Text
Skin Cycling ဆိုတာ
ဘာလဲ....
ပိမင်…ဒီနေ့ရေးပေးမယ့်…
အကြောင်းအရင်းလေးကတော့…
Skin Cycling အကြောင်းလေးပါပဲ…
Skin Cycling ဆိုတာ…ဘာလဲ???
Skin Cycling ဆိုတာ…တိုက်ရိုက်ဘာသာပြန်ရင်တော့…
အရေပြား…စက်ဘီးစီးတာပေါ့လေ…
စတာပါ…ပိမင်က…IELTS ကို… 17.5 လောက်ရနေတာဆိုတော့…
ဘိုလိုမညံ့နေပါဘူး…
Cycling ဆိုတာ….ဒီနေရာမှာ Cycle ကိုပြောတာပါ….
စက်ဝန်းပေါ့လေ…
စကင်ကဲကို…ဒီနေ့လည်း..ဒါ…နောက်နေ့လည်း..ဒါ..
လင်ယူလိုက်သလို…ဒီနေ့လည်း…ဒီလင်…နောက်နေ့လည်း…ဒီလင်…
အဲ့လိုကြီးသွားသလိုမဟုတ်ဘဲ…
သူငယ်၃-၄ယောက်လောက်တွဲပြီး…
တစ်နေ့တစ်ယောက်နဲ့နေသလိုပဲ…
ဒီနေ့…စကင်ကဲတစ်မျိုး..
နောက်နေ့…စကင်ကဲတစ်မျိုး…သုံးနေပြီး…
၃-၄မျိုးပြီးရင်…နံပါတ်၁ကနေပြန်စတာပါပဲ…
မတူညီတဲ့…စကင်ကဲလေးတွေကို…မတူညီတဲ့နေ့လေးတွေမှာ…
အလှည့်ကျသုံးပေးတာကို…
Skin Cycling လို့ခေါ်တယ်ပေါ့လေ…
Skin Cycling အကျင့်ကို…ဘယ်လိုဖန်တီးကြမလဲ???
၄ရက်…တစ် Cycle နဲ့ ဖန်တီးလို့ရပါတယ်…
အဲ…ဒါပေမယ့်…
ပြောင်းလဲတဲ့နေရာမှာ…
နေ့ဘက်စကင်ကဲကို ပုံသေထားသင့်ပါတယ်…
နေ့ဘက်သုံးနေကျ…
မျက်နှာသစ်…တိုနာ…စီရမ်..မွိုင်ချာဇာနဲ့…
စမ်းခွင်တို့ကို…သုံးနေကျအတိုင်းပဲဆက်သုံးပါ…
ပြောင်းလဲရမယ့်နေရာက…
ညဘက်စကင်ကဲတွေပါ….
****ပထမည…***
Cosrx AHA BHA Toner တို့….
The Ordinary က Glycolic Acid Toning Solution တို့လို…
Chemical Exfoliant တွေကို…
သုံးနေကျထဲထည့်ပြီး…စကင်ကဲပါ…
သူတို့တွေက…မကောင်းတဲ့ဆဲလ်တွေရယ်…
ပိတ်နေတဲ့…အဆီတွေရယ်ကို…ဖယ်ရှားပေးလို့…
နောက်နေ့ညတွေအတွက်…လိမ်းမယ့်….စကင်ကဲတွေကို..
ကောင်းကောင်းစုပ်ယူပေးနိုင်ဖို့…ကူညီပေးပါလိမ့်မယ်…
****ဒုတိယည**
Ordinary ရဲ့ Retinol Serum ကို..ထည့်သုံးပြီး…
ကော်လဂျင်ထုတ်လုပ်မှုကောင်းအောင်လုပ်ပါ…
အရေအကြောင်းတွေ..သက်သာပြီး…
အသားရေလည်း..ကြည်လင်လာပါလိမ့်မယ်..
ဒါပေမယ့်…ကိုယ်ဝန်ရှိနေရင်…ကလေးယူဖို့ အစီအစဉ်ရှိနေရင်တော့…
Retinol ကို…မသုံးသင့်ပါဘူး…
**** တတိယညနဲ့ စတုထ္တည****
အဲ့ညတွေမှာတော့…
အရေပြားကို…အနားပေးဖို့နဲ့…
ပြန်လည်းပြင်ဆင်ဖို့…အခွင့်အရေးဖန်တီးပေးရမှာဖြစ်ပါတယ်…
အနားပေးရမှာပေါ့လေ…
အဲ့ဒါကြောင့် ပြင်းထန်တဲ့..စကင်ကဲမှုတွေကို နားပြီး…
ညှင်သာတဲ့ စကင်ကဲပေးရမှာပါ…
Laneige Water Sleeping Mask တွေသုံးပေးလို့ရမယ်…
Simple Hydrating Light Moisturizer တွေသုံးလို့ရမယ်…
Serum အနေနဲ့…Hyaluronic Acid ပါတဲ့…
Ordinary တို့…Piggy Serum တွေ…သုံးပေးလို့ရမယ်ပေါ့လေ…
Exfoliate တို့…Scrub တိုက်တာတို့….Retinol တို့…
Clay Mask ကပ်တာတို့…ရှောင်ရှားရမယ်ပေါ့….
Sheet Mask ဆိုရင်လည်း…
Hydration ကောင်းတာတွေသုံးသင့်ပြီး…
တခြားအမျိုးအစားတွေ မသုံးသင့်ပါဘူး…
၄ညမြောက် ��ကင်ကဲတာပြီးသွားပြီရင်တော့…
ပထမည…Exfoliate..
ဒုတိယည…Retinol…
၃ညနဲ့ ၄ညမြောက်ကို…အနားပေး…
ဒီလိုပဲပြန်သွားပေါ့လေ…
အဲ့လို…စကင်ကဲလေးတွေကို…အလှည့်ကျသုံးပေးတာကိုပဲ…
Skin Cycling လို့ခေါ်တာပါ…
Skin Cycling က ဘာလို့ နံနံခြားမှာ လူကြိုက်များတာလဲ???
Skin Cycling လုပ်ရင်…
စကင်ကဲတွေ…လက်လွန်ကြက်သွန်ဖြစ်ပြီး…
နီတာ…ယားတာ…Skin Barrier ပျက်တာတွေနဲ့…
ဝက်ခြံအလွန်အကျွန်ထွက်တာတွေကို…
တားဆီးပေးမယ်ပေါ့လေ…
အရေပြားကျန်းမာရေးအတွက်လည်း ပိုကောင်းသလို…
စကင်ကဲအဆင့်တွေလည်း…အများကြီးသုံးစရာမလိုတော့ဘူးပေါ့…
ပြီးတော့…စကင်ကဲ…အများကြီးဝယ်ရသလိုဖြစ်ပေမယ့်…
ရေရှည်မှာ…အကုန်လည်း…နှေးသလို…
စကင်ကဲအတွက်လည်း…အချိန်ပေးရတာ…နည်းသွားမယ်ပေါ့လေ…
Skin Cycling ရဲ့အားနည်းချက်လေးကတော့…
သုံးတဲ့သူက…စည်းကမ်းရှိရှိနဲ့…
သေချာလေး…မှန်မှန်ကဲသွားဖို့တော့…
အရမ်းလိုအပ်တာပေါ့လေ…
နို့မို့ဆို…အာနိသင်ပြတာနှေးတတ်လို့…
စိတ်တိုင်းမကျဖြစ်တာကနေ…လက်လျော့ပြီး…
ဝယ်ထားတဲ့..စကင်ကဲတွေ…အလကားဖြစ်သွားနိုင်တာပေါ့…
ကဲ… Skin Cycling…နဲ့…ပတ်သက်ပြီး…
ရေးတာများသွားပြီဆိုတော့…
ဒီမှာခဏနားလိုက်အုန်းမယ်နော်…
ဟုန်..ပိပါပိ…ကျေးဇု..
#PhyoWaiYan
#LibraAestheticScience
#ChantaraCosmeticShop
#SkinCycling
~ကူးချသူfinနူ~
#skin cycling#health and beauty#cosmetics#dermatology#skin care#moisturizer#libra aesthetic science#serum#sunscreen
0 notes
Text
Moisturizer ဘယ်နှစ်မျိုး
ရှိသလဲ...

ပိမင်…ဒီနေ့ရေးပေးမယ့်…အကြောင်းအရာလေးကတော့…
Moisturizer အမျိုးအစားလေးတွေ အကြောင်းပါပဲ…
စလိုက်ရအောင်…
မွိုင်ချာဇာမှာ ထင်ထားသလို…
မွိုင်ချာဇာကြီးပဲ…တစ်မျိုးတည်း.ရှိတာမဟုတ်ပါဘူး…
သူတို့မှာလည်း…အမျိုးအစားလေးတွေနဲ့…
အသုံးပြုပုံ…အသုံးပြုနည်းတွေ…
အသုံးပြုရမယ့်…စကင်အမျိုးအစားလေးတွေ…လိုက်ပြီး…
ကွဲပြားတတ်ကြပါတယ်…
အဲ့ဒါလေးတွေ…သိသင့်တယ်ထင်လို့…ပိမင်..ရေးပေးလိုက်တာပါ…
မွိုင်ချာဇာ အမျိုးအစားလေးတွေကတော့…
ဒါလေးတွေရှိပါတယ်…
*****ဂျယ်အမျိုးအစား မွိုင်ချာဇာ*****
အဆီပြန်သမား (Oily Skin) နဲ့….
ဝက်ခြံသမား (Acne Prone Skin) တွေအတွက်အဆင်ပြေပါတယ်…
မွိုင်ချာဇာလို့ခေါ်နိုင်ပေမယ့်လည်း…
မွိုင်ချာဇာအာနိသင်ကတော့…မွိုင်ချာဇာတွေထဲမှာ…
အနည်းဆုံးလို့ပြောလို့ရပါတယ်…
အဲ့ဒါကြောင့်…အသားအရမ်းခြောက်တဲ့သူတွေနဲ့…
အဆင်မပြေပဲ…အသားသိပ်မခြောက်တဲ့…
အဆီပြန်…ဝက်ခြံသမားတွေနဲ့…ပိုအဆင်ပြေတာပါ…
အဆီမပြန်ဘူး…ချွေးပေါက်မပိတ်ဘူး…ဝက်ခြံမထွက်ဘူး…
လိမ်းလိုက်ရင်တော့..စိုစိုလေးမဖြစ်ဘူး…ခြောက်ကပ်ကပ်နဲ့ပဲ…ဖြစ်နေလိမ့်မယ်…
ဥပမာကတော့….Graymelin Mugwort Calming Gel ပါ…
*****Lotion အမျိုးအစား မွိုင်ချာဇာ****
Normal Skin တို့ ပေါင်းစပ်အသားရေ (Combination Skin) တို့အတွက်…
အဆင်ပြေတတ်တယ်…
Gel Type မွိုင်ချာဇာ တွေထက်…ပိုပြီး…အစိုဓာတ်ထိန်းပေးနိုင်တယ်….
ရေဓာတ်ဖြည့်ပေးနိုင်တယ်…
အဆီတော့ နည်းနည်းပိုပြန်မယ်…
အလွယ်တကူအရေပြားထဲဝင်ရောက်နိုင်ပြီး…
တစ်နေ့လုံးစာအတွက်…အစိုဓာတ်ထိန်းပေးနိုင်ကြတယ်ပေါ့လေ…
ဥပမာကတော့…
CeraVe Daily Moisturizing Lotion လေးပါပဲ…
****ခရင်အမျိုးအစား မွိုင်ချာဇာ****
သူတို့တွေကတော့…Dry Skin တို့…
Sensitive Skin တို့အတွက်…သင့်တော်မယ်ပေါ့လေ…
Gel Type တို့ Lotion Type တို့ထက်လည်း…
ရေဓာတ်…အစိုဓာတ်ကို…ပိုထိန်းပေးနိုင်မယ်…
အဆီပါဝင်��ှုတော့ ပိုများမယ်…
အဲ့ဒါကြောင့်ပဲ…အဆီလည်းပိုပြန်တတ်မယ်ပေါ့…
Gel Type တွေနဲ့ မတူတာက…
ပျက်စီးနေတဲ့…. Skin Barrier ကိုပါ…
ပြန်လည်ပြုပြင်နိုင်စွမ်းရှိလာလိမ့်မယ်…
ဥပမာကတော့…
Vanicream Moisturizing Cream ပါပဲ…
*****ရေအခြေခံ မွိုင်ချာဇာ****
အရေပြားအားလုံးနီးပါးနဲ့ သင့်တော်တယ်…
အထူးသဖြင့် ရေဓာတ်ခန်းခြောက်နေတဲ့
အရေပြားအမျိုးအစားတွေပေါ့လေ…
ရေဓာတ်ဖြည့်ပေးတဲ့…ဒြပ်ပေါင်းတွေ…
ရေအခြေခံ ဒြပ်ပေါင်းတွေ…အများအပြားပါဝင်တယ်…
မပြစ်ဘူး…လိမ်းလိုက်ရင်အေးတယ်…
အလွယ်တကူလည်း စုပ်ယူတော့…အဆီလည်းသိပ်မပြန်ဘူး…
အဲ့တော့…လူကြိုက်များကြတယ်..
အဆီမပြန်ပဲ…ရေဓာတ်ဖြည့်ပေးနိုင်မယ်ပေါ့လေ…
ဥပမာကတော့…
Neutrogena Hydroboost Water Gel ပါ…
အတုကတော့…ရှယ်များတော့…သတိထားဝယ်ပေါ့လေ…
****အပိတ်အာနိသင်များတဲ့ မွိုင်ချာဇာ****
Occlusive Moisturizer လို့ခေါ်ပါတယ်…
သာမန်လူတွေတော့…မသုံးသင့်ဘူးပေါ့လေ…
အဆီပြန်သလို…ချွေးပေါက်တွေလည်းပိတ်တတ်ပြီး…
ဝက်ခြံလည်းထွက်တတ်လို့ပါ…
အလွန်အကျွန်ခြောက်ကပ်တဲ့…အရေပြားသမားတွေအတွက်တော့…
အထူးသင့်တော်ပါတယ်…
အစိုဓာတ်ကို ရိုးရိုးထိန်းတာမဟုတ်ပဲ…ရှယ်ထိန်းတာပါ…
အရေပြားပေါ်မှာ အလွှာတစ်လွှာတစ်ခု ဖန်တီးပေးပြီး…
အစိုဓာတ်တွေကို ထွက်ခွင့်မပေးပဲ…ထိန်းထားပေးတာပါ…
အဝင်ပိတ်…အထွက်ပိတ်…မွိုင်ချာဇာ မို့လို့…
ကြမ်တမ်းတဲ့ ရာသီဥတုအခြေအနေတွေမှာ…
အရေပြားကို ကာကွယ်ဖို့လည်း…လိမ်းလို့ရပါတယ်…
ဥပမာကတော့…
CeraVe Healing Ointment ပါပဲ…
ကဲ….မွိုင်ချာဇာ အမျိုးအစားလေးတွေသိသွားကြပြီဆိုတော့…
တော်လောက်ပြီပေါ့နော်…
နောက်ထပ်လူသိနည်းတဲ့…အမျိုးအစားတွေရှိပါသေးတယ်…
ဒါပေမယ့်…အသုံးများတာတွေပဲ…ဖော်ပြပေးလိုက်တယ်ပေ့ါနော်…
ကိုယ့်စကင်အမျိုးအစားလိုက်…
အဆင်ပြေနိုင်မယ့်…မွိုင်ချာဇာတွေ…
ရွေးနိုင်ကြပါစေလို့…ဆုတောင်းပေးရင်း…
ဒီမှာတင် ခဏနားလိုက်ပါ့မယ်…
ဟုန်…ပိပါပိ…ကျေးဇု…
#PhyoWaiYan
#LibraAestheticScience
#ChantaraCosmeticShop
#Moisturizer #TypesOfMoisturizer
~ကူးချသူfinနူ~
0 notes
Text
Graymelin Gel ဟာ
Moisturizer လား

ပိမင်…ဒီနေ့ရေးပေးမယ့်…အကြောင်းအရာလေးကတော့…
Graymelin Mugwort Calming Gel လေးကို…
Moisturizer အနေနဲ့ သုံးလို့ရနိုင်လား….ဆိုတာပါပဲ…
အတိုချုန်းပြီး ဖြေရရင်တော့…
Graymelin Mugwort Calming Gel ကို…
Gel Type Moisturizer အနေနဲ့…
သုံးလို့ရနိုင်ပါတယ်…
အရှည်သေချာပြန်ရှင်းရရင်တော့…
အရမ်းကြီးလည်း သုံးလို့မရနေဘူးပေါ့လေ…
ဘာလို့လည်းဆိုတော့…
Graymelin Mugwort Calming Gel ကို…
Gel Type Moisturizer အနေနဲ့ သုံးလို့…ရ/မရဟာ…
အခြေအနေ အချိန်အခါတွေပေါ်မှာ မူတည်နေလို့ပါပဲ…
စကင်ကဲကိစ္စတွေ ဆွေးနွေးကြရင်…အမြဲလှေနံဓါးထစ်ကြီး…
ပြောဖို့ရာ တကယ်ကို…အခက်အခဲရှိပါတယ်…
General Population အတွက်ဆိုရင်…ပိုလို့တောင်…ပြောဖို့ခက်ခဲပါတယ်…
ဆရာဝန်တစ်ယောက်အနေနဲ့ ပြောရရင်…
ရောဂါတို့…ဆေးတို့လိုပဲ…စကင်ကဲဟာလည်း….
သူ့အသုံးပြုမှု…အသုံးဝင်မှု…အာနိသင်နဲ့…
သုံးသင့်…မသုံးသင့်ကိစ္စတွေဟာ…
သုံးတဲ့သူရဲ့…လက်ရှိပကတိအခြေအနေ…
ဖြစ်တည်နေတဲ့…ရေခံမြေခံ…
လက်ရှိဖြစ်ပေါ်နေတဲ့…ရာသီဥတု…
သုံးချင်တဲ့ အကြောင်းအရင်း…
ဖြေရှင်းချင်တဲ့ပြဿနာနဲ့…
အခုလို���ခြေအနေတွေမှာဆိုရင်…
ငွေကြေးအခြေအနေတွေပါ…ထည့်စဉ်းစားပြီး…
ဒီစကင်ကဲကို…ဒီအခြေအနေအတွက်…
သုံးသင့်ပါတယ်…မသုံးသင့်ပါဘူးဆိုပြီးပဲ…
ဆုံးဖြတ်လို့ရတာပါ…
ဒီမှာက…ပညာတတ်နည်းပါတာကြောင့်ကော…
စဉ်းစားချင့်ချိန်မှုနည်းပါတာကြောင့်…ကောကြောင့်…
ပိမင်ဟာ…စကင်ကဲအကြောင်းပြောရင်…
လှေနံဓါးထစ်မပြောချင်ပေမယ့်လည်း…
General Population တစ်ခု နားလည်အောင်နဲ့…
ဘေးကင်းအောင်…လေနံဓါးထစ်မှတ်လို့ရမယ့်…
Information လေးတွေပေးရပါတယ်…
ဒါကြောင့်လည်း… Graymelin Mugwort Calming Gel ကို…
Gel Type Moisturizer အနေနဲ့…သုံးလို့ရနိုင်တယ်လို့…
အလွယ်ပြောလိုက်တာပါ…
ဒါပေမယ့်…နည်းနည်းချဲ့ပြောကြရအောင်………..
Graymelin Mugwort Calming Gel ဟာ…ရေဓာတ်…အစိုဓာတ်ထိန်းပေးနိုင်တယ်…
Hydration လည်း ပေးနိုင်မယ်…Moisturizing အာနိသင်လည်း..ပေးနိုင်မယ်ပေါ့လေ…
ဒါပေမယ့်…သူ့ရဲ့ Main Point က…Moisturizing မဟုတ်ပါဘူး…
Calming အာနိသင်ပါ…
အသားရေကို…အေးမြစေတယ်…
နီတာ…ရောင်��ာ…ယားတာတွေကို…သက်သာစေမယ်ပေါ့လေ…
နာမည်မှာကိုပါနေတာပါ….Moisturizer အနေနဲ့ Marketing လုပ်ထားတာမဟုတ်ပါဘူး…
ဒါဆိုရင်…သူ့ကို…ဘယ်အချိန်တွေသုံးလို့ရနိုင်မလဲ???
Oily Skin နဲ့…Oily Combination Skin ရယ်…
Normal Skin တွေရယ်…သုံးလို့ရနိုင်ပါမယ်…
ဘာလို့လည်းဆိုတော့…အခု Skin Type တွေက….
အစိုဓာတ်ထိန်းဖို့…သိပ်မလိုအပ်လို့ပါပဲ…
Gel Type Moisturizer လေးတွေက…
လိမ်းပြီးရင်…အဆီလည်းသိပ်မပြန်…
အစိုဓာတ်လည်း…ထိန်းပေးနိုင်လို့…
သနပ်ခါးလိမ်းလာတဲ့…မြန်မာလူမျိုးကြားမှာ…
အကြိုက်များကြပါတယ်…
ဘာလို့လည်းဆိုတော့…သနပ်ခါးလိမ်းလာကြတော့…
အသားရေလည်း ခြောက်ကပ်ကပ်လေးဖြစ်နေမှ…
နေသာထိုင်သာရှိကြတဲ့သူတွေမို့လို့ပဲပေါ့လေ…
အဲ့ဒါကြောင့် Gel Type Moisturizer တွေကို…
တောကြိုက် Moisturizer တွေလို့…ပိမင်…
ခဏခဏသုံးနှုန်းပါတယ်…
မှန်ကန်တဲ့…အသားရေပုံစံဟာ…ဘာလဲ???
မှန်ကန်တဲ့…အသားရေပုံစံဟာ…
အဆီနည်းနည်းလေးပြန်မယ်…
စိုစိုလေးဖြစ်နေမယ်…
ကိုင်ရင်လည်း အိအိလေးဖြစ်မယ်…ချောနေမယ်…
ကြမ်းမနေဘူး…
နေထိုင်တဲ့…အခါ…အသားကြီးတင်းနေတဲ့…ခံစားချက်လည်းမရရဘူးပေါ့…
ဒါဆိုရင်…Skin ဟာ…ရေဓာတ်…အစိုဓာတ်…လုံလောက်နေတယ်လို့ပြောလို့ရပါမယ်…
Skin ဟာ…ရေဓာတ်အစိုဓာတ်လုံလောက်နေမှ…ကျန်းမာတဲ့…Skin ဖြစ်ပါမယ်..
အဲ့တော့…
Graymelin Mugwort Calming Gel လိမ်းလိုက်လို့…အဲ့လိုဖြစ်နေမယ်ဆိုရင်…
သူဟာ…Moisturizer အနေနဲ့…လုံလောက်မယ်လို့ပြောလို့ရပြီး…
မဖြစ်နေဘူးဆိုရင်တော့…မလုံလောက်လို့…
နောက်ထပ် Moisturizer တစ်ခု…ထပ်လိုနိုင်မယ်လို့ပြောလို့ရပါမယ်…
Graymelin Mugwort Calming Gel ကို…Moisturizer အနေနဲ့…
ဘယ်လိုလူတွေ…မသုံးသင့်ဘူးလဲ???
အဓိကပြဿနာရှိနိုင်တာက…
Dry Skin နဲ့…Dry Sensitive Skin တွေပါ…
ပြီးတော့…အေးမြခြောက်သွေ့တဲ့…ဆောင်းတွင်းလို…ရာသီဥတုရယ်…
အေးမြခြောက်သွေ့တဲ့…နိုင်ငံကသူတွေရယ်ဟာ…
Graymelin Mugwort Calming Gel ကို Moisturizer အနေနဲ့…
မသုံးသင့်ပါဘူး….
Calming Gel အနေနဲ့…တော့…သုံးလို့ရနိုင်ပါတယ်…
ဒါပေမယ့်…အပေါ်ကနေ…လုံလောက်မယ့်…
Moisturizer အနေနဲ့…ဥပမာ…
Cream Type Moisturizer တွေ…ထပ်လိမ်းပေးဖို့လိုမယ်ပေါ့လေ…
ပြီတော့…Skin Barrier ပျက်နေတဲ့..သူတွေဟာလည်း…
Graymelin Mugwort Calming Gel ကို Moisturizer အနေနဲ့…
သိပ်အားမကိုးသင့်ပါဘူး…
ဘာလို့လည်းဆိုတော့…လုံလောက်တဲ့…Moisturizing အာနိသင်ကို…
မပေးနိုင်လို့ပါပဲ…
ဒါပေမယ့်…သူ့လိမ်းကြည့်လို့…နီတာယားတာ…မရှိနေရင်တော့…
Calming Gel အနေနဲ့…သုံးလို့ရနိုင်မယ်ပေါ့လေ…
အဲ့တော့…ပိမင်ပြောသွားတာလည်း..ရှည်သွားပြီဆိုတော့…
ဒီမှာပဲ…ခဏနားလိုက်အုန်းမယ်နော်…
နောက်နေ့မှ ပြန်တွေ့တာပေါ့…
ပြောင်းလဲနေပြီး…ဘာမှအစိုးမရတဲ့…
လောကကြီးထဲမှာ…
ပြောင်းလဲအလွယ်ဆုံးဖြစ်တဲ့.....
အထင်အမြင်…အယူအဆတွေပေါ်လိုက်ပြီး…
ငြင်းခုန်စိတ်ညစ်နေခြင်းမှ ကင်းဝေးကြပါစေလို့…ပိမင်ဆုတောင်းလိုက်ပါတယ်…
“ The world is not black and white, it’s grey “ ပါ...
ဟုန်…ပိပါပိ…ကျေးဇု…
#PhyoWaiYan
#LibraAestheticScience
#ChantaraCosmeticShop
#GraymelinMugwortCalmingGel
#health and beauty#cosmetics#dermatology#skin care#moisturizer#libra aesthetic science#oily skin#dry skin#Graymelin Mugwort Calming Gel
0 notes
Text
ရေတစ်မျိုးတည်းနှင့်
စကင်ကဲခြင်း

ပိမင်…ဒီနေ့ရေးပေးမယ့်…
အကြောင်းအရာလေးကတော့…
ရေတစ်မျိုးတည်းနဲ့ စကင်ကဲနည်းလေးပါပဲ….
သမီးကတော့…ထမင်းနဲ့..ကိုကိုပဲသူတွေရှိမယ်…
တချို့ကျတော့…ထမင်းနဲ့…မာလာရှမ်းကောပဲ…ဆိုတဲ့သူတွေရှိမယ်…
တချို့ကျတော့…လင်လည်းမရှိ…ကပ်စီးကလည်းနည်းနဲ့…
ရေနဲ့ထမင်းပဲလုပ်ချင်တဲ့သူတွေရှိမယ်ပေါ့လေ…
ဆိုတော့ဂါ…ရေတစ်မျိုးတည်းနဲ့…စကင်ကဲလို့ရလားဆိုတော့…
အတိုချုပ်ပြောရရင်…..ကဲလို့ရပါတယ်…
စကင်ကဲခြင်းဟာ…မဖြစ်မနေဘယ်အခြေအနေမှာ…
စတင်ရသလဲဆိုတော့…မျက်နှာကို ဆပ်ပြာတိုက်တာ…
မျက်နှာသစ်ဆေးသုံးတာတွေ..လုပ်လိုက်ပြီဆိုတာနဲ့…
မဖြစ်မနေ…စကင်ကဲရပါတယ်…
ဘာလို့လည်းဆိုတော့…အဲ့ဒါတွေက…အရေပြားရဲ့…သဘာဝကို…
ကျော်လွန်ခြင်းဖြစ်လို့…
Skin Barrier ပျက်တတ်ပါတယ်…
Skin Barrier ပျက်ရင်…ရေဓာတ်…အစိုဓာတ်ဆုံးရှုံးလို့…
နောက်ကနေ…မဖြစ်မနေ..စကင်လိုက်ကဲ…လိုက်လုပ်ဖို့လိုတာပါ…
အဲ့ဒါဆိုရင်…အဓိကမေးစရာက…
မျက်နှာသစ်အပါအဝင်…ဘာစကင်ကဲမှမလုပ်ပဲ…
ရေတစ်မျိုးတည်းနဲ့ စကင်ကဲရင်…ဘာတွေဖြစ်လာနိုင်မလဲ????
****ကောင်းကျိုးများ*****
၁ - ရေတစ်မျိုးတည်းဖြစ်တာကြောင့်…အရေပြားပေါ်ညှင်သာတယ်…နီတာ..ယားတာဖြစ်တာမျိုးတွေသက်သာမှာမလို့…Sensitive Skin သမားတွေအနေနဲ့…အကျိုးရှိလိမ့်မယ်ပေါ့လေ…
၂ - ဆပ်ပြာနဲ့…ဆက်စပ်ပစ္စည်းတွေနဲ့…ထိတွေ့မှုနည်းသွားတာကြောင့်…အရေပြားသဘာဝအဆီလွှာ…မပျက်ယွင်းတော့…သဘာဝအတိုင်းစိုစိုလေးဖြစ်နေပြီး…အရေပြားမခြောက်သွေ့တော့ဘူး…
၃ - Skin Barrier မထိခိုက်တဲ့အပြင်…အရေပြားပေါ်က…ပန်းဥယျဉ်လို့ခေါ်တဲ့…သဘာဝအကျိုးပြုပိုးမွှားလေးတွေလည်း…မပျက်စီးတော့…ပိုကျန်းမာပြီး…ကြံ့ခိုင်တဲ့…အရေပြားဖြစ်လာမယ်ပေါ့လေ…
အဲ့ဒါဆိုရင်….ဆိုးကျိုးတွေကကော ဘာတွေဖြစ်မလဲ???
****ဆိုးကျိုးများ****
၁ - ကိုယ်က…အဆီပြန်သမားဆိုရင်…အဆီတွေ…မဖယ်ရှားပေးနိုင်ဘူး…မိတ်ကပ်သမားဆိုရင်…မိတ်ကပ်တွေ…မဖယ်ရှားပေးနိုင်ဘူး…စမ်းခွင်လိမ်းနေရင်လည်း…မဖယ်ရှားပေးနိုင်ဘူး…
၂ - စမ်းခွင်…အဆီတွေ…မိတ်ကပ်တွေ…မပြောင်တော့…ကြာလာလေ…အရေပြားတွေညစ်လေ…ဖြစ်လာမယ်…
၃ - ချွေးပေါက်တွေလည်း…ပိတ်လာနိုင်တာမို့လို့…အဆီဖု…ဝက်ခြံ…ဆားဝက်ခြံတွေ…ပိုထွက်လာနိုင်မယ်…
၄ - လေထုညစ်ညမ်းမှုတွေ…ချွေးတွေ ဂျေးတွေလည်းမပြောင်နိုင်တော့…အနံ့အသက်လည်း…သိပ်ကောင်းမှာ…မဟုတ်တော့ဘူး…နမ်းမယ့်သူမရှိရင်တော့…သိပ်ပြဿနာမရှိလောက်ပါဘူး…
အဲ့တော့…ရေ Only နဲ့ပဲ…စကင်ကဲချင်တယ်ဆိုပါတော့…
အကောင်းဆုံးဖြစ်အောင်…ဘယ်လိုကဲရမလဲ???
၁ - သုံးမယ့်ရေက…အတော်အသင့်…သန့်ရှင်းနေရပါမယ်…
၂ - pH ဓာတ်မျှတရမယ်…ဆိုလိုတာက…ထုံးဓာတ်…အက်စစ်ဓာတ်တွေ…မများနေရဘူး…
၃ - အပူချိန်မျှတရမယ်…အရမ်းကြီးအေးနေရင်…သေချာမသန့်ရှင်းပေးနိုင်သလို…အရမ်းကြီးပူနေရင်လည်း…ခေါက်ဆွဲပြုတ်သလို…ကျက်သွားလိမ့်မယ်ပေါ့…
၄ - မျက်နှာသစ်ချိန်မှာ….လက်နဲ့ဝိုက်ဝိုက်ပြီးသေချာပွတ်ပြီး…ပြောင်အောင်ဆေးရမယ်…
၅ - ရေတစ်မျိုးတည်းနဲ့ မပြောင်နိင်မှာတွေ…မလိမ်းရဘူး…ဥပမာ…စမ်းခွင်…မိတ်ကပ်နဲ့…အခြားစကင်ကဲတွေ…ပေါ့…
၆ - ခြောက်သွေ့နေတယ်လို့ထင်ရင်…Moisturizer လိမ်းလို့ရမယ်…
၇ - ရေတစ်မျိုးနဲ့ မျက်နှာသစ်မှာဆိုတော့…မျက်နှာသစ်ဆေး…ခေါင်းလျှော်ရည်…ကိုယ်တိုက်ဆပ်ပြာ…ဘာနဲ့မျှ…မျက်နှာနဲ့မထိစေနဲ့ပေါ့…
ကဲ…ရေတစ်မျိုးတည်းနဲ့…ကပ်စီးနည်းစကင်ကဲနည်း…ရေးတာ…
များသွားပြီဆိုတော့…
ဒီမှာခဏနားအုန်းမယ်နော်…
နောက်နေ့မှထပ်တွေ့ကြတာပေ့ါ…
ရေနဲ့ထမင်းဘဝကနေ…လွတ်မြောက်ပြီး…
ရေနဲ့…ထမင်းက…ကိုကိုပါမှ…ဆိုတဲ့…
ဘဝကို ရနိုင်ကြပါစေလို့…ပြောရင်း…
ဒီမှာခဏနားလိုက်ပါတယ်…
အခုတော့…ဒီလောက်ပါပဲ…
ဟုန်…ပိပါပိ…ကျေးဇု…
#PhyoWaiYan
#LibraAestheticScience
#ChantaraCosmeticShop
#WaterOnlySkincare
~ကူးချသူဖော်ကင်နူ~
0 notes
Text
ချွေးပေါက်ကျယ်ခြင်း

ပိမင်…ဒီနေ့ရေးပေးမယ့်…အကြောင်းအရာလေးကတော့…
အပေါက်ကျယ်တဲ့ ပြဿနာကို…
ဘယ်လို��ြေရှင်းရမလဲ…ဆိုတာလေးပါပဲ…
ဘာအပေါက်လဲဆိုတော့…ချွေးပေါက်တွေပါ…
မျက်နှာမှာ ချွေးပေါက်တွေကျယ်နေရင်…
ကြည့်ရဆိုးတယ်ပေါ့လေ…
အပေါက်တွေကျယ်လေ…အဝေးကပိုမြင်ရလေဆိုတော့…
ချွေးပေါက်တွေ ကျယ်ရင် ကြည့်ရမြင်ရ သိပ်မကောင်းဘူးပေါ့လေ…
ပြီးတော့…စွမ်းသင်း…မဒူးရင်လည်း…ပိုကျယ်လာမှာဆိုတော့…
ဒူးလို့ရမယ့်….စွမ်းသင်းလေးတွေကို…ပိမင်ပြောပြပေးသွားပါ့မယ်..
ဒါပေမယ့်လည်း…အရင်ဆုံးတော့…ဘာကြောင်းကြောင့်…
ချွေးပေါက်တယ် ကျယ်ဆိုတာလေးကို လျှာရှည်ခွင့်လေးပြုပါ…
အပေါက်တွေ ဘာလို့ကျယ်တာလဲ???
အပေါက်တွေဟာ…ကျယ်ရခြင်းဟာ…
ခဏခဏခံနေရလို့ပါ…
ဘာတွေခံနေရလဲဆိုတော့…
အသက်ရွယ်ကြီးရင့်မှုဒဏ်…
နေရောင်ဒဏ်…ခရမ်းရောင်လုံခြည်ဒဏ်…
ဓာတ်တိုးမှုဒဏ်…အသားရေခြောက်သွေ့မှုဒဏ်နဲ့…
အဆီထုတ်လှုပ်မှုများတဲ့ ဒဏ်တွေကြောင့်ပါ…
ခံရတာများလို့…အပေါက်ကျယ်သွားတာကို…
အသစ်တိုင်းပြန်ကောင်းအောင်…လုပ်လို့မရပါဘူး…
ဒါပေမယ့်…ကြည့်ရကောင်းအောင်…နောက်ထပ်အပေါက်ကျယ်မှာတွေ…နည်းအောင်…
ကြိုးပမ်းအားထုတ်လို့ရနိုင်ပါတယ်…
အပေါက်ကျယ်တာတွေ သက်သာအောင်…ဘာတွေလုပ်လို့ရမလဲ????
စကင်ကဲပါ…စကင်ကဲပါ…စကင်ကဲပါ…
ဘယ်လိုစကင်ကဲရမလဲဆိုတာ…အရေပြားအမျိုးအစားအလိုက်…
ပိမင်တင်ပေးထားတဲ့…Post ပေါင်း…စကင်ကဲနည်းပေါင်း…
သောင်းခြောက်ထောင်လောက်ရှိပါတယ်…
Telegram မှာ Keyword နဲ့ ပြန်ရှာဖတ်လို့ရပါတယ်…
ကွန်မန့်မှာ Telegram Link ချပေးထားပါ့မယ်…
ဒါပေမယ့်…အပေါက်ကျယ်တာအတွက်…
စကင်ကဲရာမှာ အရေးကြီးတဲ့…အချက်လေးတွေကို…
ပိမင် ပြောပြပေးပါ့မယ်..
******ချွေးပေါက်ပိတ်တာတွေ ပွင့်စေဖို့…Salicylic Acid တို့…Glycolic Acid တို့…ပါတဲ့…မျက်နှာသစ်တွေသုံးပါ…ဥမပါ…အဲလေ…ဥပမာ COSRX Salicylic Acid Cleanser လေးပေါ့လေ*****
***** အသားရေတင်းရင်းစေဖို့…ကော်လင်ဂျင်ထုတ်လုပ်မှုများပြားစေဖို့…Exfoliate လုပ်ပါ…AHA တို့ BHA တို့ပါတာနဲ့…တစ်ပတ်၂ကြိမ်…၃ကြိမ်လုပ်လို့ရပါတယ်…ဥပမာ COSRX BHA Blackhead Power Liquid ပါ*****
*****အဆီပြန်တာကို လျော့ချဖို့…အဆီထိန်း Serum နဲ့ Moisturizer တွေသုံးပါ…ဥပမာ…Ordinary Niacinamide Serum တို့ Dr G Soothing Cream တို့ပါ*****
*****ခရမ်းရောင်လုံခြည်က အပေါက်ကျယ်တတ်စေလို့…သူ့ကိုကာကွယ်ဖို့ရာ…Sunscreen သုံးပါ…Biore က sunscreen လေးတွေ…ဈေးချိုပြီး…ကောင်းလည်းကောင်းကြပါတယ်*****
****Clay Mask တွေကို တစ်ပတ် ၁ကြိမ် ၂ကြိမ်ထက် မပိုဘဲကပ်ပေးလို့ရမယ် Clay Mask တွေက…အဆီစုပ်ပြီး…ချွေးပေါက်တွေကို ကျဉ်းစေတဲ့…အာနိသင်ရှိပါတယ်*****
အပေါက်ကြီးကျယ်နေတာကို…အိမ်မှာ ဖြေရှင်းလို့မရရင်…
ဆေးခန်းတွေမှာ ဖြေရှင်းလို့လည်းရပါတယ်…
အလှအပဆေးခန်းတွေမှာ ဘာတွေလုပ်လို့ရလည်းဆိုတော့…….
*****ကော်လဂျင် ထုတ်လုပ်မှုကို များစေဖို့နဲ့…အသားရေတင်းရင်းစေဖို့…Chemical Peeling လုပ်လို့ရမယ်****
*****ကော်လဂျင်ထုတ်လုပ်မှုများစေဖို့ နောက်တစ်နည်းအနေနဲ့���ဲ… Microneedling လုပ်နိုင်သေးတယ်****
*****လူသိများတဲ့ လေဆာပစ်တာရှိမယ်****
**** အခြား Microdermabrasion နည်းလည်း ရှိအုန်းမယ်ပေါ့လေ****
ဒါတွေကတော့…စိတ်ချရတဲ့…အလှအပဆေးခန်းတွေမှာပဲ…လုပ်လို့ရပါမယ်…
အပေါက်ကျယ်တဲ့ ကိစ္စက သိပ်လည်း စိတ်မပူပါနဲ့…
ဘာမှထူးထူးခြားခြားလုပ်စရာမလိုပဲ…
စကင်ကဲတာ…မှန်ကန်သွားပြီဆိုတာနဲ့…
တိုးတက်လာကြတာများပါတယ်…
အများစုက…စကင်ကို မထိန်းသိမ်းတတ်တာရယ်…
စကင်ကဲတွေ မှားသုံးနေတာတွေကြောင့် ဖြစ်နေကြတာကိုး…
ရေးတာလည်း များသွားပြီဆိုတော့…
ချွေးပေါက်ကျယ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး…ဒီမှာပဲ…ခဏနားအုန်းမယ်နော်…
နောက်နေ့မှ ဆက်တွေ့ ကြတာပေါ့…
ဟုန်…ပိပါပိ…ကျေးဇု…
#PhyoWaiYan
#LibraAestheticScience
#ChantaraCosmeticShop
#LargePores
~ကူးချသူဖော်ကင်နူ~
#health and beauty#cosmetics#dermatology#skin care#moisturizer#libra aesthetic science#serum#sunscreen#oily skin#large pores
0 notes
Text
စကင်ကဲပြီးမှဆက်ဆံရမလား
ဆက်ဆံပြီးမှစကင်ကဲရမလား

ပိမင်…ဒီနေ့..ရေးပေးမယ့်…အကြောင်းအရာလေးကတော့…
ဘော်ကုပြီးမှ..စကင်ကဲရမလား…
စကင်ကဲပြီးမှ….ဘော်ကုရမလား…ဆိုတာလေး…ပေါ့လေ…
****မဘော်ကုခင်…စကင်ကဲမယ်****
မဘော်ကုခင်…စကင်ကဲတော့…
ဘာကောင်းကျိုးရလဲဆိုရင်…
သန့်ရှင်းတဲ့ မျက်နှာလေးနဲ့…ဘော်ကုဖြစ်တာပေါ့…
မဟုတ်ရင်…ကိုယ့်မိတ်ကပ်တွေ..
နေ့ဘက်လိမ်းထားတဲ့…စကင်ကဲတွေနဲ့…
ချွေးတွေ…ဖုန့်မှုန့်တွေက…
ကိုယ့် ဘော်ကုဖော် ဘော်ကုဖက်ကို…ပေမယ်…
ပွတ်သီးသွတ်သက်…လုပ်နေတော့…
ချွေးတွေ…ဖုန်မှုန့်တွေ…မိတ်ကပ်တွေကို…
ကိုယ့်ချွေးပေါက်တွေထဲ…တွန်းပို့သလိုဖြစ်မယ်…
အခန့်မသင့်လို့…ဘော်ကုရင်း…မျက်နှာလျက်မိရင်…
ငန်မယ်…နံမယ်ပေါ့လေ….
မဘော်ကုခင်…စကင်ကဲတဲ့အခါ…
မျက်နှာသန့်စင်ပြီး…ဖြစ်တဲ့အတွက်ကြောင့်…
အဲ့လိုပြ��နာတွေက…ကင်းဝေးပါလိမ့်မယ်…
****ဘော်ကုပြီးမှစကင်ကဲမယ်****
ဘော်ကုတဲ့အခါကျရင်လည်း…
ချွေးကထွက်အုန်းမှာပဲလေ….
မီးပျက်နေရင်ပိုဆိုးတာပေါ့….
ပြီးတော့…ဘော်ကုရင်…
ပွတ်သီးပွတ်သက်လုပ်တာနဲ့….
အမှတ်တမဲ့…လျာနဲ့လျက်မိတာမျိုးတွေဆိုရင်…
လိမ်းထားတဲ့…ဈေးကြီးကြီးစကင်ကဲတွေ…
ပျက်သွားပါလိမ့်မယ်…
ပြီးတော့ နှဖူးကချွေး ခြေမကျတဲ့အထိ…
ကြိုးစားပန်းစား ဘော်ကုပြီးလို့ရှိရင်…
ချွေးတွေနဲ့…ပြန်ပြီးညစ်ပတ်တာပါပဲ…
ဘော်ကုပြီးမှ…စကင်ကဲတဲ့အခါကျ…
အဲ့လိုပြဿနာတွေ မရှိနိုင်ဘူးပေါ့လေ…
အဲ့တော့…အကောင်းဆုံးဖြေရှင်းနည်းက…
ဘာဖြစ်မလဲဆိုတော့…
ပိမင် အတွေ့အကြုံအရပြောရရင်…
မဘော်ကုခင်…မျက်နှာသစ်တာ…
Double Cleansing လုပ်တာ…အရင်လုပ်ပါ…
စကင်မကဲပါနဲ့အုန်း….
ပြီးရင်…ဘော်ကုပါ…
ဘော်ကုပြီးရင်…မျက်နှာလေးထပ်သစ်လိုက်ပါ…
ပြီးရင်တော့…စကင်ကဲပေါ့လေ…
ဒါပေမယ့်လည်း…တချို့က…
ပင်ပင်ပန်းပန်း ဘော်ကုပြီး…
မထနိုင်ဖြစ်ပြီး…အိပ်ပျော်သွားကြတော့…
စကင်မကဲဖြစ်တာတွေ ရှိနိုင်တာပေါ့…
ဒါပေမယ့်…အများစုက…
၃မိနစ် ခေါက်ဆွဲပြုတ်တွေဆိုတော့…
မပင်ပန်းလောက်ကြဘူး…ထင်မိတာပါပဲ…
အဲ့တာဆို…ဘော်ကုနဲ့…စကင်ကဲ…ပြဿနာလေး…
ပြေလည်လောက်မယ်ထင်ပါတယ်…
Valentine Day မှာ ပျော်ပျော်ကြီး…ဘော်ကုရင်း…
ပျော်ပျော်ကြီးကြီး…စကင်ကဲနိုင်ကြပါစေလို့…
ဆုတောင်းပေးရင်း…
ပိမင်လည်း…ဘော်ကုပြီး…စကင်ကဲလိုက်ပါအုန်းမယ်…
ဟုန်…ပိပါပိ…ကျေးဇု…
#PhyoWaiYan
#LibraAestheticScience
#ChantaraCosmeticShop
#SkinCare
~ကူးချသူဖော်ကင်နူ~
0 notes
Text
ခြောက်သွေ့အသားရေအတွက်
ဘယ်လိုစကင်ကဲကြမလဲ

ပိမင်…ဒီနေ့ရေးပေးမယ့်…အကြောင်းအရာလေးကတော့…
အခြော်ကောက်သမားတွေ ဘယ်လိုစကင်ကဲရမလဲဆိုတာပါပဲ…
အသားရေခြော်ကောက်တဲ့…Dry Skin သမားတွေဟာ…
မဖြစ်မနေ စကင်ကဲသင့်တဲ့ထဲမှာ…ပါကိုပါပါတယ်…
Dry Skin ဖြစ်နေတာကို…စကင်မကဲပ��…ဒီတိုင်းပြစ်ထားမယ်ဆိုရင်…
ပထမအဆင့်အနေနဲ့…အရွယ်ရင့်လာမယ်…
ပြီးရင်…တင့်တိတ်မှဲ့ခြောက်တွေ…ထွက်လာမယ်…
အရေအကြောင်းတွေ ပေါ်လာမယ်…
ပိုဆိုးလာရင်…နှင်းခူတွေဖြစ်မယ်…
ခြော်ကောက်တာအရမ်းဆိုးလာရင်…
သွေးထွက်မယ်…အနာဖြစ်မယ်ပေါ့လေ…
အသားရေ…ခြော်ကောက်နေရင်…
ဒီလိုလေးတွေ…စကင်ကဲပါ…
****မနက်ပိုင်းဆိုရင်****
၁ - အမြှုပ်မထွက်တဲ့…မျက်နှာသစ်ဆေးအပျော့စားလေးတွေနဲ့…မျက်နှာသစ်ကြမယ်…ဘာမျက်နှာသစ်ဆေးလေးတွေ…ကောင်းလဲဆိုရင်တော့…Cera Ve တို့…Simple မျက်နှာသစ်လေးတွေက…အဆင်ပြေကြပါတယ်…
၂ - မျက်နှာသစ်ပြီးလို့ရှိရင်..ရေလေးတွေကို ဖွဖွလေးဖိသုတ်ပြီး…ရေဓာတ်ဖြည့်တိုနာလေးတွေ သုံးရမယ်ပေါ့…ပိမင် Recommend ပေးချင်တာကတော့…Simple Toner တို့….Mammonde Rose Water Toner တို့ပါပဲ…
၃ - တိုနာလေးခြောက်သွားပြီဆိုရင်တော့…တတိယအဆင့်အနေနဲ့…Serum လေးတွေသုံးပါမယ်… Hyaluronic Acid ပါတဲ့ Serum မှာဆိုရင် Piggy Serum ကောင်းပြီးတော့…Niacinamide ပါတဲ့…Serum မှာဆိုရင်တော့…The Ordinary HA Serum ကောင်းပါတယ်…
၄ - Serum ပြီးရင်တော့…အခြောက်ကော်သမားတွေအတွက် အသက်တမျှ အရေးကြီးဆုံးအနေနဲ့…Moisturizer အဆင့်ပါပဲ...ကျန်တာကျော်ချင်နေပါ...ဒီအဆင့်တော့မကျော်လိုက်ပါနဲ့…ဒီအဆင့်ကျော်ရင်… ကိုယ်စကင်အကြော်ခံရပါလိမ့်မယ်…Moisturizer အနေနဲ့ဆိုရင်တော့…Simple တို့…CeraVe တို့ထဲက…ကောင်းကြပါတယ်…
၅ - စကင်က…အခြော်ကောက်ဖြစ်နေရင်….နေလောင်ဒဏ်ကိုလည်း…မခံနိုင်ပါဘူး…အဲ့တော့…ခရမ်းရောင်လုံခြည်ဒဏ်ကို ခံနိုင်ဖို့ရာ…Sunscreen လည်း သုံးပေးသင့်တာပေါ့လေ…စမ်းခွင်ထဲမှာ…Dr G စမ်းခွင် အစိမ်းလေးတို့…Biore Sun Essence လေးတို့က…ကောင်းကြပါတယ်…
****ညဘက်ဆိုရင်****
ညဘက်…နေ့ဘက်နဲ့ သုံးတာချင်း…တူပါတယ်…
Sunscreen အဆင့်လေးဖြုတ်ဖို့ပါပဲ…
ပြီးရင်…ညဘက်မျက်နှာ မသစ်ခင်မှာ Oil-based Cleanser လေးနဲ့…အရင်သန့်စင်ပေးမယ်ပေ့ါလေ…
Oil-based Cleanser ထဲမှာဆိုရင်…
Simple Micellar Water နဲ့…
JM Solution က Derma Rescue Cleansing Water တို့က…
အဆင်ပြေကြပါတယ်…
စကင် အခြော်ကောက်သမားလေးတွေ…
ဘာသုံးရမလဲ…သိသွားပြီဆိုတော့…
ပန်းဆိုးတန်းသွားပြီး…ပိုက်ဆံရှာဖို့ပဲ…ကျန်တော့တာပေါ့လေ…
စကင်ကဲဈေးတွေနဲ့….အဲ့သွားမှပဲရမှာလို ဖြစ်နေတော့လည်းပဲ…
အကုန်မသုံးနိုင်ရင်…
Moisturizer နဲ့ အမြှုပ်မထွက်တဲ့…မျက်နှာသစ်လေးတော့…
မဖြစ်မနေသုံးပါ…
ကြက်ဖက်ထမင်း…ရအုနဲ့ပဲ…စားနေရသူဆိုရင်တော့…
Simple မျက်နှာသစ်..အဖြူ or အစိမ်းလေးရယ်…
Simple Hydrating Moisturizer လေးရယ်ပဲ…သုံးပါ…
အဆင်ပြေနိုင်ပါလိမ့်မယ်…
သုံးရမယ့် ပုံလေးတွေ…Comment မှာ မန့်ပေးထားပါ့မယ်…
အခုတော့…ဒီလောက်ပါပဲ…
ဟုန်….ပိပါပိ…ကျေးဇု…
#PhyoWaiYan
#LibraAestheticScience
#ChantaraCosmeticShop
#DrySkin #DrySkincareRoutine
~ကူးချသူဖော်ကင်နူ~
0 notes
Text
ဖင်စမုစေမည့် နည်းလမ်းများ

ပိမင်…ဒီနေ့ရေးပေးမယ့်…အကြောင်းအရာလေးကတော့…
ဖော်ကင် စမုဖြစ်စေမယ့် နည်းလေးပါ…
တချို့လူတွေက အရည်အချင်းနဲ့ လုပ်စားကြတယ်…
တချို့သူတွေက…အသံနဲ့ လုပ်စားကြတယ်…
တချို့သူတွေက…အတံနဲ့ လုပ်စားကြတယ်…
တချို့သူတွေကတော့…ဖော်ကင်နဲ့လုပ်စားကြတယ်ပေါ့လေ…
ကျန်တဲ့…အလုပ်အကိုင်တွေမှာ…ဖော်ကင် စမုမုမု…မစမုမုမု…
ကိစ္စမရှိပေမယ့်…
ဖော်ကင်မှီပြီး ကြံစုပ်တဲ့…အလုပ်အကိုင်တွေမှာတော့…
ဖော်ကင်စမုဖို့…အသက်တမျှအရေးကြီးနေတာပေါ့လေ…
အဲ့ဒါကြောင့်…စပွန်ဥလိုက…ဖော်ကင်စမုမှ…ဆိုတဲ့အတိုင်း…
ဖော်ကင်စမုနည်းလေး…တင်ပေးလိုက်ပါတယ်…
စလိုက်ရအောင်…..
****Exfoliate လုပ်ပါ****
တစ်ပတ်၂ကြိမ်လောက်…Exfoliate လုပ်ပေးပါ…
အများဆုံး၃ကြိမ်ထိလုပ်လို့ရပါတယ်…
ဖော်ကင်ပေါ်မှာ မကောင်းတဲ့ဆဲလ်တွေ ပုံနေရင်…
ဖော်ကင်နံသလို…ဖော်ကင်..မော်ကဲပါလိ��့်မယ်..
အဲ့ဒါကြောင့်…Exfoliate ပုံမှန်လုပ်ပေးခြင်းအားဖြင့်…
ဖော်ကင်စမုလာမှာပါ…
Exfoliate ကို…ရေချိုးဆပ်ပြာနဲ့သုံးတာအကောင်းဆုံးနည်းလို့ထင်ပါတယ်…
ဖော်ကင်နဲ့လုပ်စားနေတဲ့သူတွေ အားမအားမသိပေမယ့်…
တခြားသူတွေကတော့…ဖော်ကင်အတွက် သီသန့်ကြီးအချိန်ပေးပြီး…
မလုပ်နိုင်ကြလို့ပါ…
CeraVe ရဲ့ SA Body Wash တို့…
Dove ရဲ့… Gentle Exfoliating Body Wash တို့ကတော့…အဆင်ပြေကြပါတယ်…
ရေချိုးရင်း…Exfoliate ပေါ့လေ…
Scrub တိုက်ခြင်းကိုတော့ ရှောင်ရှားသင့်ပါတယ်…
****အစိုဓာတ်ထိန်းပါ****
ဖော်ကင်ကို…ဆဲလ်တွေ လှန်သလိုလုပ်ပြီး…
ဒီတိုင်းထားရင်…ရက်စက်ရာ…ပလစ်ရာရောက်ပါတယ်…
အစိုဓာတ်ပြန်ထိန်းပေးရပါတယ်…
အစိုဓာတ်မထိန်းရင်…ဖော်ကင်ခြော်ကောက်ပြီး…
ဖော်ကင် မစမုပဲဖြစ်နေပါလိမ့်မယ်…
အစိုဓာတ်ထိန်းတာ…အရမ်းမခက်ပါဘူး…
အစိုဓာတ်ထိန်း Lotion တွေ လူးပေးရင်ရပါပြီ…
Vaseline Moisturizing Lotion တို့….
CeraVe Moisturizing Lotion တို့…ကအဆင်ပြေမယ်လို့ထင်ပါတယ်…
****ဖော်ကင် ဝက်ခြံပြဿနာကို ဖြေရှင်းပါ****
ဖော်ကင် စမုချင်တာကို…
ဖော်ကင်ပေါ်မှာ ဝက်ခြံတွေနဲ့ဆို…
ဖော်ကင် မစမုပဲ…ဖော်ကင် စတော်ဘယ်ရီသီး…ဖြစ်နေပါလိမ့်မယ်…
ဖော်ကင် ဝက်ခြံပြဿနာတွေ ဖြေရှင်းဖို့က…
ဝက်ခြံတွေ အရ��်မညှစ်ဖို့လိုပါတယ်…
ကိုယ်လည်း မညှစ်ဖို့ စိတ်ထိန်းဖို့သလို…
လင်ကိုလည်း မညှစ်ခိုင်းပါနဲ့…
ဖော်ကင်ပဲညှစ်ပါ…ဖော်ကင်ပေါ်က…ဝက်ခြံလေးတော့…
ချမ်းသာပေးပါပေါ့လေ…
ဖော်ကင်ဝက်ခြံအတွက်က…
Benzyl Peroxide ပါတဲ့… Lotion တို့….
Tea Tree Gel တို့…Tea Tree Toner တို့သုံးပေါ့လေ…
Thursday Plantation က Tea Tree Gel လိမ်းလို့ရပါတယ်…
****ဖော်ကင်ကို အသက်ရှုဝခွင့်ပေးပါ****
ဖော်ကင် အသက်ရှုချောင်ဖို့…အဝတ်ချောင်ချောင်ဝတ်ပါ…
ချွေးတွေလှောင်နေရင်…ဝက်ခြံပေါက်မယ်…
ပွေးပေါက်မယ်…ပွတ်တိုက်မှုများမယ်…
အဲ့ဒါတွေ ဖြစ်ရင်…ဖော်ကင် မော်ကဲပါလိမ့်မယ်…
****Gym ဆော့ပြီးရင် ရေချိုးပါ****
ဖော်ကင်နဲ့ လုပ်စားမယ်ဆိုရင်…
တစ်ဖက်သူကို ကိုယ်ချင်းစားပါ…
Gym ဆော့ပြီး ရေမချိုးပဲသွားတွေ့ရင်…
ချွေးတွေနဲ့…Gym ဘောင်းဘီကြပ်ကြပ်နဲ့…
Flavor တွေ Seal ဖြစ်ပြီး…
အနံ့…အရသာတွေ…ပြစ်နှစ်နေပါလိမ့်မယ်…
ပြီးရင် ဝက်ခြံလည်းထွက်လာပါလိမ့်မယ်…
**** Sunscreen လိမ်းပါ ****
ဖော်ကင်ပြစားမယ်ဆိုရင်…
နေလောင်ဖို့ အလားလာရှိတာပဲမလား…
ဘစ်ကနီလေးတွေနဲ့ပြမှာမလား…
အဲ့တော့ နေလောင်မယ်…မော်ကဲမယ်ပေါ့လေ…
အဲ့တော့…ဖော်ကင်ကို Sunscreen လိမ်းဖို့လိုပါတယ်…
****အကြာကြီးမထိုင်ပါနဲ့****
အကြာကြီးထိုင်ရင်…ဖော်ကင်လှောင်မယ်…
သွေးစီးဆင်းမှုနည်းမယ်…
ဖော်ကင် အဖုပေါက်မယ်…ဝက်ခြံထွက်မယ်…
ဖော်ကင်မော်ကဲပါမယ်…
ဖော်ကင်နဲ့လုပ်စားမယ်ဆိုရင်….
ထိုင်တတ်ရုံလေးနဲ့ မရပါဘူး…
****ဆေးခန်းတွေမှာ Treatment ယူမယ်****
ဆေးခန်းတွေမှာ ဆိုရင်…
Chemical Peel တွေလုပ်လို့ရမယ်…
လေဆာပစ်တာတွေနဲ့…Micro-needling တွေလုပ်လို့ရမယ်ပေါ့လေ…
အဲ့ဒါတွေလုပ်လည်း…ဖော်ကင်ကို နေ့တိုင်း Care ဖို့တော့…
အပေါ်ကနည်းတွေ လိုနေအုန်းမှာပါပဲ…
ဖော်ကင်အကြောင်းများသွားပြီဆိုတော့…
ခဏနားအုန်းမယ်နော်…
စာဖတ်သူများအားလုံး….
ဖော်လည်းစမု…လော်ကင်လည်းဥ…နိုင်ကြပါစေ…လို့…
ဆုတောင်းပေးလိုက်ပါတယ်…
ဟုန်…ပိပါပိ…ကျေးဇု…
#PhyoWaiYan
#LibraAestheticScience
#ChantaraCosmeticShop
~ကူးချသူfinနူ~
0 notes
Text
ဂျိုင်းစော်နံနေရင်....

ပိမင်…ဒီနေ့ရေးပေးမယ့်…အကြောင်းအရာလေးကတော့….
ချိုင်းဆော်နံတဲ့…ကိစ္စလေးပါပဲ….
အခုခေတ်မှာ…လူငယ်လူရွယ်တွေ…ချစ်ကြ…ကြိုက်ကြတဲ့အခါ…
ဘာမှသိပ်ပြီး…ခံစားချက်မထားတတ်ကြတော့…
ပြတ်ကြတဲ့အခါ….သိပ်မှတ်မိစရာမရှိပဲ…
ဆက်ပြီး…မုအွန်….မွန်အုလို့ရကြပါတယ်…
အဲ့….ဒါပေမယ့်…လွယ်လွယ် မွန်အုလို့မရစေတဲ့…အကြောင်းအရင်းတွေတော့ရှိတာပေါ့လေ…
အဲ့ထဲက…တစ်ခုကတော့…ဂျံဆော်နိုင်း…တာပါပဲ…
သမီးရည်းစားတွေ ပျက်သွားတဲ့…အခါကျရင်…
အိမ်မက်ဆိုးကြီးနဲ့…ကျန်ခဲ့တာက…အဲ့ဒီ ဂျံဆော်နိုင်းကြီးပါပဲ…
သူနဲ့…ပိပိဖုတ်ပြီးလို့…တစ်ရေးနိုးလာရင်… ဂျံဆော်နိုင်းကြီးကို အဝရှုလိုက်ရသလိုပဲ…
ကိုယ်အိမ်မက်ဆိုး…မက်လိုက်တဲ့…အချိန်တိုင်းမှာ…
ပြတ်ပြီးတာတောင်…. ဂျံဆော်နိုင်းကြီးနဲ့…နိုးထားလာရသလိုတွေ…ဖြစ်တတ်ကြတာပေါ့လေ…
အဲ့လိုမဖြစ်ရတောင်…. ဂျံဆော်နိုင်းတာကို….
ဘယ်လိုဖြေရှင်းရမလဲဆိုတာ…ပိမင်…တင်ပေးပါ့မယ်…
ဘာလို့ ဂျံဆော်နိုင်းတာလဲ???
လွယ်ပါတယ်…
ချွေးထွက်တယ်…
ထွက်လာတဲ့ ချွေးကို…
အရေပြားပေါ်က ဘက်တီးရီးယားတွေက…
ဖြိုခွဲမယ်…အနံ့ထွက်လာမယ်ပေါ့လေ…
ဂျံဆော်နိုင်းတာ မဖြစ်ရအောင်…ဘယ်လိုဖြေရှင်းကြမလဲ???
၁ - တစ်ကိုယ်ရည်သန့်ရှင်းမှုကို သေချာထိန်းသိမ်းပါ…
မပြောချင်ပေမယ့်လည်း…ပြောရပါအုန်းမယ်…
ဂျံဆော်နိုင်းစေတဲ့အထဲမှာ…
တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိတာ…
ဒါမှမဟုတ်…တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်နေပေမယ့်…
နည်းမှန်လမ်းမှန်မဖြစ်နေတာတွေလည်း ပါနေတတ်ပါတယ်…
***နေ့တိုင်းရေချိုးမယ်***
ဒါကဆောင်းတွင်းမှာ အဓိကပြောရမယ့်အရာပါ…
တစ်ကိုယ်ရည် သန့်ရှင်းဖို့ရာ…နေ့တိုင်းရေချိုးရပါတယ်…
မလုပ်ဖူးရင်လုပ်ပါ…မသိရင်မှတ်ထားပါ…
ရေချိုးတဲ့အခါ… ဂျံဆော်နိုင်းတတ်သူတွေက…
ဂျိုင်းမှာ ဘက်တီးရီးယားတွေနည်းအောင်…
Antibacterial Soap လေးတွေနဲ့…ချိုင်းကိုတိုက်ပါ…
ဥပမာ လိုက်ဘွိုင်ဆပ်ပြာပေါ့လေ…
****Exfoliate လုပ်ပါ****
မကောင်းတဲ ဆဲလ်တွေဖယ်ရှားဖို့ပါ…
ရေချိုးတဲ့အခါ ချိုင်းကို…
ရေစိုဝတ်နုနုလေး…ဒါမှမဟုတ်…
Loofah လေးနဲ့…ညှင်ညှင်သာသာလေးပွတ်ပြီး…
မကောင်းတဲ့ဆဲလ်တွေ…ဘက်တီးရီးယားတွေကို…
ဖယ်ရှားလို့ရပါတယ်…
ဒါပေမယ့်…Scrub တိုက်တာတော့…အားမပေးပါဘူး…
ဂျဲပြိုင်းသွားတာ…ဂျဲမိုင်းသွားတာတွေ ဖြစ်မှာစိုးလို့ပါ…
****ဂျိုင်းမွှေးရိတ်ပါ****
အမှန်ကကွာ…ဒါတွေကို…ပြောနေရတာတွေက…မဟုတ်တာ…
အော်တို…အန်ဒါစတုဖြစ်နေရမှာ…
ဂျိုင်းမွှေးဆိုတာ..ရိတ်ပေးရတယ်…အထူးသဖြင့်…
အပျ်ိုလေးတွေပေါ့လေ…
မရိတ်တဲ့အခါကျ…ချိုင်းမွှေးတွေက…
ချွေးတွေ…ဘက်တီးရီးယားတွေကို…လှောင်ထားပြီး…
ဂျံဆော်နိုင်းတာတွေ ဖြစ်တတ်တာပေါ့လေ…
ဂျံဆော်နိုင်းတာကြိုက်ရင်တော့…မရိတ်��ည်းရပါတယ်…
ချိုင်းမွှေးက ချိုင်းကြားပွတ်တိုက်မှုနည်းစေတဲ့…
လုပ်ငန်းဆောင်တာတော့ရှိနေပါတယ်…
၂ - ချိုင်းလိမ်းဆီတို့…ချိုင်းဖြန်းဆေးတို့…သုံးပါ…
***Antiperspirant****
သူတို့တွေက..ချိုင်းချွေးပြန်တာကို နည်းအောင်လုပ်ပေးတယ်…..
ချိုင်းချွေးမပြန်တော့ရင်…ဘက်တီးရီးယားတွေပေါက်တာနည်းမယ်…
ဂျံဆော်နိုင်းတာလည်း သက်သာမယ်ပေါ့လေ…
***Deodorants***
သူတို့တွေကတော့…ချိုင်းနံ့ကို ဖုံးပေးမယ်…
ဘက်တီးရီးယားတွေကို နည်းစေပြီး…
ဂျံဆော်နိုင်းတာ သက်သာစေမယ်ပေါ့လေ…
၃ - အဝတ်အစားဝတ်ဆင်တဲ့ပုံစံ ပြင်ဆင်ပါ…
**** အဝတ်အစား ကြပ်ကြပ်ထုပ်ထုပ်တွေ..မဝတ်ပါနဲ့***
ချွေးတွေ…ဘက်တီးရီးယားတွေ လှောင်တတ်ပါတယ်…
ဂျံဆော်နိုင်းရုံမက…ပွေးပါပေါက်ပါလိမ့်မယ်…
***ချွေးထွက်ပြီးတိုင်း အဝတ်အစားလဲပါ***
အဝတ်အစားမှာ ချွေးစိုနေရင်…ထပ်မဝတ်ပါနဲ့တော့…
လဲလိုက်ပါ…
အထူးသဖြင့် Gym ဆော့ပြီးရင်…
ရေချိုး…အဝတ်အစားလဲတာမျိုးလုပ်ပါ…
၄ - အနံ့ဆိုးထွက်စေတဲ့…အစားအသောက်တွေရှောင်ပါ…
အပူအစပ်တွေ…ကြက်သွန်ဖြူ…ကြက်သွန်နီတွေ..ပါတဲ့..
အစားအသောက်တွေ ရှောင်ပါ…
အရက်သောက်တာကလည်း ဂျံဆော်နိုင်းစေတတ်လို့…
အရက်လည်းရှောင်ပါ…
၅ - အိမ်တွင်းနည်းသုံးကြည့်ပါ..
အိမ်တွင်းနည်းအများစုက…
အရေပြားကို ထိခိုက်စေတတ်လို့…သိပ်အားမပေးပါဘူး…
လုပ်ချင်သပဆိုရင်တော့…
Apple Cider Vinegar နည်းနည်းလေး…
လိမ်းပေးတာမျိုး လုပ်ကြည့်လို့ရပါတယ်…
၆ - အလှအပဆေးခန်းသွားပါ…
ဒါကတော့…နောက်ဆုံးနည်းပေါ့လေ….
အပေါ်က ဟာတွေ အရင် Try ပြီး…
မရတော့မှသွားပါ..
ဆေးခန်းမှာ ဘိုတောက်ထိုးပြီး…ချွေးထွက်နည်းအောင်…လုပ်လို့ရမယ်..
ချိုင်းချွေးနံ့ပျောက်ဆေး…အပြင်းစားတွေသုံးတာရှိမယ်…
ခွဲစိတ်ပြီး…ချိုင်းက…ချွေးထွက်စေတဲ့…ဂလင်းတွေကို…
ဖယ်ရှားပြစ်တာတွေရှိမယ်ပေါ့…
ကဲ…. ဂျံဆော်နိုင်းတဲ့ကိစ္စလည်းများသွားပြီ…
ရေးရင်းနဲ့ Ex တစ်ယောက်ချိုင်းနံ့တွေပါ…
ရလာသလိုလိုရှိတော့…
ဒီမှာပဲ…ခဏနားအုန်းမယ်နော်…
နောက်နေ့မှ ဂျံဆော်နိုင်းတာ ဆက်ကြတာပေါ့…
အခုတော့…ဒီလောက်ပါပဲ….
ဟုန်…ပိပါပိ…ကျေးဇု…
#PhyoWaiYan
#LibraAestheticScience
#ChantaraCosmeticShop
#SmellyArmpits
~ကူးချသူfinနူ~
0 notes
Text
Braces တပ်သင့်လား

ပိမင်…ဒီနေ့…ရေးပေးမယ့်…
အကြောင်းအရာလေးကတော့…
Braces လေးတွေအကြောင်းပဲ…ဖြစ်ပါတယ်…
သွားထိန်းကွင်းနဲ့…သွားထိန်းကြိုးလေးတွေပေါ့လေ…
သူတို့က…နှလုံးလှတဲ့…ဂတုံးမလေးတွေကို…
အပြုံးလှတဲ့…လတုံးမလေးတွေပါ…ထပ်ဖြစ်စေပါလိမ့်မယ်…
ဘဝမှာ…အပြုံးလှဖို့…အရေးကြီးပါတယ်…
ဘာလို့လည်းဆိုတော့…နေစဉ်ကိစ္စတွေဟာ…
အပြုံးမပါရင်…မပြီးဘူးမလား…
နေ့စဉ်အလုပ်တွေမှာ…ဦးနှောက်တောင်…တစ်ခါတစ်လေမှ…သုံးနေရပေမယ့်…
အပြုံးတွေကတော့…ဦးနှောက်မသုံးနေရင်တောင်…
ဆက်တိုက်သုံးနေရတယ်ဆိုတော့…
ဒီခေတ်ကြီးထဲမှာ ဦးနှောက်ထက်တောင်…
အရေးကြီးရင်…ကြီးနေမှာပေါ့လေ…
အဲ့တော့… Braces အကြောင်းလေးကို…နားလည်လွယ်အောင်…
ရှင်းပြပါ့မယ်…
အဲ့တော့…
Braces ဆိုတာ…ဘာတုန်း????
Braces ဆိုတာ…သွားမညီတာ…သွားခေါတာ…
သွားချိုင့်တာ…သွားထပ်တာ…
သွားစောင်းတာ…အပေါ်သွားရှေ့ရောက်လွန်…
အောက်သွားရှေ့ရောက်..စတာတွေလို…
သွားပြဿနာတွေကို ဖြေရှင်းဖို့သုံးတဲ့…
သွားဘက်ဆိုင်ရာ…ဆေးပစ္စည်းလေး…တစ်မျိုးပေါ့လေ…
Braces မှာ ဘာအစိတ်အပိုင်းတွေ…ပါဝင်မလဲ???
Bracket ---- သွားနဲ့ ကပ်ထားတဲ့…လေးထောင့်တုံးလေးတွေပါ…သတ္ထု…ပလတ်စတစ်…Ceramic တွေ..ဖြစ်နိုင်ပါမယ်… သွားနဲ့ သွားထိန်းကြိုးနဲ့ကို…တွဲပေးပြီး…သွားတွေ…ရွေ့ဖို့ကူညီပေးပါတယ်…
Archwire ----- သွားထိန်းကြိုးပါ… Braces တပ်ထားရင် မြင်နေရတဲ့…ဝိုင်ယာကြိုးတွေပေါ့လေ…တင်းလိုက်လျော့လိုက်နဲ့…သွားတွေရွေ့ဖို့…ကစားပေးရပါတယ်..
Bands ---- အံသွားနားမှာရှိတဲ့…ကွင်းလေးတွေပါ…သွားထိန်းကြိုးအတွက် ကုတ်အားပိုရဖို့…ကူညီပေးပါတယ်…
Ligature ----- သွားထိန်းကြိုးကို…လေးထောင့်တုံးလေးတွေနဲ့ တွဲပေးတဲ့…ကြိုးလေးတွေပါ…လှတာတပ်ချင်ရင်…အရောင်လေးတွေ အစုံရှိပါတယ်…
Elastic Bands ----- လိုအပ်ရင်…လိုအပ်သလို…ထည့်တဲ့…ပစ္စည်လေးပါပဲ…
Buccal Tubes ---- သွားထိန်းကြိုးတွေကိုထိန်းဖို့…အံသွားနားမှာရှိတဲ့…ပစ္စည်းလေးပါ…
Spacer ---- သွားကြားမှာ နေရာလိုချင်တဲ့အခါ သုံးတဲ့ပစ္စည်းလေးပါ…
Braces အမျိုးအစားတွေက…ဘာတွေရှိမလဲ???
Metal Braces ---- သမာရိုးကျ Braces တွေပါ….ခိုင်ခံ့တယ်..ဈေးသိပ်မကြီးဘူး..
Ceramic Braces ---- သွားအရောင်နဲ့ တူတာရှိမယ်…အကြည်ရောင်တွေရှိမယ်ပေါ့…သတ္ထုတွေလို…ကြည့်ရမဆိုးဘူးပေါ့..
Lingual Braces ---- တခြား Braces တွေလို…သွားအပြင်ကနေမတပ်ဘဲ…အတွင်းကတပ်တာပါ…အပြင်ကကြည့်ရင်…မမြင်ရပါဘူး…
Self-ligating Braces ------ ကြိုးပေါ် ကြိုးဆင့် ခြည်စရာမလိုဘဲ…ဝိုင်ယာကို ကလစ်ကနေနဲ့…ညှပ်ပေးတဲ့… Braces ��ေးပါ…ပွတ်တိုက်မှုတွေနည်းပါတယ်…
Clear Aligner ---- အကြည်ရောင် အံကပ်လေးပါပဲ…ဝတ်လိုက်…ချွတ်လိုက်နဲ့…အပေါ်က ဟာတွေထက်တော့…ပိုကြာပါတယ်…
Braces တွေက…ဘယ်လို…အလုပ်လုပ်တာလဲ???
၁ - Braces တပ်မယ်…
သွားထိန်းတုံးနဲ့ သွားထိန်းကြိုးတွေကို…သွားဆရာဝန်ကတပ်ပေးမယ်…
ကိုယ့်သွားအခြေအနေနဲ့ ကိုက်ပြီး…ကြိုးတွေကို လိုသလိုချိန်မယ်…
၂ - သွားတွေရွေ့မယ်…
ကြိုးညှိတဲ့ပေါ်လိုက်ပြီး…သွားတွေက…
သွားဆရာဝန် လိုချင်တဲ့…ပုံစံကို…
တဖြည်းဖြည်းရွေ့မယ်…
လိုအပ်ရင် လိုအပ်သလို…ကြိုးတွေထပ်ညှိမယ်…
၃ - ပုံမှန် ရက်ချိန်းပြန်ပြဖို့လိုမယ်…
ကြိုးတွေညှိတာရယ်…လိုတဲ့ပစ္စည်းထည့်…
မလိုတဲ့ ပစ္စည်းဖြုတ်တာတွေလုပ်ဖို့…
ပုံမှန် ၁လ တစ်ခါလောက်…ရက်ချိန်းသွားရလေ့ရှိမယ်…
ရက်ချိန်းတွေက…ပိုလည်းစိတ်နိုင်မယ်…ပိုလည်းကြဲလာနိုင်မယ်…
Braces ကြာချိန်က ဘယ်လောက်လောက်ရှိနိုင်မလဲ???
အခြေအနေပေါ်မူတည်ပြီး…
တစ်နှစ်ကနေ…၃နှစ်လောက်ထိ ကြာတတ်တယ်…
Braces ဖြုတ်ပြီးသွားရင်လည်း…
Retainer တပ်ဖို့လိုနိုင်မယ်…
Braces ရဲ့ ကောင်းကျိုးတွေက…ဘာဖြစ်မလဲ???
၁ - အပေါ်မှာပြောခဲ့သလိုပဲ…အပြုံးလှတဲ့…ငတုံးမဖြစ်မယ်…
၂ - သွားတွေညီတော့…သွားတွေ ထိန်းသိမ်းရတာ…ပိုအဆင်ပြေမယ်…
၃ - ခံတွင်း ကျန်းမာရေးပိုကောင်းလာမယ်…
၄ - မျက်နှာညီလာနိုင်မယ်…ရုပ်ရည်ရူပကာတက်လာမယ်…
၅ - သွားသန့်ရှင်းရ ပိုလွယ်လာတာကြောင့်…သွားပိုးစားတာတွေလည်းနည်းလာမယ်…
၆ - စကားပြောရတာ…အစာဝါးရတာ…ပိုအဆင်ပြေလာမယ်
၇ - သွားပေါ်မှာ မလိုအပ်တဲ့…ထိခိုက်မှုမျိုးတွေ…ဒဏ်ပိတာမျိုးတွေနည်းလာပြီး…ရေရှည်ပိုခံလာမယ်ပေါ့လေ…
Braces တပ်ရင်…ဘာ စိန်ခေါ်မှုတွေ…ကြုံတွေ့ရမလဲ???
၁ - နေရတာတစ်မျိုးကြီးဖြစ်နေတာ…ကသိကအောက်ဖြစ်တာတွေက…အသားမကျခင်မှာ ခံစားရမှာတွေပါ…
၂ - တချို့နေရာတွေမှာ နာတာ…ကျင်တာမျိုးတွေလည်း ရှိနေနိုင်ပါတယ်…
၃ - Braces တပ်ထားချိန်မှာ စကားပြောရခက်တာမျိုး…ပုံမှန်စကားလုံးသံပေါက်ဖို့ ခက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်…
၄ - ခံတွင်းသန့်ရှင်းရေးသေချာမလုပ်ရင်…သွားပိုးစားနိုင်ခြေများပါမယ်…
၅ - စားချင်တာစားလို့မရပါဘူူး…ဥပမာ အမာစာတွေ…ကပ်စေးကပ်စေးဖြစ်မယ့်…အစာတွေ…ရှောင်ရပါတယ်…
အတိုချုပ်ရရင်တော့…
Braces တပ်တာက…ကောင်းပါတယ်…
တပ်သင့်လားဆိုတော့…ကိုယ်ကသွားမညီသူဆိုရင်…
တပ်သင့်ပါတယ်…
အလှအပဆိုင်ရာကော…ကျန်းမာရေးဆိုင်ရာပါ…အကျိုးရှိလို့ပါ…
သွားမညီလို့…ကြည့်မကောင်းဖြစ်နေသူဆိုရင်…
တပ်ပြီးရင် ရုပ်ရည်ရူပကာ တော်တော်ပြောင်းလဲသွားမှာပါ…
ဒါပေမယ့်… Braces တပ်တာက…အခုဆို…အပြီးအစီး…
သိန်း ၃၀…သိန်း၅၀…လောက်က…ပြေးမလွတ်ပါဘူး…
ပြီးတော့ တပ်တဲ့..နှစ်ရှည်ကာလမှာ…
အပေါ်မှာပြောခဲ့တဲ့…စိန်ခေါ်မှုအချို့လည်းရှိနိုင်ပါတယ်…
အဲ့ဒါတွေကို လက်ခံနိုင်ရင်တော့…
Braces ဟာ တပ်သင့်တဲ့ အရာတစ်ခုပါပဲ…
ကျွမ်း��ျင်…စိတ်ချရတဲ့…သွားဆရာဝန်နဲ့လည်း…
တပ်ဖို့လိုတာပေါ့လေ…
ရလဒ်က…သွားဆရာဝန် ကျွမ်းကျင်မှုပေါ်မှာ…
အများကြီး…မူတည်တာကိုး….
အခုတော့…ဒီလောက်ပါပဲ…
ပိမင်က…ဆရာဝန်ဆိုပေမယ့်…
သွားဆရာဝန်တော့..ဟုတ်မနေပါဘူး…
အဲ့တော့…Braces က ကိုယ်မကျွမ်းကျင်တဲ့ နယ်ပယ်ဖြစ်နေပါတယ်…
အဲ့ဒါကြောင့်…အခုပြောသွားတာမှာ…လိုတာ..မှားတာလေးတွေရှိနေရင်…
ဝင်ထောက်ပေးလို့ရပါတယ်နော်…
ဟုန်…ပိပါပိ…ကျေးဇု…
#PhyoWaiYan
#LibraAestheticScience
#Braces
#ChantaraCosmeticShop
~ကူးချသူfinနူ~
1 note
·
View note
Text
Retinol အကြောင်း

ပိမင်…ဒီနေ့ရေးပေးမယ့်…
အကြောင်းအရာလေးကတော့…
စကင်ကဲ လောကရဲ့…ရွှေတစ်ခုလည်းဖြစ်သလို….
သုံးတတ်ရင်…ဆေး…
မသုံးတတ်ရင်…ဘေး…ဖြစ်စေမယ့်…
Retinol လေး…အကြောင်းပဲဖြစ်ပါတယ်…
Retinol အကြောင်းက ကျယ်ပြန့်တော့…
ဒီ Post တစ်ခုလောက်နဲ့ ကာမိမှာမဟုတ်ပါဘူး…
ဒါပေမယ့်…အကုန်ခြုံမိအောင်…ပိမင်…ကြိုးစားပေးသွားပါ့မယ်…
အဲ့တော့…စလိုက်ရအောင်…
Retinol ဆိုတာ ဘာလဲ???
Retinol ဆိုတာ…Vitamin A မိသားစုဝင်ဖြစ်ပြီး…
အဖေဘက်ကအမျိုးပါ…
Retinol ကိုတော့…စကင်ကဲအနေနဲ့…အလွယ်ဝယ်လို့ရနေပေမယ့်…
သူ့ ညီကိုမောင်နှမတွေဖြစ်ကြတဲ့…Retinoids တွေကိုတော့…
ဆရာဝန် ဆေးညွှန်းနဲ့မှ ပေးရောင်းလို့ရတဲ့အထိ…ကန့်သတ်ထားတတ်ပါတယ်…
Retinol က ဘယ်လို…အလိုလုပ်တာလဲ????
Retinol က..အရေပြားထဲ…ဝင်ရောက်မယ်…
အရေပြား ပြန်လည်သစ်လွင်တဲ့ ဖြစ်စဉ်ကို ပိုကောင်းစေမယ်ပေ့ါလေ…
အဲ့လို ပိုကောင်းလာတဲ့အခါ…ဒါတွေဖြစ်လာမယ်ပေါ့…
၁ - ဆဲလ်အသစ်တွေဖြစ်လာတဲ့…အရေပြားပုံစံက ပိုကြည့်ကောင်း…နပျိုလာမယ်…
၂ - ကော်လဂျင်လည်း…ပို��ွက်လာတော့…အရေအကြောင်းတွေ သက်သာလာမယ်…
၃ - အဆီထွက်တာလည်း ထိန်းပေးတော့…ဝက်ခြံတွေလည်း သက်သာလာမယ်…
၄ - မယ်လနင်ထွက်တာကိုလည်း ထိန်းပေးတော့…အသားဖြူလာမယ်…အမဲ���က်တွေနည်းလာမယ်…အသားမညီတာတွေ သက်သာလာမယ်ပေ့ါ…
Retinol သုံးရင်…ဘာကောင်းကျိုးတွေရမလဲ???
၁ - အရေအကြောင်းတွေနည်းပြီး…အသက်ရွယ်ကြီးရင့်တာနှေးလာမယ်…ဆိုလိုတာက…ကြာလေနုလေ…ကြာနု….ဖြစ်မယ်ကွာ…
၂ - ချွေးပေါက်ပိတ်တာတွေနည်းစေတော့…ရေရှည်သုံးရင်…ဝက်ခြံတွေသက်သာမယ်…နောက်ထွက်မယ့်…ဝက်ခြံတွေကိုလည်း…ကာကွယ်ပေးနိုင်မယ်…
၃ - အသားရေ ကြည်လင်တောက်ပမယ်…ဖြူလာမယ်…အမဲစက်တွေ…နည်းလာမယ်…
၄ - ချွေးပေါက်ကျယ်တာတွေ…သက်သာပြီး…အသားရေလည်း ချောမွေ့လာမယ်..
Retinol ရဲ့ ဆိုးကျိုးတွေကကော…ဘာတွေဖြစ်မလဲ???
ကောင်းကျိုးတွေလည်း…များသလို…ဆိုးကျိုးတွေလည်း….များပါတယ်…
၁ - သုံးတဲ့အချိန်မှာ…ပူတာ..နီတာ…ရောင်တာ…ယားယံတာ..စပ်တာတွေ…ဖြစ်နိုင်မယ်…
၂ - အရေပြားကို နေပူဒဏ်ခံနိုင်ခြေ..နည်းသွားစေမယ်…နဂိုထက်..နေပိုလောင်မယ်ပေါ့လေ…
၃ - ဝက်ခြံကန်ထွက်တတ်တယ်…နောက်သလိုပြောင်သလို ထွက်တာမဟုတ်ဘူး…တကယ်ရှယ်ကန်ထွက်တတ်တာ… Retinol ဆက်မသုံးဖြစ်ကြတဲ့…အဓိက တရားခံပဲ…
၄ - Sensitive Skin တွေ သုံးရင်…နီမြန်းရောင်ရမ်းမယ်..ယားမယ်…
၅ - Dry Skin တွေ သုံးရင်တော့…အဖတ်လန်တဲ့အထိ…အသားရေခြောက်သွေ့မယ်…
၆ - ကိုယ်ဝန်ဆောင်တွေ သုံးမိရင်…ကလေးမှာ မူမှန်တာတွေဖြစ်ပြီး…မွေးလာနိုင်မယ်…
၇ - Retinol နဲ့ မတည့်တဲ့ စကင်ကဲတွေ…အများကြီးရှိတယ်…
၈ - ပုံမှန်မသုံးဘဲ…သုံးလိုက်မသုံးလိုက်က…မသုံးတာနဲ့ အတူတူပဲ…အာနိသင်ပြဖို့…ပုံမှန်သုံးနေရမယ်…
၉ - Retinol ဘူးကို နေရောင်ထဲ ထားရင်…အာနိသင် ပျက်ပြယ်မယ်…
၁၀ - လက်လွန်ကြက်သွန် သုံးမိရင်…Skin Barrier ထိပြီး…အရေပြားက…အထိမခံရွှေပန်းကန်ဘ၀ ရောက်သွားနိုင်မယ်…
၁၁ - ချက်ချင်းအာနိသင်မပြဘူး…အနည်းဆုံး ၆လ ပုံမှန်သုံးနေမှ…အာနိသင်ပြမယ်…
Retinol ကို…ဘယ်လိုသုံးကြမလဲ???
၁ - ဖြေးဖြေးချင်းပဲစသုံးပါ…၃ရက်ခြား…၂ရက်ခြား…၁ရက်ခြား…နေ့တိုင်း…အဲ့လို…တဖြည်းဖြည်းတိုးလာပါ…
၂ - Retinol မသုံးခင်တိုင်းမှာ Cleansing သေချာလုပ်ပါ…
၃ - Retinol ဟာ အသားရေ ခြောက်သွေ့စေတာကြောင့်…သုံးပြီးတိုင်းမှာ…Moisturizer သုံးပါ…
၄ - Retinol လိမ်းပြီးရင်…နေလောင်လွယ်တာကြောင့်…နေ့ဘက်တွေမှာ Sunscreen လိမ်းဖို့လည်း လိုပါလိမ့်မယ်…
ဘယ်လိုလူတွေက… Retinol ကို ရှောင်ရှားသင့်သလဲ???
၁ - Retinol ဟာ…ကလေးကို မူမမှန်တာတွေ ဖြစ်စေတတ်လို့…ကိုယ်ဝန်ဆောင်နဲ့…နို့တိုက်မိခင်တွေ..ရှောင်ရှားသင့်ပါတယ်…
၂ - အရေပြားရောဂါအခံရှိတဲ့သူတွေကတော့… Retinol မသုံးခင်မှာ…ကျွမ်းကျင်သူနဲ့…တိုင်ပင်သင့်ပါတယ်…
၃ - တခြား…ဝက်ခြံကုထုံးယူနေသူတွေနဲ့…Exfoliation လုပ်နေသူတွေလည်း…ရှောင်သင့်ပါတယ်…
ကဲ… Retinol အကြောင်းနဲ့ ပတ်သက်ပြီး…ရှည်သွားပြီဆိုတော့…
ဒီမှာ ခဏနားအုန်းမယ်နော်…
နောက်နေ့မှ ဆက်ရေးပေးတာပေါ့…
ဟုန်…ပိပါပိ…ကျေးဇု…
#PhyoWaiYan
#LibraAestheticScience
#ChantaraCosmeticShop
#Retinol
~ကူးချသူfinနူ~
0 notes
Text
COSRX Cleanser Vs
Simple Cleanser

ပိမင်…ဒီနေ့ရေးပေးမယ့်…အကြောင်းအရာလေးကတော့…
မတူညီတဲ့ မျက်နှာသစ်ဆေးနှစ်ခုနဲ့…
သူတို့ရဲ့ သုံးသင့်တဲ့အခြေအနေတွေရယ်…
အားသာချက်…အားနည်းချက်တွေရယ်ပေါ့လေ…
ကဲ…စလိုက်ရအောင်…
*****COSRX Salicylic Acid Daily Gentle Cleanser*****
ဒီမျက်နှာသစ်ဆေးလေးကတော့…
အဆီဖုဝက်ခြံ…ဆားဝက်ခြံ…ဝက်ခြံတော်တော်များများနဲ့….
အဆီပြန်သမား…Acne-prone Skin သမားတွေမှာ…
အသုံးလည်းဝင်…အဆင်လည်းပြေတဲ့…
လူကြိုက်များ ကိုရီးယား Brand လေးတစ်ခုပါပဲ…
*****အားသာချက်များ*****
၁ - မကောင်းတဲ့ဆဲလ်တွေဖယ်ရှားပေးမယ်…ဝက်ခြံသက်သာစေမယ်…
Salicylic Acid ပါတော့…
ဝက်ခြံတွေလည်း…သက်သာစေသလို…
မကောင်းတဲ့ ဆဲလ်တွေ ဖယ်ရှားပေးပြီး…
အသားရေလည်း ကြည်လင်စေပါတယ်…
အသားရေ ကြည်လင်ရင်…လင်ကြည်ပါလိမ့်မယ်..
၂ - အသားရေပေါ် ညင်သာတယ်…
Salicylic Acid ပါတဲ့…စကင်ကဲတွေက…သတိထားသုံးရပါတယ်…
ဘာလို့လည်းဆိုတော့…ပြင်းတတ်တော့…လက်စများသွားတတ်လို့ပါ…
ဒီ မျက်နှာသစ်လေးကတော့….
အသားရေပေါ်ညင်သာတော့…
အဆင်ပြေပြေ စိတ်ချချနဲ့ သုံးနိုင်ပါလိမ့်မယ်…
၃ - အဆီထိန်းပေးတယ်…
အသားရေကို မထိခိုက်စေဘဲနဲ့…
အဆီပိုတွေ ဖယ်ရှားပေးတော့…
အဆီပြန်သမားတွေအတွက်…
အဆီထိန်းပေးတဲ့…အာနိသင်လည်းရမှာပါ…
၄ - ရောင်ရမ်းဆန့်ကျင် အာနိသင်ရှိတယ်…
Tea Tree နဲ့ တခြား Soothing ဖြစ်စေတဲ့အရာတွေပါတော့…
နီမြန်းရောင်ရမ်းနေတာတွေကိုလည်…သက်သာစေပါတယ်…
အထူးသဖြင့် ဝက်ခြံတွေနဲ့ နီရဲ ရောင်ရမ်းနေတာတွေပေါ့…
အရောင်နည်းတယ်ဆိုပြီး…
စာမေးပွဲနီးတိုင်း…ဟိုရောင်ရောင် ဒီရောင်ရောင်…မဖြစ်အောင်…
မမြိုချလိုက်နဲ့ပေါ့လေ…ဟုန်…
၅ - Sensitive Skin တွေ စမ်းကြည့်လို့ ရနိုင်တယ်…
တချို့သူတွေကျတော့…တကယ့်ဇာတာတွေ…
ဝက်ခြံကလည်း ထွက်သေးတယ်…
အရေပြားကလည်း စမ်းစမ်းတင့်သေးတယ်…
အဲ့ဒါ့ကျ ဝက်ခြံအတွက် ပြင်းတာတွေသုံးလိုက်ရင်…
ဝဲစွဲသလိုယားပြန်��ြီပေါ့လေ…
တကယ်လို့ ဝက်ခြံထွက်တဲ့…Sensitive Skin သမားတွေ…
ဘောကြီးမယ်…သတ္တိရှိမယ်..ဆိုရင်…
ဒီမျက်နှာသစ်လေး စမ်းကြည့်လို့ရပါတယ်…
တည့်မယ်လို့တော့ အာမခံလို့မရဘူး…
ဒါပေမယ့်…တည့်နိုင်ခြေတော့..များမယ်ပေါ့လေ…
တည့်ရင်တော့…ဝက်ခြံပါ အဆစ်သက်သာမှာပေါ့..
*****အားနည်းချက်များ****
၁ - အသားခြောက်သွေ့တတ်ပါတယ်…
တခြား Salicylic Acid ပါတဲ့…မျက်နှာသစ်ဆေးတွေလောက်…
မခြောက်သွေ့စေပေမယ့်…
အသားတော့ အနည်းနဲ့အများ ခြောက်သွေ့တတ်ပါတယ်…
အဲ့တော့…မျက်နှာသစ်ပြီးရင်…
မွိုင်ချာဇာလေးသုံးပေးဖို့…အရေးကြီးတယ်ပေါ့လေ…
၂ - Sensitive Skin တွေ မတည့်နိုင်ခြေရှိတယ်…
အပေါ်မှာ ပြောခဲ့သလိုပဲ…
Salicylic Acid ပါတာတွေထဲမှာ…
ဒီမျက်နှာသစ်လေးက…Sensitive Skin တွေအတွက်…
ပြေနိုင်ခြေရှိပေမယ့်…မပြေနိုင်ခြေလည်း ရှိနေပါတယ်…
အဲ့တော့ တချို့ စမ်းစမ်းတင့်သမားတွေမှာ…
သုံးပြီး...ယားယံ…နီမြန်း…ရောင်ရမ်းလာတတ်ပါတယ်…
အဲ့တော့ သတိထားသုံးပါ…
၃ - ရေဓာတ်…အစိုဓာတ် ထိခိုက်တတ်တယ်…
ဝက်ခြံသမားတွေ သုံးတဲ့..စကင်ကဲတွေမှာ…
ဆိုးကျိုးက ရေဓာတ်…အစိုဓာတ်…ထိခိုက်တတ်တာပါပဲ…
ဒီမျက်နှာသစ်လေးက တခြားဝက်ခြံပစ္စည်းတွေထက်…
အဖြစ်နည်းတယ်ဆိုပေမယ့်…
အနည်းနဲ့အများတော့ရှိနေမှာပါပဲ…
လောက နိယာမအရ ဒါလိုချင်ရင်…ဟိုဟာပြန်ပေးရတယ်ဆိုတဲ့…
သဘောပါပဲလေ…
၄ - ဝက်ခြံခဏကန်ထွက်တတ်တယ်…
Exfoliation အာနိသင်ရှိတော့…
တချို့သူတွေမှာ စစသုံးချင်း…ဝက်ခြံတွေ…
ရုတ်တရက်များလာတာမျိုး…
ကြုံတွေ့ရတတ်ပါတယ်…
ဆက်သုံးသွားလိုက်ရင်..သက်သာသွားမယ်ပေါ့လေ….
အတိုချုပ်ရရင်တော့…COSRX မျက်နှာသစ်လေးက…
ဝက်ခြံတွေသက်သာ…
အသားရေလည်းကြည်လင်စေလို့…
လင်ကြည်ဖို့ရာ…လင်ကိုဝယ်ခိုင်းသင့်တဲ့…
မျက်နှာသစ်လေးဖြစ်တယ်ဆိုတာပါပဲ…
*****Simple Refreshing Facial Wash****
Sensitive Skin သမားတွေ သုံးလို့ရတဲ့…
မျက်နှာသစ်တွေက ရှားပါတယ်…
ဒါပေမယ့် ဒီ UK Brand ဖြစ်တဲ့…
Simple မျက်နှာသစ်လေးနဲ့တော့…
အဆင်ပြေကြတာများပါတယ်…
Dry Skin သမားတွေနဲ့လည်း..အဆင်ပြေပါလိမ့်မယ်…
****အားသာချက်များ****
၁ - အသားရေပေါ် ညင်သာတယ်…
အရမ်းကြမ်းတမ်းတာတွေ မပါတော့…
အသားရေအတွက်လည်း အဆင်ပြေပါတယ်…
အဲ့တော့…စမ်းစမ်းတင့်သမားတွေ…
သုံးလို့ရမယ်ပေ့ါလေ…
၂ - အသားရေကို အားဖြည့်ပေးမယ်…
Pro-vitamin B5 တွေ Vitamin E တွေပါတော့…
အသားရေကိုလည်း အားဖြည့်ပေးလို့…
ပိုပြီးကျန်းမာစေပါတယ်…
၃ - ချွေးပေါက်မပိတ်ဘူး…
စမ်းစမ်းတင့်သမားတွေ…Dry Skin သမားတွေအတွက်…
စကင်ကဲတွေက…ချွေးပေါက်ပိတ်…ဝက်ခြံထွက်တာမျိုးတွေ…
ရှိတတ်ပေမယ့်…ဒါလေးကတော့…
အဲ့လိုဖြစ်တာနည်းပါတယ်…
အဲ့ဒါကြောင့် စမ်းစမ်းတင့် ဝက်ခြံသမားတွေ…
သုံးလို့ အဆင်ပြေနိင်မယ့် အရာလေးပေါ့လေ…
၄ - ဈေးသက်သာတယ်…
UK တံဆိပ်ဖြစ်ပေမယ်.့..
ဈေးတန်းက သိပ်ဈေးမကြီးတော့…
စိတ်ချရတဲ့ Brand တစ်ခုကို…
တတ်နိုင်မယ့် ဈေးတစ်ခုနဲ့ရမယ်ပေါ့လေ…
၅ - ရှာဝယ်ရလွယ်တယ်…
ရှာဝယ်ရလွယ်တဲ့…မျက်နှာသစ်လေးတစ်ခုပါပဲ…
၆ - Cruelty-free ဖြစ်တယ်…
ပိမင်တို့…လူသားတွေ ဘေးကင်းဖို့ရာ…
စကင်ကဲ Company တွေက…တိလေးတွေနဲ့…
စမ်းသပ်တတ်ကြပါတယ်…
ဒီ စကင်ကဲလေးက အဲ့လိုစမ်းသပ်ထားခြင်းမရှိဘဲ…
တခြားနည်းတွေနဲ့ ဘေးကင်းဖို့ကြိုးစားပေးထားတာပါ…
တိချစ်သူလေးတွေအတွက်လည်း အားပေးရမယ့်..စကင်ကဲလေးပေါ့လေ…
****အားနည်းချက်များ****
၁ - မျက်နှာသစ်တာပဲရမယ်…
အခြေခံမျက်နှာသစ်ဆေး ဖြစ်တာအလျောက်…
မျက်နှာသစ်တာလောက်ပဲ..တတ်နိုင်ပြီး…
တခြားထူးထူးခြားခြား မတတ်နိုင်ပါဘူး…
၂ - တချို့လူတွေက Cleansing မလုံလောက်ဘူး…
ဘယ်လို…လူတွေလည်း…ဂျေးထူတဲ့သူလားဆိုတော့…
မဟုတ်ပါဘူး…
အဆီပြန်သမားတွေလို…Deep Cleansing လိုနိုင်တဲ့သူတွေမှာ
Simple မျက်နှာသစ်လေးကတော့…
အဲ့ဒါမျိုးပေးစွမ်းနိုင်မှာမဟုတ်ပါဘူး…
၃ - အနံ့မပါဘူး…
ပိမင်အပါအဝင် တချို့ကတော့…
စကင်ကဲတွေကို…အနံ့နည်းလေ ကြိုက်လေဆိုပေမယ်…
တချို့ကျတော့…လင်နမ်းဖို့ စကင်ကဲတာဆိုတော့…
မွှေးနေမှ ကြိုက်ကြပါတယ်…
သူတို့တွေကတော့…အနံ့မပါတဲ့…
ဒီမျက်နှာသစ်လေးကို ကြိုက်မှာမဟုတ်ပါဘူး..
၄ - ထုပ်ပိုးပုံ…
နှစ်တွေပြောင်း…ဘူ Design တွေပြောင်းသွားလည်း…
သူ့ ထုပ်ပိုးပုံ အားနည်းချက်ကြီးကတော့…
ကျန်နေတုန်းပါပဲ…
ဘာလဲဆိုတော့….ဘူးက ပါကင်မပိတ်ထားတော့…
ဖိလိုက်ရင်…ဗျစ်ဆိုပြီး ပွင့်သွားတာပါ…
အဲ့ဒါကြောင့်…Delivery ပို့တဲ့အခါမှာကော…
ခရီးဆောင် ယူသွားတဲ့အခါမှာကောပါ…
ပွင့်ပွင့်ထွက်လို့ အဆင်မပြေဖြစ်ရပါတယ်…
အတိုချုပ်ရရင်…
Simple မျက်နှာသစ်လေးတွေက…
ကိုကြီးတွေလိုပဲ…အေးဆေး..ညင်သာပါတယ်…
ဒါပေမယ့်လည်း ဘာမှသိပ်မဘာတော့…ပျင်းဖို့ကောင်းတာပေါ့လေ…
တစ်ခါတစ်လေ…ပွင့်ပွင့်ထွက်သွားမှာလည်း..
စိုးရိမ်ရသေးတာပေ့ါ…
အခုတော့…ဒီလောက်ပါပဲ…
ဟုန်…ပိပါပိ…ကျေးဇု…
#health and beauty#cosmetics#dermatology#skin care#libra aesthetic science#oily skin#dry skin#acne prone skin#COSRX Salicylic Acid Daily Gentle Cleanser#Simple Refreshing Facial Wash
1 note
·
View note
Text
အဆီစုပ်ထုတ်ခြင်းရဲ့
အန္တရယ်များ

ပိမင်…ဒီနေ့ရေးပေးမယ့်…
အကြောင်းအရာလေးကတော့…
အဆီစုပ်ထုတ်တယ်ဆိုတဲ့…Liposuction အကြောင်းလေးပါပဲ…
Liposuction ဆိုတာ…ဘာလဲ????
လိုက်ပိုဆက်ရှင် ဆိုတာ အဆီစုပ်ထုတ်တယ်လို့ခေါ်ပါတယ်…
ခန္ဓာကိုယ်ရဲ့ အဆီဖယ်ရှားချင်တဲ့နေရာကနေ…
အဆီတွေကို စုပ်ထုတ်ဖယ်ရှားပေးတာပါ…
ကျန်းမာရေးအတွက်ဆိုတာထက်…
အလှအပအတွက်လို့ပဲ ပြောချင်ပါတယ်…
ပိမင်က… Liposuction ရဲ့တခြားအကြောင်းတွေကို…
သိပ်ရှင်းပြမှာမဟုတ်ပဲ…
သူ့ရဲ့အန္တရယ်လေးတွေကို အဓိက ပြောသွားမှာပါ….
ဘာလို့လည်းဆိုတော့…လေ့ကျင့်ခန်းလုပ်စရာမလို…
အစားလျော့စရာမလိုပဲ…လိုချင်တဲ့နေရာကို…
အဆီကျ လှပစေမယ်ဆိုတဲ့…သကာရည်ကြီးပဲပေါ့လေ…
ဒါပေမယ့်…သကာရည်လောင်းထားတဲ့…
အောက်က…ဓါးသွားလေးကို…ပိမင်ပြောပြသွားပါ့မယ်…
ဆိုးကျိုးနဲ့ အန္တရယ်တွေကို…၅ပိုင်းခွဲပြောပါ့မယ်…
၁ - ဆေးပညာပိုင်းဆိုင်ရာ ဆိုးကျိုးများ
၂ - အလှအပပိုင်းဆိုင်ရာ ဆိုးကျိုးများ
၃ - Liposuction မှာ အထူးဖြစ်တတ်တဲ့ ဆိုးကျိုးများ
၄ - ခွဲစိတ်မှုပိုင်းဆိုင်ရာ ဆိုးကျိုးများ
၅ - ခွဲစိတ်ပြီးနောက်ပိုင်း ဆိုးကျိုးများ…ဆိုပြီးတော့ပါ…
****ဆေးပညာပိုင်းဆိုင်ရာ ဆိုးကျိုးများ****
ပိုးဝင်ခြင်း ---- ပစ္စည်းမသန့်ရင် မသန့်သလို…ပိုးဝင်နိုင်ခြေများသွားပါမယ်…
သွေးခဲပိတ်ခြင်း ----- ခြေထောက်သွေးကြောပိတ်မယ်…သူကနေပြုတ်ထွက်မယ်…အဆုတ်သွေးကြောပိတ်မယ်…ရုတ်တရက် အသက်ဆုံးရှုံးသွားနိုင်မယ်ပေါ့လေ…ဒါက တော်တော်ကြောက်ရတဲ့ ဆိုးကျိုးတစ်ခုပါ…ဖြစ်လည်းဖြစ်နိုင်ပါတယ်…
ရေဓာတ်၊ ဆားဓာတ်မညီမျှမှု ---- Liposuction လုပ်နေစဉ်မှာ အရည်တချို့ကို…စုပ်ထုတ်တာ…ဒါမှမဟုတ်…ထိုးထည့်တာတွေလုပ်ရတာကြောင့်…သူတို့ကနေပြီး..ရေဓာတ်ခန်းခြောက်တာ…ရေဓာတ်များပြားလာတွေ…ဓာတ်ဆားမညီမျှမှုတွေ..ဖြစ်နိုင်ပါတယ်…
****အလှအပပိုင်းဆိုင်ရာ ဆိုးကျိုးများ****
အသားမညီတော့ခြင်း ---- သဘာဝအတိုင်းအဆီကျတာမဟုတ်သလို…သဘာဝမဟုတ်တဲ့ နှုန်းနဲ့ မြန်မြန်ကျသွားတာကြောင့် အပေါ်ကအရေပြားတွေ…ရှုန့်တွတာ…ဖောင်းတာ…ပိန်တာတွေ…ဖြစ်လာနိုင်ပါတယ်…
အမာရွတ်ပေါ်ခြင်း ---- အရေပြားကို ခွဲစိတ်ရာပေးပြီး..လုပ်ရတဲ့အရာဖြစ်တာကြောင့်…အရေပြားပေါ်မှာ အမာရွတ်ကျန်နိုင်ပြီး…အဲ့ဒီအမာရွတ်တွေဟာ…မပျောက်ပဲရှိနေတတ်ပါမယ်…ကီးလွိုက် အမာရွတ်ပေါ်တတ်သူတွေဆိုရင်…အမာရွတ်ကြီးကြီးတွေပါ…ပေါ်နိုင်ပါမယ်…
**** Liposuction မှာ အထူးဖြစ်တတ်တဲ့ ဆိုးကျိုးများ****
အဆီခဲဖြင့် သွေးကြောပိတ်ခြင်း ---- ဒါကို Fat Embolism လို့ခေါ်ပြီး…အဆီစုပ်ထုတ်ချိန်မှာ…ပြုတ်ထွက်လာတဲ့…အဆီခဲက…သွေးကြောထဲ…ဝင်ရောက်ပိတ်စ��ု့ခြင်းပါပဲ…ရုတ်တရက် အသက်ဆုံးရှုံးသည်အထိ…အန္တရယ်ရှိနိုင်ပါတယ်… Liposuction မှာ အဓိက ကြောက်ရတဲ့ အရာတစ်ခုပါ…
အရေပြားလောင်ခြင်း ---- Liposuction အတွက်သုံးတဲ့…လေဆာတို့…အသံလှိုင်းတို့…တုန်ခါမှုတို့ကြောင့်….အရေပြားလောင်သွားတတ်ပါတယ်…
****ခွဲစိတ်မှုနဲ့ ဆိုင်တဲ့ ဆိုးကျိုးများ****
အတွင်းကလီစာထိခိုက်ခြင်း ---- ပြုလုပ်သူ မကျွမ်းကျင်မှုနဲ့ အများကြီးဆိုင်ပါတယ်…အထူးသဖြင့် ဝမ်းဗိုက်ပိုင်းက အဆီထုတ်တဲ့အခါ…ဝမ်းဗိုက်ထဲက ကလီစာတွေကို ချော်ထိုးမိတာတွေ ရှိနိုင်ပါတယ်…ထိမိရင် နောက်ဆက်တွဲအကျိုးဆက်တွေ ကြီးသွားနိင်ပါတယ်…
မေ့ဆေး၊ထုံဆေးတို့ရဲ့အန္တရယ်များ ---- မေ့ဆေး၊ ထုံဆေးတို့ဟာ…အန္တရယ်အသီးသီးရှိကြပါတယ်…ဥပမာ…မေ့ဆေးပေးပြီး ပြန်မနိုးတာနဲ့…ထုံဆေးသွေးကြောထဲဝင်ရောက်ရင်…နှလုံးဖောက်တာမျိုးတွေပါ…ခွဲစိတ်မှုတိုင်းမှာ…မေ့ဆေးထုံဆေးလိုပါတယ်… Liposuction ကလည်း ချွင်းချက်မဟုတ်ပါဘူး…
သွေးခြေဥခြင်း၊ သွေးထွက်လွန်ခြင်း ---- သွေးထွက်တဲ့ လုပ်ငန်းစဉ်တစ်ခုပဲဖြစ်တာကြောင့်…အခန့်မသင့်ရင်…လုပ်တဲ့နေရာကနေ…သွေးခြေဥတာ…သွေးထွက်လွန်တာအထိ ဖြစ်တတ်ပါတယ်…အထူးကြောက်ရတာကတော့…မွေးရာပါ…သွေးမတိတ်ရောဂါတွေ…သွေးလွန်တုတ်ကွေးဖြစ်နေတဲ့သူတွေနဲ့…သွေးကြဲဆေး ထိုးနေသူတွေ…သောက်နေသူတွေပါ…
****ခွဲစိတ်ပြီး နောက်ပိုင်းဆိုးကျိုးများ****
ပိုးဝင်ခြင်း ---- Liposuction လုပ်ပြီး အချိန်တစ်ခုကြာတဲ့အခါမှာ ပိုးဝင်လာတာဖြစ်နိုင်ပါတယ်…လုပ်ပြီး…အချိန်တစ်ခုကြာမှ ဖြစ်တဲ့အတွက်ကြောင့်…ဆေးခန်းက တာဝန်ယူဖို့ ငြင်းဆန်လို့ ကောင်းတဲ့အရာတစ်ခုလည်း ဖြစ်နေတတ်ပါတယ်…ကိုယ့်မသန့်လို့ပါဆိုပြီးလည်း…အပြစ်တင်လို့ရနေတာကိုး…
အနာမကျက်ခြင်း ---- အနာကျက်နှေးတာ…အနာပြန်ပွင့်တာမျိုးရှိနိုင်ပါတယ်…အဲ့ဒါမျိုးက…ပိုးဝင်တာနဲ့ တွဲနေတတ်ပါတယ်…အဲ့လိုမျိုးဖြစ်ရင်…အမာရွတ်ကျန်ဖို့များနေပါပြီး…
ထုံကျင်ခြင်း ---- Liposuction လုပ်နေတဲ့နေရာမှာ အာရုံကြောသွားထိမိရင်…ထုံကျင်တာမျိုးဖြစ်နိုင်ပါတယ်…အာရုံကြော ပျက်စီးသွားရင်တော့…ထုံကျင်တာဟာ…အမြဲဖြစ်သွားနိုင်ပါလိမ့်မယ်…
နာကျင်ခြင်း၊ ရောင်ရမ်းခြင်း ---- ဒါကတော့ ခွဲစိတ်မှုအပြီးတွေမှာ တွေ့ရတတ်တော့…ပုံမှန်ပါပဲ…ဒါပေမယ့်…တချို့သူတွေမှာတော့…သာမန်ထက် ပိုကြာသွားတာမျိုးတွေတော့…ရှိတတ်ပါမယ်…
အဲ့ဒီ အန္တရယ်ကို ဘယ်လိုလျော့ချရမလဲ???
အဆင့် ၃ ဆင့်လိုပါတယ်…
၁ - Liposuction လုပ်တာထက် သဘာဝနည်းနဲ့ အဆီချဖို့ ကြိုးစားပါ…
၂ - Liposuction လုပ်မယ်ဆိုရင်လည်း ဆရာဝန်စစ်စစ်နဲ့လုပ်ပါ…
၃ - တွေ့ကရာဆရာဝန်နဲ့ မလုပ်ပါနဲ့… Liposuction နဲ့ ပတ်သက်ပြီး…Training နဲ့ Certificate ရှိတဲ့ဆရာဝန်နဲ့လုပ်ပါ…ဆေးခန်းကလည်း သေချာစိတ်ချရတဲ့…ဆေးခန်းဖြစ်ပါစေ…
လူုတစ်ယောက်ကို…ခွဲစိတ်မှုတစ်ခုနဲ့ပတ်သက်ပြီး…
သင့်တင့်လျောက်ပတ်တဲ့ သတင်းအချက်အလက်ပေးပြီးမယ်…
အဲ့ဒီလူကလည်း စိတ်ပေါ့သွတ်ခြင်းမရှိဘူး…
ကိုယ်ပိုင်ဆုံးဖြတ်နိုင်မယ့် အရွယ်တစ်ခုကိုလည်း ရောက်နေမယ်ဆိုရင်…
ဒီခွဲစိတ်မှုတစ်ခုကို လုပ်ခြင်း…မလုပ်ခြင်းဟာ…ကာယကံရှင်နဲ့ပဲဆိုင်ပါတယ်…
အဲ့တော့ Liposuction ကို မလုပ်ပါနဲ့…လုပ်ပါလို့…မပြောလိုပါဘူး…
တချို့သူတွေအတွက်…လှပဖို့က အရာအားလုံးထက် တန်ဖိုးကြီးနေပါတယ်…
အဲ့တော့…ဆိုးကျိုး..ကောင်းကျိုး…ချိန်တတ်မယ်…လက်ခံတတ်မယ်…
အန္တရယ်တွေသိမယ်ဆိုရင်လုပ်ပါ…
ဒါပေမယ့် Unnecessary Risk တစ်ခု ယူတော့မယ်ဆိုတိုင်းမှာ…
ကိုယ်ချစ်ရသူ…ကိုယ့်ကိုချစ်တဲ့သူတွေကို ပြန်ကြည့်ပါလို့ပြောချင်ပါတယ်…
ဒါပေမယ့်လည်း…သီချင်းတစ်ပုဒ်လိုပေါ့…
လူဆိုတာ…အမြဲ…ယုံကြည်ရာတစ်ခုအတွက်…ပေါ့လေ…
ကဲ….
အခုတော့…ဒီမှာပဲ နားအုန်းမယ်နော်…
ဟုန်…ပိပါပိ…ကျေးဇု…
#PhyoWaiYan
#LibraAestheticScience
#ChantaraCosmeticShop
#Liposuction
~ကူးချသူfinနူ~
0 notes
Text
AXIS-Y Vs Ordinary
Niacinamide Serum

ပိမင်…ဒီနေ့…ရေးပေးမယ့်….
အကြောင်းအရာလေးကတော့…
Niacinamide Serum နှစ်မျိုး အကြောင်းလေးပဲဖြစ်ပါတယ်…
Axis Y Serum ကော…Ordinary Serum ကော….
နှစ်မျိုး��ုံးဟာ…Niacinamide Serum ဖြစ်ကြပေမယ့်…
အာနိသင်နဲ့…သုံးစွဲရတဲ့…ရည်ရွယ်ချက်ချင်း…
မတူညီ…ကွဲပြားကြပါတယ်…
အဲ့ဒီအကြောင်းလေးကို…ပိမင်..ပြောပြပါ့မယ်…
ကဲ…စလိုက်ရအောင်…
****AXIS-Y Dark Spot Correcting Glow Serum****
AXIS-Y ဆိုတာကတော့…ကိုးရီးယား…စကင်ကဲဗျန်းလေးတစ်ခုပါပဲ…
ဒီ AXIS-Y Serum လေးကိုတော့…
အမဲစက်တွေသက်သာဖို့ရယ်…အရေပြား Glow ဖို့ရယ်သုံးပါတယ်…
ပိမင်ကတော့…နာမည်ပြောင်…အေးချစ်ပိုင် Serum လို့ခေါ်တယ်ပေါ့လေ…
****အားသာချက်များ****
၁ - မပြစ်ဘူး…မထူဘူး…
Gel လို Serum လေးဖြစ်တာကြောင့်…
လိမ်းရတာ…အဆီလည်းမပြန်သလို…
စုပ်ယူမှုလည်းကောင်းပါတယ်…
အေးချစ်ပိုင်..လိမ်းပြီးရင်လည်း…
အပေါ်က မွိုင်ချာဇာတို့…စမ်းခွင်တို့…ထပ်လိမ်းဖို့လည်း…
အဆင်ပြေပါတယ်…
၂ - ရေဓာတ်ထိန်းပေးမယ်….အေးမြစေမယ်…
Squalene တို့…Calendula တို့…ပါတဲ့အတွက်ကြောင့်…
ရေဓာတ်…အစိုဓာတ်လည်း…ထိန်းပေးနိုင်သလို…
အရေပြားကို…နီတာ..ယားတာတွေသက်သာစေနိုင်ပြီး..
အေးပြစေပါလိမ့်မယ်…
၃ - 5% Niacinamide ပါမယ်…
အေးချစ်ပိုင်…Serum လေးရဲ့အသက်ပေ့ါလေ…
Niacinamide ပါတဲ့…အတွက်ကြောင့်…
အသားရေ တောက်ပစေမယ်…
အသားမညီတာတွေ သက်သာစေမယ့်…
အမဲစက်တွေ သက်သာစေမယ်ပေါ့လေ…
၄ - ပူတာ…နီတာ..ယားတာ…အဖြစ်နည်းမယ်…
Serum တွေဟာ…စကင်ကဲ အပြင်းစားတွေ…ဖြစ်ကြတာကြောင့်…
လိမ်းလိုက်ရင်…အသားမကျတဲ့အခါ…
နီတာ..ပူတာ..ယားတာမျိုးတွေ…ဖြစ်လေ့ရှိတတ်ကြပါတယ်…
ဒီ…အေးချစ်ပိုင်…Serum လေးကတော့…
အဖြစ်နည်းတယ်…ပြောကြပါတယ်…
****အားနည်းချက်များ*****
၁ - အာနိသင်ပြတာနှေးတယ်…
ဘေးကင်း…စကင်ကဲဖြစ်တာအလျောက်…
အာနိသင်လည်း အပြနှေးပါတယ်..
ပြီးတော့…အမဲစက်…အသားမညီတာတွေရဲ့…
သဘာဝအလျောက်လည်း…ပျောက်တာအချိန်ယူရတာကြောင့်…
အများစုက…မထိရောက်ဘူး…ထင်တတ်ကြပါတယ်…
အမှန်ကတော့…အာနိသင်ပြတာနှေးပေးမယ့်….
ပိုက်ဆံစုဘူး…စုသလိုပဲ…ကြာကြာသုံးလေ…
အာနိသင်သေးသေးလေးတွေ စုသွားလေ…
ပိုကောင်းလာလေ…ဆိုတဲ့…သဘောဆောင်ပါတယ်…
၂ - အမဲကွက်…ဆိုးဆိုးရွားတွေအတွက်…မထိရောက်နိုင်ဘူး…
အမဲကွက် ကြီးကြီးတွေကတော့…
အေးချစ်ပိုင် Serum မှမဟုတ်ပါဘူး…
ဘယ် Serum နဲ့မှ မရနိုင်တာပါ…
သူတို့တွေက…လေဆာပစ်တာ…နဲ့…
အခြား ဆေးခန်းတွေမှာ လုပ်ရတဲ့…
Treatment တွေလောက်မှပဲရမှာပါ…
၃ - Serum ကပျော့လွန်းတယ်…
ဘေးကင်းအောင်နဲ့…
မသုံးတတ်သူတွေ…ဥပါဒ်မဖြစ်အောင်…
ထုတ်ထားတာကြောင့်…
တချို့သူတွေအတွက်…Serum က ပျော့လွန်းသလိုဖြစ်ပြီး…
အာနိသင် အားမရတာမျိုးဖြစ်တတ်ပါတယ်…
အတိုချုပ်ရရင်…
အေးချစ်ပိုင် Serum က…စိတ်မရှည်တတ်တဲ့သူတွေအတွက်…
အဆင်မပြေပါဘူး…
ပိမင်လို…စိတ်ရှည်တတ်သူတွေအတွက်ပဲ…အဆင်ပြေပါတယ်…
ကြာကြာစိတ်ရှည်ရှည်သုံးလေ…
အကျိုးကျေးဇူးရလေဆိုတဲ့…အေးချစ်ပိုင် Serum လေးပေါ့လေ…
****The Ordinary Niacinamide 10% + Zinc 1% Serum****
The Ordinary ကတော့…ကနေဒါ…Brand လေးပါ…
Ordinary Niacinamide Serum ကိုတော့…
ဝက်ခြံ…အဆီဖု…အမဲစက်…အသားမညီတာနဲ့…
မျက်နှာအဆီထိန်းချင်တဲ့အခါ…တွေမှာ…သုံးနိုင်ပါတယ်…
****ကောင်းကျိုးများ****
၁ - အဆီထိန်းပေးတယ်….
သူ့မှာပါတဲ့….Niacinamide 10% နဲ့ Zinc 1% က…
မျက်နှာအဆီပြန်တာ…နည်းစေတာကြောင့်…
အဆီပြန်သမားတွေအတွက်…သင့်တော်ပါလိမ့်မယ်…
၂ - ချွေးပေါက်ကျဉ်းတာတွေ…သက်သာစေမယ်…
အသားရေလျော့တွဲကျတာကိုလည်း…အတိုင်းအတာတစ်ခုထိ…
သက်သာစေနိုင်တာကနေပြီး…
ချွေးပေါက်ကျယ်တဲ့…ပုံစံတွေကိုလည်း သက်သာစေပါလိမ့်မယ်…
၃ - ဝက်ခြံတွေသက်သာစေမယ်…
Niacinamide က ဝက်ခြံကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုတွေကို သက်သာစေမယ်….
Zinc PCA က အဆီပြန်တာတွေကိုထိန်းပြီး…ဘက်တီးရီးယားဆန့်ကျင်တဲ့…
ဂုဏ်သတ္တိလည်းရှိတာကြောင့်…
လက်ရှိဝက်ခြံတွေလည်း သက်သာစေသလို…
စွဲသုံးရင်…နောက်ထပ်ဖြစ်လာမယ့်…ဝက်ခြံတွေကိုပါ…
ကာကွယ်ပေးနိုင်ပါလိမ့်မယ်…
၄ - အသားရေတောက်ပစေတယ်…အမဲစက်နည်းစေမယ်…
Niacinamide ကအမဲစက်တွေနည်းစေသလို…
အသားရေတောက်ပစေနိုင်မယ်…
အသားမညီတာတွေ…သက်သာစေနိုင်မယ်ပေါ့လေ…
၅ - Skin Barrier အားဖြည့်ပေးတယ်…
Niacinamide က…Skin Barrier ကိုလည်း…
အားပြန်ကောင်းစေတာကြောင့်…
အရေပြားကျန်းမာရေးအတွက်လည်း…အထောက်အကူပြုမှာပါ…
*****အားနည်းချက်များ*****
၁ - Serum က အားပြင်းတယ်…
အားပြင်းတဲ့ Serum တစ်ခုဖြစ်တာကြောင့်…
အပေါ်မှာ ပြောခဲ့တဲ့ အေးချစ်ပိုင် Serum ထက်…
အာနိသင်ပြတာ…ပိုမြန်ပေမယ့်…
နီတာ..ပူတာ…ယားတာတွေလည်း…ဖြစ်နိုင်ခြေပိုများသွားပါတယ်…
တစ်ချို့သူတွေ စစလိမ်းချင်း…စပ်ဖျင်းဖျင်းဖြစ်တယ်ဆိုတဲ့…
Feedback လည်း ပြန်ရထားပါတယ်…
၂ - ဝက်ခြံကန်ထွက်တတ်တယ်…
အားပြင်းတဲ့ စကင်ကဲဖြစ်တာအလျောက်…
စစသုံးချင်းမှာ…
ဝက်ခြံခဏကန်ထွက်တာမျိုးတွေ…ရှိနိုင်ပါမယ်…
၃ - အသားခြောက်သွေ့တတ်တယ်…
အဆီထိန်းဓာတ်ပါတာကြောင့်…
နဂို အရေပြားအဆီနည်းတဲ့သူတွေ လိမ်းမိရင်…
အသားရေခြောက်သွေ့သွားတတ်ပါတယ်…
၄ - တွဲမသုံးသင့်တဲ့…စကင်ကဲတွေရှိတယ်…
ဥပမာ…Vitamin C ပါတာတွေပါ…
တွဲသုံးမိရင်…နီတာ..ပူတာ..ယားတာ…ပိုဆိုးနိုင်သလို…
အာနိသင်ကျတာမျိုးတွေလည်း ရှိနိုင်ပါလိမ့်မယ်…
၅ - လက်လွန်ရင် ကြက်သွန်ဖြစ်တတ်တယ်…
အပ���င်းစား Serum မလို့…
တန်ဆေးလွန်ဘေးဖြစ်နိုင်ခြေများပါတယ်…
အလွန်အကျွန်သုံးမိရင်…
Skin Barrier ပျက်တာ…
အရေပြား Sensitive ဖြစ်သွားတာတွေအထိ ရှိနိုင်ပါမယ်…
၆ - ဆင်ဝက်ခြံတွေအတွက်တော့ မရဘူး…
ဝက်ခြံသက်သာလို့…ဝက်ခြံမျိုးစုံအတွက်…သုံးနိုင်ပေမယ့်…
အရမ်းဆိုးတဲ့…ဝက်ခြံ..
ပိုးဝင်ရောင်ရမ်း…ဝက်ခြံ…
ဆင်ဝက်ခြံတွေအတွက်တော့…မသင့်တော်ပါဘူး…
၇ - အဖြူဖတ်ထတတ်တယ်…အမြှုပ်ထတတ်တယ်…
Serum က နည်းနည်းပြစ်တဲ့ဘက်သွားတတ်တာကတစ်ကြောင်း…
Zinc ပါတာက တစ်ကြောင်း…ကြောင့်…
လိမ်းပြီးရင်…ကပ်စီးစီးဖြစ်တာ…
အဖြူလိပ်တွေ ထတာတွေ…ရှိနိုင်ပါလိမ့်မယ်….
အတိုချုပ်ပြောရရင်တော့…
Ordinary Serum လေးက…
အဆီပြန်ဝက်ခြံသမားတွေအတွက်…
တကယ်ကောင်းတဲ့ Serum လေးပါ…
ဒါပေမယ့်လည်း…ဆိုးကျိုးတချို့တော့ရှိနိုင်တော့…
ပညာလေးနဲ့ သုံးပေးရင်…အဆင်ပြေသွားမယ်လို့ပြောချင်ပါတယ်…
တကယ်ကို ထိရောက်တဲ့ Serum လေးပါ…
ပိမင်ကို ဝက်ခြံအရှင်းပျောက်စေတဲ့…
ကျေးဇူးရှင်ဆိုလည်း ဟုတ်ပါတယ်…
ဟုန်…ပိပါပိ…ကျေးဇု…
#health and beauty#cosmetics#dermatology#skin care#serum#niacinamide#libra aesthetic science#ordinary niacinamide serum#axis-y dark spot correcting glow serum
0 notes
Text
Glass Skin ဆိုတာ
ဘာလဲ

ပိမင်…ဒီနေ့ရေးပေးမယ့်…
အကြောင်းအရာလေးကတော့…
Glass Skin ဖြစ်ဖို့ လမ်းစလေး..ပေါ့လေ…
Glass Skin ဆိုတာ ဘာလဲ???
Glass Skin ဆိုတဲ့…အယူအဆဟာ…
ကိုရီးယား…စကင်ကဲလောက..ကနေ..စတင်လာပြီး…
အာရှမှာ…လူကြိုက်များလာတဲ့…အယူအဆလေးပေါ့လေ…
မီမာပီကသူ…တော်တော်များများကလည်း…
Glass Skin အရမ်းလိုချင်ကြတဲ့ထဲမှာ…ပါကြပါတယ်…
ကျန်တဲ့…အာရှကလူတွေနဲ့မတူတာက…
အကြွေတစ်ရာ…ငွေတစ်ရာနဲ့…Glass Skin လိုချင်ကြတာပေါ့လေ…
Glass Skin က အကြွေတစ်ရာ…ငွေတစ်ရာလောက်နဲ့…မရပါဘူး…
ပိုက်ဆံတော့…သုံးရင်သုံးသလောက်…ကုန်မယ်ပေါ့…
Glass Skin ဆိုတာ ဖန်သားလို..ကြည်လင်နေတဲ့…စကင်...
တစ်နည်းအားဖြင့်…ဖန်စကင်…လို့ခေါ်ပါတယ်…
ပိမင်ကတော့…အတိုကောက်…ဖန်ကင်…လို့ခေါ်မယ်ပေါ့လေ…
ကိုယ့်အခြေအနေဟာ…ဖန်ကင်..ဘဝ..ရောက်နေပြီလို့…ဘယ်လိုသိနိုင်မလဲ???
ဖန်ကင်ဖြစ်ဖို့ရာ…အကြမ်းဖျင်းအချက်၃ချက်လိုပါတယ်…
၁ - စကင်ဟာ…ရေဓာတ်…အစိုဓာတ်…ပြည့်ဝနေပြီး…ဘလင်းဘလင်းနဲ့…ကြည်လင်တောက်ပ…မျောက်မဖြစ်နေမယ်..
၂ - အရေပြားက…ပြောင်ချောပြီး…အရေအကြောင်း…ချွေးပေါက်..ဝက်ခြံ…ဘာမှရှိမနေပဲ…ဂျက်ဘေ��ိုရဲ့…ဂတုံးလို…ပြောင်တောက်ချောမွတ်နေမယ်…
၃ - အနီစက်…အနီကွက်…အမဲစက်…အမဲကွက်…အဖြူကွက်..တွေရှိမနေပဲ…အရေပြားအရောင်ဟာ…တစ်ညီတည်းဖြစ်နေမယ်…ဒီနေရာမှာ…ညိုခြင်း…ဖြူခြင်း…အရေးမကြီးပါဘူးနော်…တစ်ညီတည်းဖြစ်နေဖို့ပါပဲ…
ဖန်ကင်ရဲ့…ဝိသေသတွေ…သိပြီဆိုတော့…
ဖန်ကင်ဖို့ရာ…ဘယ်လို…လမ်းစရှာကြမလဲ???
ဖန်ကင်ဖို့ရာ…စကင်ကဲရပါမယ်…
စကင်လောကထဲ ဝင်လိုက်ပြီဆိုတာနဲ့…
ဖန်ကင်တဲ့…ဘဝကို…ရောက်နိုင်သလို…
ဖန်ခင်ရတဲ့…ဘဝလည်း…ရောက်သွားနိုင်တာပေါ့လေ…
အခုတော့…ဖန်ကင်ဖို့…စကင်ကဲလမ်းစဉ်လေးတွေပဲ…
ပြောပြပါ့မယ်…
ဖန်ကင်ဖို့…စကင်ကဲတဲ့နေရာမှာ…
ဒီအပိုင်းလေးတွေက…မရှိမဖြစ်လိုနိုင်ပါတယ်…
၁ - Cleansing သေချာလုပ်ဖို့လိုတယ်…
ဂျေးဘလဗျစ်နဲ့…စကင်ဟာ…ဘယ်တော့မှ…
ဖန်ကင်မဖြစ်နိုင်ပါဘူး…
အဲ့တော့…မျက်နှာကို…သေချာ…Cleansing လုပ်ဖို့လိုပါတယ်…
Cleansing လုပ်ရာမှာ…နှစ်ဆင့်လုပ်သင့်တာပေါ့လေ…
Oil-based Cleanser တွေနဲ့ သန့်စင်ပြီးတော့မှ…
Water-based Cleanser နဲ့ သန့်စင်တဲ့…နည်းလမ်းလေးကတော့…
ဖန်ကင်ဖို့ရာ အကောင်းဆုံး…အထောက်အကူပြုမှာပါ…
အဲ့လို…Water နဲ့ Oil-based Cleanser နှစ်မျိုးသုံးတာကို…
Double Cleansing လို့…ခေါ်မယ်ပေါ့လေ…
Double Cleansing လုပ်ရင်…အညစ်အကြေးတွေပြောင်ပြီး…
နောက်လိမ်းမယ့်…စကင်ကဲတွေကို…အာနိသင်လည်း…ပိုကောင်းစေပါတယ်…
၂ - တိုနာသုံးမယ်…
တိုနာက…ဖန်ကင်ချင်တဲ့သူတွေအတွက်…မရှိမဖြစ်လိုတဲ့ထဲမှာပါပါတယ်…
မျက်နှာ pH ဓာတ်မညီမျှရင်…ဖန်ကင်ဖို့ခက်သလို…
စကင်ကဲတွေရဲ့ pH ဓာတ်မ��ီမျှစေတဲ့…ဆိုးကျိုးတွေကိုလည်း…ကာကွယ်ပေးနိုင်မှာမဟုတ်ပါဘူး…
အဲ့တော့…ဖန်ကင်ဖို့ရာ…တိုနာသုံးပါ….
တိုနာကို…ရေဓာတ်ဖြည့်ပေးတဲ့…အာနိသင်ပါတာလေးတွေသုံးရင် ပိုကောင်းပါတယ်…
ဥပမာ…Hyaluronic Acid ပါတာလေးတွေပါ…
၃ - Essence လေးတွေလည်း သုံးသင့်ပါတယ်…
Essence ကိုလည်း ထူလပြစ်ကြီးမဟုတ်ပဲ…
Light ဖြစ်တာလေးတွေသုံးပါ…
ရေဓာတ်ဖြည့်တာပါတဲ့…Essence လေးတွေဆို…ပိုကောင်းပါမယ်…
၄ - အစိုဓာတ်လည်း…ထိန်းဖို့လိုပါတယ်…
မျက်နှာကို ရေဓာတ်ဖြည့်ပြီးရင်…
အဲ့ဒီရေဓာတ်တွေ မဆုံးရှုံးသွားရအောင်…
အစိုဓာတ်ထိန်းပေးဖို့လိုပါတယ်…
အစိုဓာတ်ထိန်းပေးတာကတော့…အခြားသူမဟုတ်ပါဘူး…
မင်းသားကြီး…Moisturizer ပါပဲ…
အသားခြောက်သွေ့တတ်ရင်…Cream Type လေးတွေသုံးပါ…
ပုံမှန်အသားရေ…အဆီပြန်သမားတွေကတော့…Gel Type လေးတွေသုံးပေါ့လေ…
၅ - Sunscreen သုံးပါ…
ဒီလောက်…နေလောင်တဲ့…မီမာပီကြီးမှာ…
Sunscreen မသုံးရင်…
သင်္ဘောသား..မယား..လင်ငယ်နေသလိုပါပဲ…
ကိုယ်က စကင်ကဲလိုက်…
ခရမ်းလွန်ရောင်ခြည်က…နောက်ကဝင်တီးလိုက်နဲ့…
ဘာမှအဖတ်မတင်ပဲ…ရှိပါလိမ့်မယ်…
၆ - Mask တွေသုံးပါ…
ဖန်ကင်ဖို့ရာ…Mask နှစ်မျိုးအရေးကြီးပါတယ်…
Sheet Mask နဲ့ Sleeping Mask တွေပါ…
သူတို့တွေကတော့…
နေ့တိုင်းသုံးစရာမလိုပဲ…
တစ်ပတ် ၂ကြိမ်…၃ကြိမ်လောက်…သုံးပေးရင်…
လုံလောက်ပါပြီ…
ဖန်ကင်နိုင်ဖို့အတွက်…စကင်ကဲမှာ…ဘယ်လိုပါဝင်ပစ္စည်းတွေ ရှာဝယ်ရမလဲ???
ရေဓာတ်ဖြည့်နိုင်သမျှ..ဖြည့်ဖို့…Hyaluronic Acid
အသားရေတောက်ပဖို့…ချော့မွတ်ဖို့…Niacinamide
Skin Barrier အားဖြည့်ဖို့…Ceramide
အမဲစက်တွေနည်းဖို့…Vitamin C
အရေပြား…တောက်ပစေဖို့…Exfoliation…ဆိုတာတွေ…
ပါအောင်…ရှာဝယ်ဖို့လိုမယ်ပေါ့လေ…
ဖန်ကင်ဖို့က…မလွယ်ပါဘူး…
သေချာလေ့လာလိုက်စားပြီးမှ…
ဖန်ကင်မယ့်…လမ်းစဉ်ကိုရောက်နိုင်မှာပါ…
ဖန်ကင်တဲ့…ကိစ္စနဲ့ပတ်သက်ပြီး…
ရှည်သွားပြီဆိုတော့…
နောက်နေ့မှ ဖန်ကင်မယ့်…အကြောင်းလေးတွေ..ဆက်ရေးပေးပါ့မယ်…
အခုတော့…ဒီလောက်ပါပဲ…
ပိမင်ရေးထားတာလေးတွေဖတ်ပြီးသူတိုင်း…
အမြန်ဆုံး..ဖန်ကင်နိုင်ကြပါစေလို့…ဆုတောင်းပေးလိုက်ပါတယ်နော်…
ဟုန်…ပိပါပိ…ကျေးဇု…
#PhyoWaiYan
#LibraAestheticScience
#ChantaraCosmeticShop
#GlassSkin
~ကူးချသူfinနူ~
#health and beauty#cosmetics#dermatology#skin care#moisturizer#libra aesthetic science#sunscreen#oily skin#dry skin#glass skin
0 notes
Text
ခြိုးခြံချွေတာ
စကင်ကဲနည်းနာ

ပိမင်…ဒီနေ့ပြောပြပေးမယ့်…
အကြောင်းအရာလေးကတော့…
ခြိုးခြံချွေတာ…စကင်ကဲနည်းနာ…ပေါ့လေ…
ဒီကာလက…လူတိုင်းကြပ်တည်းနေတာဆိုတော့…
စကင်ကဲတွေလည်း…အများကြီးသုံးဖို့…
ခက်ခဲမှာပဲလေ….
စကင်ကဲတွေ…ဈေးကြီးလို့…ဘာမှမသုံးပြန်တော့လည်း…
စကင်ထိခိုက်ပြီး…ရေရှည်ကျ…အလှအပထိခိုက်ပြီး…
ပြန်ကုရတာနဲ့…ငွေပိုကုန်မှာပဲမလား….
အဲ့ဒါကြောင့်…ပိမင်က…ငွေလည်းအသက်သာဆုံးဖြစ်အောင်….
စကင်လည်း…အကောင်းဆုံးကဲနိုင်အောင်…
ခြိုးခြံချွေတာ…စကင်ကဲနည်းနာ..လေးတွေကို…
မျှဝေလိုက်ပါတယ်…
ကဲ…စလိုက်ရအောင်…
****နေ့ဘက် စကင်ကဲနည်း****
ခြိုးခြံချွေတာမယ်ဆိုတော့…မလိုတာတွေဖြုတ်…
လိုအပ်တာတွေပဲ…သုံးပေါ့လေ…
အဆင့်အနည်းဆုံး…ဖြစ်ရမယ်ပေါ့…
အဆင့်၁ - မျက်နှာသစ်မယ်…
မျက်နှာသစ်ဆေးအနေနဲ့…
Simple…TonyMoly…Cosrx…အစရှိတဲ့…
ကလင်စာတွေသုံးပေးလို့ရပါတယ်…
အဆင့်၂ - Moisturizer လိမ်းမယ်…
Dr G…Simple…Graymelin…စတာလေးတွေကို…
သုံးပေးလို့ရပါတယ်…
အဆင့်၃ - Sunscreen လိမ်းမယ်…
Biore…Dr G…အစရှိတာလေးတွေ…
သုံးလို့ရမယ်ပေါ့လေ…
*****ညဘက်..စကင်ကဲနည်း*****
မှတ်ရလွယ်အောင်…
နေ့ဘက်လည်း၃ဆင့်…ညဘက်လည်း ၃ဆင့်ပါပဲ…
အဆင့် ၁ - Oil-based Cleanser သုံးမယ့်…
JM Solution…Simple…တွေထဲက…
Cleansing Water…Miceller Water…တွေ…
သုံးလို့ရပါတယ်…Cotton Pad နဲ့ တွဲသုံးပါ….
အဆင့် ၂ - မျက်နှာသစ်မယ်…
နေ့ဘက်မှာသုံးတဲ့…မျက်နှာသစ်ဆေးပဲ…
ပြန်သုံးလို့ရပါတယ်…
အဆင့်၁နဲ့၂ပေါင်းပြီး…Double Cleansing လို့ခေါ်မယ်ပေါ့လေ…
အဆင့် ၃ - Moisturizer သုံးမယ်….
နေ့ဘက်မှာ သုံးခဲ့တဲ့…Moisturizer လေးပဲသုံးလိုက်ပါ…
ပြီးရင် အိပ်ချင်အိပ်…မအိပ်ချင်ရင်ဘုပါ…စကင်ကဲခြင်းပြီးဆုံးပါပြီး…
ဒါတွေလည်းသုံးတယ်…
လင်ကိုလည်း အမ်းမယ်…
ဟော့ပေါ့လည်းစားမယ်…
ဒါတောင်မှ ငွေပိုနေသေးတယ်ဆိုရင်…
ကိုယ့်အရေပြား ပြဿနာနဲ့…လိုက်ပြီး…လိုအပ်မှာလေးတွေ…
ထပ်ထည့်လို့ရပါသေးတယ်…
ဘာတွေ ထပ်ထည့်လို့ရမလဲ???
ဝက်ခြံသမားဆို…Ordinary Niacinamide Serum ထပ်ထည့်လို့ရမယ်…
အရေပြားလျော့တိလျော့တွဲဖြစ်မယ်…ချွေးပေါက်တွေကျယ်နေမယ်ဆိုရင်…
Piggy Serum လေးထပ်ထည့်လို့ရမယ်…
အသားရေမွဲခြောက်နေမယ်…အမဲစက်တွေရှိမယ်ဆိုရင်…
Exfoliation အနေနဲ့ Cosrx AHA BHA ထပ်ထည့်လို့…ရမယ်ပေ့ါလေ…
နောက်ဆုံးအချက်လေးအနေနဲ့….
ပိမင်ရဲ့….ဘောနက်လေးပေးပါ့မယ်..
ရှုဖတ်ပါ…အဲလေ…ဖတ်ရှုပါ…
စကင်ကဲခြင်းမှာ…အခြေခံက…
စိတ်ရှည်ဖို့ပါ…
ဘယ်စကင်ကဲမှ…
လင်ရသလို…နေ့ချင်းညချင်း…
အား….ကောင်းလိုက်တာဆိုပြီး…မဖြစ်သွားပါဘူး…
အချိန်လေးယူပြီး…စောင့်ကြည့်ရတယ်…
စိတ်ရှည်ရှည်နဲ့….ပုံမှန်လေး…မပျက်မကွက်လိမ်းပေးရတယ်…
အရေပြားကောင်းမွန်ဖို့မှာ…
စကင်ကဲက…ဆရာဝန်မဟုတ်ပါဘူး…အထောက်အပံ့သာသာပါပဲ…
ဆရာဝန်က…အချိန်ပါ…
အချိန်ကပဲ…အရေပြားကို…ပြုပြင်သွားတာပါ…
စကင်ကဲက…အဲ့လမ်းကြောင်း…ပြုပြင်ဖို့…
ကုန်ကြမ်းပေးတဲ့…သူလောက်ပါပဲ…
နေ့ချင်းညချင်း…မပြောင်းလဲနိုင်ပါဘူး…
စိတ်ရှည်ရှည်…စွဲစွဲမြဲမြဲလိမ်းမှသာ…
ပြောင်းလဲနိုင်မယ်လို့…ပြောရင်း…
ဒီမှာပဲ…ခဏနားလိုက်မယ်နော်…
ဟုန်…ပိပါပိ…ကျေးဇု…
#PhyoWaiYan
#LibraAestheticScience
#ChantaraCosmeticShop
#MinimalistSkinCare
~ကူးချသူfinနူ~
#health and beauty#cosmetics#dermatology#skin care#moisturizer#libra aesthetic science#sunscreen#cleanser#minimalist skincare
0 notes
Text
Dr G Green Mild Up Sun+ Vs
Biore UV Aqua Rich Watery Gel


ပိမင်..ဒီနေ့ရေးပေးမယ့်…
အကြောင်းအရာလေးကတော့…
Sunscreen ကောင်းကောင်းလေး…
နှစ်ခုအကြောင်းပေါ့လေ…
သူတို့နှစ်မျိုးရဲ့….အားသာချက်…
အားနည်းချက်များ���ို…နှိုင်းယှဉ်ပြပေးပါ့မယ်…
ကဲ….စလိုက်ရအောင်…
*****Dr G Green Mild Up Sun+*****
ကိုရီးယားကထုတ်တဲ့… Mineral စမ်းခွင်လေးတစ်ခုပါပဲ…
အရောင်အမျိုးမျိုးလာပေမယ့်…
ပိမင်ကတော့…အစိမ်းရောင်လေးကို…
ကြိုက်နှစ်သက်လို့…Review ပေးလိုက်တာပါ…
SPF50+ နဲ့ PA++++ ရှိပါမယ်…
နံပါတ်တွေကို ရှင်းပြရင်…အရစ်ရှည်သွားလိမ့်မယ်…
တိုမှကြိုက်တဲ့ တိုမှတိုတွေအနေနဲ့…
ဒီနံပါတ်တွေဟာ… ခရမ်းရောင်လုံခြည်ကို…
ကောင်းကောင်းကာကွယ်ပေးနိုင်မယ်လို့ မှတ်လိုက်ပါ…
*****အားသာချက်များ****
၁ - Sensitive Skin တွေအတွက် အဆင်ပြေနိုင်မယ်…
နာမည်မှာ Mild ပါတဲ့အတိုင်းပဲ…
Mild ဖြစ်အောင် ထုတ်ထားတာမလို့…
ဓာတ်မတည့်လွယ်…နီလွယ်…ယားလွယ်…ပူလွယ်တဲ့…
စမ်းစမ်းတင့်သမားလေးတွေအတွက်…အဆင်ပြေနိုင်ပါမယ်…
တကယ်လည်း အဆင်ပြေတဲ့သူ များကြပါတယ်…
၂ - အဆီမပြန်ဘူး…
ဒီမှာက…နိုင်ငံတော် စကင်ကဲဖြစ်ချင်ရင်…
အဆီမပြန်ရပါဘူး…ဘာလို့လည်းဆိုတော့…
မီမာ…အများစုက…အဆီပြန်တာ မကြိုက်ကြလို့ပါ…
ဒီစမ်းခွင်လေးကတော့…မီမာတို့အကြိုက်…
အဆီမပြန်တဲ့…စမ်းခွင်လေးပါပဲ…
၃ - အဖြူဖတ်ကျန်တာနည်းမယ်…
စမ်းစမ်းတင့်သမားတွေအတွက်ထုတ်ရတာဆိုတော့…
Mineral Sunscreen ဖြစ်ဖို့လိုတာပေါ့လေ…
ဒါပေမယ့် ဒီစမ်းခွင်းအမျိုးအစားတွေရဲ့…အကြီးဆုံးအားနည်းချက်က…
အဖြူဖတ်ကျန်တတ်ပါတယ်…
ဒါပေမယ့်လည်း…ဒီ Dr G အစိမ်း စမ်းခွင်လေးကတော့…
အဖြူဖတ်ကျန်တာ မရှိသလောက်နည်းတယ်လို့…ပြောလို့ရပါတယ်…
၄ - ပူတာ…လောင်တာမျိုး…မရှိဘူး…
စမ်းခွင်းတွေက…လိမ်းလိုက်ရင်…ပူပူထူထူဖြစ်တတ်ကြတယ်…
အနံ့စူးတာမျိုးတွေလည်း…ရှိတတ်ကြမယ်ပေါ့လေ…
အခုစမ်းခွင်လေးကတော့ အဲ့ဒါမျိုးတွေမရှိပါဘူး…
၅ - အဆီထိန်းပေးတယ်…
Zinc Oxide ပါနေတော့…အဆီပြန်တာလည်း..ထိန်းပေးပါတယ်…
အဲ့တော့…ဒီစမ်းခွင်လေး…လိမ်းလိုက်ရင်…
မျက်နှာနဲ့ တစ်သားတည်းဖြစ်သလို…
ကပ်ကပ်လေးဖြစ်နေမှာပါ…
****အားနည်းချက်များ****
၁ - ပြန့်အောင်…မနည်းလိမ်းရတယ်…
စမ်းခွင်က…ကပ်ကပ်နဲ့ ကျစ်ကျစ်လစ်လစ်ဖြစ်အောင်…
ထုတ်ထားသလိုရှိတော့…
မျက်နှာတစ်ခုလုံး…ပြန့်ဖို့ဆိုရင်…
လိမ်းရတဲ့နေရာမှာ…တော်တော် ဆွဲပြီးလိမ်းရပါတယ်…
ပိမင်လည်း…Dr G စမ်းခွင်လိမ်းရင်…
ဒီအပိုင်းကို…စိတ်အတိုဆုံးပါပဲ…
၂ - မဲရင်တော့…ပြာပါမယ်…
ဒါကတော့…ပိမင်လည်း…
ဘယ်လိုမှမတတ်နိုင်ပါဘူး…
တော်ရုံလောက် ညိုရင်တော့…ဘာမှမသိသာပေမယ့်…
တော်တော်မဲရင်တော့…အဖြူဖတ်ကျန်တာသိသာတာကနေပြီး…
ပြာတဲ့ဘက်ပါ…ရောက်သွားတတ်ပါတယ်…
ဒါပေမယ့်…လိမ်းပြီးကြာလာရင်တော့…
တစ်သားတည်းပြန်ဖြစ်သွားတတ်မယ်ပေါ့လေ…
၃ - Dry Skin တွေအတွက်….အဆင်မပြေနိုင်ဘူး…
Zinc Oxid ပါတော့…အသားခြောက်သွေ့စေတတ်ပါတယ်…
အဲ့ဒါကြောင့် Dry Skin သမားတွေက…
အသားနဲ့ တိုက်ရိုက်ထိပြီး…မလိမ်းသင့်ပါဘူး…
Moisturizer လေး…ကြားခံလိမ်းရင်တော့…
အဆင်ပြေကြလေ့ရှိပါတယ်…
၄ - ရေစိုမခံဘူး…
ဒီစမ်းခွင်လေးဟာ…ရေစိုခံမဟုတ်တာကြောင့်…
ရေကူးပြီးတာတို့…
ချွေးထွက်စေမယ့်…ပြေးတာတို့…
E ညှစ်တာတို့….Lain ဆက်ဆံပြီးတဲ့အခါတို့မှာတော့…
အာနိသင်အကောင်းဆုံးရဖို့…
ပြန်လိမ်းပေးသင့်တာပေါ့လေ…
အတိုချုံးရရင်တော့…
Dr G စမ်းခွင်..အစိမ်းလေးဟာ…
စမ်းခွင်ရဲ့ မကောင်းတဲ့အချက်တွေကို…
အနည်းဆုံးဖြစ်အောင်…လုပ်ပြီး….
ကောင်းတဲ့အချက်လေးတွေပဲ..များများရဖို့…
ထုတ်ထားတဲ့ စမ်းခွင်လေးပါ…
သုံးကြည့်လို့လည်း နောင်တရတဲ့သူ နည်းကြပါတယ်…
****Biore UV Aqua Rich Watery Gel****
ဒါကလည်း လူကြိုက်များတဲ့ စမ်းခွင်လေးတစ်မျိုးပဲဖြစ်ပါတယ်…
ဒါပေမယ့်…သူကတော့ အတုတွေ..ပေါတော့…သတိထားဝယ်ပေါ့လေ…
*****အားသာချက်များ*****
၁ - ခရမ်းရောင် လုံခြည်ကို…ကောင်းကောင်းကာကွယ်နိုင်မယ်…
SPF 50+ နဲ့ PA++++ ရှိတာမလို့…
ခရမ်းရောင်လုံခြည် A ကော…B ကော…
၂မျိုးလုံးကို ကောင်းကောင်းကာကွယ်ပေးနိုင်ပါလိမ့်မယ်…
၂ - လိမ်းရအဆင်ပြေတယ်…အဆီမပြန်ဘူး…
အဆီမပြန်တာကတော့…Dr G ကို မမှီပေမယ့်လို့…
စိတ်ကျေနပ်စရာ…ရလဒ်မျိုးတော့ရှိပါတယ်…
Dr G ထက်သာတဲ့…အချက်ကတော့…
အရေပြားထဲ အလွယ်တကူစိမ့်ဝင်ပြီး…
အဖြူဖတ်တွေ…ကပ်ကျန်တာမျိုးမရှိနေပါဘူး…
၃ - Dry Skin တွေ..အတွက်…အဆင်ပြေနိုင်မယ်…
Dr G လို…မခြောက်သွေ့စေမယ့်အပြင်ကိုမှ…
ရေဓာတ်ဖြည့်တဲ့…အာနိသင်လေးလည်းပါတော့…
အသားခြောက်သွေ့တဲ့သူတွေကော…
Combination Skin တွေကောပါ…
အဆင်ပြေနိုင်ပါလိမ့်မယ်…
Oily Skin လည်း သုံးလို့ရပါတယ်…
အရမ်းမှ အဆီမပြန်တာကိုး….
၄ - လွယ်လွယ် မပျက်တတ်ဘူး…
Dr G လို…ဝင်းနုတာ..ညောင်းနှိုက်တာလိုမျိုး…
ချွေးထွက်မယ့်…ကိစ္စတွေ…လုပ်ပြီးတာတောင်…
လွယ်လွယ်မပျက်တတ်လို့…သိပ်လည်းပြန်လိမ်းစရာမလိုဘူးလေ…
အဲ့လိုဆိုတော့…ခဏခဏဝင်းနုတဲ့သူတွေနဲ့…
အဆင်ပြေနိုင်မယ်ပေါ့လေ…
အားကစားလုပ်တဲ့သူတွေလည်း…
လိမ်းလို့အဆင်ပြေနိုင်မယ်ပေါ့…
၅ - မပြာဘူး…
လိမ်းလိုက်ရင်…အဖြူဖတ်လည်းမကျန်…
ဖြူဖြူကြီးလည်း ဖြစ်မနေတော့…
ဘယ်အသားရောင်မဆို…အဆင်ပြေနိုင်မှာပါ…
၆ - မိတ်ကပ်နဲ့ တွဲလိမ်းလို့ရတယ်…
Dr G စမ်းခွင်က…မိတ်ကပ်နဲ့တွဲလိမ်းရ…အဆင်မပြေပေမယ့်…
Biore လေးကတော့ ���ိတ်ကပ်အပေါ်က ထပ်လိမ်းလို့…
အဆင်ပြေနိုင်ပါလိမ့်မယ်…
၇ - ဈေးလည်းမဆိုးဘူး…
Dr G စမ်းခွင်နဲ့ ယှဉ်ကြည့်ရင်…ဈေးသင့်တယ်လို့ ပြောလို့ရပါတယ်…
အခုဆို…ဈေးက ထက်ဝက်လောက် ကွာနေမယ်ထင်တယ်…
*****အားနည်းချက်များ*****
၁ - အယ်ကိုဟော…ပါတယ်…
အယ်ကိုဟော…ပါတဲ့အတွက်ကြောင့်…
အသားရေခြောက်သွေ့တာ…
Sensitive Skin သမားတွေ…
နီတာ…ယားတာ…ပူတာမျိုးတွေ…
ရှိလာနိုင်လိမ့်မယ်ပေါ့လေ…
၂ - အနံ့မကင်းဘူး…
အနံ့ဒြပ်ပေါင်းတွေ…မကင်းတဲ့အတွက်ကြောင့်…
Sensitive Skin သမားတွေအတွက်…
အဆင်မပြေနိုင်လောက်ပါဘူး…
၃ - မိတ်ကပ်အပေါ်ကနေ…လိမ်းလို့အဆင်မပြေဘူး…
မိတ်ကပ်အောက်ကနေ…လိမ်းလို့…အဆင်ပြေပေမယ့်…
အရေပြားထဲစုပ်ယူဖို့လိုတဲ့…စမ်းခွင်အမျိုးအစားမလို့…
မိတ်ကပ်ပေါ်က…ထပ်လိမ်းရင်တော့…အဆင်မပြေပါဘူး…
၄ - တစ်ချို့နိုင်ငံတွေမှာ…ဝယ်ဖို့ခက်နိုင်တယ်…
မီမာမှာတော့…ဝယ်လို့အဆင်ပြေနိုင်ပေမယ့်…
နိုင်ငံအချို့မှာတော့…ဝယ်လို့မရတာမျိုးတွေရှိနိုင်ပါမယ်…
၅ - အတုပေါမယ်…
ဘာ Made ညာ Made နဲ့….အတုတွေလည်းရှိတာကြောင့်…
စိတ်ချရတဲ့နေရာက မဟုတ်ရင်…
အတုနဲ့…တိုးတတ်ပါတယ်…
အတိုချုပ်ပြောရရင်တော့…
Biore စမ်းခွင်လေးက…
Sensitive Skin ကလွဲပြီး…
ကျန်တဲ့ Skin Type တွေ အဆင်ပြေနိုင်ပြီး…
ဈေးလေးလည်း မဆိုးတဲ့ စမ်းခွင်လေးပေါ့လေ…
အခုတော့…ဒီလောက်ပါပဲ…
ဟုန်…ပိပါပိ…ကျေးဇု…
0 notes