Tumgik
#က
misa-taka · 1 year
Photo
Tumblr media
Hello😸😄 Souvenir Part 1 I went and saw my parents in Yamaguchi 山口県内でしか、入手困難の 吉田松陰さんのパッケージ 🏯萩の柚子塩🧂🍋ポテトチップ〜 まだ、食してないのだが!? どんな味なんやろか?? What does it taste like?😺 I have never eaten that before😌 🍘=🐶🐱🐰=🙅🏻 #Souvenir #吉田松陰 #Yamaguchi #keepsake #crisps #ポテトチップ #cat #Katze ‎#חתול #chat #gato #고양이 #pusa #แมว #ကွောငျ #Mèo ‎#قِطَّة #三毛猫  #Calicoca https://www.instagram.com/p/CnVT-JwSFWl/?igshid=NGJjMDIxMWI=
8 notes · View notes
aunghsi1 · 1 year
Photo
Tumblr media
“ မှန်ကန်တဲ့အတွေးကို တွေးပါ ” ________ တစ်ချို့တွေက  … ငယ်ငယ်တုန်းက ဓါတ်ပုံလေးကို သိမ်းထားပြီး ပြန်ပြန်ကြည့်ပြီး  #ကျေနပ်နေတယ် အဲဒီ ကျေနပ်မှုဟာ #အတိတ်ကိုပြန်ပြီး_လွမ်းနေတဲ့_လောဘပဲ။ အဲဒီ လောဘမျိုးက  ကောင်းလားဆိုတော့ #မကောင်းဘူး  သူလည်း  အကုသိုလ်တစ်ခုပဲ။ စိတ်ရဲ့ အညစ်အကြေးတစ်ခုပဲ ။ အေး … ငယ်ငယ်တုန်းက ဓါတ်ပုံနဲ့  အခုဓါတ်ပုံ ယှဉ်ကြည့်ပြီး #စိတ်ညစ်သွားတယ်ဆိုရင်လည်း မကောင်းဘူး , အကုသိုလ် ဖြစ်တာပဲ။ အဲဒီတော့  … #ဆင်ခြင်စဉ်းစားရမှာက  ဘာတုန်းဆိုရင် … ငယ်ငယ်တုန်းက  ဒီရုပ်ရည်ရှိရင် ခုချိန်မှာ ဒီရုပ်ရည်မရှိဘူး ဆိုတာ  ( ဒါ  လောကရဲ့ သဘာဝကြီးပဲ ) #ဇရာတရားဟာ  ဘယ်လောက်ဆိုးလဲ ? ဒီ ဇရာတရားတွေက  လွတ်မြောက်ဖို့  ငါလုပ်မှ ဖြစ်မယ် #မလုပ်ရင်  ငါ- ဒီလမ်းကြီးအတိုင်း ဒီလိုပဲ  သွားနေမှာပဲ ဆိုတဲ့   အတွေးပဲ  တွေးပါ တဲ့ ။ ဒီလို  မြတ်စွာဘုရားက မှန်ကန်တဲ့အတွေးကို တွေးခိုင်းတယ် "ဇရာဓစ္မာမှိ ဇရံအနတီတောတိ အဘိဏှံပစ္စဝေက္ခိတဗ္ဗံ" ငါဟာ  #အိုခြင်းသဘော ရှိတယ် အိုခြင်းသဘောက  မလွန်မြောက်နိုင်သေးဘူး အမြဲမပြတ် ဆင်ခြင်စဉ်းစားရမယ် တဲ့ ။ ဆင်ခြင်စဉ်းစားပေးခြင်းအားဖြင့် ဘာဖြစ်သလဲ ဆိုတော့ "နု ပျိုတဲ့ အပေါ်မှာ  … ငါ နုပျိုတယ် ဆိုပြီး ယစ်မူးတတ်တဲ့  #မာနကို_ဖယ်ရှားနိုင်တယ်။ လောကလူတွေဟာ ဘုန်းကြီးအပါအဝင် သြော် အသက်အရွယ်ကြီးတယ် မထင်ရဘူး နုပျိုတယ် ဆိုရင်  #သဘောကျတယ်။ သူများက  နုပျိုလိုက်တာ ပြောရင်ကို ကျေနပ်တယ် အမှန်က  #ကျေနပ်စရာမဟုတ်ဘူး။ လူ့ရဲ့ သဘာဝကို ကိုယ်,ကိုယ်တိုင် က သိအောင် လုပ်ရမယ် ။ အဲ့တော့  မြတ်စွာဘုရားက အိုခြင်းတရား  ငါမကင်းသေးဘူး အိုခြင်းတရားကို  ငါမကျော်လွှားနိုင်သေးဘူး လို့ ဒါကို ဆင်ခြင်သုံးသပ်ခြင်းဖြင့် အကုသိုလ် ဖြစ်စေနိုင်တဲ့  "#ယောဗ္ဗနမဒ" ဆိုတဲ့ #မာန်မူးယစ်မှုတစ်ခုကို  ဖယ်ရှားပစ်လိုက်နိုင်တယ်။ ထို့အတူပဲ … #ဗျာဓိတရား ဖျားနာတတ်တဲ့  ရောဂါဝေဒနာကို "ငါ မလွန်မြောက်နိုင်သေးဘူး"  လို့ ဆင်ခြင်စဉ်းစားပေးရမယ်။ ဆင်ခြင်စဉ်းစားပေးခြင်းဖြင့် "ငါတို့တော့  ဘာမှ မဖြစ်ဘူး  , ကျန်းမာတယ်" ဆိုတဲ့ အတွေးတွေ တွေးပြီးတော့ #မာန်ယစ်တာမျိုး မဖြစ်စေဘူး ။ ဒီဟာအတွက်  မြတ်စွာဘုရားက  ဆင်ခြင်သုံးသပ်ခိုင်းတာ ဆင်ခြင်သုံးသပ်မှု မှန်သမျှဟာ  အကျိုးရှိတယ် ဒါကြောင့်  ကောင်းမြတ်တဲ့ လုပ်ငန်းတွေထဲမှာ "#ဆင်ခြင်သုံးသပ်မှု"  ဟာ အလွန်တန်ဖိုး ရှိတယ်   လို့  မြတ်စွာဘုရား  ဟောတယ်။ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ 🙏🙏🙏 Credit... သာဓု သာဓု သာဓုပါဘုရား မှတ်သားထားပါ့မည်ဘုရား🙏🙏🙏 မိမိကြောင့်အများသူငှာစိတ်ဆင်းရဲခြင်းမှကင်းဝေးကြပါစေ၊ https://www.instagram.com/p/CooP0R0MIwY/?igshid=NGJjMDIxMWI=
0 notes
gaiajames · 1 year
Photo
Tumblr media
Export korean cosmetics #export #genuine #korea #cosmetic #kbeauty #韩国化妆品 #mỹphẩm #hànquốc #Корея #косметика #เครื่องสำอางเกาหลี #солонгос #гоосайхныбүтээгдэхүүн #韓国コスメ #化粧品 #အလှကုန် #ကိုးရီးယား #masil #raip #ahc #missha #farmstay #bbia #tiam #clio #anjo #innisfree #apieu #cosrx #dove https://www.instagram.com/p/ClnzStJLFZ9/?igshid=NGJjMDIxMWI=
0 notes
zawethuyainaung · 2 years
Photo
Tumblr media
၂၀၂၂ ဇူလိုင် ၂၄ ရက် ည ၇ နာရီမှာ နေပြည်တော် အချုပ်ထောင်က အကျဉ်းသားတွေသည် #ခွန်အားဖြည့်မိငယ် သီချင်းကို အော်ဟစ်သီဆိုခဲ့ကြတယ်တဲဲ့ဗျာ…. #FreedomFromFear #AungSanSuuKyi #ထောင်တွင်းတိုက်ပွဲများနှင့်အတူရပ်တည်ကြ #ကြောက်ရွံ့ခြင်းမှရုန်းထွက်ကြ #ကြောက်ခေတ်ကိုမှောက်ပစ် #အာဏာရှင်စနစ်ဟူသမျှမုချကျဆုံးရမည် #အရေးတော်ပုံအောင်ရမည် https://www.instagram.com/p/CfMnZFfBKKf/?igshid=NGJjMDIxMWI=
0 notes
aung-moe · 2 months
Text
အခန်း(၁၄)
လုပ်ဇာတ် တရားစီရင်ခန်း 
၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၃ မှာ ကျနော့်အမှုကို နေပြည်တော်မှာ စစစ်ပါတယ်။ နေပြည်တော် ထောင်ကို ရောက်ပြီး နှစ်ရက် အကြာမှာပေါ့။ အဲဒီကနေပြီး အချိန်ဆွဲလိုက်တာ အားလုံး တနှစ်ကျော် ကြာပါတယ်။ ထင်တဲ့အတိုင်းပါပဲ။ တရားစီရင်ရေးကတော့ အဓိပ္ပာယ် မရှိတာတွေ အပြည့်နဲ့ပါ။ ‘အမှန်တရား နဲ့ တရားမျှတမှုကို သစ္စာရှိပါတယ်’ ဆိုတဲ့ မျက်နှာဖုံး တပ်ထားတယ်။ ‘စနစ်တကျ စီရင်နေပါတယ်’ ဆိုတဲ့ အရောင် ပြထားတယ်။  
.
ပထမဆုံးနေ့ကတည်းက အဆန်းတကြယ်ပါပဲ။ သြစတေးလျ သံရုံးက စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနကို တရားရုံးတက်ခွင့်ပေးဖို့ အစောကတည်းက ခွင့်ပြုချက်ယူခဲ့ပါတယ်။ နောက်လာမယ့် တရားခွင်တွေ ကိုလည်း တက်မယ်ပေါ့။ အစမှာတော့ ခွင့်ပြုချက်ပေးတယ်။ ဒါပေမဲ့ သံအမတ်နဲ့ နိုင်ငံရေးအရာရှိ တရားခွင်ကို ရောက်လာတော့ ပေးမဝင်ဘူး။ ရဲက နိုင်ငံခြားရေးက စာကို လက်မခံဘူးတဲ့။ အဲဒီတော့ သူတို့လည်း တရားရုံးအနီးအနားမှာပဲ နေကြရတယ်။ နောက်ပိုင်း တရားခွင်တွေမှာလည်း အဲဒီလိုပဲ ငြင်းပါတော့တယ်။ ဒါပေမဲ့ သံအမတ် အန်ဒရေယာ ဖော်ကနာ နဲ့ အန်ဂျယ်လာကိုကိုရန် တို့က သူတို့ရှိနေပါတယ် ဆိုတာကို တကြိမ်မက လူလုံးပြခဲ့ကြတယ်။
.
တရားစီရင်ပြီးလို့ ထွက်လာတဲ့ အဖြေကတော့ ဘာမှ အဆန်းတကြယ် မဟုတ်ပါဘူး။ သူတို့ စွပ်စွဲထားတာတွေ အားလုံးမှာ အပြစ်ရှိပါတယ် ဆိုပြီး ထောင်ဒဏ် ပေးတာပါပဲ။ ဒါပေမဲ့ တရားခွင် တလျှောက်လုံးမှာတော့ အံ့သြဖွယ်ရာတွေ ကြုံခဲ့ရတယ်။
.
ပထမ အံ့ဖွယ်ရာက နေရာ ပါ။ အင်းစိန်ထောင်မှာ တရားရုံး ရောက်ခဲ့ပြီးကတည်းက ကျနော် ကြီးကြီးကျယ်ကျယ်တွေ မမျှော်လင့်ထားပါဘူး။ ဒါပေမဲ့ နေပြည်တော်က တရားရုံး ကတော့ တကယ့်ကို လူရယ်စရာကြီး။ ရုပ်ရှင်ရိုက်ဖို့ ဆက်တင် လုပ်ထားတဲ့ အတိုင်းပဲ။ နေပြည်တော်မှာ တရားရုံးတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ကို အမှုစစ်တဲ့ ရုံးကတော့ လူနေထူထပ်တဲ့ ဒက္ခိဏသီရိမြို့နယ်ထဲက လူနေအိမ် တလုံးမှာပါ။ အဲဒီအိမ်က အရင် နေပြည်တော်အုပ်ချုပ်ရေး အရာရှိဟောင်းတဦးရဲ့ အိမ်ပါ။ အိမ်ထဲက အခန်းတခန်းကို တရားရုံး ပုံစံ ပြောင်းထားတယ်။ ဒါပေမဲ့ သူတို့ ဘယ်လိုပြောင်းပြောင်း တရားရုံးနဲ့တော့ မတူဘူး။ သူတို့ လုပ်ဇာတ် တရားစီရင်ခန်းအတွက် တော့ ဒီနေရာက အဆင်ပြေတာပေါ့။
.
ပထမခြောက်လမှာ တရားရုံးက အဲဒီ ဒက္ခိဏသီရိ  မှာရှိတယ်။ ဦးစိုးဝင်း၊ ဦးကျော်ဝင်း၊ ဝင်စတန် နဲ့ ကျနော်က ထောင်ကနေ မနက် ၉နာရီ၊ ၁၀နာရီလောက် ထွက်ကြရတယ်။ ကျနော်တို့ ခရီးက မိနစ် ၂၀လောက် ကြာတယ်။ အင်းစိန်ကနေ နေပြည်တော်ကို လာခဲ့တုန်းကလိုပဲ တင်းကျပ်ပါတယ်။ လူစီးဗင်ကားထဲ မှာ ကျနော်တို့ကို ထိုင်စေပြီး လက်နက်အပြည့်တပ်ထားတဲ့ ရဲကား နှစ်စီး က ရှေ့နောက် ညှပ်ပြီး သွားကြတယ်။ ကျနော်တို့ယာဥ်တန်းက အမြဲ အရှိန်နဲ့ မောင်းတယ်။ မီးနီလည်း ဖြတ်တယ်။ နေပြည်တော်လို မြို့တော်မှာတောင် ကားရပ်ရင် လုံခြုံရေး ထိခိုက်နိုင်တယ် လို့ တွက်ထားကြတာကိုး။ နေပြည်တော်လမ်းတွေမှာလည်း စစ်ဆေးရေးဂိတ်တွေ၊ သံဆူးကြိုးတွေ၊ စက်သေနတ်တွေ အပြည့်နဲ့ပါ။
.
မြန်မာ စစ်အာဏာရှင်တွေရဲ့ ထုံးစံ ဆိုရမလား။ ထောင်ကနေ တရားရုံး ပို့တဲ့အခါမှာ မလိုအပ်ဘဲ ကြမ်းပြရမ်းပြတတ်တယ်။ ကျနော်တို့ကို လက်ထိပ်ခတ်ထားပြီး စကား ပေးမပြောဘူး။ ဆက်ဆံတာကလည်း အမြဲ ဆိုးဆိုးဝါးဝါးပဲ။ တရက်မှာ ကျနော့်ကို ထိုင်ခိုင်းတဲ့ ခုံပေါ်မှာ ပစ္စတိုတလက် တင်ထားတာကို တွေ့လိုက်ရတယ်။ ကျနော့်စိတ်ထဲမှာ အဲဒီသေနတ်ကို မထိမိဖို့ အချက်ပေး မီးလင်းလာတယ်။ တော်ကြာ “သေနတ် လုပါတယ်”လို့ ဇာတ်လမ်း ဆင်ပြီး ပစ်ချင်ပစ်မှာ။ ဒီတော့ ကျနော်လည်း သေနတ်ပိုင်ရှင်လို့ ထင်ရတဲ့ ရဲသားကို မသိမသာ လက်ညိုး ထိုးပြလိုက်တယ်။ သူ မေ့ကျန်ခဲ့တာကို သတိပေးတဲ့ ပုံစံမျိုးပေါ့။
.
ဒေါ်စုကိုတော့ အဲဒီအချိန်မှာ စစ်တပ်ဝင်းတခုထဲမှာပဲ အကျယ်ချုပ်ချထားတယ်။ သူ့ကို တရားရုံးကို ခေါ်လာရင် ကျနော်တို့ထက် စောပြီး ခေါ်လာတယ်။ ကျနော်တို့က သူ့ထက်စောနေရင် ကျနော်တို့ယာဥ်တန်းကို တမင်ဖြည်းဖြည်းမောင်းပြီး သူ့ကားကို အရင်ပေးရောက်စေတယ်။ သူနဲ့ ကျနော်တို့ အချိန်ကြာကြာ အတူမရှိစေချင်တဲ့ သဘောပါ။
.
ဒေါ်စုကို တရားခွင်မှာ ပထမဦးဆုံးအကြိမ် တွေ့လိုက်ရခြင်းဟာ သူ့ကို ၁၈လအကြာမှာ ကျနော် ပြန်တွေ့ခြင်းပါ။  ကိုဗစ်ကြောင့် သြစတေးလျမှာ သောင်တင်နေတဲ့အချိန်၊ အာဏာသိမ်းပြီး ကျနော်အဖမ်းခံထားရတဲ့ အချိန်တွေ အားလုံးပေါင်းလိုက်ရင်ပေါ့။ သူကတော့ အရင်အတိုင်းပါပဲ။ နည်းနည်းလေးတော့ ပိန်သွားပုံရတယ်။  သူက အမြဲပိန်ပိန်ပါးပါး ဆိုပေမဲ့ သန်မာတယ်၊ တည်ငြိမ်တယ်၊ ကြည်လင်အေးချမ်းတယ်။ အခုတော့ သူလည်း ပထမဦးဆုံးအကြိမ် တရားခွင်မှာ တရားခံ တယောက်လို တက်လာရတယ်။ သူ့ကို တခြား အမျိုးသမီးအကျဥ်းသူတွေလိုပဲ ထဘီ အညိုရင့် ရောင်နဲ့ နို့နှစ်ရောင် အင်္ကျီကို ဝတ်ဆင်စေတယ်။
.
အခုလို ထင်မှတ်မထားတဲ့ အခြေအနေမှာ ပြန်တွေ့ရလို့ စကားပြောခွင့်ရရင် ဘယ်လို နှုတ်ဆက်ရမလဲလို့ ကျနော် အရင်ကတည်းက စဥ်းစားခဲ့ဖူးတယ်။ တခြား သာမန်မိတ်ဆွေ တယောက်ကို ဒီလို အနေအထားအမျိုး မှာတွေ့ရင်တော့ “ပြန်တွေ့ရတာ ဝမ်းသာပါတယ်၊ ဒီလိုနေရာမျိုးမှာတော့ မတွေ့ချင်မိဘူးဗျာ”လို့ ပြောမိမှာ။ ဒီထက် ကောင်းတဲ့စကားလည်း မစဥ်းစားတတ်တော့ မီးစင်ကြည့်ကမယ် ပေါ့။ တကယ်တမ်း စကားပြောခွင့်ရတဲ့ အခိုက်မှာ ကျနော် ပြောလိုက်မိတာက “ဓမ္မအား က ကျနော်တို့နဲ့အတူ ရှိနေဆဲပါ” (The Force is still with us.) တဲ့။
(ဘာသာပြန်သူ မှတ်ချက်။ ။ ဤစကားစုသည် ကြယ်တာရာစစ်ပွဲများ (Star Wars) ရုပ်ရှင်ဇာတ်လမ်း တွဲမှ “May The Force be with you” ကို မှီငြမ်းထားခြင်း ဖြစ်သည်။ ထိုရုပ်ရှင် ဇာတ်လမ်းအရ စကြဝဠာတွင် ဓမ္မနှင့် အဓမ္မ ဟူသော အပြိုင်အား (The Force) ရှိသည်။ ဓမ္မဘက်တော်သားများက တဦးနှင့်တဦး တွေ့ဆုံသောအခါ “ဓမ္မအားသည် သင်နဲ့ အတူ ရှိနေပါစေ” ဟု ဆုတောင်းနှုတ်ဆက် လေ့ ရှိသည်။  )
.
ကျနော်ရော၊ ဒေါစုပါ ‘ကြယ်တာရာစစ်ပွဲများ’ ရုပ်ရှင်ကား တွေကို အလွန်နှစ်သက်ကြပါတယ်။ ကျနော်တို့နှစ်ယောက်က အဲဒီရုပ်ရှင်ထဲက အသုံးတွေကို ရည်ညွှန်းပြီး ပြောလေ့ရှိတယ်။ တခါတလေ အတည်၊ တခါတလေလည်း နောက်ပြောင်ပြီး ပြောတယ်ပေါ့။ ကျနော်က မရည်ရွယ်ဘဲ ပြောလိုက်တယ် ဆိုပေမဲ့ ကြုံရာ ပြောလိုက်တာတော့ မဟုတ်ပါဘူး။ လက်ရှိ အခြေအနေဆိုးနဲ့ ကိုက်ညီနေတယ်လ��။ ဒေါ်စုနဲ့ ကျနော်ရဲ့ ဆက်ဆံရေး ပုံစံမျိုးကလည်း ခပ်ရှားရှားပါ။ သြစတေးလျနိုင်ငံသား ဖြစ်နေတာကလည်း မြန်မာနိုင်ငံက ခေါင်းဆောင် တဦးကို ဒီလို ပေါ့ပေါ့ပါးပါး ဆက်ဆံခွင့် ရခဲ့တယ် လို့ ကျနော်ထင်မိတယ်။
.
ကျနော်တို့ အမှုစစ်တာ ခြောက်လ ကြာတော့ ဒေါ်စု နေပြည်တော်ထောင် ကို ပြောင်းလာတယ်။ ကျနော်တို့လည်း ဒက္ခိဏသီရိ တရားရုံး ကို သွားစရာ မလိုတော့ဘူး။ အမှုကြားနာတာ တွေကို နေပြည်တော်ထောင်ထဲက တရားရုံးမှာပဲ လုပ်တယ်။ အဲဒီ တရားရုံးကလည်း အရင်ရုံးလို ရယ်စရာပါ။ နေပြည်တော်ထောင်ထဲက ဧည့်ဆောင်တခုကို ပြင်ဆင်ပြီး တရားရုံး လုပ်လိုက်တယ်။ အရင်ရုံးထက်လည်း ပိုမကောင်းပါဘူး။ ပူလောင် ပြီး အိုက်စပ်နေတာ။ မီးကလည်း လာတချက်၊ မလာတချက်။ တရားရုံးနှစ်ခုလုံးမှာ မီးမလာလို့ အမှုစစ်ရပ်လိုက် ရတာလည်း အကြိမ်မနည်းဘူး။ မီးမလာရင် တရားရုံးစာရေးတွေ ကွန်ပျူတာ သုံးမရဘူး။ တရားရုံးရွှေ့လိုက်လို့ တခုကောင်း တာကတော့ ကျနော်တို့ ကားစီးသွားစရာ မလိုတော့ဘူး။ အဲဒီတော့ ဒေါ်စုနဲ့ စကားပြောချိန် ပိုရတယ်။ စီစီတီဗွီတွေကတော့ တရားရုံး လို့ ဟန်ဆောင်ထားတဲ့ အဲဒီအဆောက်အအုံ တွေမှာ အပြည့်ပါ။ ကျနော်တို့ ဒေါ်စုနဲ့ တွေ့တဲ့အခန်း၊ ကျနော်တို့ ရှေ့နေတွေနဲ့ တွေ့တဲ့ အခန်းပဲ ကင်မရာတွေ တပ်မထားဘူး။ ဒါပေမဲ့ အဲဒီအခန်းမှာလည်း အသံ ခိုးဖမ်းနေတယ် ဆိုတာ သေချာလို့ ကျနော်တို့က သတိထား ပြောဆိုကြတယ်။  
.
အဲဒီအချိန် မတိုင်ခင်အထိ ဒေါ်စုကို အင်္ဂလိပ်လို ပြောမယ့်သူ မရှိခဲ့ပါဘူး။ ကျနော်က ဒေါ်စုအတွက် ပြင်ပ သတင်းပေး ဖြစ်နေတာက တကြောင်း ( ဒါလည်း ‘ဟာ’ရဲ့ ကျေးဇူးကြောင့်ပါ) ၊ ယုံကြည်ရတဲ့ မိတ်ဆွေဟောင်း တဦး ဖြစ်နေတာက တကြောင်း ကြောင့် တခြားသူတွေထက် စာရင် သူနဲ့ စကားပိုပြောဖြစ်တယ်။
.
အမှုအကြောင်းပြောတာတော့ နည်းပါတယ်။ ကျနော်တို့ အားလုံးက ဒီအမှုတွေဟာ အခြေခံအားဖြင့် လုပ်ဇာတ် ဆိုတာ နားလည်ထားပြီးသားပါ။ စီရင်ချက်တွေ၊ ပြစ်ဒဏ်တွေကလည်း သတ်မှတ် ပြီးသား ဆိုတာ သိနေကြပါတယ်။
.
အမှုစစ်တာကို တပတ်မှာ တရက်လုပ်ဖို့ စီစဥ်ထားတယ်။  တရားခံတွေ နာမကျန်း ဖြစ်တာနဲ့ တရားသူကြီးက တမင် အချိန်ဆွဲတာ မရှိခဲ့ရင်တော့ ကြာသာပတေးနေ့တိုင်း ရုံးချိန်းရှိတယ်။ ကျနော်ရဲ့ အမှုနှစ်ခုလုံးကို တရက်တည်းမှာ စစ်တယ်။ လျှို့ဝှက် အက်ဥပဒေ အမှုကို ကျနော်နဲ့ ကျနော့်အမှုတွဲတွေကို ပေါင်းပြီးစစ်တယ်။ လူဝင်မှုကြီးကြပ်ရေး အမှုကိုတော့ တယောက်တည်း စစ်တယ်။ လူဝင်မှုကြီးကြပ်ရေး အမှု ကလည်း လျှို့ဝှက် အက်ဥပဒေ အမှုအပေါ်မူတည်တယ်။ လျှို့ဝှက် အက်ဥပဒေအမှု ကျုးလွန်တယ်လို့ သူတို့က သက်သေပြနိုင်မှ ကျနော်က ရထားတဲ့ ဗီဇာ သတ်မှတ်ချက်တွေ ချိုးဖောက်တယ် လို့ ပေါ့။ အဲဒီတော့ လူဝင်မှု ကြီးကြပ်ရေးအမှုက အတော်ကြာမှာ တခါစစ်လေ့ ရှိတယ်။
.
ကျနော်တို့ အမှုကို ကြားနာတဲ့ တရားသူကြီးက ဦးရဲလွင်ပါ။ သူက အာဏာသိမ်း စစ်ကောင်စီကို ထောက်ခံသူ၊ သဘောထားတင်းမာသူလို့ နာမည်ကြီးတယ်။ အာဏာ မသိမ်းခင် ကတည်းက စစ်အုပ်စုအတွက်  ဘာမဆို လုပ်ပေးဖို့ ဝန်မလေးသူပါ။ သူက ၂၀၁၉မှာ ရိုက်တာသတင်းဌာန အမှုမှာ ပါဝင်တဲ့ ဝလုံးနဲ့ ကျော်စိုးဦး ဆိုတဲ့ သတင်းထောက် နှစ်ယောက်ကို ထောင် ခုနှစ်နှစ် ချခဲ့တယ်။ သူတို့ဟာလည်း ကျနော့်လို လျှို့ဝှက်အက်ဥပဒေ ချိုးဖောက်တယ်လို့ စွပ်စွဲခံရပြီး ပြစ်ဒဏ် ချခံရတာပါ။ အဲဒီအမှုကလည်း အမှုဆင်ထားတာ ဖြစ်လို့ နောက်ဆုံးမှာတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သူတို့ လွတ်လာကြတယ်။ ဒါပေမဲ့ ထောင်ထဲမှာ ရက်ပေါင်း၅၀၀ လောက် နေလိုက်ရတယ်။ ဦးဝင်းထိန်ကို ထောင်ဒဏ် အနှစ် ၂၀ ချလိုက်တာလည်း ဒီတရားသူကြီးပါပဲ။ ဒါတွေ အားလုံးခြုံကြည့်လိုက် ရင်တော့ ကျနော်တို့အတွက် မျှော်လင့်ချက် နည်းနည်းမှ မရှိဘူးဆိုတာ သိနိုင်တယ်။
.
တရားလိုဘက်က ရှေ့နေတွေကလည်း မှုမမှန်လှတဲ့ လူငယ်ရှေ့နေ့ နှစ်ဦးပါ။ သူတို့က တရားခွင် တလျှောက်လုံး ဒေါ်စုကို တည့်တည့်မကြည့်မိအောင် ကြိုးစား နေကြတယ်လို့ ကျနော် ထင်တယ်။ ကျနော် အဲဒီလိုထင်တာ မှန်ရင်လည်း မှန်မယ်၊ မှားရင်လည်း မှားမယ်။ ဒါပေမဲ့ သူတို့ က ‘အမေစု’ အပေါ် သဲသဲမဲမဲ ဒုက္ခပေးနေတဲ့ လုပ်ဇာတ်ထဲမှာ ပါနေရတာကို ရှက်နေပုံ ရပါတယ်။ သူတို့လုပ်ရပ်အတွက် ညည ဘယ်လိုအိပ်ကြမလဲ။ ဘယ်လို ပုံပြင်မျိုးပြောပြီး သူတို့ကလေးတွေကို ညသိပ်မယ် လို့ စိတ်ကူးထားကြမလဲ။
.
သူတို့က ဒေါ်စုအပေါ်မှာသာ အဲဒီလို ဖြစ်တာပါ။ ကျနော့်အပေါ် ရန်လိုတာက ဖုံးဖိလို့ကို မရဘူး။ ကျနော်ကတော့ မြန်မာနိုင်ငံအရေးကို ဝင်နှောင့်နေတဲ့ သစ္စာဖောက် နိုင်ငံခြားသား တယောက် ပေါ့။  သူတို့ ပါဝင်ကပြနေတဲ့ ဒီတရားစီရင်ရေး လုပ်ဇာတ် အကြောင်းကို တနေ့မှာ ကျနော် ပြန်ရေးလောက်တယ် ဆိုတာကိုလည်း သိနေတာလို့ ဖြစ်မှာပေါ့။  
.
မီဒီယာတွေရဲ့ မကောင်း ပုံဖော်တာကိုလည်း ကျနော် ခံလိုက်ရသေးတယ်။ ကျနော် မသိလိုက်ဘဲနဲ့ ကျနော်တို့ရဲ့ ပထမအကြိမ် တရားရုံး ကြားနာချက် ကို ပြည်တွင်း မှာသာ မက သြစတေးလျနဲ့ တခြားနိုင်ငံတွေရဲ့ သတင်းတွေမှာပါ ဖော်ပြကြတယ်တဲ့။ သတင်းတခုထဲမှာ ကျနော့်ကို ကြည့်ရတာ ‘ချည့်နဲ့’နေတယ်လို့ ဆိုထားတယ်။ အဲဒီအချိန်မှာ ရုပ်ရည် ကြည့်ကောင်းလှတဲ့ အနေအထား မရှိပေမဲ့  အသက်၇၀၊ ၈၀ ကျော်တွေ ဘေးတဘက်တချက်မှာ ထားပြီး အဲဒီလို အပြောခံရတော့ ဘယ်ကောင်းပါ့မလဲ။
.
ကျနော်ရဲ့ အဓိက ရှေ့နေအဖြစ် ဦးနုကပဲ ဆက်တာဝန်ယူပြီး ဗုဒ္ဓဟူးနေ့ ညတိုင်း ရန်ကုန်ကနေ နေပြည်တော်ကို လာလေ့ရှိတယ်။  အငယ်တန်းရှေ့နေ့တယောက်လည်း သူနဲ့အတူ ဝိုင်းကူပေးတယ်။ ဦးနုနဲ့ သူ့အဖွဲ့နောက်မှာတော့  ‘ဟာ’နဲ့ ဂျနဲလ်ဆယ်ဖင် (Janelle Saffin) တို့ ဖွဲ့ထားတဲ့ ဥပဒေအကြံပေး အဖွဲ့လည်း ရှိတယ်။ သူတို့က တရားရုံး မှတ်တမ်းနဲ့ ဦးနုရဲ့ ကောက်နုတ်ချက်တွေကို လက်ခံရရှိရင် ‘ဟာ’ကို အမှုသွားအမှုလာ အခြေအနေတွေ ပြန်ပြောပြတယ်။ ပြီးရင် အပတ်တိုင်း တရားရင်ဆိုင်ဖို့ ဗျူဟာတွေ ပြင်ဆင်ကြတယ်။
.
အမှုရဲ့ အစောပိုင်း ရုံးချိန်းတွေမှာ ကျနော်တို့ ရှေ့နေတွေက အမှုကို ပလပ်ပေးဖို့ ကြိုးစားခဲ့ပါတယ်။ ကျနော်တို့ရဲ့ အဓိက ထောက်ပြတဲ့ အချက်က ‘ဒီအမှုဟာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေနဲ့  ကိုက်ညီမှု မရှိဘူး’ ဆိုတဲ့ အချက်ပါ။ ဒါကို အမှုအစကနေ အဆုံးအထိ ထောက်ပြကြပါတယ်။ ကျနော့် ဥပဒေအဖွဲ့နဲ့ တွေ့ဆုံပြီး အကြံပေးတဲ့ ရှေ့နေတိုင်းကလည်း ဒီအချက်ကို သဘောတူတယ်။ သြစတေးလျအစိုးရကလည်း ဒီအချက်ကို ထောက်ပြတယ်။ ဘယ်သူတွေ ဘယ်လိုပဲ ထောက်ပြပါစေ၊ တရားရုံးဘက်က လက်မခံဘဲ အမှုကို ဆက်ပြီး စစ်ဆေးပါတယ်။
.
ပထမဆုံးအကြိမ် အမှုစစ်ဆေးတော့ အရေးကြီးဆုံး တခုအနေနဲ့ စကားပြန် ခွင့်ပြုချက်ရဖို့ တောင်းပါတယ်။ ကျနော်တို့မှာ အလွန်တော်တဲ့ စကားပြန်တယောက် ရှိထားပါတယ်။ ဒါပေမဲ့ သူမက သိပ်တော်လွန်းနေတယ်။ မြန်မာကနေ အင်္ဂလိပ်လို စကားပြန်ရာမှာရော၊ မြန်မာပြည် ဥပဒေလုပ်ထုံးလုပ်နည်းတွေ အကြောင်း နားလည်ရာမှာပါ သိပ်ထူးချွန်တော့ ကျနော့်အတွက် ကံဆိုးသွားတယ်။ တရားသူကြီးက သူ့ကို စကားပြန်ခန့်ဖို့ ချက်ချင်းပဲ ငြင်းပယ်လိုက်တယ်။ ကျနော်တို့က အယူခံဝင်ပါတယ်။ ထပ်ပြီး ပယ်ချပါတယ်။ ဒါနဲ့ ကျနော်တို့ဘက်က နောက်ထပ် စကားပြန်တယောက်ကို ထပ်လျှောက်တယ်။ အဲဒီတယောက်ကိုလည်း ထပ်ပယ်ချပြန်တယ်။
.
နောက်တော့ တရားသူကြီးက သူ့ကိုယ်တိုင် စကားပြန်တယောက်ကို ခန့်ပေးတယ်။ မန္တလေး တက္ကသိုလ်က အင်္ဂလိပ်စာမေဂျာသင် ဆရာမတယောက်ပါ။ အင်္ဂလိပ်စာပေကို အထူးပြု သင်ကြားသူပါတဲ့။ သူက ဆက်ဆံရေး ကောင်းတဲ့ သူတယောက်ပါ။ဒီအတွက်လည်း ကျေးဇူးတင်မိပါတယ်။ ဒါပေမဲ့ သူဟာ ကျနော့်အမှုအတွက်တော့ လိုအပ်သူ မဟုတ်ပါဘူး။ ကျနော့်ရဲ့ ပြည်ပ ဥပဒေအကြံပေးအဖွဲ့ ခေါင်းဆောင်က ‘ဟာ’ ကို သူနဲ့ ပတ်သက်ပြီး အခုလို ကောက်ချက် ပေးခဲ့ပါတယ်။ “ဒီစကားပြန်ရဲ့  ဥပဒေဆိုင်ရာ အခေါ်အဝေါ်၊ အသုံးအနူန်း နားလည်မှုတွေက အင်မတန် နိမ့်လွန်းတယ်”တဲ့။
.
ကျနော်စိတ်ပူတာက သူ့ကို စစ်ထောက်လှမ်းရေးနဲ့ ရဲတွေက ကျနော်တို့ပြောတာတွေ အတင်းအကြပ် စစ်မေးမှာကိုပါ။ အဲဒီတော့ သူ့ကို ကာကွယ်တဲ့ အနေနဲ့ (ကိုယ့်ဘာသာ ကာကွယ်ဖို့ထက်တောင် ပိုအရေးကြီးတယ် ထင်လို့) ကျနော်ဟာ အရေးကြီးတဲ့ ကိစ္စတွေ ရှေ့နေနဲ့ မဆွေးနွေးဖြစ်အောင် ကြိုးစားတယ်။ အဲဒီလိုဆိုတော့လည်း စကားပြန်ရှိပြီး ဘာမှ သုံးမရဘူးပေါ့။ တရားခွင်မှာ ဘာတွေဖြစ်နေတယ် ဆိုတာလည်း အချိန်နဲ့ တပြေးညီ မသိနိုင်ဘူး။ ကျနော့်အမှုနဲ့ ကျနော့်ဘဝ ဘယ်ရောက်သွားမယ် ဆိုတာ မသိရတော့ ကျနော့်အတွက် ခံရ အလွန်ခက်ခဲပါတယ်။
.
စစ်ဆေးမှုတွေ တလလောက်ကြာလာတော့ ကျနော်တို့ကို စွဲဆိုထားတဲ့ အမှုတွေ အပေါ်မှာ “အပြစ်ရှိလား၊ မရှိဘူးလား” ဆိုတာကို မေးပါတယ်။ ရုပ်ရှင်တွေ၊ တီဗွီဇာတ်လမ်းတွေထဲမှာ မြင်ဖူးတဲ့ ပုံစံလိုပေါ့။ ကျနော်လည်း ခပ်ကျယ်ကျယ်၊ ခပ်ပြတ်ပြတ်၊ ယုံကြည်မှုအပြည့် လေသံနဲ့ “အပြစ်မရှိပါဘူး” လို့ ဖြေပေးလိုက်တယ်။ နောက်တော့ ကျနော့်ကို ကိုးကွယ်တဲ့ ဘာသာ မေးပြန်တယ်။ ကျနော်က “ခရစ်ယာန်ဘာသာ” လို့ဖြေတယ်။ အဲဒီဘာသာက ကျနော်မွေးဖွား ကြီးပြင်းလာခဲ့ရတဲ့ ဘာသာဖြစ်ပါတယ်။ ကျနော့်ရဲ့ ကမ္ဘာ့အမြင်ကိုလည်း ထင်ဟပ်သင့် သလောက်တော့ ထင်ဟပ်စေပါတယ်။ အဲဒီအဖြေက သူတို့ မျှော်လင့်ထားတဲ့ အဖြေပါပဲ။ ကျနော့်မှာ ဘာသာရေးနဲ့ ကိုးကွယ်မှုဆိုင်ရာ သံသယတွေ ရှိနေတယ် ဆိုတာ သွားရှင်းပြရင်လည်း အမှုအတွက် ဘာမှ အထောက်အကူ ဖြစ်မှာ မဟုတ်ပါဘူး။ “နောက်ကြုံ မှပဲ ရှင်းတာပေါ့”လို့ပဲ စိတ်ထဲ တေးထားလိုက်တယ်။
.
ကျနော်တို့ ငါးယောက်ကို တရားခွင်ရဲ့ နောက်က ခနော်နီခနော်နဲ့ ဖြစ်နေတဲ့  ‘ဝက်ခြံ’ ထဲမှာ ထိုင်စေတယ်။
.
ကျနော်က တရားခံ(၁)၊ ဒေါ်စုက တရားခံ(၂) တဲ့။ ကျနော့်ဘဝမှာ ဒါဟာ ပထမဦးဆုံးအကြိမ် ဒီလို ဦးစား အပေးခံရခြင်းပါ။ ဒီတကြိမ်တည်း လို့လည်း ပြောရမယ်။ အဲဒီလို တရားခံ(၁) နဲ့ (၂) ဆိုပေမဲ့ သူနဲ့ ကျနော့်ကို တတ်နိုင်သမျှ အဝေးဆုံး ထားကြတယ်။ ကျနော်က ဝက်ခြံရဲ့ ဒီဘက်ထိပ်မှာ ဆိုရင် သူက ဟိုဘက်ထိပ်မှာ။ နိုင်ငံခြားသား လွှမ်းမိုးမှု ထပ်ပြီးဖြစ်မှာ စိုးရိမ်တယ် နဲ့ တူပါတယ်။
.
ကျနော့်ဘေးမှာ ဝင်စတန်၊ ဦးစိုးဝင်းနဲ့ ဦးကျော်ဝင်းတို့ အစဥ်လိုက် ထိုင်ကြတယ်။ စစ်ဆေးမှုကာလ ၁၃လ လုံးမှာ အဲဒီလို ထိုင်ခဲ့ရတယ်။ ပြီးတော့ ကျနော်တို့ လေးယောက် ကာကွယ်ရေးဝတ်စုံ (PPE) အပြည့် ဖြစ်တဲ့ ကိုယ်ရုံ၊ နှာခေါင်းစည်း၊ ဆံပင်အုပ်ပိုက် တွေ တပ်ရတယ်။ ကျနော်တို့က ထောင်သားတွေ မဟုတ်တဲ့ အတွက် အပြာရောင် ထောင် အဝတ်အစားတွေ ဝတ်ဖို့ မလိုပါဘူး။ ဒါပေမဲ့ PPE ဝတ်စုံရဲ့ အရောင်က အပြာရောင် ကို တမင်ရွေးပေးထားတယ် ဆိုတော့ စိတ်ပိုင်းဆိုင်ရာ ကသိကအောက်ဖြစ်အောင် လုပ်ထားတယ် လို့ မြင်တယ်။
.
ဒေါ်စုကတော့ ဝတ်စုံနဲ့ ဆံပင်အုပ်ပိုက်တွေ မဝတ်ရပေမဲ့ နှာခေါင်းစည်းကိုတော့ တချိန်လုံး တပ်ထားရတယ်။ တရားခွင်မှာ ရှိတဲ့သူ အားလုံးတပ်ထားကြပါတယ်။ ဒေါ်စုရဲ့ ညာဘက်မှာ ရဲမေလေးတယောက်ကို အမြဲတမ်း ထိုင်နေစေတယ်။
.
ကျနော်တို့ရဲ့ အပြစ်မရှိကြောင်း လျှောက်လဲချက်တင်အပြီးမှာတော့ အမှု စစ်ဆေးမှု စတင်ပါတော့ တယ်။ ကျခံရမယ့် ပြစ်ဒဏ်တွေကို ရှင်းပြတာတွေ၊ သက်သေခံပစ္စည်းတွေ တင်ပြတာတွေ၊ တရားလိုပြ သက်သေတွေ ခေါ်ယူစစ်ဆေးတာတွေ ပါတယ်။ သက်သေခံပစ္စည်း တွေထဲမှာ ကျနော့် အီလက်ထရောနစ် ပစ္စည်းအသုံးအဆောင်တွေမှာ သိမ်းထားပါတယ် လို့ စွပ်စွဲထားတဲ့ စာရွက်စာတမ်းတွေ ပါတယ်။ တရားလိုဘက်ရဲ့ စွဲချက်ဗျူဟာက ကျနော်ဟာ မြန်မာနိုင်ငံအစိုးရ လျို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ)  “ရန်သူအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အသုံးဝင်စေမည်ဟု တွက်ချင့်ထားသော သို့မဟုတ် အသုံးဝင်တန်ရာသော သို့မဟုတ် အသုံးဝင်စေရန် ကြံရွယ်၍ လျှို့ဝှက်ထားသော တရားဝင် သင်္ကေတ၊ သို့မဟုတ် စကားဝှက် တစ်ခုခုကို သော်လည်းကောင်း၊ ပုံကြမ်း၊ စနစ်ပုံ၊ နမူနာပုံစံ၊ အချက် အလက်၊ မှတ်စု သို့မဟုတ် အခြားစာတမ်းအမှတ်အသား သို့မဟုတ် သတင်းအချက်အလက်တစ်ရပ်ရပ် ကိုသော်လည်းကောင်း ရယူခြင်း၊ စုဆောင်းခြင်း၊ မှတ်တမ်းတင်ခြင်း သို့မဟုတ် ထုတ်ဝေခြင်း သို့မဟုတ် အခြားသူတစ်ဦးဦးကို ဆက်သွယ်အကြောင်းကြားခြင်း” ကို ချိုးဖောက်တယ်ပေါ့။
.
သူတို့ရဲ့ စွဲချက်စာရွက်မှာ ပါတဲ့ ကျနော်ဆီက သိမ်းယူ ထားတဲ့ ပစ္စည်းစာရင်းမှာ
၁) အဖြူရောင် Asus Vivobook လက်ပ်တော့ပ် ကွန်ပျူတာတလုံးနဲ့ အားသွင်းစက် တခု
၂) ငွေရောင် အိုင်ပက် တလုံးနဲ့ အားသွင်းစက် တခု
၃) အနီ အနက်ရောင် SanDisk မန်မိုရီစတစ် တခု
၄) အနက်ရောင် အိုင်ဖုန်း ၁၁ (iPhone 11) တလုံး
၅) ၂၀၂၁ခုနှစ် ဒိုင်ယာရီ အမည်တပ်ထားတဲ့ အပြာရောင် စာအုပ်တအုပ်
၆) အနက်ရောင် မှတ်စုစာအုပ် တအုပ်နဲ့ စာရွက်စာတမ်းများ
၇) The Line Upon a Wind အမည်ရှိ စာအုပ်တအုပ် ပါတယ်။ ဒါတွေပေါ်မှာ အခြေခံပြီး ရဲစစ်တမ်း အစီရင်ခံစာ အရ ကျနော်ဟာ အရေးကြီး စာရွက်စာတမ်း တွေကို အီလက်ထရောနစ် ပစ္စည်းတွေမှာ လျှို့ဝှက်သိုလှောင်ထားပြီး မြန်မာနိုင်ငံရဲ့ ‘ရန်သူ’ တွေကို တဆင့်ပို့ဆောင်ခဲ့တယ် လို့ ဆိုပါတယ်။
.
ကျနော့်အမှုတွဲတွေကိုတော့ ကျနော် သူလျှိုလုပ်နေတာကို အားပေးကူညီတယ် ဆိုပြီး ပုဒ်မ ၃ (၁)(ဂ)/၉(အားပေးကူညီမှု) နဲ့ တရားစွဲထားတယ်။ ဒေါ်စုကိုလည်း အဲဒီပုဒ်မနဲ့ စွဲပါတယ်။ သူတို့စွဲဆိုချက်တွေက အခုဖတ်နေရတဲ့အထိ နည်းလမ်းကျ၊ ယုတ္တိရှိတယ် မဟုတ်လား။ ကျနော်သာ ကိုယ့်ဘာသာ အဖြစ်မှန်ကို မသိတဲ့သူဆိုရင် သူတို့ပြောတာတွေ ယုံချင် ယုံဦးမှာ။ ‘ငါများ သြစတေးလျ ဂျိန်းစဘွန်း ဖြစ်နေပြီး အဲဒီလို ဖြစ်နေတာကို ကိုယ့်ဘာသာ မသိဘဲ ဖြစ်နေတာလား။’ ပေါ့။
.
အမှုရဲ့ ဒုတိယအဆင့်မှာတော့ တရားလိုဘက်ကနေ ယုတ္တိရှိအောင် ပြောနိုင်ဖို့ထက် အလိမ်အညာတွေ၊ စာရွက်စာတမ်း အတုတွေ၊ အံ့သြဖွယ်ရာ အထူးအဆန်းတွေ တင်ပြပြီး သူတို့ ဂုဏ်သိက္ခာကို သူတို့ ကိုယ်တိုင် ဖျက်ဆီး ပါတော့တယ်။ ဒါတွေကို ကြည့်ပြီး စစ်ကောင်စီ လက်အောက်မှာ တရားစီရင်ရေးဟာ ဘယ်လောက်တောင် ဆိုးဝါးလာတယ် ဆိုတာ မီးမောင်းထိုးပြနေသလိုပါပဲ။
.
တမင်တကာလည်း အချိန်ဆွဲပြီး နှေးနှေးကွေးကွေး လုပ်ကြတယ်။ တပတ်ပြီးတပတ် ဆွဲဆန့် လိုက်တာ စုစုပေါင်း ၁၃လ နီးပါး ကြာတယ်။ အစအဆုံး ရေးပြဖို့တော့ အတော့်ကို ပျင်းဖို့ ကောင်းပါတယ်။ “ကျနော်က ပြောတယ်၊ ဒေါ်စုက ပြောတယ်”စသဖြင့်ပေါ့။ အဲဒါတွေရေးမပြဘဲ စကားအဖြစ် ပြောပြရင်တော့ အတော်ပျင်းဖို့ ကောင်းမှာ။ ဒီတော့ အတိုချုံးပြီး အနှစ်ချုပ်ပဲ ပြောပြမယ်။
.
ပထမဆုံးကတော့ ကျနော့်ကို စွဲချက်တင်ဖို့ သက်သေကိုးယောက် ခေါ်ပါတယ်။ သူတို့ကို ကြည့်ရတာလည်း ယုံကြည်ဖို့ခက်တဲ့ လူမျိုးတွေပါ။ အဲဒီကိုးယောက်ထဲမှာ ခြောက်ယောက်က ကျနော့်ကို ချက်ထရီယန်ဟိုတယ်မှာ ဖမ်းခဲ့စဥ်က ရှိပါတယ်တဲ့။ သူတို့က ‘ကျနော်ဟာ ဘယ်သူဘယ်ဝါ ဆိုတာ ပြောတယ်၊ ကျနော့်မှာ မြန်မာပြည်မှာ တရားဝင်နေထိုင်ဖို့ ဗီဇာ ရှိတယ်၊ ကျနော်ဆီမှ�� ပြောခဲ့တဲ့ စာရင်းထဲက ပစ္စည်းတွေ ရှိနေတယ်’ ဆိုတာကို ထွက်ဆို ကြတယ်။ ဒီသက်သေတွေထဲမှာ သာမန်ရဲတွေလည်းပါတယ်၊ တာမွေရဲစခန်းက ရဲတွေလည်းပါတယ်။ တချို့က ကျနော်အပေါ်တောင် စာနာတယ် ဆိုတာကို ပြကြသေးတယ်။ တယောက်ဆိုရင် သူ ထွက်ဆိုအပြီးမှာ ကျနော့်ကို မျက်စိတဖက် မှိတ်ပြတယ်။
.
နောက်သုံးယောက်ကလည်း ရဲတွေပါပဲ။ နှစ်ယောက်က အထူးရဲတပ်ဖွဲ့က၊ တယောက်ကတော့ ကွန်ပျူတာကျွမ်းကျင်သူ။ ဒီသုံးယောက်ကိုတော့ ကျနော့်ရှေ့နေတွေက မေးခွန်းတွေ ပြန် ထုတ်ခဲ့ပါတယ်။ အထူးရဲတပ်ဖွဲ့က နှစ်ယောက်က ‘ကျနော်နဲ့ စကားပြောခဲ့တယ်၊ ကျနော့်ကို စစ်ဆေးခဲ့တယ်’ လို့ ထွက်ဆိုတယ်။
.
သူတို့အဖြေမှာ ပြဿနာ တခုရှိပါတယ်။
,
သူတို့နှစ်ယောက် တရားခွင်ကို ရောက်မလာခင်အထိ ကျနော် အပြင်မှာ မမြင်ဖူးပါဘူး။ ကျနော့်ကို သေတ္တာထဲမှာ စစ်ခဲ့သူတွေလည်း မဟုတ်ဘူး။ (အဲဒီလူတွေကတော့ ကျနော့်အမှု တလျှောက်လုံး ပေါ် မလာခဲ့ကြပါဘူး။) သူတို့ကို အင်းစိန်ထောင်မှာရော၊နေပြည်တော်ထောင် မှာပါ မမြင်ဖူးဘူး။ တရားလိုဘက်ရဲ့ အဆိုအရ ကျနော်က အဲဒီ ကျနော် မမြင်ဖူးတဲ့ သက်သေနှစ်ယောက် ကို ‘ဝန်ခံ ထွက်ဆိုခဲ့ပါတယ်’တဲ့။
.
ဒါပေမဲ့ ကျနော့်ရှေ့နေ ဦးနု မေးခွန်းပြန်ထုတ်တဲ့အခါမှာတော့ သူတို့ဘာသာ အယောင်ယောင် အမှားမှား ဘူးပေါ်သလို ပေါ်လာပါတော့တယ်။ ဦးနုက ‘စကားပြန်က တဆင့် ပြောသလား’ လို့မေးတော့ သူတို့ က “မဟုတ်ဘူး၊ ရှောင်နဲ့ တိုက်ရိုက် ပြောတာပါ” လို့ ပြန်ဖြေကြတယ်။ “ဒါဆို ခင်ဗျား အင်္ဂလိပ်လို ပြောတတ်လား’' လို့ ဦးနုက မေးတော့ နှစ်ယောက်လုံးက “မပြောတတ်ဘူး” တဲ့။
.
ကျနော်လည်း ရေးခဲ့ပြီးပါပြီ။ ကျနော် ကို ဖမ်းဆီးထားတဲ့ ကာလတလျှောက် ကျနော့်ကို ဗမာလို မေးသမျှကို တခွန်းမှ မဖြေခဲ့ပါဘူး။ ဒီတော့  တယောက်ယောက်ကတော့ လိမ်နေပြီ။  ကျနော်မဟုတ်ရင် သူတို့ပေါ့။ ဒီလိုမေးခွန်းတွေကြောင့် သူတို့ဟာ လူလိမ်တွေဆိုတာ ပေါ်လွင်လာတယ်။ ဒီရဲနှစ်ယောက်ရဲ့ အဖြေတွေဟာ စိတ်ဝင်စားဖို့ မကောင်းသလို ရုပ်ရှင် ဇာတ်လမ်း ဆန်ဆန် ဖန်တီးထားတယ် ဆိုတာ သိသာပါတယ်။
.
နောက်ဆုံး သက်သေကတော့ သူတို့အခေါ် ကွန်ပျူတာ ကျွမ်းကျင်သူပေါ့။ သူက ကျနော့်ရဲ့ အီလက်ထရောနစ် အသုံးအဆောင် တွေကနေ စာရွက်စာတမ်းတွေ ထုတ်ယူပေးတဲ့အထဲမှာ ပါဝင်သူ လို့ ဆိုပါတယ်။ သူ ကွန်ပျူတာ ကျွမ်းကျင်သူ ဆိုတာ ကျနော် သံသယ မရှိပါဘူး။ ရှေ့အခန်းတွေ မှာ ပြောခဲ့သလို အာဏာစသိမ်းပြီ ဆိုတာနဲ့ ကျနော်ဟာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေ လက်ထဲ ရောက်မသွားစေချင်တဲ့ ကျနော့်ဖိုင်တွေကို ဖျက်ထားခဲ့ပါတယ်။ ဒီ ဖျက်ထားတဲ့ဖိုင်တွေကို ပြန်ဆယ်ယူတယ် ဆိုကတည်းက သူတို့မှာ ကျွမ်းကျင်မှု အဆင့်တခု ရှိလို့ပေါ့။
.
ဒါပေမဲ့ သူထုတ်ပြတဲ့ သက်သေခံ အထောက်အထား ဖိုင် တွေ က တကယ့်မတော်မရော် တွေပါ။ သူ့အပြောအရတော့ ဒီဖိုင်တွေဟာ မြန်မာနိုင်ငံရဲ့ လျှို့ဝှက်ချက်တွေ။ ကျနော်က ခိုးပြီး နိုင်ံငံခြား အဖွဲ့အစည်း တွေကို လွှဲပြောင်းပေးခဲ့ပါတယ် လို့ ဆိုတယ်။ သူပြောတဲ့ နိုင်ငံခြားအဖွဲ့အစည်းတွေ ထဲမှာ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နိုင်ငံ၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့၊ ကမ္ဘာ့ဘဏ် နဲ့ သြစတေးလျနိုင်ငံ တို့ပါတယ်။ အဲဒီနိုင်ငံနဲ့အဖွဲ့တွေက မြန်မာနိုင်ငံကို ထိခိုက်နစ်နာအောင် တမင်လုပ်နေကြပါတယ် လို့ ဆိုပါတယ်။
.
သူ့ရှေ့က ထွက်ဆိုသွားတဲ့ သက်သေတွေလိုပဲ။ သူ့ထွက်ဆိုချက်တွေမှာ အဓိက ချို့ယွင်းချက် တခု ရှိတယ်။ အဲဒါကတော့ သူပြောတဲ့ စာရွက်စာတမ်းတွေထဲမှာ လျှို့ဝှက်ထားတာ ဘာတခုမှ မပါဘူး။ တချို့မှာတော့ “ထိပ်တန်းလျှို့ဝှက်” ဆိုတဲ့ ခေါင်းစည်းတွေ ပါလာတယ်။ ဒါတွေကိုလည်း တရားခွင်မှာ ပရော်ဂျက်တာနဲ့ ထိုးပြီး ပြတယ်။ ကိစ္စမပြတ်ပေဘူးလား။
.
ပြတ်တော့ မပြတ်ပါဘူး။ နောက်ပြီး အဲဒီလို စွပ်စွဲတဲ့ ရဲတွေကိုလည်း ကျနော်က စာ နည်းနည်း သင်ပေးချင်တယ်။ အီလက်ထရောနစ် စာရွက်စာတမ်းတွေကို မူရင်းကနေ ပြင်ဆင်မယ် ဆိုရင်လည်း ‘နောက်ဆုံး ပြင်ဆင်ချိန်’ ဆိုတဲ့ အချိန်ပြအမှတ်အသားကို ပိပိရိရိ တွက်ပြီး လုပ်တတ်ဖို့ လိုပါတယ်။ အဲဒါတွေကိုလည်း တရားခွင်မှာ မပြမိစေနဲ့။  အခုက တရားခွင်မှာရှိတဲ့ လူတွေအားလုံး ပြင်ထားတဲ့ ရက်စွဲတွေကို မြင်နေရတယ်။  ဥပမာ ‘ထိပ်တန်းလျှို့ဝှက်’ လို့ ခေါင်းစည်း ပြောင်းတပ် ထားတဲ့ စာရွက် အားလုံးက ၂၀၂၁ခုနှစ် စက်တင်ဘာနဲ့ အောက်တိုဘာလ အတွင်းမှာ ပြင်ထားတယ် လို့ ပြနေတယ်။ ကျနော်က အဲဒီအချိန်တွေမှာ အင်းစိန်ထောင်နဲ့ နေပြည်တော်ထောင်ထဲ ရောက်နေပြီလေ။ ‘ကောင်းလိုက်တဲ့ အလီဘိုင်တွေ’ လို့ ခင်ဗျားကတော့ ထင်လိမ့်မယ်။
.
ဒီစာရွက်တွေသုံးပြီး ကျနော်ကို အပြစ်ရှိကြောင်း ပြဖို့ ကြိုးစားတာက သက်သေခံပစ္စည်း အတုလုပ်ပြီး ပြတာထက် ရယ်ဖို့ကောင်းတယ်။ ဥပမာ စာရွက်စာတမ်းတခု မှာ ကျနော်က ရိုဟင်ဂျာ အရေးမှာ လူ့အခွင့်အရေး ချိုးဖောက်ခဲ့တဲ့ စစ်တပ်က အရာရှိတွေကို အရေးယူဖို့ အကြံပေး ထားတယ်။ အဲဒီစာရွက်မှာ ‘Confidential’ (လျှို့ဝှက်) ဆိုတဲ့ ရေစာ ပါတယ်။ ကျနော့်ကို သေတ္တာထဲက စစ်ဆေးခဲ့သူတွေ လိုပဲ။ သူတို့က ဒီစာကို မြန်မာအစိုးရကို ထိခိုက်စေဖို့ ကျနော်က ခိုးခဲ့တယ်ပေါ့။ ပြောခဲ့ပြီးပါပြီ။ ဒီစာကို ရေးတာဟာ ကျနော်ပါ။ ‘Confidential’ ဆိုတဲ့ ရေစာ ထည့်တာလည်း ကျနော်ပါ။ ဒီကိစ္စကို သေတ္တာထဲမှာ စစ်တုန်းကလည်း ပြောခဲ့ပါတယ်။ ဒီမှာလည်း ထပ်ပြောရပြန်ပါတယ်။
.
ကျနော့်ကွန်ပျူတာထဲက တခြားစာရွက်စာတမ်းတွေကိုလည်း သက်သေခံ ပစ္စည်းဆိုပြီး တရားရုံးမှာ တင်ပြကြတယ်။ အများစုက ကျနော့်အလုပ်နဲ့ ပတ်သက်တဲ့ စာမူကြမ်းတွေ၊ ပညာရေး ဆိုင်ရာ စာတမ်းတွေ၊ ကျနော် ရေးတဲ့ ဆောင်းပါးတွေ၊ ကျနော့်ကျောင်းသားတွေရဲ့ အက်ဆေးတွေ ပါ။ လူအများ အလွယ်တကူရနိုင်၊ အင်တာနက်ကနေ ကူးယူနိုင်တဲ့ စာတွေပါ။ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံဖြိုးရေးဘဏ်က အစီရင်ခံစာတွေ ပါတယ်။ သတင်းဆောင်းပါးတွေပါတယ်။ ပြောရရင် စီးပွားရေးအကြံပေးတယောက်ရဲ့ စပ်မိစပ်ရာ စာရွက်စာတမ်းတွေပါ။ ဘာမှ လျှို့ဝှက်စရာ မရှိသလို၊ ပုံမှန်လူတွေအတွက် ဆို ပျင်းစရာတောင် အတော်ကောင်းတဲ့ စာတွေပါ။
.
ကျနော်တို့ဘက်က ပြန်လည် တင်ပြတာတွေကို ပယ်ချခံရတာကလည်း ကျနော် မတရား အလုပ်ခံနေရတယ် ဆိုတဲ့ အနာကို ဆားနဲ့ပက် သလိုပါပဲ။
.
မြန်မာနိုင်ငံ အစိုးရက ကျနော့်ကို စီးပွားရေးအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်စာကို ကျနော့်ဘက်က တင်သွင်းဖို့ ကြိုးစားတယ်။ ဒါက ကျနော့်အမှု အတွက် အဓိက ကျတဲ့ စာရွက်စာတမ်းပါ။ ဒါပေမဲ့ ‘အကျုံးမဝင်ဘူး’ဆိုပြီး ပယ်ချတယ်။ သြစတေးလျနိုင်ငံ ‘နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန’ နဲ့ ကျနော် တို့ချုပ်ဆိုထားတဲ့ စာချုပ်ကိုလည်း ‘အကျုံးမဝင်ဘူး’ ဆိုပြီး ပယ်ချပြန်တယ်။ ဒီစာချုပ်ထဲမှာ ကျနော်ရဲ့ လုပ်ငန်းတာဝန် အသေးစိတ်ကို တိတိကျကျ ရေးထားတယ်။ ဒီတာဝန်တွေကိုပဲ သူတို့က ကျနော်ဟာ ဥပဒေချိုးဖောက်ပါတယ်၊ လျှို့ဝှက် လုပ်ဆောင်ပါတယ် လို့ စွပ်စွဲ ကြတာပါ။
.
တရားခွင်က ကြားနာမှုတွေမှာ တရားလိုသက်သေတွေရဲ့ မရည်ရွယ်ဘဲ ဝန်ခံတာ တချို့ကိုလည်း ရရှိခဲ့ပါတယ်။ ရှေ့နေ ဦးနု ပြန်လှန်မေးခွန်းထုတ်လို့ပါ။ ဥပမာ ဒီအမှုကို တရားဝင် အမှုတင်သွင်းတဲ့ ရဲအရာရှိက ‘လျှို့ဝှက်အက်ဥပဒေဟာ ကျနော့်ကို သက်ရောက်မှု မရှိဘူး’ လို့ ဝန်ခံတာမျိုးပေါ့။ စာရွက်စာတမ်း ၆၇ ခုကို သက်သေအဖြစ် တင်သွင်းတဲ့ ရဲအရာရှိကလည်း “ဒီစာရွက်စာတမ်းတွေထဲမှာ မြန်မာနိုင်ငံလုံခြုံရေးနဲ့ အကျိုးစီးပွားကို ထိခိုက်စေနိုင်တဲ့ အကြောင်းအရာ ဘာမှ မတွေ့ရကြောင်း၊ စာရွက်စာတမ်း သုံးခုမှာတော့ ‘လျှို့ဝှက်’ လို့ ရေးထားတာပါကြောင်း”ထွက်ဆိုတယ်။ သူတို့ပြောတဲ့ သုံးခုကလည်း သူတို့ ပြင်ထားတဲ့ စာရွက်စာတမ်း သုံးခုပါ။
.
ကျနော်ရဲ့ ပြည်ပ ဥပဒေအကြံပေးအဖွဲ့က ကျနော့်အမှုနဲ့ ပတ်သက်ပြီး ‘ဟာ’ အတွက် ကောက်နုတ်ချက် ချပေးတဲ့အထဲမှာ ‘ သက်သေခံပစ္စည်း အများစုဟာ တရားစွဲခံထားရသူတွေရဲ့ ဓာတ်ပုံတွေ၊ ခရီးသွားအစီအစဥ်တွေနဲ့ အများပြည်သူ အလွယ်တကူ ရနိုင်တဲ့ အချက်အလက်များ ဖြစ်ကြောင်း၊ အကယ်၍သာ ဥပဒေအတိုင်း တရားစွဲမယ်ဆိုရင် ဘာအမှုမှ မမြောက်ဘူး” လို့ ဆိုပါတယ်။
.
၂၀၂၂ ဇွန်လ ၉ရက်နေ့ဟာ ကျနော့်အတွက် အရေးကြီးတဲ့ ကြားနာမှုနေ့ တနေ့ ပါ။ အဲဒီနေ့မှာ တရားသူကြီး ဦးရဲလွင်က ကျနော်တို့အားလုံးကို အမှုတွေ ရင်ဆိုင်ရမယ် လို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျနော်တို့ ရှေ့နေတွေရဲ့ ချေပချက်အားလုံးကို လျစ်လျူရူပြီး ဆုံးဖြတ်ခဲ့တာပါ။ ဒီအကြောင်းကို သြစတေးလျ နဲ့ နိုင်ငံတကာ သတင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လွှင့်ခဲ့ပါတယ်။ သြစတေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်း (Penny Wong) ရဲ့ “သြစတေးလျနိုင်ငံ အစိုးရအနေနဲ့ ဒီတရားရုံး ဆုံးဖြတ်ချက်ကို လက်မခံနိုင်ကြောင်း” ထုတ်ပြန်ကြေညာချက် ကြောင့် ဒီသတင်း ပိုကျယ်ပြန့်သွားရတာပါ။
.
၂၀၂၂ ဇူလိုင်လထဲမှတော့ တရားသူကြီး ဦးရဲလွင် နေရာကို အစားထိုးလိုက်ပါတယ်။ အမှုစီရင်ချက် ချဖို့ နှစ်လအလိုမှာပါ။ အဲဒီမတိုင်ခင်မှာ သူက နေမကောင်းလို့ ခွဲစိတ်ကုသမှု လုပ်နေရတယ် ဆိုပြီး ရက်သတ္တပတ် အတော်များများ ရုံးချိန်း ရွှေ့ခဲ့တယ်။ အစားထိုးတဲ့ တရားသူကြီးက ပျဥ်းမနားခရိုင်က ဦးဝင်းတင့် ပါ။ သူကတော့ သူ့အရှေ့က တရားသူကြီးလောက် အမှုကို စိတ်မဝင်စားသလို ဥပဒေကြောင်းအရ စနစ်တကျ လုပ်ဖို့ကို ပိုတောင် စိတ်မဝင်စားပါဘူး။ သူအိပ်ငိုက်နေတာကို ကျနော် အကြိမ် အတော်များများ တွေ့ခဲ့ရပါတယ်။ တခါတလေမှာ သူက ကျနော်တို့ သြဇီတွေ ပြောလေ့ ရှိသလို ‘ပင်ပန်းပြီး ခံစားချက်များနေတယ်’။ ( မူးနေတာကို ဆိုလိုတာပါ)။ ဘာတွေဘယ်လို ဖြစ်ပါစေ၊ တရားခွင်ကတော့ ဆက်ပြီး သူ့အရပ်နဲ့ သူ့ဇာတ် အတိုင်း သွားနေပါတယ်။
.
ဦးရဲလွင် နေမကောင်းလို့ ဆိုတဲ့ အကြောင်းပြချက်ဟာ ကျနော်တို့ အမှုအတွက် နောက်ဆုံး ကြန့်ကြာစေမှုပါ။ ဒီမတိုင်ခင်မှာ ကိုဗစ်ကြောင့် နှစ်လ နီးပါး တရားရုံး ပိတ်ခဲ့တယ်။ မီးမလာတာရယ်၊ ကျနော့်အမှုတွဲတွေရဲ့ ကျန်းမာရေး ကိစ္စတွေရယ် ကြောင့်လည်း ရက်သတ္တပတ် အတော်များများ ထပ် ကြန့်ကြာခဲ့ပါသေးတယ်။ ဒေါ်စုဟာ အစာအဆိပ်သင့်မှု နဲ့ တခြားရောဂါတွေ ကြောင့် သုံးလေးပတ်လောက် ရုံးချိန်းမလာနိုင်ခဲ့ဘူး။ ဦးကျော်ဝင်းက ခွဲစိတ်ကုသမှု ခံရတယ်။ ဦးစိုးဝင်းကလည်း  ခွဲစိတ်ကုသမှုနဲ့ ကင်ဆာဆေးသွင်းခံရမှု ကြောင့် လအတော်ကြာ ရုံးချိန်းမလာနိုင်ဘူး။ သူကတော့ သူကိုယ်တိုင် ရုံးချိန်း မလာနိုင်လည်း အမှုကို ဆက်စစ်စေဖို့ လက်မှတ်ထိုးပေးခဲ့ပါတယ်။
.
အမှုစစ်နေတဲ့ ကာလတလျှောက်လုံးမှာ ဦးစိုးဝင်းအပေါ် သူတို့ ဆက်ဆံခဲ့တာတွေကို တွေးမိရင် ကျနော့်ကို အင်မတန် ဒေါသဖြစ်ရတယ်။ သူဟာ အသက် ၈၅နှစ်အရွယ် လူကြီးလူကောင်း တဦး ဖြစ်ပြီး သူ့ကို တွေ့ဖူးသူတိုင်း ချစ်ကြပါတယ်။ သူဟာ နာမည်ကျော် Deloitte ကုမ္ပဏီရဲ့ မြန်မာနိုင်ငံ ဌာနေ ဥက္ကဋ္ဌ ဖြစ်ခဲ့ပါတယ်။ ဘဏ္ဍာရေး ဆိုင်ရာ စည်းမျဥ်းစည်းကမ်းတွေ နဲ့ ဗဟုသုတ ကြ��ယ်ဝတာ ကြောင့် ဘဏ္ဍာရေး ဝန်ကြီး ရာထူးကို ဒေါ်စုက ခန့်အပ်ခဲ့တာပါ။ အေးအေးဆေးဆေး အနားယူချင် လို့ ပင်စင်ယူပြီး မိသားစုနဲ့ အချိန်ပြည့်နေခဲ့တဲ့ ဦးစိုးဝင်းက ဒီရာထူးကို ယူခဲ့တာဟာ တိုင်းပြည်ချစ်စိတ် တခုတည်းနဲ့ပါ။ သူဟာ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ကို အားသန်သူဖြစ်ပြီး သတ္တိရှိသူလည်း ဖြစ်ပါတယ်။ ဆယ်စုနှစ် အတော်များများမှာ လူ့အခွင့်အရေးလှုပ်ရှားမှုတွေကို  ဦးဆောင်လှုပ်ရှားခဲ့သူလည်း ဖြစ်ပါတယ်။ ဒီလိုလူတယောက်ကို လေးလေး စားစား ဆက်ဆံရမယ့် အစား သူဟာ အစောင့်တွေ၊ ထောင်အာဏာပိုင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီ ရဲ့ မလေးမစား အဆက်ဆံ အခံရဆုံးသူပါ။ သူ့ကို စွပ်စွဲထားတာတွေကလည်း အတော့်ကို ခံပြင်းဖို့ ကောင်းပါတယ်။ ကျနော့်ကို အလုပ်ခန့်ချိန်မှာ သူဟာ ဝန်ကြီးရာထူးတောင် ယူ မထားတော့ပါဘူး။ သူနဲ့ကျနော် တနှစ်ကို တကြိမ်၊ နှစ်ကြိမ် တွေ့တာလောက်ပဲ ရှိပါတယ်။ နေပြည်တော်ထောင်ထဲမှာ တကယ့်ကို ရှိမနေသင့်တဲ့ သူပါ။ သူက တဦးတည်း သွားလာဖို့ အခက်အခဲ ရှိတာကြောင့် သူ့အကျဥ်းခန်းထဲမှာ၊ ထောင်ထဲမှာ သူ အတော့်ကို ဒုက္ခတွေ့ခဲ့ရပါတယ်။ သူ့ကင်ဆာ ရောဂါ သိပ်ဆိုးဝါးလို့ ဆေးကုသခံရတဲ့ အချိန်တွေမှာ အပြင်ထွက်ဆေးကုခွင့် ရတာကလွဲရင် ကျနော်တို့နဲ့ အတူ ထောင်ချခံထားရပါတယ်။ အတော့်ကို လက်မခံနိုင်စရာ အခြေအနေပါ။
.
ဒီစာအုပ်မှာ ကျနော့်အနေနဲ့ ပွင့်ပွင့်လင်းလင်း ဝန်ခံချင်တာ တခုရှိပါတယ်။ ကျနော်နဲ့ ကျနော့် အမှုတွဲတွေကြားမှာ အမှုအတွက် အငြင်းပွားမှု အသေးစားတွေ ရှိခဲ့ပါတယ်။ အထူးသဖြင့် သူတို့ရဲ့ ရှေ့နေတွေနဲ့ပါ။ ရှင်းရှင်းပြောရရင် ကျနော်က ဒီအမှုကို မြန်မြန် ပြီးစေချင်တယ်။ လုပ်ဇာတ် ဆိုတာလည်း သိနေတော့ အမှုမြန်မြန် ပြီးသွားရင် နိုင်ငံရေး၊ သံတမန်ရေးအရ ကျနော့်ဘက်က ဆက်ပြီး လှုပ်ရှားလို့ရမယ်။ သူတို့ဘက်က ကြည့်ပြန်တော့လည်း အမှုစစ်တာ ကြန့်ကြာနေတာဟာ ကောင်းပါတယ်။ တရားဝင် အကျဥ်းသား ဖြစ်သွားတာထက် စာရင် ‘အစွပ်စွဲခံ’ အဖြစ်နဲ့ နေရတာက ပိုကောင်းတယ်ပေါ့။ ဒါကိုလည်း ကျနော့်အနေနဲ့ နားလည်ပေးနိုင်ပါတယ်။
.
နောက်ဆုံးမှာတော့ ကျနော်တို့ကြားက အငြင်းပွားမှုတွေ ပျောက်ကွယ်သွားပါတယ်။ ဘာလို့လဲ ဆိုတော့ နေပြည်တော်ထောင်မှာ ရမန်နဲ့ နေရခြင်းဟာ အင်းစိန်ထောင်မှာ ထောင်သားအဖြစ်နဲ့ နေရခြင်းထက် အများကြီး ပိုဆိုးနေလို့ပါ။
.
‘ဟာ’ က ကျနော်ရဲ့ ရှေ့နေတွေကို “အမှုကို စီရင်ချက် မြန်မြန်ချနိုင်အောင် ကြိုးစားဖို့၊ ကျနော့်ဘက်က သက်သေ မခေါ်ဖို့၊ တခြားသက်သေတွေကိုလည်း မေးခွန်း အများကြီး မမေးဖို့၊ တရားလို သက်သေတွေ ကိုလည်း ပြန်လှန်စစ်မေးဖို့ ထပ်မချိန်းဖို့၊ ကြားနာမှုကို တပတ် တကြိမ်ကနေ နှစ်ကြိမ်၊ သုံးကြိမ် ဖြစ်လာအောင် ကြိုးစားဖို့၊ အမှုအမြန်ဆုံး ပြီးဆုံးသွားအောင် လုပ်ဖို့” ညွှန်ကြားခဲ့ပါတယ်။ ကျနော့်ရဲ့ အမှုတွဲ ရှေ့နေတွေကလည်း ဒီညွှန်ကြားချက်တွေ သဘောတူပါတယ်။ အထူးသဖြင့် ဒေါ်စုနဲ့ သူ့ရှေ့နေတွေကလည်း အဲဒီလိုပဲ ဖြစ်စေချင်ခဲ့တယ်။ ဒါပေမဲ့ ဦးနုက ‘ဟာ’ ညွှန်ကြားချက်တွေကို ဘယ်လိုပဲ လိုက်နာပါစေ၊ အမှုက သူ့အရှိန်နဲ့ သူသွားနေခဲ့ပါတယ်။ မြန်အောင်ကို လုပ်လို့မရခဲ့ဘူး။
.
အမှုရင်ဆိုင်ရေး ဗျူဟာတွေကြားမှာ ကျနော်ကတော့ မျက်စိသူငယ် နားသူငယ်နဲ့ လိုက်ပါရတဲ့ ခရီးသည်တဦး မျှပါ။ ကျနော့် အနေနဲ့ အမှုအကြောင်းကို ‘ဟာ’နဲ့ ရော၊ ရှေ့နေနဲ့ပါ အသေးစိတ် ဆွေးနွေးခွင့်၊ တိုင်ပင်ခွင့် မရခဲ့ပါဘူး။ အဲဒီတော့ ကျနော့်အနေနဲ့ ဘယ်နည်းလမ်းက အကောင်းဆုံးဆိုတာလည်း မသိပါဘူး။ ဘယ်နည်းရွေးရွေး ထူးမယ်တော့ မထင်ပါဘူး။ အခုလို အချိန်မှာ ပြန်စဥ်းစားကြည့်ရင် အကောင်းဆုံး နည်းဆိုတာလည်း မရှိဘူး လို့ မြင်တယ်။ အာဏာသိမ်းစစ်ကောင်စီ ရဲ့ ‘ရန်သူ’လို့ သတ်မှတ်ခံထားရတဲ့ ကျနော်တို့အတွက် ဘယ်နည်းကမှ မထူးလှပါ။ သူတို့က ကျနော်တို့ကို အပြစ်ပေးမယ်၊ ဖယ်ရှား���ယ် ဆိုပြီး ဒီအမှုတွေ ဆင်ခဲ့ကြတာ မဟုတ်လား။
.
ကျနော် တရားရုံးမှာ တရားသူကြီးလာရင် မတ်တပ်ရပ်ပေးရတာကို ကျနော် အတော်မုန်းတယ်။ မသိရင် တကယ့် တရားခွင် ကျနေတာပဲ။ ဒါပေမဲ့ ကျနော်လုပ်ပေးခဲ့ပါတယ်။ ကျနော့်အတွက်ရော၊ တခြားသူတွေအတွက်ပါ လက်ရှိအခြေအနေထက် ပိုမဆိုးစေချင်လို့ပါ။
.
တခါတလေလည်း တရားခွင်မှာ ရယ်စရာ အဖြစ်တွေ ကြုံရပါတယ်။ အမှုတွဲဖိုင်ကို လက်လွှဲယူကြရင်းပေါ့။ ကျနော့်ဖိုင်တွဲက တကယ့်အထူကြီးပါ။ အထဲမှာ ဥပဒေဆိုင်ရာတွေ၊ ကျနော်သူလျှိုလုပ်တယ် ဆိုတဲ့ အထောက်အထား တွေ၊ ရဲနဲ့ တရားလိုဘက်က ပြောသမျှ ထွက်ချက်တွေ အားလုံးပါတယ်။ အဲဒါကို တရားရုံး စာရေး အမျိုးသမီးငယ်တွေက တချိန်လုံး လွှဲပြောင်းပြီး ပေးနေရတယ်။ အဲဒီအထဲက စာတွေကို ပြန်ပြန် ကိုးကားကြတာကိုး။ တခါတလေ လက်လွှဲပြောင်းပေးကြရင်းနဲ့ လက်ထဲက ဖိုင်တွဲလွတ်ကျ၊ ကြမ်းပြင်ပေါ်မှာ စာရွက်တွေ ပလူပြန့်ကျဲ၊ အပြေးအလွား လိုက်ကောက်ကြနဲ့ပေါ့။ ရယ်စရာတော့ အကောင်းသား။ တနည်းအားဖြင့် ပြောရရင် သူတို့ရဲ့ အမှုစစ်နေသလို ပါပဲ။ ကျနော့်ကိုတော့ အဲဒီ ဖိုင်တွဲအထူကြီးကို ပေးမဖတ်ပါဘူး။ ကျနော်က အဲဒီ ဝတ္ထုရှည်ကြီးထဲက အဓိက ဇာတ်ကောင် ဆိုတာ မေ့နေကြလို့လား မသိ။
.
 အမှုစစ်နေတဲ့ ကာလတလျှောက်လုံးမှာ ဒေါ်စုဟာ ကျနော်တို့ကို စိတ်ခွန်အားတွေ ပေးခဲ့ပါတယ်။ ကျနော်တို့အားလုံးအပေါ် သူ့ ဆက်ဆံရေးက အရင်ကလိုပဲ။ တည်ကြည်တယ်၊ ခိုင်မာတယ်၊ ဂရုစိုက်တယ်။ သူ ကိုယ်တိုင်ကြုံနေရတဲ့ ဒုက္ခတွေရဲ့ အထက်မှာ နေနိုင်တယ် ဆိုတာကိုလည်း သူ သက်သေပြသွားတယ်။ ရုံးချိန်း ငါးရက်ရှိရင် လေးရက်မှာ သူဟာ တနေ့ကို ရှစ်နာရီလောက် အာဏာသိမ်းစစ်ကောင်စီရဲ့ အရည်မရ အဖတ်မရ လုပ်ကြံထားတဲ့ လျှောက်လွှဲချက်တွေ နားထောင်ရတယ်။ ဒီကြားထဲမှာပဲ ကျနော်တို့ကို စိတ်ခွန်အားတွေ ပေးသွားတယ်။
.
ကျနော်အမြင်မှာတော့ စိတ်ခွန်အား ပေးတာထက်တောင် ပိုပါသေးတယ်။ သူရဲ့ အမှုတွဲတွေ ဖြစ်တဲ့ ကျနော်တို့က ‘ရာဇဝတ်မှုပြစ်ဒဏ်’ ဆိုတာနဲ့ ပတ်သက်ပြီး စိတ်သောကတွေ ဖြစ်နေကြတယ်။ ကျနော်တို့ကို အခုလို အကွက်ဆင်ပြီး ထောင်ချခံရတော့မယ် ဆိုတာသိတော့  ရှက်လည်း ရှက်တယ်၊ ကြောက်လည်း ကြောက်တယ်။ ဒါကို သူကလည်း သိတယ်။ ဒီ မတရားစီရင်မှု အောက်မှာ ကိုယ့်ဘာသာ လှောင်ပိတ် မနေကြဖို့၊ သူတို့ ဒီလိုလုပ်ပြနေတာတွေဟာ ပါဝါအာဏာ ရှိကြောင်း ပြချင်ရုံသက်သက် ဆိုတာ နားလည်ထားဖို့ ကို သတိပေးတယ်။ နိုင်ငံရေးအရလည်း ရုပ်ဆိုးသလို ဒီတရားရုံးတွေကနေတဆင့် ညှဥ်းဆဲနေသူတွေကသာ တကယ့်ရာဇဝတ်ကောင်တွေ၊ ပြည်သူတွေက တကယ့် တရားလိုတွေ ဆိုတာကို သူကရှင်းပြတယ်။   
.
ဒေါ်စုဟာ တရားရုံး၊ ရဲတွေ၊ ထောင်စောင့်တွေ၊ တရားလိုရှေ့နေတွေ၊ သက်သေတွေနဲ့ ဟိတ်ဟန်အပြည့် တရားသူကြီးတွေကို လေးလေးစားစား ဆက်ဆံသွားတယ်။ သူ့ကရုဏာ၊ ဉာဏ်ပညာနဲ့ ကိုယ့်ကျင့်တရား တွေက အခက်အခဲဆုံး အချိန်မှာတောင် အစမ်းသပ်ခံပြ နေသလိုပါပဲ။
.
သူနဲ့  စကားပြောဖြစ်တဲ့အခါတိုင်းမှာ အာဏာသိမ်းမှုအပေါ် လူထုက တုံ့ပြန်တာကို သူဂုဏ်ယူတယ်၊ အထူးသဖြင့် လွတ်လပ်မှုနဲ့ (မပြည့်စုံတဲ့) ဒီမိုကရေစီ ကို ခဏလေး ခံစား လိုက်ရတာတောင် ဒီလောက်တုံ့ပြန်ကြတယ် ဆိုတာ အမြဲပါလေ့ရှိတယ်။ ကမ္ဘာ့အရေးတွေလည်း ပြောဖြစ်ပါတယ်။ ကျနော်ပြောခဲ့သလိုပါပဲ။ တခါတလေမှာ သူ့အတွက် တခုတည်းသော ပြင်ပသတင်းတွေ ရရှိနိုင်တဲ့နေရာက ကျနော်ပါ။ ယူကရိန်းစစ်ပွဲ၊ ဗြိတိန်ဘုရင်မကြီး သေဆုံးမှု၊ အာဖဂန်နစ်စတန် အကြောင်း၊ ဘိုင်ဒန်(Biden)၊ ရှီ(Xi)၊ ထရမ့်(Trump) တို့အကြောင်း စတာတွေပါတယ်။ ဘောရစ်ဂျွန်ဆင်ရဲ့ ကမောက်ကမ ဖြစ်မှုတွေလည်း ပါတယ်။ သူက ဘောရစ်နဲ့ ဆုံဖူးပါတယ်။ ညစာစားပွဲတွေမှာ ရယ်စရာတွေ ပြောတတ်လွန်းလို့ ဘောရစ်ကို သူက သဘောကျတယ်။
.
တခြားအကြောင်းတွေလည်း ပြောပါတယ်။ အများဆုံးကတော့ စာအုပ်နဲ့ စာရေးဆရာ တွေ အကြောင်းပါ။ ဒေါ်စုအတွက် စာအုပ်တချို့  ကျနော်က ထောင်ထဲကို ကျနော် ရအောင် သွင်းပေး နိုင်ခဲ့ပါတယ်။ ဒီစာအုပ်တွေကတော့ အိုင်ဇာရားဘာလင်(Isaiah Berlin) ရဲ့ လွတ်လပ်မှုဆိုင်ရာ အတွေးအခေါ် စာအုပ် နှစ်အုပ်၊ အက်ဒမန်ဘတ်ခ် (Edmund Burke) ရဲ့ အာဏာရှင်ဆန့်ကျင်ရေး ကမ်ပိန်းတွေ အကြောင်း ရေးထားတဲ့ “Great Melody”၊ ဂျူလီယံဘန်းစ်(Julian Barnes) နဲ့ အီယံမက်ခီဝန် (Ian McEwan) တို့ရဲ့ ဝတ္ထုတွေ၊ ဂျေအာအာတော်လ်ကင် (J. R. R. Tolkien) ရဲ့ အတ္ထုပတ္တိ တို့ပါ။ ဒေါ်စုက တော်လ်ကင် (Tolkien) ကို အတော်သဘောကျတယ်။ သူနဲ့ ကျနော် တော်လ်ကင်ရေးခဲ့တဲ့ စာအုပ်တွေ အကြောင်း ပြောမဝဘူး။ တော်လ်ကင်ရဲ့ နာမည်ကျော် Lord of the Rings စာအုပ်ထဲက ဂန်ဒေါ့ (Gandalf) နဲ့ ဖရိုဒို (Frodo) တို့ရဲ့ မရိုးနိုင်တဲ့ စကားပြောခန်းလေး လည်း ပါတယ်။
.
“ဒီအချိန်မှာ ဒီလို ဖြစ်မလာခဲ့ရင် သိပ်ကောင်းမှာပဲ” လို့  ဖရိုဒိုက ဂန်ဒေါ့ကို ပြောတယ်။ ဂန်ဒေါ့က “ငါလည်း အဲလိုတော့ ဆန္ဒရှိပါတယ်။ ငါတို့လိုပဲ အခုအချိန်မှာ အသက်ရှင်နေကြသူ တွေလည်း ဆန္ဒရှိတယ်။ ဒါပေမဲ့ ဒါဟာ ငါတို့ ဆုံးဖြတ်ရမှာ မဟုတ်ဘူး။ ငါတို့ ဆုံးဖြတ်ရမှာက ငါတို့ဆီမှာ ရှိနေတဲ့ အချိန်တွေကို ဘယ်လို အသုံးချရမယ် ဆိုတာပဲ” လို့ ပြန်ပြောတယ်။
.
(ဘာသာပြန်သူမှတ်ချက်။ ။ Lord of the Rings သည် ကမ္ဘာ့ကျော် ဂန္တဝင် ဝတ္ထုရှည်ကြီး ဖြစ်သည်။ ထိုဝတ္ထုရှည်ကို ရုပ်ရှင်အဖြစ်လည်း ရိုက်ကူးထားသည်။ ဓမ္မ နှင့် အဓမ္မတိုက်ပွဲ အကြောင်းကို ဇာတ်ကောင်ပေါင်းများစွာ ဖြင့် ရေးဖွဲ့ထားသည်။ အထက်ပါ စကားစုသည် အဓမ္မ ဘက်တော်သား များ ကြီးထွားလာသည့်အဖြစ်ကို ရည်ညွှန်းသည်။)
.
ဒေါ်စုက ဗဟုသုတ အလွန်ကြွယ်ဝတော့ ကျနော်ဖတ်မိသမျှထဲက သိချင်တာတွေကို သူ့ကို မေးလေ့ရှိတယ်။ ဂူဂယ်လ်(Google) မရှိတော့ သူရဲ့ အံ့မခန်း မှတ်ဉာဏ်နဲ့ စွမ်းရည်ကိုပဲ အားကိုးရတာပေါ့။ သူက ဘာသာစကား အတော်များများကို ကျွမ်းကျင်တယ်။ အစိုးရတခုကို ဦးဆောင် နေတုန်းမှာတောင်  ပြင်သစ်စုံထောက်ဝတ္ထုတွေ ဖတ်ပြီး သူ စိတ်အပန်းဖြေ လေ့ရှိတယ်။ ကျနော်က ပြင်သစ်စကားလုံး ‘pied noir’ ကို ရှင်းပြဖို့ မေးဖူးတယ်။ သူက အဲဒီစာလုံး ဘယ်လိုသုံးရတယ်၊ အထူးသဖြင့် စာရေးဆရာက ဒီစကားလုံးရဲ့ မူရင်းအဓိပ္ပာယ်ကို ကျော်လွန်ပြီး ဘယ်လိုသုံးထားတယ် ဆိုတာကို အသေအချာ ရှင်းပြတယ်။ “ရှောင်၊ အဲဒီစာကားစုရဲ့ မူရင်း အဓိပ္ပာယ်က ‘မဲနက်နေတဲ့ ခြေထောက်’ ပေါ့။ ဒါပေမဲ့ အဓိပ္ပာယ်က ဒီထက်ပိုတယ်။ စာရေးဆရာက အယ်လ်ဂျီးယားမှာမွေးတဲ့ ပြင်သစ်တယောက် ကို ရည်ညွှန်း ရေးထားတာ။ အဲဒီမှာ ရှိကြတဲ့ ပြင်သစ်စစ်သားတွေ ဝတ်လေ့ရှိတဲ့ အနက်ရောင် ဖိနပ်ရှည်က ဒီစကားက လာတာ။ “ လို့ ရှင်းပြတယ်။
.
တရားရုံးတက်ရတဲ့ ရက်တွေက အလွန် ပျင်းစရာ ကောင်းလှပါတယ်။ အမှုစစ်တာတွေက ရုံးသုံး မြန်မာစကားတွေနဲ့ ပြောကြတော့ ကျနော် နားလည်နိုင်တဲ့ အဆင့်ထက် အများကြီး ပိုနေတယ်။ အဲဒီတော့ ကျနော်က အချိန်အတော်များများမှာ စိတ်ကူးယဥ်တယ်။ သေတ္တာထဲ နေခဲ့ရတုန်းလိုပဲ။ ကျနော့် စိတ်ကူးတွေက ကျယ်ပြန့်ပြီး အဝေးကြီးရောက်တယ်။ ကိုယ်သိထားတဲ့ စီးပွားရေးပညာနဲ့ တခြားဘာသာရပ် တွေကို စားမြုံ့ပြန်သလို ကိုယ့်စိတ်ကူးနဲ့ ကိုယ်ဖန်တီးထားတဲ့ ရယ်စရာ အတွေးတွေလည်း ပါတယ်။ စိတ်ကူးထဲမှာ ပိုင်တဲ့ ဇိမ်ခံသင်္ဘောကြီးကိုတော့ ကျနော် သဘောအကျဆုံးပဲ။ သင်္ဘောက ကြီးလွန်းတော့ ကျနော့် မိသားစုနဲ့ မိတ်ဆွေအားလုံးကို တင်ပြီး ကမ္ဘာတပတ် ရွက်လွှင့်လို့ရတယ်။ ကျနော်က သွားမယ့်လမ်းကြောင်း၊ ဖြတ်သန်းရမယ့် ရေမိုင်၊ ကြာနိုင်မယ့် အချိန်၊ ကုန်မယ့် စက်သုံးဆီ စတာတွေကို အသေးစိတ် အကြမ်းတွက်နေတတ်တယ်။ ��ီလိုတွက်ချက်နေတော့ ကျနော့်အာရုံ တခြားမလွှင့်တော့ဘူးပေါ့။ နာရီပေါင်းများစွာ တွက်ချက်အပြီးမှာတော့ ကျနော် ဇိမ်ခံသင်္ဘောခရီးစဥ် စဖို့ အဆင်သင့်ဖြစ်သွားပါတယ်။
.
ကျနော့်စိတ်ကူးယဥ် ကမ္ဘာကို အာရုံနောက်စေတာ တခုကတော့ တရားရုံး သန့်စင်ခန်းထဲက ကြည့်မှန် တချပ်ပါ။ ကျနော် မှန်မကြည့်ဖြစ်တာ ကြာပါပြီ။ ဒီမှန်ကို မကြည့်ခင်ကတည်းက ကိုယ့်ကိုယ်ကိုယ်တော့ သိပါတယ်။ ကိုယ်အလေးချိန် ကျသွားတယ်၊ သွားတချို့ ကျိုးသွားတယ်၊ အရိုးတွေ ငေါ်ထွက်လာတယ်၊ ဝတ်စားတာ သပ်ရပ်ဘူး၊ အသက်တနှစ်ကြီးသွားတယ် စသဖြင့်ပေါ့။ ဒါပေမဲ့ မှန်ကြည့်မိတဲ့အခါ သူစိမ်းတယောက်ရဲ့ ပုံတူ ဆီဆေးပန်းချီကား တချပ်ကို မြင်လိုက်ရသလို ဖြစ်မယ်လို့တော့ မျှော့်လင့်မထားခဲ့ဘူး။ စိတ်တော့ မပျက်မိပါဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဘာသာ မှန် ဆက်မကြည့် မိအောင်တော့ ကြိုးစားလိုက်ရတယ်။ မှန်သိပ်ကြိုက်တဲ့သူ တယောက် မှန်မကြည့်မိအောင် ကြိုးစားတာမျိုးတော့ မဟုတ်ဘူး။ အိုဝယ်လ်(Orwell) ရဲ့ ‘၁၉၈၄’ ဝတ္ထုထဲက ဝင်စတန်စမစ် (Winston Smith) ထုထောင်းခံထားရတဲ့ သူ့ပုံရိပ်ကို သူပြန်မကြည့်မိအောင် ကြိုးစားသလို မျိုးပေါ့။ အိုဝယ်လ်ရဲ့ ဇာတ်ကောင်နဲ့ ကျနော် မတူတာကတော့ ကျနော်က သူ့လို ကိုယ့်ပုံကိုယ့်ကြည့်ပြီး ကျရှုံးနေပြီ လို့ မခံစားရသေးဘူး။။ အဲဒီအချိန်အထိ ဆိုပါတော့။  
.
ဒါပေမဲ့ ကျနော်လည်း တည်းတည်းလေးပဲ လိုပါတော့တယ်။ ကျနော့်ကို အပြစ်ရှိတယ် ဆိုပြီး ထောင်ချမယ် ဆိုတာ သေချာနေပြီ။ အဲဒါဆိုရင် ကျနော် မဝတ်ချင်ဆုံး ထောင်ဝတ်စုံ အင်္ကျီအပြာကို ဝတ်ရတော့မယ်။ ကိုယ့်ဘာသာ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်တဲ့ အနေနဲ့ ကျနော့်မှာ ရှိတဲ့ အင်္ကျီအပြာရောင်ကို စဝတ်နေလိုက်တယ်။ စီရင်ချက်တွေ မချခင် အချိန်စောစောကတည်းကပါ။ ကျနော့်စိတ်ကူးက ‘ငါမှာ ဒီလို အင်္ကျီအရောင်ရှိလို့ ဝတ်တာ၊ ငါဝတ်ချင်လို့ ဝတ်ခဲ့တာ၊ အတင်းအကြပ်ခိုင်းမှ ဝတ်တာ မဟုတ်ဘူး’ ပေါ့။ ဒါပေမဲ့ သိပ်မကြာခင်မှာ ကျနော် ဆက်မလုပ် ဖြစ်တော့ဘူး။ ဒီလို ‘ငါမှာ ရှိလို့ ငါဝတ်တယ်’ ဆိုတာကလည်း ကျနော် ထင်ထားသလို စိတ်ကို မသက်သာစေပါဘူး။
.
မသိနိုင်တဲ့ ကံကြမ္မာ ကို ကြောက်လန့်ခြင်းဟာ တဖြည်းဖြည်း ကြီးထွားလာပါတယ်။ အခုဆိုရင် ကျနော်ရဲ့ အနာဂတ်ဟာ သံခင်းတမန်ခင်း ပေါ်မှာပဲ မူတည်နေပါတော့တယ်။
___________________________
အခန်း ၁၄ ပြီး၏။
(ဤအခန်းကို ပြင်ဆင်ခြင်းမပြု၊ စီးပွားရေး အရ မသုံး ပါလျှင် လွတ်လပ်စွာ ကူးယူဖော်ပြခွင့် ရှိသည်။)
10 notes · View notes
jonparhtaw · 11 days
Text
နာမည် ဘယ်လိုခေါ်ပါသလဲ
Tumblr media
ယုန်ကလေးအိမ်ကိုစရောက်လာတုန်းက မိုးရာသီကုန်ခါနီးတဲ့။ အပျိုကြီးက မနက်မိုးလင်းလို့ မီးဖိုချောင်တံခါးကို ဖွင့်လိုက်တဲ့အချိန် စံပယ်ရုံဘေးမှာ ဝပ်ဝပ်ကလေးထိုင်နေတဲ့ သူ့ကိုစတွေ့တာတဲ့လေ။ အဲဒီတုန်းက ကြောင်သားပေါက်စအရွယ်လောက်လေးပဲရှိတာတဲ့။ တကိုယ်လုံးဖြူဖြူဆွတ်ဆွတ်နဲ့၊ မျက်လုံးလေးတွေကတော့ အနီရောင်အကြည်လေး။ ဘယ်ကနေဘယ်လိုမျက်စိလည်လမ်းမှားပြီး ရောက်လာတာလဲမသိတော့ ကန်စွန်းရွက်တစ်စည်းပစ်ကျွေးထားလိုက်ပြီး ခဏနေလောက်ဆိုရင်တော့ သူ့အမေဆီကိုဖြစ်ဖြစ်၊ သူ့သခင်ဆီကိုဖြစ်ဖြစ် ပြန်သွားလောက်တယ်ပေါ့။ ပြီးတာနဲ့ ဆိုင်မှာလူကျလို့ အလုပ်တွေရှုပ်ပြီး သူ့ကိုမေ့သွားကြရော။ မိုးချုပ်လို့ ဆိုင်တွေသိမ်း၊ ဆေးစရာရှိတာတွေဆေးပြီး အိမ်တံခါးတွေပိတ်မယ်လည်းလုပ်ရော မနက်ကနေရာမှာပဲ ငုတ်တုတ်လေးထိုင်နေသေးတာကို သနားစဖွယ်တွေ့ကြတော့မှ စက္ကူဖာလေးထဲထည့်ပြီး အိမ်ထဲကိုသွင်းလိုက်ကြတယ်။ ပိစိကွေးသေးသေးလေးမို့ ညဘက်အပြင်မှာထားထားရင် တစ်ခုခုဖြစ်သွားမှာ စိုးရတယ်လေ။
အကောင်လေးတွေကိုဆို ချစ်လည်းမချစ်၊ ကိုင်လည်းကိုင်မရဲတဲ့ အပျိုကြီးက ဘယ်ကရောက်လာမှန်းမသိတဲ့ ယုန်တစ်ကောင်ကိုမွေးထားဖို့ စိတ်ကူးမရှိတာမို့ နောက်တနေ့မနက်ကျတော့ သူ့ကိုအိမ်အပြင်ဘက်ထုတ်ခိုင်းပြီး သူသွားချင်တဲ့နေရာသွားလို့ရအောင် လွှတ်ခိုင်းလိုက်တယ်။ လွှတ်ပေးရတဲ့သူတွေကတော့ ပါကျဲရယ်၊ ဂျင်ပါလေးရယ်၊ ယမ်ယမ်ရယ်။ သူတို့သုံးယောက်က အပျိုကြီးရဲ့တူတွေ။ မွေးစတုန်းက “Journey To The West” တရုတ်ရုပ်ရှင်ဇာတ်လမ်းတွဲထဲက Zhu Bajie နဲ့တူလို့ဆိုပြီး အမျိုးတွေကဝိုင်းစတာနဲ့ ပါကျဲလို့နာမည်တွင်သွားတဲ့ ပါကျဲရယ်၊ The Lion King ကာတွန်းရုပ်ရှင်ထဲက ခြင်္သေ့ပေါက်စလေးနဲ့တူလို့ဆိုပြီး အဲဒီခြင်္သေ့လေးရဲ့နာမည် Simba ကို ပေးချင်ပေမယ့် သဲသဲကွဲကွဲမကြားတာလား၊ မြန်မာစာတန်းထိုးနဲ့ကြည့်တာဆိုတော့ စာတန်းထိုးအမှားကို ကြည့်မိလို့လားမသိဘဲ Simba ကနေ ဂျင်ပါဖြစ်သွားတဲ့ ဂျင်ပါလေးရယ်၊ နာမည်အရင်း “ကာရန်” က ရန်ရန်ကိုအဖျားဆွတ်ခေါ်ပေမယ့် ယမ်ယမ်ခေါက်ဆွဲထုပ်လို့ စပြီးအခေါ်ခံရတဲ့ ယမ်ယမ်ရယ်ပေါ့။
ထူးထူးဆန်းဆန်းရောက်လာတဲ့ ဖြူဖြူဆွတ်ဆွတ်ယုန်ပိစိလေးဖြစ်နေတာရော၊ မြင်နေကျမဟုတ်တဲ့ အကောင်လေးဖြစ်နေတာရောဆိုတော့ သူတို့သုံးယောက်ကမွေးထားချင်ပေမယ့် အပျိုကြီးကို ကြောက်ရတာဆိုတော့လည်း လွှတ်ပေးလိုက်ရတယ်။ ယုန်ကိုခြံဝနားမှာထားပြီး လွှတ်ပေးပေမယ့် အဲဒီယုန်က ဘယ်မှမသွားဘဲ ထားရင်��ားတဲ့နားမှာပဲငုတ်တုတ်လေးထိုင်နေတာတဲ့။ ကန်စွန်းရွက်ကျွေးရင်စားတယ်။ ပြီးရင်ငြိမ်ငြိမ်လေးပဲထိုင်နေတယ်။ သုံးလေးရက်လောက်ထိအဲဒီလိုပဲဖြစ်နေတော့ နောက်ဆုံး မမွေးလို့မရတော့ဘဲ အပျိုကြီးဆီမှာ ယုန်တစ်ကောင်အဖတ်တင်သွားတော့တာပေါ့။
မွေးလိုက်ရတော့မှာပေါ့လို့ ဆုံးဖြတ်လိုက်တော့ အပျော်ဆုံးက အပျိုကြီးရဲ့တူတော်မောင်တွေပဲ။ ဒီသုံးလေးရက်မှာ  မိုးရွာတာရော၊ ယုန်လေးကို သူပွေ့လိုက် ငါပွေ့လိုက်လုပ်နေတာရောကြောင့် ယုန်ဖြူလေးကနေ ယုန်ညိုလေးဖြစ်တော့မလိုအထိ ညစ်ပတ်နေတာနဲ့ မျောက်လောင်းကျော်သုံးယောက်က ယုန်ကိုရေချိုးပေးကြမယ်ဆိုပြီး တိုင်ပင်ကြတယ်။ အပျိုကြီးကလည်း အလုပ်တွေအမြဲရှုပ်နေတော့ သူတို့တွေဘာလုပ်နေကြလဲဆိုတာ မကြည့်နိုင်ဘူးလေ။ သူတို့အချင်းချင်းပဲတိုင်ပင်ပြီးတော့ ရေတွေဖွင့်ချပြီး ရေချိုးပေးကြပါလေရော။ ရေလည်းချိုးပြီးရော နဂိုကမှသေးသေးလေးပဲရှိတဲ့ ယုန်ပေါက်စလေးက အမွေးတွေရေစိုပြီး ကြွက်လေးလောက်ပဲကျန်တော့မှ လန့်သွားကြတယ်။ ချမ်းလို့လား၊ ကြောက်လို့လားမသိပါဘူး။ ယုန်ပေါက်စလေးက တုန်နေပြန်တော့ သုံးယောက်လုံး မျက်စိပျက်၊ မျက်နှာပျက်တွေဖြစ်ကုန်ကြတာတဲ့။ အပျိုကြီးသိသွားရင် သူတို့တွေ ပြဿနာတက်ပြီလေ။ အိမ်နေရင်းအင်္ကျီတစ်ထည်ယူပြီး ရေသုတ်ပေးကြပေမယ့် လူတွေရဲ့အရေပြားလိုမဟုတ်တော့ မခြောက်ဘူးပေါ့။ အဲတာနဲ့ ကြံရာမရတဲ့အဆုံး ခြံထဲကမြက်ခြောက်တွေကိုမီးပုံရှို့ထားတဲ့ မီးပုံအဟောင်းမှာ စက္ကူဂျပ်ဖာတွေနဲ့ မီးပြန်မွှေးကြပြီး မီးဖိုပေါ်မှာ သံဇကာကွက်ကို အုတ်ခဲလေးလုံးပေါ်တင်လိုက်တယ်။ အဲဒီအပေါ်မှာမှ ယုန်ကိုတင်လိုက်ကြတယ်။ အမွှေးတွေမြန်မြန်ခြောက်ပြီး အချမ်းပြေအောင်လို့တဲ့လေ။ အဲဒီညနေက အပျိုကြီးတွေ့တာမြန်လို့ပေါ့။ မဟုတ်ရင်တော့ ယုန်ကင်ဖြစ်တော့မလို့ပဲ။ သုံးယောက်သားကတော့ ပြားနေအောင်ကိုအဆူခံလိုက်ရတယ်တဲ့။
ယုန်ကိုနာမည်ပေးဖို့စဉ်းစားကြပြန်တော့လည်း တစ်ယောက်တစ်ပေါက်ပါပဲ။ မျက်လုံးနီနီကြည်ကြည်လေးတွေမို့ တစ်ယောက်က “နီပြူး” တဲ့။ ခြံထဲကကောက်ရတာဆိုတော့ “မောင်ကောက်ရ” လို့ပေးမယ်လို့ ပြောတဲ့သူနဲ့၊ ဖြူဖြူဖွေးဖွေးလေးဆိုတော့ “ဖိုးဖြူလေး” လို့ ခေါ်ကြမယ်နဲ့ စုံနေတာပဲ။ ညှိလို့မရတဲ့အဆုံး တစ်ယောက်စီက သူတို့ပေးထားတဲ့နာမည်အတိုင်းပဲခေါ်ကြမယ်လို့ သဘောတူလိုက်ကြတယ်။ ပြီးတော့ သူတို့သုံးယောက်ပဲ ကိုယ်ပေးထားတဲ့နာမည်တွေအစား သူများပေးထားတဲ့ နာမည်တွေကို မှားပြီးခေါ်မိလိုက်၊ ပြန်ပြင်လိုက်နဲ့ လုံးချာလည်လိုက်နေကြတာ။ နောက်တော့လည်း သူပေးတဲ့နာမည်၊ ကိုယ်ပေးတဲ့နာမည်မခွဲတော့ဘဲ ပါးစပ်ကထွက်ရာ အဆင်ပြေသလိုခေါ်လိုက်ကြတာပဲ။ “နီပြူးကိုအစာပေးပြီးပြီလား” “ဖိုးဖြူလေးကိုလွှတ်ပေးထားလိုက်ဦး” “ယုန်ပြန်သိမ်းပြီးပြီလား” “မောင်ကောက်ရ ဟိုဘက်ခြံထဲရောက်သွားပြန်ပြီ” အဲလိုပေါ့။
ယုန်ကလေးက အီးအရမ်းပါလို့ အပျိုကြီးက စက္ကူဖာနဲ့မထည့်တော့ဘဲ ခြင်းလေးနဲ့ ပြောင်းပေးတယ်။ အဲဒီကနေမှ အပျိုကြီးကိုယ်တိုင် သစ်စအပိုတွေ၊ ဖက်မိုးတွေနဲ့ ယုန်အိမ်သေးသေးလေး ဆောက်ပေးလိုက်ပြန်တော့ သူတို့သုံးယောက်က အပျော်ဆုံးပေါ့။ သူတို့သုံးယောက်တာဝန်က မနက်ဆို ယုန်ကို ကန်စွန်းရွက်တွေကျွေးပြီးရင် ခြံထဲကိုလွှတ်ပေးရတယ်။ ညနေကျရင်ပြန်သိမ်းပြီး ခြင်းထဲပြန်ထည့်ရတယ်။ ပထမတစ်လလောက်ကတော့ အိမ်နားမှာပဲကပ်နေပေမယ့် နောက်တော့ သူ့ဟာသူ အပင်တွေကြားထဲ လျှောက်သွား၊ လျှောက်စားနေတော့တာပဲတဲ့။ ညနေစောင်းလို့ ပြန်သိမ်းဖို့တောင် မနည်းပြန်ခေါ်ရတယ်။ တဖြည်းဖြည်းကြီးလာတော့ ပြန်ခေါ်ရင်တောင် မလာတော့ဘဲ လျှောက်ပြေးနေလို့ ပါကျဲနဲ့ ဂျင်ပါလေးတို့ ညနေဆိုရင် ယုန်ဖမ်းရတဲ့အလုပ်တစ်ခု ပိုလာတယ်။ တခါတလေ အလုပ်တွေရှုပ်ပြီး ပြန်သိမ်းဖို့မေ့သွားလို့ မိုးချုပ်သွားရင်တော့ ဓာတ်မီးတစ်ယောက်တစ်လုံးယူပြီး ခြံထဲမှာသူ့ကိုရှာရတာ တော်တော်ခက်လို့ သူတို့က လွှတ်တောင်မပေးချင်တော့ဘူးတဲ့လေ။ တခါတလေများဆို ခြံစည်းရိုးအောက်ကနေ မြေကိုတူးပြီး ဟိုဘက်ခြံထဲထိပါရောက်သွားတတ်သေးတယ်။ ဟိုဘက်ခြံက ခွေးကဟောင်ပြီးလိုက်ရင်တော့ ဒီဘက်ကိုရောက်အောင်ပြန်ပြေးလာတတ်တယ်။ ခွေးကိုက်သွားမှာစိတ်ပူလို့ အပျိုကြီးကခြံတွေကို အပေါက်မရှိအောင် အမြဲသေချာလိုက်စစ်ခိုင်းတတ်တော့ သူတို့တွေကစားရတဲ့အချိန်လျော့ကုန်တာပေါ့။ ဆိုင်မှာလည်း ကူရသေးတာကိုး။ အဲဒီအခါကျရင် သူတို့ကယုန်ကို ကြိတ်ပြီးဆူတတ်ကြသေးတယ်။ “ဟေ့ရောင်… မင်းလျှောက်ပြေးနေရင် ငါတို့မလွှတ်ပေးတော့ဘူးနော်” တို့၊ “ဒီတခါခွေးလိုက်ရင် လုံးဝမကယ်တော့ဘူး” တို့ပေါ့။
အဲဒီလိုနဲ့ သူတို့နဲ့ ယုန်ကလေး အသားကျလာပြီးတော့မှ ဆိုင်ကိုလာတဲ့ဧည့်သည်တစ်ယောက်က ကြည့်ပေးလို့ ယုန်ကအမဖြစ်နေတာကိုသိလိုက်ရတယ်။ သုံးယောက်သားက ပေးထားတဲ့နာမည်တွေနဲ့ ခေါ်ရတာနှုတ်ကျိုးနေပြီ၊ နာမည်အသစ်လည်းမပေးတတ်တော့ဘူး။ မိန်းကလေးနာမည်ဆိုတော့ ပိုဆိုးရော။ ယမ်ယမ်နဲ့ ဂျင်ပါလေးက ယုန်မလေးကို သူတို့အစ်မနာမည် “ဂျူးဂျူး” လို့ပေးလိုက်ရင်ရောလို့ အကြံပေးကြသေးပေမယ့် ဂျူးဂျူးက “ယုန်ကို ငါ့နာမည်ပေးရင် နင်တို့အသေပဲ” လို့ ကြိမ်းလိုက်တော့ သူတို့တွေ မစဉ်းစားတတ်တော့ဘဲ အရင်အတိုင်းပဲဆက်ခေါ်ကြရပြန်တယ်။
ယုန်တစ်ကောင်၊ နာမည်သုံးလုံးနဲ့ အလုပ်ရှုပ်နေတဲ့သူတို့သုံးယောက်ကို အပျိုကြီးက မျက်စိနောက်လာတော့တာပေါ့။
“လူသုံးယောက်ရှိလို့ ယုန်တစ်ကောင်ကို နာမည်သုံးခုပေးထားတာတောင် နင်တို့တွေတလွဲဖြစ်အောင်ပေးတယ်။ နင်တို့လုပ်ပုံနဲ့ ဒီယုန်ကျောင်းနေလို့ ဆရာမက What is your name? လို့မေးရင် ယုန်က ဘယ်လိုဖြေရတော့မှာလဲ”
အပျိုကြီးကအဲဒီလိုမေးတော့ သုံးယောက်ထဲမှာအငယ်ဆုံး ဂျင်ပါလေးက သေချာစဉ်းစားပြီးဖြေတယ်။
“အန်တီငယ်ကလည်း သူ့နာမည်ကိုအိမ်မှာဘယ်လိုပဲပေးပေး မိန်းကလေးဆိုရင် ဆရာမက My name is Su Su. လို့ပဲဖြေခိုင်းမှာ။ သားနာမည်တောင် ကျောင်းမှာဆိုရင် My name is Tun Tun ပဲ။ စိတ်မပူနဲ့” တဲ့လေ။
အဲဒီတော့ ကျောင်းမတက်တဲ့အိမ်ကယုန်မလေးနာမည်က အခုထိတော့ “မောင်ကောက်ရ (ခေါ်) နီပြူး (ခေါ်) ဖိုးဖြူလေး” ပါပဲ။ Illustrated by Kevin Thet
4 notes · View notes
spyld · 1 year
Note
This is the Burmese anon! Burmese script is pretty adorable, isn't it? It's very desirable to have round handwriting as it is considered prettier. The first letter/alphabet children learn how to write is “ဝ”— named “wa-lone” and pronounced “wa”. It's considered the most basic alphabet even though it's not the first one (that would be က— named ka-ji, pronounced ka) bc well kiddos gotta practice writing round things first! Round handwriting is the ideal!
that's very cute! :))
14 notes · View notes
Text
ဝက်ခြံသက်သာစေမယ့်
Serum ၄မျိုး
ပိမင်…ဒီနေ့တော့…ဝက်ခြံအဆီဖုသမားတွေအတွက်…အဆင်ပြေနိုင်မယ့်…
Serum လေး ၄မျိုးအကြောင်း ပြောပြပေးပါ့မယ်…
ကဲ…စလိုက်ရအောင်…
၁ - The Ordinary Niacinamide 10%+ Zinc 1% Serum
Tumblr media
ဆရာကြီးက…ဆရာကြီးပါပဲ…
ဝက်ခြံအဆီဖုတွေ ပေါက်နေရင်…ဒီ Ordinary လေးကို အရင်စမ်းကြည့်ပြီးမှ…
အခြား Serum လေးတွေကို စမ်းကြည့်သင့်ပါတယ်…
အလုပ်လုပ်ပုံက…ထွေထွေထူးထူးတော့မဟုတ်ပါဘူး…
အဆီပြန်တာကို ပြန်မျှတအောင် လုပ်ပေးတာပါပဲ…
၂ - The INKEY List BHA Serum
Tumblr media
သူလည်း…အလုပ်လုပ်ပုံတော့…ထွေထွေထူးထူး မဟုတ်နေပြန်ပါဘူး…
BHA ဆိုတဲ့ Beta Hydroxy Acid သဘောတရားအတိုင်းပဲ…
ချွေးပေါက်တွေထဲထိ ဝင်ရောက်ပြီး…ပိတ်နေတဲ့…အဆီခဲလေးတွေကို…
ရှင်းထုတ်ပေးတာပါ…
ချွေးပေါက်တွေ မပိတ်တော့ရင် ဝက်ခြံသက်သာပါလိမ့်တယ်…
၃ - Nature Derma 2% Salicylic Acid Serum
Tumblr media
သူ့မှာပါတဲ့ Salicylic Acid ကလည်း BHA အမျိုးအစားမို့လို့…
ချွေးပေါက်ပိတ်လို့ ဝက်ခြံအဆီဖုထွက်တာတွေကို သက်သာစေပါတယ်…
Biome-Boost လေးအပိုပါလို့ အမဲစက်လေးတွေပါ သက်သာနိုင်တာပေါ့လေ…
၄ - It Comsetics Bye Bye Pores Glycolic Acid Serum
Tumblr media
ချွေးပေါက်ပိတ်စေတာ အဆီတွေတင်မဟုတ်ပါဘူး…
မကောင်းတော့တဲ့ ဆဲလ်အအိုအဟောင်းတွေကြောင့်လည်း ပိတ်နိုင်ပါသေးတယ်…
အဲ့ဒါတွေကို Glycolic Acid က Exfoliate လုပ်ပြီး ဖယ်ရှားပေးပါတယ်…
ဝက်ခြံတွေ မသက်သာခင်မှာတော့… ဝက်ခြံ အရင်ကန်ထွက်တာမျိုးလေးတွေတော့…
ဖြစ်နိုင်ပါတယ်…အဲ့ဒါလေးတော့ တချက်သတိပြုပါ…
အပိုရနိုင်မယ့် ကောင်းကျိုးကတော့ မျက်နှာပါဝင်းလာနိုင်ပါတယ်…
အခုတော့…ဒီမှာပဲနားလိုက်အုန်းမယ်နော်…
နောက်နေ့မှ တခြား Skin Care နော့လိလေးတွေ ဆက်တင်ပေးပါ့မယ်…
ဟုန်..ပိပါပိ…ကျေးဇု…
~PhyoWaiYan~
~LibraAestheticScience~
~AntiAcneSerum~
~ကူးချသူfinနူ~
2 notes · View notes
drs101-squared · 11 months
Text
က and ခ. (Ka and Kha.)
Tumblr media Tumblr media
6 notes · View notes
thihakyaw · 16 days
Text
မြန်မာပြည်မှာ နည်းပညာနဲ့ပတ်သက်ပြီး migration လုပ်တဲ့ ဟာတွေထဲမှာ အမိုက်ဆုံးက unicode migration ပဲ။ အရင်ကဆိုရင် unicode နဲ့ ဇော်ဂျီ ရန်ပွဲဆိုတာ နည်းပညာလောကရဲ့ပြည်တွင်းစစ်ပဲ။ ငြိမ်သွားလိုက်ပြန်ချကြလိုက်နဲ့။ ချကြပြီဆိုရင်လဲ ကလေးကြီးတွေစိတ်ကောက်ကြသလိုပဲ။ အချင်းချင်းတောင် block ကြတာမျိုးရှိတယ်။ - unicode နဲ့ပတ်သက်ပြီးရန်တာမျိုးမတွေ့တော့တာ ၂၀၁၉ အောက်တိုဘာလကတည်းကပဲ။ လေသံတစ်ခုထဲက "အားလုံး unicode သုံးကြရမယ်နော်" ဆိုလိုက်တာနဲ့ "ဟုတ်ကဲ့ပါအမေစု" ဆိုပြီး တစ်တိုင်းပြည်လုံး unicode ပြောင်းသွားကြတာ။ ဖုန်းဆိုင်တွေဆိုရင် unicode အလကားသွင်းပေးတဲ့အထိဖြစ်သွားခဲ့တယ်။ - Chrome က Unicode convertor extension ကို ၂၀၂၃ အောက်တိုဘာမှာ ကိုယ်တွေရဲ့ chrome မှာဖြုတ်ပစ်လိုက်တယ်။ migration လုပ်တာ ငါးနှစ်ပြည့်သွားပြီဆိုတော့ကာ ဖြုတ်ဖို့သင့်နေပြီလေဆိုပြီးဖြုတ်လိုက်တာ။ converter က YouTube live နဲ့ Linkedin ကောင်းကောင်းသုံးလို့မရဘူး။ Youtube Live ကတော့ comment တွေဝင်တာတအားများလို့ extension ကဝန်ကိုမနိုင်တာမျိုးဖြစ်နေတာ။ Linkedin ကတော့ဘာလို့လဲမသိ။ အဲ့လိုငါးနှစ်လောက်အဲ့လိုပေတေပြီးနေခဲ့တာ။ -
0 notes
misa-taka · 1 year
Photo
Tumblr media
おはようございます😄にゃー😸 今年の夏、仕事終わってから合流して見に行った 映画ONE PIECE FILM RED 入場特典で 貰えたコミックス〜 ウタ(adoさん)の歌も良かったです👏🏻 多分、ホールケーキアイランド??と和の国の間の時間軸になるお話かもね。 EDロールの絵も良かった😸😄 そそ、丁度その頃に 森永製菓さんのお菓子(ポテロングとおっとっと)ともコラボしてました。 ウタの衣装有れば ミサに着せてたのに。 チョッパーなら売られてました。 犬猫兼用の服。 まー人間のエゴだけどね💦💦💦 今年の紅白、ウタ(adoさん)声優は名塚さんやけどが出場するみたいですね おめでとうございます🎉 ONE PIECE本編にも再登場してほしいなー。 難しいかー #ONEPIECE #ONEPIECEFILMRED #UTA #森永製菓 #ポテロング #おっとっと #cat #Katze ‎#חתול #chat #gato #고양이 #pusa #แมว #ကွောငျ #Mèo ‎#قِطَّة #三毛猫  #Calicoca https://www.instagram.com/p/CmKkZHVSlhO/?igshid=NGJjMDIxMWI=
5 notes · View notes
aunghsi1 · 2 years
Photo
Tumblr media
တုန်လှုပ်မှု မရှိအောင်နေပါ။ ××××××××××××××××××× ဘယ်လိုလောကဓံ လေပြင်းမုန်တိုင်းတွေဘဲ တိုက်တိုက် လာဘ အလာဘ လာဘ်ရသည်ဘဲဖြစ်စေ မရသည်ဘဲဖြစ်စေ နည်းနည်းမှ မတုန်လှုပ်ဘူး။ စီးပွားဥစ္စာ ရသည်ဖြစ်စေ တုန်လှုပ်မှုမရှိဘူး။ မရသည်ဖြစ်စေ တုန်လှုပ်မှုမရှိဘူး။ မကောင်းဘူးလား။ သိပ်ကောင်းတယ်။ အခြံအရံများသည်ဖြစ်စေ မများသည်ဖြစ်စေ ရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေ တုန်လှုပ်မှုမရှိဘူး။ သိပ်ကောင်းတယ်နော်။ သူတစ်ပါးတို့ ကဲ့ရဲ့သည်ဖြစ်စေ သူတစ်ပါးတို့ ချီးမွမ်းသည်ဖြစ်စေ ကဲ့ရဲ့ခြင်းကြောင့်လည်း စိတ်ထဲတုန်လှုပ်ခြင်းမရှိဘူး။ ချီးမွမ်းခြင်းကြောင့်လည်း စိတ်ထဲမှာ တုန်လှုပ်ခြင်း ဝမ်းသာခြင်း ဘယ်တော့မှ မဖြစ်ဘူးတဲ့။ သိပ်ကောင်းတယ်နော်။ ချမ်းသာတဲ့ ဝေဒနာတွေနဲ့တွေ့ရလို့ ဒုက္ခဆင်းရဲတဲ့ ဝေဒနာတွေနဲ့တွေ့ရလို့ စိတ်ထဲ တုန်လှုပ်မှု မဖြစ်ဘူး။ ချမ်းသာတာနဲ့တွေ့ရလို့ စိတ်ထဲစွဲမက်မှုတွေ မဖြစ်ဘူး။ ဆင်းရဲတဲ့ ဝေဒနာတွေ တွေ့ရသော်လည်း စိတ်ထားဖောက်ပြန်မှုတွေ နည်းနည်းမှမဖြစ်ဘူး။ သိပ်ကောင်းပါတယ်။ အဲ့ဒီလို လောကဒဏ် လေပြင်းမုန်တိုင်းတွေကြောင့် တုန်လှုပ်ခြင်းမရှိဘဲအလည်ခေါင်မှာ စိတ်ကို ငြိမ်ဝပ်စွာထားနိုင်တဲ့ စိတ်ထားလေးတစ်ခုကို တာဒိဂုဏ်လို့ ခေါ်ပါတယ်။ အဲ့ဒီ တာဒိဂုဏ်နဲ့ ပြည့်စုံတဲ့ အဆင့်ရောက် အောင် ဘုရားရှင်ရဲ့ ပဋိပတ်တရားတော်က ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအားရှိပါတယ်။ ဒီလိုဆိုရင် ဒီပဋိပတ် တရားတော်က ဘုရားရှင်ရဲ့ အစ အလယ် အဆုံးဆိုတဲ့ ကောင်းခြင်းဂုဏ်နဲ့ပြည့်စုံတဲ့ တရားတော်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် ဒီပဋိပတ် ကျင့်စဉ်တရားတွေက သိပ်အားရဖို့ ကောင်းပါတယ်။ သီလကျင့်စဉ်ကို တကယ် လက်တွေ့ ကျင့်တယ်။ သမာဓိကျင့်စဉ်ကို တကယ် လက်တွေ့ကျင့်တယ်။ ပညာကျင့်စဉ်ကို တကယ် လက်တွေ့ကျင့်တယ်။ ကျင့်နေတဲ့ ပုဂ္ဂိုလ်လည်း ချမ်းသာတယ် တစ်ဖက်သား ပုဂ္ဂိုလ်တွေလည်း ထိခိုက်မှု နစ်နာမှုရှိသလား။ မရှိဘူး။ သိပ်ကောင်းတယ်နော်။ ဒါကြောင့် ဘုန်းကြီးတို့ ဘုရားရှင်ရဲ့ ပဋိပတ်တရားတော်သည် … အားလုံးအစွန်းတွေ လွတ်နေအောင် ဟောထားတဲ့ တရားတော်မို့ သွာက္ခာတ ဂုဏ်နဲ့ ပြည့်စုံတဲ့ တရားတွေဖြစ်ပါတယ်။ 🏮အမှောင်ပျောက်၍ အလင်းရောက်ပါစေ။🏮 သတ္တဝါခပ်သိမ်း၊တရားကိန်း၊အေးငြိမ်းချမ်းသာရှိပါစေ ____________________________ ကျေးဇူတော်ရှင် (ဖားအောက်တောရဆရာတော်ဘုရားကြီး) 🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻 #ကုသိုလ်ကောင်းမှုများကိုမမေ့မလျော့ပြုနိုင်ကြပါစေ။ 🙏 🙏 🙏 🙏 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 #ဓမ္မနှစ်သက်သူ #Aung Hsi ၁၉-၅-၂၀၂၂ https://www.instagram.com/p/Cdu7MIcvayE/?igshid=NGJjMDIxMWI=
1 note · View note
gaiajames · 1 year
Photo
Tumblr media
Export korean cosmetics. Dr. dho #export #genuine #korea #cosmetic #kbeauty #韩国化妆品 #mỹphẩm #hànquốc #Корея #косметика #เครื่องสำอางเกาหลี #солонгос #гоосайхныбүтээгдэхүүн #韓国コスメ #化粧品 #အလှကုန် #ကိုးရီးယား #masil #raip #ahc #missha #farmstay #bbia #tiam #clio #anjo #innisfree #apieu #cosrx #drdho https://www.instagram.com/p/ClQ3nJupBpr/?igshid=NGJjMDIxMWI=
0 notes
zawethuyainaung · 2 years
Photo
Tumblr media
#FreedomFromFear #AungSanSuuKyi #ForJustice_Forall_PrisonersofConscience #Jimmy #PhyozayarTaw #ထောင်တွင်းတိုက်ပွဲများနှင့်အတူရပ်တည်ကြ #ကြောက်ရွံ့ခြင်းမှရုန်းထွက်ကြ #ဇွန်၁၉_လူထုလှုပ်ရှားမှု #ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု #အာဏာရှင်စနစ်ဟူသမျှမုခုကျဆုံးရမည် #အရေးတော်ပုံအောင်ရမည် https://www.instagram.com/p/Ce-RT7ehtE_/?igshid=NGJjMDIxMWI=
1 note · View note
trainee-uhp · 1 month
Video
youtube
သင်္ကန်းညီနောင် တပ်ရင်းကို KNU က ၅၀ ရာခိုင်နှုန်းကျော်ထိန်းချုပ်
သင်္ကန်းညီနောင် ခမရ ၃၅၆ တပ်ရင်းကို  ၅၀ ရာခိုင်နှုန်းကျော်ထိန်းချုပ်ထားနိုင်ပြီဖြစ်ကာ လက်နက်ခဲယမ်းတချို့သိ မ်းဆည်းရရှိထားတယ်လို့  စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက ပြောပါတယ်။
0 notes
myanmarvantage-blog · 3 months
Video
youtube
သက္ကမိုးညို သိသော ပဆလ သမိုင်း အကြောင်းနှင့် လုပ်စားတော်လှန်ရေးအကြောင်း
သေချာ နားထောင်ကြည့်ပါ သမိူင်း ဆိုတာ လိမ်လို့ မရဘူး ၆၆ဃ နဲ့ ထောင်မကျအောင် ရ က တ စရခနဲ့ ပူပေါင်းပီး နေပြည်တော် စစ်ဌာနချုပ်နဲ့  ရန်ကုန်တိုင်း စစ်ဌာနချုပ် ကို ငွေလူခဲ့တာ တွေရယ် ရဲမင်းဦး အကူအညီနဲ့ နေပြည်တော် စည်ပင်ဘဏ်မှာ သိန်းပေါင်းတစ်သောင်းခွဲ ချေးပီး ပြန်မဆပ်ခဲ့တာရယ်  ရကတ စရခ အကူအညီနဲ့ ထိုင်းနိုင်ငံကို ထွက်ပြေးခဲ့လို့ ရကတ စရခ အလုပ်ပြုတ်သွားတာရယ်  အမေရိကန်ရောက်တော့ လည်း အေးနေဝင်းနဲ့ ပူးပေါင်းပြီး ကုန်ခြောက်ဆိုင် ဖွင့်ခဲ့ တာတွေ အမေဘက်က ဆွေမျိုး၁၁ယောက် ခေါ်လိုက်တွေ ကျန်ပါသေးတယ်
0 notes