thihakyaw
thihakyaw
Thiha Kyaw
263 posts
meowfitchoo
Don't wanna be here? Send us removal request.
thihakyaw · 18 days ago
Text
ဟင်းမချက်တက်ဘူးဗျာ။ ကြိုးစားကြည့်တယ်။ ဖြစ်မလာဘူး။ အရင်တုန်းက ဂင်တားမား ထဲက အိုတာအဲ ကြက်ဥကြော်တိုင်း မဲမဲတူးတူးထွက်လာတဲ့ဟာကိုအပြင်မှာတကယ်မရှိဘူးထင်တာ ကိုယ်တွေအဲ့လိုဖြစ်နေပြီ။ ပိုဆိုးတာက ကာတွန်းကားထဲ မဲမဲတူးတူးမြင်ရတာ အပြင်မှာက စားမကောင်းတဲ့အပြင် အနံ့ပါမကောင်းဘူး။
-
မနေ့က အလွယ်ဆုံးဆိုတဲ့ ABC soup ကိုချက်ဖြစ်တယ်။ ABC soup ဆိုတာ အေဘီစီဒီ ရွတ်ဆိုသလောက်ကိုလွယ်တယ်လို့အဓိပ္ပါယ်ရတယ်။ အဲ့တာကိုမကောင်းပါဘူးခင်ဗျာ။ အနံ့ကလဲညှီသေး။ သွန်ပစ်လိုက်ရသေး���ယ်။
-
စိတ်ရောဂါနောက်တစ်ခုက ကိုယ်တိုင်ချက်ထားတဲ့ဟာဆို ရွံလို့မစားချင်ဘူး။ တကယ်စားကောင်းမကောင်းကို အခြားလူတွေကိုကျွေးချင်ပေမဲ့ ကိုယ်တိုင်တောင်မစားချင်တာ ဘာလို့သူများသွားကျွေးမှာတုန်း။
-
YouTube မှာဆိုရင် ဟင်းချက်တဲ့ ချန်နယ်တွေတော်တော်ကြည့်ဖြစ်တယ်။ သူတို့ကြည့်ပြီးအရမ်းအားကျတယ်။ သူတို့ဓားကိုင်တတာဆိုရင်အရမ်းသေသပ်တယ်။ ကိုယ်တွေကြက်သွန်မြိတ်လှီးရင်တောင် အဖြူတခုအစိမ်းတခုထွက်လာတယ်။
-
ဟင်းချက်တက်ချင်တယ်။ ဟင်းချက်တာက အပြင်မှာစားတာထက် (၃)ဆ ကနေ (၅)ဆ အထိသက်သာတယ်လို့ reddit မှာပြောကြတယ်။ အခုတလောဒီမှာ အရာရာစျေးသိသိသာသာတက်လာတယ်။ အပြင်ဆိုင်ဆို ၂၀-၃၀ လောက်စျေးသိသိသာသာတက်သွားတယ်။
0 notes
thihakyaw · 29 days ago
Text
သရဲကားကြည့်တဲ့သူတွေကလူဘာသာစကားကိုနားလည်ဖို့ခက်ခဲကြတယ်ထင်တယ်။ သရဲကြောက်လို့သရဲကားမကြည့်ဘူးဆိုတာပြောရင် အဲ့စကားကမရပ်ဘဲ ဇာတ်ကားနာမည်တွေလိုက်ရွေးပြီး ဒါကြည့်မလားဟိုဟာကြည့်မလားရွေးတာဘဲ။ သရဲကားဖွင့်ထားလို့မကြည့်ဘဲအခြားဟာလုပ်နေရင် ကြည့်လေကြည့်လေ ကလုပ်သေးတာ။ ကြောက်လို့မကြည့်တာဆိုတာ စကားနဲ့မရလို့ ကိုယ်ဟန်အမူအရာနဲ့ပြတာကိုနားလည်ရခက်နေကြတယ်။
-
လက်ဖက်ရည်တိုက်တဲ့ဇာတ်လမ်းတိုထဲကလိုဖြစ်နေပြီ။ လက်ဖက်ရည်မသောက်ချင်ဘူးဆိုတာကို ချိုစိမ့်ကြိုက်လားပေါ့စိမ့်ကြိုက်လား လာမေးနေတယ်။ အခုလဲ Final Destination ကြည့်ဖို့ပြောနေတာ တော်သေးတယ် ရုပ်ရှင်ပြမဲ့လူကကိုယ်တွေဖြစ်နေလို့ Lilo & Stitch ကြည့်ရတော့မယ်။
0 notes
thihakyaw · 29 days ago
Text
ဒီနှစ်ထဲမှာကြိုးစားနေတဲ့အရာတွေထဲမှာ web ကနေထွက်ပြီးအခြားအရာအတွက်ကုဒ်ရေးတာဖြစ်ချင်တာ။ အခုတလောဘာတွေလေ့လာဖြစ်တုန်းဆိုရင်တော့ အလုပ်အကိုင်အတွက် ဘဏ်လုပ်ငန်းတွေမှာလုပ်ကြည့်ချင်လို့ ဂျာဗားကိုသေချာလုပ်ဖို့ပြင်နေတယ်။ ဝါသနာအတွက်ကတော့ ဂိမ်းအင်ဂျင် တွေကိုမျက်စိကျနေတယ်။ ဒီကြားထဲတိုးတက်တဲ့အရှိန်အရမ်းကောင်းနေတဲ့ အေအိုင် ကိုလဲ နောက်ကျပြီးကျန်ခဲ့မှာစိုးလို့ ခေတ်နဲ့အညီလိုက်လုပ်ရသေးတယ်။ ဖြစ်ချင်တဲ့အရာတွေရှေ့နည်းနည်းချင်းဘဲရောက်နေလို့အားမရမိဘူး။
0 notes
thihakyaw · 1 month ago
Text
ပရိုဂမ်မာတွေမှာဖြတ်သန်းရတဲ့ ကာလအစိတ်အပိုင်းတစ်ချိန်ရှိတယ်။ အဲ့အချိန်ကလူတွေကိုလိုက်ကြွယ်တဲ့အချိန်ဘဲ။ ကိုယ်တွေလဲရှိခဲ့တယ်။ ၂၀၂၀ လောက်အထိကအင်တာနက်ပေါ်လူကြွယ်ဘဲ။ ဘယ်အချိန်မှာ ရပ်သွားတုန်းဆို အမှန်အကန်အလုပ်တကယ်လုပ်ရတဲ့ ကုမ္ပဏီကိုရောက်သွားတဲ့အချိန်ဘဲ။ - အလုပ်ဝင်ပြီး နှစ်ပတ်လောက်လဲကြာရော ကိုယ့်ကိုယ်ကိုသေးသေးလေးဘဲဆိုတာသိသွားတာဘဲ။ တအားရှက်သွားတယ်။ အဲ့တုန်းက မနက်(၉) ည (၇) အထိလုပ်ရတာ။ တအားလဲပင်ပန်းတယ်။ အဲ့တုန်းက အနေလဲဆင်းရဲတယ်။ အဝတ်လျှော်စက်မရှိလို့တစ်ရက်ဝတ်တာအလုပ်ကပြန်ရောက်ရင်ရေချိုးရင်းလျှော်ရတာ။ ပန်းကန်မရှိလို့ ဖုပန်ဒါကအထုတ်ထဲကအတိုင်း တစ်ချောင်းထဲရှိတဲ့ဇွန်းနဲ့စားတာ။ အဲ့ဇွန်းဘယ်ကရတုန်းဆိုမုန့်ဟင်းခါးဆိုင်ကအပိုင်ပေးလိုက်လို့။ နေလဲနေနိုင်လွန်းတယ်။ - တောင့်ခံနိုင်တဲ့တစ်ခုထဲသောအကြောင်းပြချက်က ငါသိတယ်လို့ထင်ခဲ့တာတွေက ဘာမှကိုမရှိသေးဘူး၊ နေ့တိုင်းသင်ယူရတာတွေအများကြီးမို့လို့တောင့်ခံနိုင်ခဲ့တာ။ အဲ့တုန်းကလုပ်ဖော်ကိုင်ဖက်တွေကလဲအတော်ဆုံးဆိုတဲ့လူတွေကြီးဘဲ။ ကိုယ့်ကိုယုံကြည်ပြီးသင်ပြပေးခဲ့တာတွေကိုကျေးဇူးအမြဲတင်မိတယ်။ ကိုယ်ကတကယ့်ကိုအာပေတူးဖြစ်ခဲ့တာကိုး။ - ၂၀၂၂မှာကိုယ်ကတကယ်ဒီအလုပ်နဲ့ကိုက်ညီရဲ့လားဆိုတာကိုယ့်ကိုယ်ကိုဘာနဲ့ဆုံးဖြတ်ခဲ့တုန်းဆို နိုင်ငံခြားမှာအလုပ်ရှာနိုင်လားဆိုတာနဲ့ဆုံးဖြတ်ခဲ့တယ်။ စင်ကာပူမှာရှာတာမရခဲ့ဘူး။ ပထမဆုံး ထိုင်းမှာအလုပ်ရတုန်းကဆိုရင်တအားပျော်တာ။ ကိုယ်နဲ့မသိတဲ့သူစိမ်း နောက်တော့လုပ်ဖော်ကိုင်ဖက်ဖြစ်လာတဲ့သူတွေ ကအင်တာဗျူးပြီး ကိုယ့်ကိုလူတွေအများကြီးတွေထဲကရွေးချယ်တယ်ဆိုတာက ဒီ့ထက်ပိုပြီးကိုက်ညီ၊ မညီ စစ်တဲ့နည်းမရှိတော့ဘူးထင်တာဘဲ။ (အခုအခြေအနေနဲ့တော့မတူဘူးပေါ့ဗျာ။ အခုကတော့တိုးရတအားခက်တယ်ဗျာ။) - အမှန်အကန်အလုပ် (၂) နှစ်လောက်လုပ်ဖူးသွားရင် လိုင်းပေါ်ကြွယ်ဖို့နေနေသာသာ မသိသေးတာတွေများလွန်းလို့ လိုက်ပြီး လေ့လာနေလို့ကြွယ်ကိုမကြွယ်နိုင်တော့ဘူး။ အခုဆိုကုဒ်ရေးရတာလဲဂုဏ်မယူတော့ဘူး။ ကိုယ့်ကိုယ်ကိုတော်တယ်လို့လဲမမြင်တော့ဘူး။ သူများထက်ထူးတယ်လို့လဲမမြင်တော့ဘူ။ ကြွယ်လဲမကြွယ်ချင်တော့ဘူး။ သိချင်တာကို မသိရင်သိအောင်လုပ်လိုက်မယ်။ မှားနေရင်မှန်အောင်ဘယ်လိုလုပ်မလဲဆိုတာရယ်ဘဲခေါင်းထဲရှိတော့တယ်။ အရာအားလုံးကိုသိထားစရာမှမလိုတာလေနော့။ -
0 notes
thihakyaw · 5 months ago
Text
ဟယ်ရီပေါ်တာပြန်ကြည့်နေတာ အကြိုက်ဆုံးရုပ်ရှင်က goblet of fire ဘဲ။ အဲ့ကားထဲမှာ တော်တော်များများဆံပင်အရှည်နဲ့မို့လို့ ဆံပင်အရှည်ကအဲ့ရုပ်ရှင်ရဲ့အဓိကကျတဲ့အချက်အချာတစ်ခုဖြစ်နေတယ်။ အဲ့တာကိုအရမ်းသဘောကျတယ်။ - ဒါပေမဲ့တအားရယ်ရတာက triwizard cup မှာ ဂိမ်းသုံးဂိမ်းဆော့ရတယ်။ ပထမဂိမ်းက နဂါးဥဖမ်းရတာ။ ဟယ်ရီပေါ်တာဆော့တော့ တံမြက်စီးပျံစီးပြီးနဂါးလိုက်တာပြေးရတော့ကွင်းအပြင်ရောက်သွားတယ်။ ဒုတိယဂိမ်းကလဲရေအောက်ထဲမှာ သူငယ်ချင်းကိုကယ်ရတယ်။ နောက်ဆုံးဂိမ်းက ဝင်္ကပါထဲမှာဆော့ရတာ။ ဂိမ်းသုံးခုလုံးက ပရိတ်သက်အပြည့်နဲ့အားပေးကြတာ ဒါပေမဲ့ဂိမ်းပြိုင်ပွဲကိုဘယ်လိုဆော့နေကြလဲသေချာဘယ်သူမှမသိကြရဘူး။ ဒါမျိုးရုပ်ရှင်ထဲမှာမို့သာမြင်ရတယ်။
0 notes
thihakyaw · 5 months ago
Text
နေ့တစ်နေ့ရဲ့နေဝင်ချိန်မှာတော့ ဘယ်ပရိုဂမ်းမင်းလန်းဂွေ့ကဘယ်လိုကောင်းတာ၊ ဘယ်ဟာကအတော်နှေးတာ၊ ဘယ်လန်းဂွေ့သုံးတဲ့ကောင်တွေကဘယ်လို တွေဆိုတာထက် ကိုယ့်ခေါင်းပေါ်မှာလုံခြုံတဲ့ခေါင်းမိုးရှိဖို့နဲ့ ပန်းကန်ထဲစားစရာရှိဖို့ကအရေးကြီးဆုံးပါဘဲ။ နေဝင်ပြီဆိုတော့ ညရောက်မှရန်ဆက်ဖြစ်ကြမယ်။
0 notes
thihakyaw · 6 months ago
Text
နှစ်ကုန်တော့မယ်။ ဒီနှစ် ဖေ့စ်ဘုတ်သိပ်မသုံးဖြစ်ဘူး။ ရယ်စရာတွေပြန်ပြောဖြစ်တာအတော်လေးနည်းသွားတယ်။ နောက်နှစ်ထဲလဲဒီလိုဘဲနေဖို့စိတ်ကူးထားတယ်။ - ဇန်နဝါရီလ ကတော့ပုံမှန်ပါဘဲ။ အလုပ်လုပ်လိုက်ဂိမ်းဆော့လိုက်နဲ့ဘဲ။ ဖရန့်အန့် ကိုစလေ့လာဖြစ်တယ်။ အေအိုင် ရဲ့အကူအညီက ဖရန့်အန်း လေ့လာတာသိသိသာသာ အထောက်အကူအရမ်းဖြစ်တယ်။ အချို့နေရာတွေမှာပိတ်မိရင် နာရီနဲ့ချီပြီးစာတွေလိုက်မွှေနောက်ဖတ်လိုက်ရမဲ့အစား တစ်ခွန်းမေးတာနဲ့အဖြေတော်တော်များများကရနေပြီ။ အေအိုင် အဖြေမရှိဘူးဆိုရင်တော့ အဲ့နေ့က "အိုင်အမ်ဆိုးကွတ်" ဆိုပြီးမွှေနောက်ဖတ်ရပြီ။ ကြိုက်တာကတော့ လေ့လာရတာတအားမြန်တယ်။ မကြိုက်တာကတော့ အရင်လိုအင်တာနက်ပေါ်လိုက်ရှာတာက အခြားသော နည်းလမ်းတွေအများကြီးကိုဖတ်ဖြစ်တယ်။ အဲ့ထဲကမှအကောင်းဆုံးတစ်ခုကိုရွေးပေါ့။ စာတွေသိပ်ဖတ်စရာမလိုတော့တာသိပ်မကြိုက်ဘူး။ - ဖေဖေါ်ဝါရီလထဲမှာ ကိုးလ်ပလေးပွဲသွားဖြစ်တယ်။ ဘဝမှာအပျော်ဆုံးနေ့တစ်နေ့ဘဲ။ နောက်တစ်ပတ်လဲရောက်ရော စစ်မှုထမ်းဥပဒေကြေငြာရော။ အဲ့တာကြီးကြေငြာပြီးတဲ့နောက်ရက်တွေ ဘာလုပ်လို့ဘာကိုင်ရမလဲလမ်းအတော်ပျောက်သွားသေးတာ။ အဲ့တာနဲ့ဘဲ ကိုယ်တက်နိုင်သလောက်လူတွေကိုအိမ်ပေါ်တင်၊ ဗီဇာဖိုးပိုက်ဆံတွေထုတ်ပေး၊ ဘာလုပ်ရမလဲတိုင်ပင်ပေးနဲ့ မတ်၊ ဧပြီ၊ မေ၊ ဇွန် အထိရောက်သွားရော။ - ဂျူလိုင်မှာတော့ (၃)နှစ်လောက်မတွေ့ရတဲ့မိသားစုနဲ့ ပြန်တွေ့ဖြစ်တယ်။ ဟင်းကောင်းစားရတယ်၊ ပန်းကန်ဆေးစရာလဲမလို၊ အိမ်လဲအကုန်သန့်ရှင်း။ အိမ်ပြန်ရောက်သွားသလိုဘဲ။ ပြီးတော့လားရှိုးမှာစစ်ဖြစ်တယ်။ ကိုယ့်သိတဲ့မိတ်ဆွေတွေအတော်များများ စစ်ပြေးဖြစ်သွားတယ်။ အဲ့မှာသိလိုက်ရတာနှစ်ခုရှိတယ်။ စစ်ပြေးတယ်ဆိုတာအင်မတန်ပိုက်ဆံကုန်တဲ့အရာဘဲ။ နောက်တစ်ခုကတော့ ကိုယ်တွေ လူတိုင်းကိုမကူနိုင်ဘူးဆိုတာကို လက်ခံလိုက်ရတာဘဲ။ ဒုက္ခကများလွန်းကြီးလွန်းလို့ကိုယ်တွေလက်လှမ်းမှီသလောက်ဘဲကူနိုင်ခဲ့တယ်။ - ဩဂုတ်မှာစစ်ပြီးတော့ ကိုယ်တွေနေခဲ့တဲ့အိမ်ပုံလေးကိုပြန်မြင်လိုက်ရတယ်။ လက်နက်ကြီးတွေကျ၊ မှန်တွေကွဲ၊ အိမ်မှာရှိသမျှအရာတွေအကုန်ဖောက်ယူသွားတာ ကားတာယာအစုတ်ဘဲကျန်ခဲ့တယ်။ အိမ်ဝန်းထဲမှာ ဘုရားပန်းအိုးလောင်း (လက်နက်ကြီးကျည်ခွံတွေ) တစနစ်စ ပုံထဲတွေ့လိုက်ရတယ်။ ကိုယ့်သူငယ်ချင်းရဲ့အိမ်ဆို နံရံဘဲကျန်တယ်။ - မွေးလစက်တင်ဘာမှာအသစ်တစ်ခုစလုပ်ဖြစ်တယ်။ မွေးနေ့မှာဘယ်သူ့မှမကျွေးတော့ဘူး။ အမှန်ကအသိမိတ်ဆွေတွေကိုမကျွေးဖြစ်တာအတော်ကြာပြီ။ အဲ့တာနဲ့ လိုအပ်တဲ့နေရာမှာ စစ်ဘေးရှောင်ကလေးတွေကို ထမင်းနဲ့ဟင်း သီးသန့်လှုဖြစ်တယ်။ နောက်နှစ်မွေးနေ့မှလှုတာထက် ရံဖန်ရံခါ သီးသန့်လှုနိုင်ဖို့ လုပ်နေတယ်။ - ��ောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာကတော့ဒီအတိုင်းဘဲ။ တနှစ်လုံးခရီးလဲမထွက်ဖြစ်ဘူး။ ဘန်ကောက်မြို့အပြင်မရောက်တာတစ်နှစ်လောက်ရှိမယ်။ နောက်ဆုံးရောက်ခဲ့တာလာအိုမှာဖျားပြီးပြန်လာတာဘဲ။ ဟိုနေ့ကတော့ခရီးတိုထွက်ဖြစ်လိုက်တယ်။ ရုပ်ရှင်ရုံလဲ Dune 2 တင်တုံးကဘဲရောက်ဖြစ်တယ်။ ဂျင်ဆော့ပြီးဝိတ်ချတာ အတော်လေးပိန်သွားတယ်ပြောကြတယ်။ အရမ်းကြီးတော့မပိန်သေးဘူးထင်တယ်။ ဝိတ်ချတာက ကျန်းမာရေးအတွက်ဆိုပေမဲ့ နောက်နှစ်ထဲ ဟိမဝန္တာ သွားဖြစ်ရင်သက်လုံကောင်းဖို့ရယ်၊ အဆီမရှိတော့ရင် တက်တူးထိုးဖို့ရယ် စတာတွေစဉ်းစားထားရတယ်။ ခဲတစ်လုံးနဲ့ငှက်ဘယ်နကောင်ပစ်လဲတော့မသိတော့ပါဘူး။ - အလုပ်နဲ့ပတ်သက်လို့ အလုပ်ရည်မှန်းချက်ကတော့ အလုပ်မပြုတ်ဖို့ရယ် အလုပ်ပြုတ်ရင် အလုပ်ရှာနေတုန်းပိုက်ဆံလုံလုံလောက်လောက်ရှိဖို့ပါဘဲ။ ကုဒ်ရေးရတာသိသိသာသာပျင်းလာတယ်။ နားချင်လာတယ်။ နားရင်လဲကျန်တာဘာမှမလုပ်နိုင်လို့ ဒါဘဲဆက်လုပ်ဖြစ်နေမယ်ထင်တယ်။ အရင်ကလောက်ဒါလုပ်ရတာ မှောဆန်တယ်၊ ဂုဏ်ယူမိတယ်တွေမရှိတော့ဘူး။ ဗီဇာရရင်၊ နေစရာနဲ့စားစရာအတွက်မပူပန်ရရင် တော်ပြီလို့ဘဲဒီတနှစ်လုံးတွေးဖြစ်တယ်။
0 notes
thihakyaw · 6 months ago
Text
ခရစ်စမက်မှာကိုယ့်ကိုယ်ကို လက်ဆောင် (၂) ခုပေးဖို့ဆုံးဖြတ်လိုက်တယ်။ ဘယ်ဟာကကိုယ့်အတွက်ပျော်ရွှင်စေလဲဆိုတာသိချင်လို့။ ပထမတစ်ခုက Gulikit KK3 Max ဂိမ်းလက်ကိုင်။ ကိုယ်တွေဂိမ်းနဲ့ပတ်သက်ရင်လက်တလောလိုချင်နေတာ တစ်လခွဲလောက်ရှိပြီမို့ ခရစ်စမက်လက်ဆောင်အနေနဲ့ဝယ်ဖို့ဆုံးဖြတ်လိုက်တယ်။ - နောက်တစ်ခုက ကိုယ်တွေ Lotus မှာဝယ်နေကြဘစ် မရောင်းတော့တာအတော်ကြာလာတော့ ဘစ်ပြတ်လက်မှုကြုံတွေ့ရဖို့ဖြစ်လာတယ်။ ကံကောင်းတာက အဲ့ဘစ်ကိုကြိုက်လွန်းလို့ တံဆိပ်ကဘာလဲ ဆိုဒ်ဘယ်လောက်လဲမှတ်ထားတ တံဆိပ်သိနေတော့ ရှော့ပီမှာသွားရှာကြည့်တာရှိနေတယ်။ Lotus မှာက ၁၅၀ဘတ်နဲ့ရောင်းတာ။ သူအော်ရဂျင်နယ်ရှော့ပီဆိုင်ကဟာက ၇၂ဘတ်ဘဲကျတယ်။အဲ့တာအားရပါးရခရစ်စမက်လက်ဆောင်အနေနဲ့ ငါးထည်တောင်ဝယ်လိုက်တယ်။
-
ဂိမ်းကော ဘစ်ကောတစ်ရက်ထဲအတူတူရောက်လာတာ။ ဂိမ်းလက်ကိုင်က ငါဂိမ်းဆော့စရာလက်ကိုင်အသစ်ရပြီဆိုရုံလောက်ဘဲပျော်တယ်။ ဘစ်ကတော့ ရောက်လာတော့ဖောက်ကြည့်��ိုက်တာအရမ်းပျော်။ Lotus က အခုမရောင်းတော့တဲ့ဘစ်တွေနဲ့တူတူဘဲ။ ဝတ်ကြည့်တော့လဲ အတော်လေးကိုဝတ်လို့ကောင်းတယ်။ ဘစ်အဟောင်းတွေကပေါက်နေပြီ။ လွင့်ပစ်ရတော့မှာ။ Lotus မှာလဲမရောင်းဘူး။ ဘစ်ပြတ်လက်မှုကြုံတွေ့ခါနီးလေး အရမ်းအဆင်ပြေတဲ့ဟာတွေ့သွားလို့အရမ်းပျော်တာဘဲ။ နောက်လထဲနောက်ထပ်ငါးထည်ထပ်ဝယ်အုန်းမယ်။ အမိုက်ဆုံးခရစ်စမက်လက်ဆောင်ဘဲ။
0 notes
thihakyaw · 6 months ago
Text
အမှန်အတိုင်းပြောရရင်ဒီနှစ်က ကုဒ်ရေးချင်စိတ်အကုန်ဆုံးနှစ်ဘဲ။ ဗီဇာနဲ့ စားဖို့သောက်ဖို့ရနေတုန်းမို့သာကျိတ်လုပ်နေတာ။ အလုပ်လဲမပြောင်းချင်ဘူး။ - အဓိကအကြောင်းအရင်းက စီးပွားရေးကျဆင်းတယ်ဆိုတာကိုယ်အရွယ်ကောင်းရောက်တဲ့အချိန်မှာဖြစ်တာခံရတော့လူးလိမ့်နေတာဘဲ။ အခုထိလဲပြန်မကောင်းသေးဘူး။ ပြန်ကောင်းဖို့လဲမမြင်ဘူး။ လူတွေအများကြီး အစားထိုးခံရတော့မယ်။ ကော်ပရိတ်အကြီးစားတွေရဲ့လောဘကကြောက်စရာအရမ်းကောင်းတယ်။ အဲ့အတွက်လဲဘာလုပ်ရမလဲမသိသေးဘူး။ - အလုပ်လုပ်တာတစ်နှစ်ပြည့်လို့ လူလျော့ရင် လျော်ကြေးက(၃)လစာတောင်ရတာကိုး။ အစကနေပြန်မစချင်ဘူး။ အဲ့လျော်ကြေးကအလုပ်ရှင်ကမပေးဘူးကွာဆိုပြီးလုပ်ရင်လဲ ဘာမှမရဘူး။ အရင်အလုပ်တုန်းကအဲ့လိုအလုပ်ခံထားရပြီးတစ်ပြားမှမရတော့ သိပ်မမျှော်လင့်တော့ဘူး။ - ဗြောင်းအဆန်ဆုံးလကတော့ ဖေဖဝါရီလဘဲ။ စစ်မှုထမ်းရမယ်ဆိုတဲ့သတင်းကြေငြာတဲ့နေ့ကဆို အကုန်လုံးငြိမ်သက်နေပြီး အပူတွေချည်းဘဲ။ အဲ့ရက်တွေမှာအလုပ်လဲသေချာမလုပ်နိုင်ဘူး။ အဲ့ကြေငြာချက်ကြောင့် မြန်မာပြည်ကလူတွေဒီကို တဟုန်ထိုးရောက်ချလာတယ်။ အကုန်လုံးအပူတွေနဲ့ချည်းဘဲ။ သာသာယာယာရောက်လာတဲ့ကောင်တစ်ကောင်မှမပါဘူး။ - နောက်တစ်ခါဗြောင်းဆန်တဲ့လကကိုယ့်မြို့မှာစစ်ဖြစ်တာဘဲ။ လားရှိုးမှာစစ်ဖြစ်တော့ကိုယ့်မိတ်ဆွေတွေအကုန်လုံးစစ်ပြေးဖြစ်သွားတယ်။ ကိုယ့်ရဲ့အစွမ်းကုန်ကြိုးစားမှုက အသိတိုင်းကိုမကူညီနိုင်ခဲ့ဘူး။ သူငယ်ချင်းအိမ်ဆိုနံရံဘဲကျန်ခဲ့တယ်။ ကိုယ်အိမ်ကတော့အကုန်ဖောက်ခံလိုက်ရပြီး တာယာတစ်လုံးဘဲကျန်တယ်။ စစ်မဖြစ်တဲ့မြို့ကလူတွေကတော့ပြောကြတယ် ဒါကကောင်းဖို့အတွက်ဖြစ်လာတာပါတဲ့။ -
ဆက်ရေးဖို့အားမရှိတော့လို့ဒီမှာဘဲရပ်လိုက်ပါရစေ။
0 notes
thihakyaw · 7 months ago
Text
I magine the next Nintendo Switch is Super Nintendo Switch.
0 notes
thihakyaw · 7 months ago
Text
အလုပ်ရကြောင်းအကြောင်းပြန်တဲ့ အော်ဖာလက်တာ ဆိုတာ ဆယ်တန်းအောင်စာရင်းထွက်တာထက်၊ တက္ကသိုလ်မှာ စာမေးပွဲအောင်တာတွေထက် ပိုများတဲ့ပျော်ရွှင်မှုနဲ့ စိတ်လှုပ်ရှားမှုကိုပေးတယ်။ - ကျွန်တော်တို့ရဲ့ခေတ် ပရိုဂမ်မာ အလုပ်အင်တာဗျူးဖြေတယ်ဆိုတာ ပြိုင်ပွဲအကြီးစားတစ်ခုဘဲ။ အင်တာဗျူးကလဲ လူအယောက်ပေါင်းများစွာနဲ့ပြိုင်ဖြေရတယ်။ တစ်ခါထဲနဲ့အလုပ်ရမရသိရတာမဟုတ်ဘူး။ အချို့ဟာတွေဆိုလနဲ့ချီဖြေပြီးမှအငြင်းခံရတာမျိုးတွေပါရှိတဲ့အချိန်ဆို စိတ်ဓာတ်မကျအောင်၊​နောက်အင်တာဗျူးတွေမှာတက်ကြွနေအောင်ကိုယ့်ကိုယ်ကိုချော့ရတယ်။ - တစ်ခါတုန်းကဆိုရင်ကိုယ်တွေရုံးအသစ်ရောက်သွားတော့ အိတ်ချ်အာ အက်ပ် မှာ ကိုယ်တွေရဲ့နေရာကို အင်တာဗျူးခဲ့သူပေါင်း အယောက် (၃၀) လောက်ရှိတယ်။ ငါလဲအဲ့လောက်မတော်ပါဘူး။ ကုသိုလ်နဲ့ ဝဋ်ကြွေး ကြောင့်လို့ဘဲမှတ်လိုက်တယ်။ - ပထမဆုံးအလုပ်ရတုန်းကဆိုရင်တစ်နှစ်အတွင်း ကိုယ့်အခန်းထဲမှာ (၂၇)လက်မ မော်နီတာတို့ ရေဇာကီးဘုတ်တို့ဖြစ်သွားတာ။ လိုချင်ခဲ့တဲ့ဟာတွေအောင့်အီးထားခဲ့တာတွေကို တစ်လတစ်ခါဆုချတဲ့အနေနဲ့ လစာထုတ်ရက်တိုင်း ကွန်ပျူတာဆိုင်၊ ဂိမ်းဆိုင်သွားပြီး လိုချင်တဲ့ဟာတွေဝယ်လာပြီးအိမ်ပြန်လာရတဲ့ညတွေက ငါလုပ်နိုင်ခဲ့ပြီဆိုပြီးတအားပျော်တာ။ - အခုလက်ရှိလုပ်နေတဲ့အလုပ်ကလဲတအားစိတ်လှုပ်ရှားဖို့ကောင်းလောက်အောင်ဖြတ်သန်းပြီးမှရထားတာ။ အရင်ရုံးကအပြီးပိတ်လို့အလုပ်ပြုတ်တဲ့နေ့မှာတစ်နေ့ထဲဘဲ အလုပ်ရပါတယ်ဆိုပြီးသေချာသွားတာ။ သူများနိုင်ငံမှာအလုပ်ဖြုတ်ခံရရင် (၂)ပတ်အတွင်း အလုပ်အသစ်မရှိရင်သူတို့နိုင်ငံကထွက်ပေးတယ်။ ဗီဇာတစ်နှစ်ရတယ်၊ နှစ်နှစ်ရတယ်ဆိုတာက အလုပ်ပြုတ်တာနဲ့တန်းပြီးရုတ်သိမ်းခံရတယ်။ - အဲ့တုန်းကဆိုရင်အမှန်အတိုင်းပြောရရင်လူလဲမွစာကြဲနေပြီ။ ဘာလို့လဲဆိုတော့ပထမအကြိမ်လူလျော့တုန်းကပါမသွားခဲ့တာရယ်၊ ရုံးအပြီးပိတ်တော့နောက်အလုပ်အသစ်ကအသင့်ရသွားတာဖြစ်နေတာကြောင့်။ ငါကံကောင်းတာလား၊ ကံတရားကို ညစ်ပြီးအသက်ဆက်ရှင်သွားတာလားတွေးနေပြီးဘဲကျန်ခဲ့တယ်။
0 notes
thihakyaw · 8 months ago
Text
စလက်မှာသုံးလို့အကောင်းဆုံး ရီအက်က ဒီငိုနေတဲ့ကြောင်ပုံဘဲ။ အခုရုံးစရောက်တုန်းက အရင်ဆုံးဘာကြည့်လဲဆို ဒီကြောင် အီမိုဂျီ စလက်မှာရှိလားဆိုတာအရင်ကြည့်တာ။​မရှိရင်ကိုယ်တိုင်ထည့်မလို့။ဒါပေမဲ့ ရှိနေတယ်။ - ဒီပလွိုင်းမန့် ပိုက်လိုင်းမအောင်မြင်ဘူးဆိုပြီး မက်ဆေ့တက်ရင် ဒီကြောင်အီမိုဂျီ အရင် ရီအက်လိုက်ရမှ။ တအားရယ်ရလို့။​ဒီကြောင်တော့ဘော့ကပြန်တဲ့မက်ဆေ့ကိုငိုနေပြီပေါ့ဆိုပြီး။ ကျန်တာကနောက်မှ။ - ဒီဟာလေးဒီလိုလုပ်ပေးနိုင်မလားမေးရင် မရတဲ့ဟာဆိုမရဘူးတိုက်ရိုက်ပြောပြီး ဒီကြောင်ပုံလေးတွဲသုံးပေးလိုက်ပြီး ကိုယ်ရေးထားတဲ့စာကိုပြန်ဖတ်ကြည့်ရင် အင်မတန်သနားစရာကောင်းတဲ့ယဥ်ကျေးတဲ့သူအသွင်ပြောင်းသွားသလိုဘဲ။ - အခြားလူကြောင့်အယ်ရာတက်နေရင်တက်နေကြောင်းပြောရင်လဲအပြစ်တင်တဲ့လေသံတွေကိုဒီကြောင်လေးကလျော့ချပေးတယ်။ - ဒီငိုနေတဲ့ကြောင်ပုံလေးကိုတခါတုန်းကမိသားစုဂရုထဲပို့မိလို့ ကြောင်ကငိုနေတယ်ကျက်သရေမရှိဘူးဆိုပြီး ကြောင်ပုံလေးပို့မိလို့ ဘဝသင်ခန်းစာအသွင်ပြောင်းသွားဘူးတယ် 😔။ အခုတော့နေ့စဥ်ဘဝမှာဒီကောင်တစ်ခါမသုံးရရင် ရသပျောက်နေသလိုဖြစ်နေပြီ။
Tumblr media
0 notes
thihakyaw · 8 months ago
Text
အိုင်းရစ် ဘရိတ်ဖက်စ်။ အင်္ဂလိပ် ဘရိတ်ဖက်စ်လို့လဲခေါ်ကြတယ်။ မနေ့ညကမှာစားတာ ကြိုက်လို့ ဒီနေ့ညစာလဲဒါဘဲ။ မနက်ဖြန်တော့တော်ပြီ။ မှာစားတာကတော့ကိုယ်တွေသွားနေကြ အိုင်းရစ် စပေါ့ဘားက။ အဲ့ဆိုင်ကအစားအသောက်တွေကရက်ရောတဲ့ပမာဏနဲ့အမြဲထည့်ပေးတယ်။​အခုမနက်စာလဲ (၇) မျိုးကြိုက်တာရွေးခွင့်ပေးတယ်။ - ဘလက်ပူတင်းဆိုတာသွေးခဲကိုကြော်ထားတာ။ ငံတဲ့ဖက်ကိုပိုသွားတော့ ပေါင်မုန့်မီးကင်လေးနဲ့အရမ်းလိုက်တယ်။ ဘေကွန်ကိုဘယ်လိုမကြုံ့အောင်ကြော်လဲမသိဘူး။​ Streaky bacon လို့ခေါ်တယ်။​ သူကငံငံကျွတ်ကျွတ်လေးနဲ့ စားလို့ကောင်းတယ်။​ အာလူးကိုတော့ကြက်သွန်နီလေးနဲ့ထောပတ်လေးနဲ့လှိမ့်ထားတာ စားလို့အတော်ဗိုက်ဝတယ်။ ဒီဆိုင်ကရက်ရောတယ်ပြောတာနဲ့အညီ ကြက်ဥကြော်(၂)လုံးထည့်ပေးတယ်။ - နောက်နေ့မစားတော့ဘူးဆိုတာကိုယ်တိုင်အိမ်မှာလုပ်စားကြည့်မလို့။ အိုးဆေးစရာမလိုဘဲ အိုးတစ်လုံးထဲတစ်ခါထဲချက်လို့ရတဲ့နည်းတွေရှိတော့ဒါမျိုးကတော့ကျွန်တော်လက်လွတ်မခံသင့်တဲ့ချက်ပြုတ်နည်းဘဲ။
Tumblr media
0 notes
thihakyaw · 9 months ago
Text
ရွှေသွေးတို့ ကစ်ဇုံတို့ကိုပေါင်းချုပ်လုပ်နိုင်ဖို့ဆိုတာ ငယ်ငယ်တုန်းကပိုင်ဆိုင်ချင်ခဲ့တဲ့အရာတွေထဲမှာပါတယ်။ ငယ်ငယ်တုန်းက ဘေးအိမ်က မိသားစုက ရွှေသွေးကို ၆လ ၁နှစ်စာလောက်စုပြီးတိုင်း ရှိသမျှရွှေသွေးအစောင်တွေကိုတစ်ခုထဲဖြစ်အောင်ပေါင်းပြီးချုပ်ထားတာ အအုပ်ရေတွေအများကြီးဘဲ။ ဆယ်နှစ်စာလောက်ရှိမယ်။ ရွှေသွေးဆယ်နှစ်စာနွေရာသီပိတ်ရက်မှာဖတ်ခဲ့ရတာကလေးစကားနဲ့ပြောရရင် အတော်အရသာရှိခဲ့တဲ့အချိန်ဘဲ။ ရယ်ရတာက အဲ့တုန်းကကိုယ်တွေတအားစည်းကမ်းမရှိလို့ပိုင်ဆိုင်ခဲ့ရတဲ့ရွှေသွေးပေါင်းချုပ်ကပါးပါးလေး (၂)အုပ်လား (၃) အုပ်လားရှိတယ်။
0 notes
thihakyaw · 9 months ago
Text
တနိုင်ငံလုံးအတိုင်းအတာ နဲ့ယူနီကုဒ်ပြောင်းသုံးကြတာ (၆) နှစ်ပြည့်တော့မှာဘဲ။ တကယ့်ကိုမြန်မာနည်းပညာလောကရဲ့သမိုင်းဝင်အရွေ့တစ်ခုဘဲ။ အဲ့မတိုင်ခင်က နည်းပညာအသိုင်းအဝိုင်းမှာ ယူနီကုဒ်ဇော်ဂျီ နဲ့ပတ်သက်ပြီးရန်တွေဖြစ်၊ သူငယ်ချင်းအချင်းချင်းတောင် ယူနီကုဒ်ဇော်ဂျီ ပတ်သက်ပြီး ဘလော့တဲ့အထိပါဖြစ်တာမြင်ခဲ့ဘူးတယ်။ - လူကြီးတွေကိုသုံးဖို့ပြောဖို့နေနေသာသာ ရွယ်တူအချင်းချင်းတောင် ဘယ်လိုမှငြှိမရဘူး။ တစ်လတစ်ခါလောက် ယူနီကုဒ်ဇော်ဂျီ ငြင်းကြတဲ့ပွဲတွေလဲခဏခဏမြင်ရတယ်။ ငြင်းကြ၊ချကြရင်လဲ ဇော်ဂျီပရိတ်သက်က ဇော်ဂျီနဲ့ငြင်း၊ ယူနီကုဒ် ဖန်က ယူနီကုဒ်နဲ့ငြင်း။ တစ်ယောက်စာတစ်ယောက် convertor သုံးပြီးဖတ်ကြ၊ငြင်းကြတယ်ထင်တယ်။ 😂 - အဲ့တာနဲ့ဒေါ်အောင်ဆန်းစုကြည်က တနိုင်ငံလုံးယူနီကုဒ်သုံးရမယ်ဆိုတဲ့ မိန့်ခွန်းထွက်လာတော့ အကုန်လုံးယူနီကုဒ်ဖြစ်သွားတာ။ ၂၀၁၉ခုနှစ်ရဲ့ စက်တင်ဘာ (၃၀) ကနေ အောက်တိုဘာ (၁) ဆိုတာ အရင်ခေတ်နဲ့အခုခေတ်ကိုတစ်ရက်ထဲနဲ့ပိုင်းခြားလိုက်သလိုဘဲ။ အိမ်ကလူကြီးတွေလဲအကုန်လုံးတန်းပြီးယူနီကုဒ်ပြောင်းသွားကြတယ်။ အင်တာနက်ပေါ်မှာချကြ၊ငြင်းကြတဲ့ပွဲတွေလဲအဲ့ကတည်းကရပ်သွားတယ်။ - အခုယူနီကုဒ်ပြောင်းသွားတော့ ရှာရဖွေရတာလဲတိကျချက်ဘဲ။ Google Translate ကဘာသာပြန်တာက ဘာသာပြန်တယ်ဆိုတာထက် ထိထိမိမိစကားလုံးတွေကိုဘာသာပြန်ပေးနိုင်နေပြီ။ ကချင်၊ရှမ်း၊​ချင်း ကိုလဲဘာသာပြန်လို့ရပြီ။ အဲ့တော့သူငယ်ချင်းတွေထဲ တိုင်းရင်းသားဘာသာစကားနဲ့တင်ရင် ဘာတင်လဲဆိုတာဘာသာပြန်ပြီးစပ်စုလို့ရပြီ။ - ကိုယ်တွေကတော့စက်တင်ဘာ (၃၀) အထိကဇော်ဂျီဘဲ။ အကုန်လုံးနဲ့အတူလိုက်ပြောင်းလိုက်တယ်။ browser ထဲမှာ convertor ကိုတော့ မနှစ်က ငါးနှစ်ပြည့်မှာ ဖြုတ်လိုက်တော့တယ်။ အဲ့ extension က YouTube မှာ Live ကြည့်ရင် comment တွေများလို့ လိုက် convert မလုပ်နိုင်တော့ ကြည့်လို့မရတာကြောင့်ကောပါတယ်။c
0 notes
thihakyaw · 10 months ago
Text
သရဲဆိုလို့ပြောပြရအုန်းမယ်။ ကိုယ်တွေကအိပ်ရင် အမြဲတမ်း စပေါ်တီဖိုင်းမှာ တစ်ခုခုဖွင့်အိပ်တယ်။ Did You Know Gaming ကအခုတလောကြိုက်နေတဲ့ ပေါ့တ်ကာစ်တစ်ခုပဲ။ အဲ့တာဖွင့်ပြီးအိပ်နေတာကြာတော့ တစ်ရက်မှာ အဲ့ပေါ့ကပ်စ်ကပြီးသွားတော့ အခြားကိုယ်နားထောင်နေကြ စာဖတ်ပြမယ် ပေါ့တ်ကာစ် ကပွင့်လာရော။ တစ်ရေးနိုးတော့စာအုပ်ဖတ်ပြနေတာ သရဲစာအုပ်ဖြစ်နေတယ်။ "ကလေးကိုမြင်တဲ့သူက သူ့အစ်ကိုနဲ့အဖေနဲ့ပဲဖြစ်တယ်" ဆိုတာကြီးတရေးနိုးတော့အဲ့တာကြီးကြားရရော။ တိုက်တိုက်ဆိုင်ဆိုင်အရမ်းဖြစ်လွန်းတော့ နောင်တချိန်ပြန်ရယ်ရအောင် စာနဲ့မှတ်တမ်းတင်ထားရမယ်။
0 notes
thihakyaw · 1 year ago
Text
ငါ့ဘဝကိုပြောပြမယ်။ ရယ်သံတွေခဏရပ်ပေးပါအုန်း။ - ခုနတုန်းကညစာဆင်းစားတာ ကောင်းတာလေးစာမယ်ဆိုပြီးဆင်းလာဖြစ်တယ်။ ဖင်ယားပြီးပုံမှန်စားနေကြနေရာမဟုတ်ဘဲ cheat day ဆိုတာရှိသင့်တယ်ဆိုတဲ့ သူငယ်ချင်းတွေပြောတာကြားယောင်ပြီး ဘာဂါလေးတွယ်လိုက်အုန်းမှပါဆိုပြီး အိမ်အောက်က အပြင်မှာကားလေးနဲ့ရောင်းတဲ့ဘာဂါဆိုင်ထိုင်လိုက်တယ်။ - အဲ့မှာစတာဘဲ။ နိုင်ငံခြားသူတစ်ယောက် သူ့ကို sandwich စားချင်လို့ဆိုပြီးသူ့ကိုဝယ်ကျွေးပါလားလာပြောတယ်။ စဉ်းစားကြည့်ရင် ဆင်းရဲသားနိုင်ငံကကောင်ကိုချမ်းတာတဲ့တိုင်းပြည်ကလာတဲ့သူက ညစာဝယ်ကျွေးခိုင်းတာဘဲ။ - ကိုယ်တွေကလဲကြောက်အားလန့်အားနဲ့ထွက်ပြေးလို့ကလဲမရ။ ပြီးတော့ sandwich လေးတစ်ခုအတွက်နဲ့လူတစ်ယောက်ကိုအရှက်မရစေချင်တာကြောင့်ရယ်၊ ကိုယ်နေတဲ့နေရာပတ်ဝန်းကျင်ကလဲအဲ့တာအတွက်ငြင်းခုန်ဖို့မတန်တာရယ်၊ ကိုယ့်အတွက်လဲထိခိုက်နစ်နာတာမျိုးလဲမဟုတ်တာရယ် စတဲ့သို့လောသို့လော ကောင်းတာလေးတွေတွေးပြီး သူစားချင်တဲ့ sandwich ဝယ်ရှင်းပေးလိုက်ရတယ်။ - အဲ့အချိန်စိတ်ထဲမှာက ငါ့ကိုများ စေတနာရှိလို့ဆိုပြီး ယူကျူ့က ဗီဒီယိုအတိုတွေလို မျိုး ပိုက်ဆံအထပ်လိုက်ကြီးပေးမလားဆိုပြီကင်မရာတွေလိုက်ရှာနေတာ။ ဘာမှလဲမရလိုက်ဘူး 😭။
0 notes