံရှင်းတမ်း" တရားတော်မှ ရေးသားပူဇော်ပါသည်။
0 notes
Text
အနတ္တလက္ခဏသုတ္တံရှင်းတမ်း အပိုင်း(၃)
အနတ္တ - အစိုးမရ
★ ရုပ်တရား မိမိရဲ့ Physical aspect ရုပ်သဘာ၀ ဒီ��ုပ် ဒီအတိုင်းဖြစ်ပါ ဒီအတိုင်းမဖြစ်နဲ့ဆိုတော့ သူ့ကို dictate ပေးလို့ရလား အမိန့်ပေးလို့ရလားတဲ့ အနတ္တလက္ခဏသုတ်မှာ မြတ်စွာဘုရားက ပဉ္စဝဂ္ဂီငါးပါးကို တစ်ခုစီတစ်ခုစီ analyse လုပ်ခိုင်းတယ်။
★ ဘုန်းဘုန်းက ခြေထောက်ကျိုးထားတော့ ဒီကျိုးထားတဲ့ခြေထောက် သူ့ကို အမြင့်နေရာထားပြီးတော့ သိပ်မလှုပ်မရှားထားရတယ်။ ထားတဲ့အခါကျတော့ သူတင်းတာပေါ့ အကြောတွေ တင်းတယ် blood circulation သိပ်မကောင်းဘူး။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် သူရဲ့ ဝါယောဓာတ် လေဓာတ်သဘောကိုပေါ့နော် တင်းတာလည်း လေဓာတ်သဘောပဲ လျော့တာလည်း လေဓာတ် သဘောပဲ။
★ အဲဒီကနေပြီးတော့ နာလာပြီဆိုရင် အဲဒီဝေဒနာကလည်း လေဓာတ်ကနေလာတာ၊ အဲဒါ ဘုန်းဘုန်းက ငါ့ခြေထောက်ပဲ ငါပြောချင်တဲ့အတိုင်း ဖြစ်စေရမယ်။ ဒီလေဓာတ် ဝါယောဓာတ် မနာနဲ့ ငါ အိပ်ဖို့ရှိတယ် သူ့အမိန့်ပေးလို့ မရဘူး။ ဒီတိုင်းဖြစ် ဒီတိုင်းမဖြစ်နဲ့ အမိန့်ပေးလို့ မရဘူး။
★ ဒီတိုင်းနေနေရင်းနဲ့ ခါးက ပူလာတယ် ကျောကပူလာတယ်ဆိုရင် ဒီ ဣရိယာပုတ်ထဲနဲ့ပဲ နေနေရတယ်ဆိုတဲ့အခါကျတော့ ပူလာတယ် တေဇောဓာတ်၊ တေဇောဓာတ် သိပ်ကြီး မပူနဲ့ဆိုပြီးတော့ သူ့ကို remote control နဲ့ ဗြဟ္မာကြီးကနေပြီးတော့ ဒီလို remote control နဲ့ control လုပ်လို့ မရဘူး။ သူ့သဘာဝအတိုင်းပဲဖြစ်တာ။
★ ဝေဒနာလည်း ဒီတိုင်းပဲ ဒီမှာ ခွဲထားတယ် မနာနဲ့ ဒါ ငါ့ခြေထောက် နာချင် သူများဆီသွားနာ အဲဒီလိုလည်း မရဘူး သူက ဟုတ်တယ်မို့လား?
★ ဒီမှတ်ဉာဏ် မှတ်ဉာဏ်ကလည်းပဲ နာကျင်မှု မဖြစ်စေနဲ့၊ ကောင်းတာတွေပဲဖြစ်စေ အတိတ်ကိုပြန်ပြီးတော့ မှတ်မိတယ် ပြန်ပြီးတော့ ဒီ memory ပြန်လာတယ်ဆိုရင် စိတ်ညစ်တာ မပါစေနဲ့ ကျောင်းတော်က ရန်စတွေ ပြန်မပေါ်စေနဲ့။ အဲဒီဟာမျိုးတွေ dictate လုပ်လို့မရဘူးတဲ့ အမိန့်ပေးလို့ မရဘူး။
★ သင်္ခါရအတွေးတွေ ခံစားမှုတွေ ဒါတွေလည်းပဲ အမြဲတမ်း အကောင်းပဲဖြစ်စေရမယ် တခါမှ စိတ်မညစ်စေနဲ့ ပြောလို့မရဘူး။
★ ဝိဉာဏ် - consciousness ဒီရုပ်တရားနှစ်ခုကြားထဲမှာ တခါတခါကျတော့ စိတ်နဲ့အာရုံကြားထဲမှာ။ ရုပ်နဲ့ ရုပ်နှစ်ခုကြားထဲမှာ ဆိုတာကတော့ မျက်စိရယ်၊ နားရယ်၊ နှာခေါင်းရယ်၊ လျှာရယ်၊ ခန္ဓာကိုယ်ရယ်။ နောက်ပြီးတော့ စိတ်နဲ့အာရုံ နှစ်ခုကြား မန နဲ့ ဓမ္မ ကြားထဲမှာ။ sense (အာရုံ) ခြောက်ခုရှိတယ်လေ၊ အနောက်နိုင်ငံကတော့ sense ငါးခုရှိတယ်၊ ဗုဒ္ဓတရားတော်ကတော့ ခြောက်ခုရှိတယ် mind ကို sense တခုအနေနဲ့ ယူထားတာ။
★ အဲဒီ sense လေးကို cognition ဘာဆိုဘာမှန်းသိအောင်လုပ်တဲ့နေရာမှာ မကောင်းတာလုံး၀ မပါစေနဲ့ ကောင်းတာပဲ pleasant ဖြစ်တဲ့ဟာပဲ လိုချင်တယ် ဒီလိုလုပ်လို့မရဘူး။ မွေးကတည်းက ငိုပြီးတော့ အမိဝမ်းထဲကနေထွက်လာတယ်။ ဒီလိုပဲ ငိုလိုက် ရယ်လိုက်.. ငိုလိုက် ရယ်လိုက်။
★ အဲတော့ ဒါကိုကြည့်ချင်းအားဖြင့် ကိုယ်ဖြစ်စေချင်တဲ့အတိုင်း မဖြစ်ဘူး၊ သူဖြစ်စေချင်တဲ့အတိုင်း သူသဘာဝအတိုင်းပဲဖြစ်တယ်။ ခြေထောက်မှာရှိတဲ့လေဓာတ်၊ တကိုယ်လုံးမှာရှိတဲ့ လေဓာတ် ဝါယောဓာတ်က သူဖြစ်စေချင်တဲ့အတိုင်းပဲ လုပ်တယ် ဖြစ်တယ်။
★ ဒါကြောင့် You cannot control, you can not dictate. ဒါကို ကြည့်ချင်းအား no creator ဒီလိုပြောတာ။ ဒါ ��ုက္ခဖြစ်နေတာ ဒုက္ခရှိနေတာကို ကြည့်ချင်းအားဖြင့် creator မရှိဘူး။ ဒီလို ကိုယ်ဖြစ်စေချင်တဲ့အတိုင်း၊ ဖြစ်စေချင်တဲ့ဟာ မဖြစ်တာကို “အနတ္တ” လို့ခေါ်တယ်။
★ တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က ဟိုး အပေါ်ထပ် ကောင်းကင်ဘုံကနေပြီးတော့ ဗြဟ္မာ့ဘုံကနေပြီးတော့ ဒီလိုဖြစ်စေ ဖြူစေ၊ ဝစေ၊ နီစေ၊ နက်စေ၊ တိုစေ၊ ရှည်စေ နောက် အသက် ၅-နှစ်ပဲနေ၊ ၅၀ နေ ၁၀၀ နေ ၁၅၀ နေ ဒီလိုပုံစံမျိုး တစ်နေရာတည်းကနေပြီးတော့ အကုန်လုံးကို manage လုပ်တဲ့ပုဂ္ဂိုလ်မျိုး မရှိဘူး။
★ ဒါကို အနတ္တ ခေါ်တယ်။ ဒီဟာကို ဆရာတော်ကြီးတွေက ဘယ်လို ဘာသာပြန်ထားလဲဆိုတော့ ငါ့ဘဝဆိုတာနဲ့ ငါဖြစ်စေချင်တဲ့အတိုင်း မဖြစ်ဘူး “အနတ္တ- အစိုးမရ” တဲ့။ အစိုးမရဆိုတဲ့ စကားလုံး သူက အရမ်းကို classical ဆန်တဲ့အခါကျတော့ သူက ဂန္ဓဝင်မြောက်တဲ့အခါကျတော့ ခုခေတ်လူငယ်တွေ ချက်ချင်းနားမလည်ဘူး။
★ ဒါကြောင့် ပထမဆုံး “အနတ္တ” ဆိုတာ အရာရာကို အစိုးရတဲ့ ပိုင်စိုးနိုင်တဲ့ ဖန်ဆင်းရှင် ဘုရားသခင်ဆိုတဲ့ အတ္တ Atmanတွေ မရှိပါဘူးတဲ့။ ဘာလို့ မရှိတာတုန်း ဒုက္ခရှိလို့တဲ့။ ဒီခန္ဓာငါးပါးကိုကြည့်ပြီး ဒုက္ခမဖြစ်စေချင်တဲ့သူက ဖြစ်တယ်။
★ ဒါကြောင့် အနတ္တလက္ခဏသုတ်ရဲ့ ပထမပိုင်းမှာ မြတ်စွာဘုရားက အကုန်လုံးကို သူရဲ့အလိုအတိုင်း ဖြစ်စေနိုင်တဲ့ အင်္ဂလိပ်လို Almighty ခေါ်တာလေ အကုန်လုံးပေါ်မှာ သြဇာအာဏာရှိတဲ့ ပုဂ္ဂိုလ်မျိုး မရှိဘူး။ ဘာလို့ မရှိတာတုန်း ဒုက္ခရှိလို့ ခန္ဓာငါးပါးကိုကြည့် ဒုက္ခရှိလို့။
★ ဒါဖြင့် အနတ္တလက္ခဏသုတ်ရဲ့ ပထမပိုင်းက ဒုက္ခကို analyse လုပ်ပြီးတော့ အတ္တကို refuse လုပ်ထားတယ် ငြင်းပယ်ထားတယ်။ ဒီနေရာမှ “အတ္တ” က ဘာပြောတာတုန်းဆိုတာ ပြန်ပြီးတော့ ကောက်ရရင် အရာရာကို သူရဲ့အလိုအတိုင်းဖြစ်စေသော ပုဂ္ဂိုလ်မရှိပါဘူး။
★ ဒါကြောင့် “ရူပံ ဘိက္ခဝေ, အနတ္တာ၊ ဝေဒနာ အနတ္တာ၊ သညာ အနတ္တာ၊ သင်္ခါရာ အနတ္တာ၊ ဝိညာဏံ အနတ္တာ” အကုန်လုံး အနတ္တပဲ။
★ “ရူပံ ဘိက္ခဝေ, အတ္တာ အဘဝိဿ” တကယ်လို့ ဒီရုပ်တရားက အတ္တဖြစ်တယ်ဆိုရင် “ဧဝံ မေ ရူပံ ဟောတု, ဧဝံ မေ ရူပံ မာ အဟောသီ” တိ - ငါ့ရုပ်တရား ဒီတိုင်းဖြစ် ဒီတိုင်းမဖြစ်နဲ့ အမြဲတမ်း နုပျိုနေ အသက် ၅၂ နှစ်လည်း အမြဲတမ်းနုပျိုနေတယ် ဆံပင် မဖြူနဲ့ အင်အားတွေမလျော့နဲ့ ဒီလို ပြောလို့မရဘူး။ အဲဒီလို ပြောလိုမရလို့ “ ရူပံ ဘိက္ခဝေ, အနတ္တာ” ရုပ်တရားက အနတ္တဖြစ်ပါတယ်။ အကုန် အနတ္တ။
The buddha makes a statement - physical body is anattā, feeling is anattā, memory is anattā, the thought and emotion are anattā, consciousness is anattā. He made that statement. He reasons with empirical experience - ဒုက္ခ
★ ဓမ္မစကြာသုတ်က ဒုက္ခကို ဟောထားတာ။ ဒီ ဒုက္ခရှိလို့ ဒီ ဒုက္ခရှိနေလို့ ဒီ ဒုက္ခက အမှန်တရားမို့လို့ အတ္တ မဖြစ်နိုင်ပါဘူးလို့ ဆက်ဟောတာ၊ အတ္တမရှိပါဘူး အနတ္တပါ၊ ဒုက္ခက အနတ္တပါ။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ပါမောက္ခဒေါက်တာဓမ္မသာမိ
(၂၇.၁၁.၂၀၁၆) စင်္ကာပူတွင် ဟောကြားတော်မူခဲ့သော "အနတ္တလက္ခဏသုတ္တံရှင်းတမ်း" တရားတော်မှ ရေးသားပူဇော်ပါသည်။
0 notes
Text
အနတ္တလက္ခဏသုတ္တံရှင်းတမ်းအပိုင်း (၂)
★ မြတ်စွာဘုရားက နံပါတ်(၁) ဖန်ဆင်းရှင်ရှိတယ်၊ ဒီဖန်ဆင်းရှင် အရာရာကို remote control နဲ့ သေစေ ရှင်စေ ဖြစ်စေ ပျက်စေ ဒီလိုပုံစံမျိုး ရှိတာကို မြတ်စွာဘုရားက ငြင်းပယ်တယ်။ ဒါပထမဦးဆုံး negate လုပ်တယ် ဒီ creator ကို။ နောက်တစ်ခုက ထာဝရတည်ရှိတယ်ဆိုတဲ့အရာ ရှိတယ်ဆိုတဲ့ဟာကို မြတ်စွာဘုရားတခါထပ်ပြီး negate လုပ်တယ်။
★ ဟိန္ဒူဘာသာထဲမှာ လောကကြီးကို ဖန်ဆင်းတာက ဗြဟ္မာက ကိုယ်ပွားတော်ပေါ့နော် ကမ္ဘာကြီးကို ဖန်တီးတာတစ်ခု၊ ကမ္ဘာကြီးကို ဖျက်စီးတာကတစ်ခု၊ ကမ္ဘာကြီးကို တည်စေတာကတစ်ခု အဲဒီလိုပေါ့။ အဲတော့ မြတ်စွာဘုရားမှာ ဒီ background မှာ ဗုဒ္ဓါဖြစ်လာပြီး အဲတော့ မြတ်စွာဘုရားက ဒီဟာကို ပြန်ပြီးတော့ မြတ်စွာဘုရားက negate လုပ်တယ်။
★ ဒီဟာ မဟုတ်ဘူး၊ ဒီဟာ ယုံကြည်နေရင် သံသရာပဲလည်မယ်၊ သံသရာလွတ်တာ မဟုတ်ဘူး။ သံသရာကနေ လွတ်အောင်ဆို ဘာလုပ်ရမှာလဲဆိုရင် psychological transformation.
★ ဒီမှာ စိတ်ထဲမှာရှိတဲ့ လောဘ၊ ဒေါသ၊ မောဟတွေ ကြောက်စိတ်တွေဝင်ပြီးတော့ သစ်ပင်ကို လိုက်ရှိခိုး၊ တောင်ကိုလိုက်ရှိခိုး အဲဒီကြောက်စိတ် psychological problem အဲဒီဟာကို transform လုပ်ရမှာ။ Transform လုပ်တယ်ဆိုရင် နိဗ္ဗာန်က ဒီမှာတင်ဖြစ်တယ်။ အဲဒါပြောတာ။
★ အနတ္တလက္ခဏသုတ်က အပိုင်း(၃)ပိုင်းရှိတယ်။ ပထမပိုင်းက ဖန်ဆင်းရှင်ဘုရားသခင်၊ ဖန်ဆင်းရှင် ဗြဟ္မာ ဒါကို အဓိက ထားပြီးတော့ မြတ်စွာဘုရားဟောထားတယ်။ ပဉ္စဝဂ္ဂီငါးဦးက အဲဒီ Upanishads အယူအဆတွေနဲ့ ကြီးပြင်းလာတာလေ။ သူတို့က ပညာရှိတွေပဲ၊ တရားတကယ်ရှာတဲ့ ပုဂ္ဂိုလ်တွေ။
★ သူတို့စိတ်ထဲမှာတော့ တရားထိုင်တယ် တရားကျင့်တယ်ဆိုရင် Atman ဆိုတဲ့ individual soul နဲ့ Brahman ဆိုတဲ့ universal soul ဒါ united ပြန်ဖြစ်သွားမယ်ပေါ့။ Ibrahim religion တွေမှာက တစ်နေ့ကျရင် the day of judgement ပြန်ဖြစ်လာပြီးတော့ ဘုရားသခင်က ဆုံးဖြတ်မယ် အဲဒါ ထာဝရနတ်ပြည် ထာဝရကောင်းကင်မှာ အတူတူဖန်ဆင်းရှင်နဲ့တွေ့တယ်။ ဒီအယူအဆတွေ အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓမပေါ်ခင်တည်းက ရှိနေပြီးသား။
★ အဲတော့ အနတ္တလက္ခဏသုတ်ရဲ့ ပထမပိုင်းက ဗြဟ္မာဆိုတဲ့ ဖန်ဆင်းရှင်ဘုရားသခင်ကို ပယ်တာပေါ့နော်။ အနတ္တလက္ခဏသုတ်ထဲမှာ မြတ်စွာဘုရားက ဒီအခု ဘုန်းဘုန်းပြောတဲ့ဟာတွေကို အကုန်လုံးပြောပြတာမဟုတ်ဘူး ဘာဖြစ်လို့တုန်းဆိုတော့ it was understood သူတို့အနေနဲ့ အကုန်လုံးသိပ��ီးသား familiar ဖြစ်ပြီးသား။
★ မြတ်စွာဘုရား ဘာပြောတာတုန်းဆိုတော့ empirical analysis လက်တွေ့ဆန်းစစ်ပါ။ လက်တွေ့ဆန်းစစ်ပါဆိုတော့ ကိုယ်နဲ့အရင်းနှီးဆုံးက ကိုယ်ရဲ့ခန္ဓာကိုယ်။ ကိုယ်ရဲ့ခန္ဓာကို ပြန်ပြီးတော့ဆန်းစစ်တဲ့အခါမှာ အခုဒီမှာ ဘောပင်နှစ်ခုကို ရိုက်လိုက်ရင် ဒီကနေ အသံလေးထွက်လာတယ်။ ဒါ ဥပမာပြောတာ ထွက်လာတဲ့အသံထဲမှာ အသံတစ်ခုပဲ၊ အဲ့ experience ထဲမှာ အဲ experience ကို ခွဲလိုက်တယ် analysis လုပ်လိုက်တယ်ဆိုရင် components ၅-ခုရှိတယ်။
★ လ္ဘက်ရည်သောက်တယ် ပထမဦးဆုံး တစ်မော့သောက်လိုက်တယ် ရလာတဲ့ အရ���ာအတွေ့အကြုံ အဲအရသာလေးကို aspect ၅-ခု ခွဲနိုင်တယ်။ တယ်လီဗေးရှင်းကြည့်တယ် ပထမဦးဆုံးတွေ့တဲ့ဟာ ဒီ ပထမဦးဆုံး တစ်စက္ကန့်တွေ့တဲ့ဟာပဲ အဲဒီဟာလေးကိုပဲ aspect ၅-ခု ခွဲနိုင်တယ်၊ တစ်နာရီ ကြည့်တယ်ဆိုရင်တော့ တစ်နာရီလုံး ခွဲလု့ိရတယ်ပေါ့ aspect ၅-ခု။ ဒါပေမဲ့ aspect ၅-ခု ထဲမှာပဲ ရှိတယ်။
(၁) ရုပ်သဘာ၀ - physical aspect
★ အဲ aspect ၅-ခုက အခု ဒီဟာကိုရိုက်လိုက်တယ်နော် ရိုက်လိုက်တဲ့အခါကျတော့ အသံလို့လည်း နားလည်လိုက်တယ် နောက်ပြီးတော့ ဒီနှစ်ခုကို ဘာလို့ နားလည်လိုက်တုန်း ဘောလ်ပင်နှစ်ခုလို့ နားလည်လိုက်တယ်။ အသံက သူက mind and matter - ရုပ်နဲ့စိတ်ထဲမှာ သူက ဘယ်ထဲမှာ ပါတုန်းဆိုတော့ matter (ရုပ်) ထဲမှာပါတယ်။ အဲဒါကြောင့် သူ့ကိုကျတော့ ရုပ်တရား၊ ရုပ်သဘောပေ့ါ ရုပ်သဘာဝ။ သူက (၁) ရုပ်သဘာ၀ - Physical aspect.
(၂) ဝေဒနာ
★ ဒီအသံကို ကြားထဲ့အခါကျတော့ တကယ်လို့ ဂီတာအသံဆိုရင် ဂီတာသံကြားတဲ့သူက pleasantဖြစ်တယ်၊ ဗုံတီးတယ်ဆိုရင် အဲအသံကြားတဲ့သူ ရှမ်းတွေဆိုရင် ဗုံသံကြားတယ်ဆိုရင် သူတို့မှာ exciting ဖြစ်တယ်။ excited feeling တွေဖြစ်တယ်။ ဒီအသံကျတော့ သူက pleasant လဲမဟုတ် unpleasant လည်းမဟုတ် ကောင်းတာလည်းမဟုတ် သာယာတာလည်း မသာယာလည်းမဟုတ် ဒါ ဥပေက္ခာ။
★ ဒီသဘောမျိုးကိုတော့ ဝေဒနာလို့ခေါ်တယ်။ Emotion ရဲ့ message ပေါ့ ဝေဒနာဆိုတာ သိစေတယ်။ ဒီရဲ့ emotion အနေအထားကို သူက သိစေတယ် The state of your emotion. အဲဒါကျတော့ (၂) ဝေဒနာ လို့ခေါ်တယ်။ ဒါကလည်း ဒီအသံထဲမှာပါတယ်။
(၃) မှတ်ဉာဏ် - memory
★ နောက်တစ်ခုက ဘာဖြစ်လို့ အသံလို့ သိတာတုန်း ကလေးလေးတစ်ယောက် မွေးခါစ သုံးလေးလ ကလေးလေး အသံကိုအသံမှန်းမသိသေးတဲ့ကလေး ဒါမှမဟုတ် နှစ်ပတ်သုံးပတ်ပဲရှိသေးတဲ့ကလေး သူရဲ့memory ထဲမှာ ဘာမှ store လုပ်ထားတာ မရှိသေးဘူးဆိုရင် ဒါကို အသံမှန်းသိချင်မှ သိမယ်။
★ ဒါမှမဟုတ် နားရဲ့ပသာဒပျက်သွားပြီးတော့ နောက်ပိုင်း operation လုပ်ပြီး ပြန်ကောင်းလာတယ်ဆိုပါတော့ သူတို့မှာ physio လုပ်ရသေးတယ်လေ လေ့ကျင့်ရသေးတယ်။ အသံဆိုတာကို မှတ်မိအောင်။ မျက်စိလည်း ဒီတိုင်းပဲ မျက်စိပျက်သွားပြီးတော့ ခွဲတဲ့သူတွေ မျက်စိတော့ ပြန်မြင်ရပြီ ဒါပေမဲ့ ဒီလို လမ်းလျှောက်လိုက်တယ်ဆိုရင် ခုန်ရမှာ ရိုးရိုးလျှောက်ရမှာလား ဒါ ဘယ်လောက်ဝေးတုန်း သူတို့က ချက်ချင်း လုပ်လို့မရဘူး measure လုပ်လို့မရဘူး။
★ ဘာလို့မရသေးတုန်းဆိုတော့ သူတို့ memory ထဲမှာ ဒီအနီးအဝေးဆိုတဲ့ distance တွေ သိမ်းမထား��ူး။ ခု ဘုန်းဘုန်းတို့က အသံဆိုရင် ချက်ချင်းသိလိုက်တယ် ဘာလို့သိလဲဆိုတော့ memory ကရှိလို့။ ဟုတ်တယ်မို့လား။ ဒါကြောင့် ဒါက မှတ်ဉာဏ် - memory.
(၄) အတွေး/ခံစားမှု - သင်္ခါရ
★ ဒီ memory နဲ့ ပတ်သက်ပြီး အသိဉာဏ်နဲ့ပတ်သက်ပြီးတော့ တကယ်လို့ ဒီအသံကိုကြားလိုက်လို့ ငယ်ငယ်တုန်းက ဆရာက ဒီလိုရိုက်ပြီးတော့ ဒီလိုအချက်လေးပြပြီးဆဲတယ်ဆိုရင် ဆရာဆဲတာကို ကိုယ်သွားသတိရတယ်။ အဲလို မဟုတ်ဘူး ဆရာက ဘောလ်ပင်နှစ်ခုကို ခေါက်ပြီးတော့ ကိုယ့်ကိုချီးမွှမ်းတယ်ဆိုရင် အဲ့ချီးမွှမ်းတာကို သူ ပြန်သတိရတယ်။
★ ဒါ ဖြစ်ပေါ်လာတဲ့ thought တွေ emotion တွေပေါ့။ အဲဒီဟာတွေကျ သင်္ခါရခေါ်တာပေါ့။ အတွေးတွေ ခံစားမှုတွေ emotion တွေ အဲဒါတွေပါလာတာ။ ဒါ dynamic function ပဲ သင်္ခါရ။
(၅) ဝိညာဏ် - consciousness
★ ဒီဟာဖြစ်စေဖို့အတွက် ရုပ်နှစ်ခုတွေ့တဲ့အခါမှာ အခု အသံနဲ့နားနဲ့ တွေ့တဲ့အခါမှာ အဲဒီ အသံကို ဘာမှန်းဆိုပြီးတော့ သိအောင်လုပ်ဖို့အတွက် အဲဒီ function လေးလုပ်တာ အဲဒါကို consciousness ခေါ်တယ်။
★ မျက်စိနဲ့ ဘောလ်ပင်နဲ့ကြားထဲမှာ နောက်၊ အသံနဲ့ နားကြားထဲမှာ သူတို့တွေ့ပြီး သူတို့က connect လုပ်ပြီဆိုရင် အဲဒီရလာတဲ့ Information ကို to make sense of it အဲဟာကိုလုပ်တာ အဲ function ကို လုပ်တာက စိတ်ရဲ့ function တစ်ခု အဲဒါကို consciousness ခေါ်တယ်။ အဲဒါကျတော့ သူကျတော့ ဝိညာဏ်လို့ခေါ်တယ် - consciousness.
★ လူ့ဘ၀ ဒီငါးခုပဲ ရှိတယ်တဲ့။ ဒီအသံကိုကြားပြီးတော့ ဒေါသဖြစ်တဲ့သူ သူလည်းဒါပဲ၊ ဒီအသံကို ကြားပြီးတော့ ဝမ်းသာမှုတွေ ဖြစ်တဲ့သူ သူလည်းပဲ ဒီငါးခုပဲ ရှိတယ်။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ပါမောက္ခဒေါက်တာဓမ္မသာမိ
(၂၇.၁၁.၂၀၁၆) စင်္ကာပူတွင် ဟောကြားတော်မူခဲ့သော "အနတ္တလက္ခဏသုတ္တံရှင်းတမ်း" တရားတော်မှ ရေးသားပူဇော်ပါသည်။
0 notes
Text
အနတ္တလက္ခဏသုတ္တံရှင်းတမ်း - အပိုင်း(၁)
★ မြတ်စွာဘုရားရဲ့ ဒုတိယဒေသနာတော်လို့ခေါ်တဲ့ အနတ္တလက္ခဏသုတ်၊ မြတ်စွာဘုရားရဲ့ second lecture, second teaching။
★ ဓမ္မစကြာထဲမှာ အဓိက မြတ်စွာဘုရား emphasize လုပ်တာက "ဒုက္ခ"၊ ဒုက္ခကို အဖက်ဖက်က နားလည်အောင်။ အဖက်ဖက်ကဆိုတဲ့အထဲမှာ တစ်ဖက်က "အနတ္တ" ဘက်က နားလည်အောင်၊ အနတ္တဆိုတဲ့ စကားလုံး ဓမ္မစကြာထဲမှာမပါသေးဘူး၊ မသုံးရသေးဘူး။ အနိစ္စဆိုတဲ့ စကားလုံးလည်း မသုံးရသေးဘူး။ ဓမ္မစကြာသုတ်ထဲမှာ ဒု���္ခဆိုတဲ့ စကားလုံးတစ်လုံးပဲသုံးတယ်။
★ သစ္စာလေးပါးကို ဒုက္ခ၊ ဒုက္ခအကြောင်းရင်း၊ ဒုက္ခကုန်ဆုံးတဲ့နေရာ၊ကုန်ဆုံးအောင်လုပ်တဲ့နည်း၊ အဲဒီလိုပဲလုပ်ပြီးတော့ မြတ်စွာဘုရားကဟောထားတာ။
★ ဓမ္မစကြာသုတ်ရဲ့ keyword က ဒုက္ခ၊ နောက်ပြီးတော့ သစ္စာလေးပါး။ အဲဒီသစ္စာလေးပါးထဲမှာ မဂ္ဂင်(၈)ပါး ပါပြီးသား။ ဒုက္ခနဲ့ သစ္စာလေးပါးကို ရှင်းပြတယ်ပေါ့။ တနည်းအားဖြင့် ဒုက္ခကို သစ္စာလေးပါး ရှင်းပြတယ်ပေါ့။ ဘယ်လိုပုံစံမျိုးနဲ့ပဲပြောပြော အဲဒါ ဓမ္မစကြာသုတ်ရဲ့ အနှစ်ချုပ်ပဲ။
★ ဒုက္ခကို လက်ခံလို့ ပဉ္စဝဂ္ဂီငါးဦးက လူလောကကိုစွန့်ပြီးတော့ တရားသွားကျင့်တယ်။ ဗုဒ္ဓကိုယ်တော်တိုင် ဒီလိုပဲ ဒုက္ခကိုလက်ခံပြီးတော့ တောထွက်ပြီးတရားကျင့်တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ဒုက္ခကို ကြောက်စရာတစ်ခုအနေနဲ့ ဒီလိုမြင်တယ်။ ဒုက္ခကို ကရုဏာဖြစ်အောင် ပြောင်းနိုင်တဲ့နည်း မတွေ့သေးဘူး။ ဒုက္ခကိုကြည့်ပြီးတော့ ပညာဖြစ်အောင် ကြည့်တဲ့နည်း မတွေ့သေးဘူး။
★ အဲဒီနည်းကို တွေ့လိုက်တဲ့အခါကျတော့ ဗုဒ္ဓဖြစ်ပြီးတော့ အဲဒီနည်းကို ဓမ္မစကြာသုတ်ထဲမှာ မြတ်စွာဘုရားက ဟောထားတယ်။ အနတ္တလက္ခဏသုတ်က ဓမ္မစကြာသုတ် ရဲ့ extension လို့ခေါ်နိုင်တယ်။ ပဉ္စဝဂ္ဂီငါးပါးကိုပဲဆက်ပြီး တရားပြတယ် ဟောတယ်။
★ အဲတော့ အနတ္တ ဆိုတာကိုက ဒီထဲမှာ keyword က အနတ္တပဲ၊ အနတ္တ = န + အတ္တ
★ "အတ္တ" မဟုတ်ဘူးတဲ့၊ အတ္တကို negate လုပ်တာ negation, negate လုပ်တာ။ ဒီနေရာမှာ အတ္တကိုနားလည်ရမယ်၊ အတ္တကို နားမလည်ရင် အနတ္တကို နားလည်အောင်ဆိုတာ မဖြစ်နိုင်ဘူး။
★ မြတ်စွာဘုရားက ဒီနေရာမှာ အတ္တမရှိဘူး၊ အတ္တကို ငြင်းပယ်တယ်။ ဘာကိုငြင်းပယ်တုန်း ဘာကို တကယ်ငြင်းပယ်တုန်း။ မြန်မာစကားမှာ အတ္တဆန်တယ်ဆိုပြီးတော့ ပြောတယ်လေ။ အတ္တဆန်တဲ့ ပုဂ္ဂိုလ်က selfish ဖြစ်တယ် ဒီလိုပြောတာပေါ့။
★ သူ့အတွက်ပဲ သူကြည့်တယ် သူများအတွက် မကြည့်ဘူး။ အဲဒီဟာက လောဘကြီးတာ မဟုတ်ဘူးလား? ဒီတိုင်းဆိုရင် အနတ္တဆိုပြီးတော့ လောဘမဟုတ်ဘူးလို့ပြောတာကို လောဘမရှိဘူးလို့ ပြောတာလား? ဘာပြောတာတုန်း?
★ ဒါ မြန်မာစကားထဲမှာသုံးတဲ့ အတ္တ နဲ့ ပြန်ပြီးတော့ ယှဉ်ကြည့်တာလေ။ ဒါကြောင့် အတ္တဆန်တယ် တကိုယ်ကောင်းဆန်တယ်ဆိုတဲ့စကား အဲဒါခဏလေးမေ့ထားလိုက်။
★ လူတွေရဲ့ စိတ်ထဲမှာ ရှိနေတဲ့ သဘောတရားလေး အဲ့သဘောတရားလေးကို မြတ်စွာဘုရားက ကြည့်ပြီးတော့ အဲဒီစိတ်ထားတွေ အဲဒီအမြင်တွေ အဲဒီစိတ်ခံစားမှု - emotion တွေကြောင့် ဒုက္ခက ဖြစ်ပြီးရင်းဆက်ဖြစ် ဖြစ်ပြီးရင်းဆက်ဖြစ်နေတာ။ အဲဒီ element ကို မြတ်စွာဘုရားကပြောတာ။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ပါမောက္ခဒေါက်တာဓမ္မသာမိ
(၂၇.၁၁.၂၀၁၆) စင်္ကာပူတွင် ဟောကြားတော်မူခဲ့သော "အနတ္တလက္ခဏသုတ္တံရှင်းတမ်း" တရားတော်မှ ရေးသားပူဇော်ပါသည်။
1 note
·
View note