Tender Loving Skin Care
ပိမင်…ဒီနေ့ရေးပေးမယ့်
အကြောင်းအရာလေးကတော့…
စကင်ကဲ အပြင်းစားတွေ အသုံးများပြီး…
အရေပြားလောင်တာ…အသားရေပျက်စီးတာ…
Skin Barrier ပျက်စီးသွားတာ….တွေ ခံစားနေရတဲ့…
သူတွေအတွက် စကင်ကဲနည်းလေးဖြစ်ပါတယ်…
အဲ့ဒီနည်းကိုတော့.. ဘိုလိုမှုတ်ရင် Tender Loving Care…
အတိုက်ခေါက်…TLC လို့ခေါ်ပါတယ်…
TLC ဆိုတာဘာလဲ???
TLC ဆိုတာ Skin Barrier ပျက်စီးနေသူတွေသာမက…
စကင်ကဲပေါင်းစုံလိမ်းပြီး အကုန်ရှုပ်ကုန်လို့…
ဘာနဲ့တည့်လို့မတည့်မှန်း မသိတော့တဲ့သူတွေပါ…
သုံးလို့ရတဲ့ နည်းလေးပါပဲ….
TLC ကို စတင်ဖို့ရာ…
ပိမင်တို့ စကင်ကဲနေကျ အတိုင်းပါပဲ…
၁ - မျက်နှာသစ်ဆေးနဲ့စပါတယ်…
မျက်နှာသစ်ဆေးကို ဘာအက်စစ်…ညာအက်စစ်…
ဘာ ဘိတ်ကင်းပေါင်ဒါ…ဘာ စကတ်…ညာစကတ်…ဘာဆိုဘာမှမပါတဲ့…
မျက်နှာသစ်ဆေး ပျော့ပျော့လေးတွေ သုံးရပါမယ်…
ဆပ်ပြာတောင်မပါသင့်ပါဘူး…
Simple Face Wash အစိမ်း…အဖြူ
Cetaphil Face Wash…
Cera Ve Facial Wash…ဒါတွေကောင်းပါတယ်…
ရေကိုလည်း ထုံးပေါက်တဲ့ရေတွေ…မသန့်တဲ့ရေတွေမသုံးပဲ…
ရေသန့်သန့်လေးနဲ့ မျက်နှာသစ်ပေးသင့်ပါတယ်…
၂ - တိုနာသုံးပါ…
တိုနာကို Cotton Pad နဲ့ မသုံးပါနဲ့တော့…
လက်နဲ့ပဲ ပုတ်ပါ…
ရည်ရွယ်ချက်က…သန့်စင်ဖို့ဆိုတာထက်…
ပျက်စီးနေတဲ့ အက်စစ်..ဘေ့စ်မျှခြေကို ပြန်ထိန်းဖို့ပါပဲ…
Simple Toner…
Thayer’s Rose Water Toner…
Dr G Clear Soothing Toner…တွေကောင်းပါတယ်…
၃ - Moisturizer လိမ်းပါ…
Moisturizer ကိုလည်း ရှုတ်ရှုတ်ရှက်ရှက်တွေ လိမ်းစရာမလိုပါဘူး..
ရိုးရိုးရှင်းရှင်းနဲ့ အစိုဓာတ်ဖြည့်ပေးတာလောက်ပဲ လုပ်ရင်ရပါပြီ…
အက်စစ်ပါတာတွေ…Retinol ပါတာတွေ…Vitamin C ပါတာတွေ…
မသုံးရပါဘူး…
Vanicream Moisturizer…
Dr G Clear Soothing Cream…
Cera Ve Moisturizing Cream…ဒါတွေကောင်းပါတယ်…
၄ - Sunscreen သုံးပါ…
စကင်ကဲဟာ…တစ်နေ့ကို ၂ကြိမ်လုပ်ရပါတယ်…
သူ့ထက်လည်း မပိုသင့်သလို သူ့ထက်လည်း မလျော့သင့်ပါဘူး…
ဒါပေမယ့် မျက်နှာသစ်ပြီးတိုင်းတော့ လိမ်းစရာ ရှိတာ လိမ်းရပါမယ်…
Sunscreen ကိုတော့ မနက်ပိုင်း စကင်ကဲတွေမှာ..ထည့်သင့်ပေမယ့်…
ညဘက်မှာ နေမထွက်တော့တာကြောင့် Sunscreen ထည့်လိမ်းစရာမလိုတော့ပဲ…
Moisturizer မှာတင်လုံလောက်ပါပြီ…
Sunscreen ကိုတော့…Tone Up ပါတာတွေရှောင်ပါ…Chemical Sunscreen တွေရှောင်ပါ…
အဖြူဖတ်ထတတ်တဲ့ Physical Sunscreen တွေပဲသုံးပါ…
Dr G Green Mild Up Sun+…
Axis Y No Stress Physical Sunscreen,
Neutrogena Physical Sunscreen, တွေကောင်းပါတယ်…
မိတ်ကပ်တွေ…ပေါင်ဒါတွေလည်း ရှောင်ရပါမယ်…
၅ - ရေများများသောက်ပါ…အာဟာရပြည့်အောင် စားပါ…
အပြင်ကနေ လိမ်းစရာရှိတာလိမ်းပြီးရင်လည်း…
အတွင်းကနေ အရေပြားအတွက် ဖြည့်စည်းပေးဖို့လိုပါသေးတယ်…
အရေပြားအတွက် လိုအပ်တာ… ရေဓာတ်ပါ….
အဲ့တော့..ရေများများသောက်ဖို့လိုပါတယ်…
တစ်နေ့ကို 1litre ရေသန့်ဘူး ၃ဘူးလောက်တော့သောက်ပါ…
သား..ငါး..သီးရွက်…စုံလင်မျှတစွာစားပါ…
အားဆေးအနေနဲ့…Vitamin C…Folic Acid…Fish Oil တွေသောက်လို့ရပါတယ်…
၆ - စိတ်ကိုလျော့ထားပါ…မလောပါနဲ…
စကင်ပျက်စီးမှု အများစုဟာ…စကင်ကဲနည်း မမှန်လို့ ဖြစ်တာဆိုပေမယ်.့..
အဲ့ဒီ စကင်ကဲနည်း မမှန်ခြင်းဟာ…စိတ်ကလာတာပါ…
တစ်ခုအဆင်မပြေလို့…နောက်တစ်ခုသုံး..နောက်တစ်ခုသုံးနဲ့…
အရေပြားက အရူးလိုဖြစ်ပြီး…နောက်ဆုံးမှာ ပျက်စီးသွားရတာပါ…
အဲ့တော့…စိတ်ကလေးလျော့ပါ…စိတ်ရှည်ရှည်နဲ့စောင့်ပါ…
ကိုယ့်ရဲ့ အလှအပကို Appreciate လုပ်ပါ…
တရားလေးလည်းထိုင်ပါ…စိတ်ကောင်းထားပါ…
၇ - စကင်ကဲအကြောင်းလေ့လာပါ…
ဒါတွေဟာ ကိုယ့်ရဲ့ ဗဟုသုတ မပြည့်စုံမှုတွေကြောင့်ဖြစ်လာတာပါ…
အဲ့တော့…လေ့လာပါ…စကင်ကဲနဲ့ပတ်သက်တဲ့…
အခြေခံ ဗဟုသုတလေးတွေတော့ ရှိအောင်လုပ်ပါ…
ပိမင်လို ဘလော့ဂါတွေ ရေထားတာတွေ လိုက်ဖတ်ပါ…
အင်ဖော်မေးရှင်း အမှားတွေပေးတဲ့ ဘလော့ဂါတွေကိုတော့ သတိထားပါ…
TLC နဲ့ပတ်သက်ပြီးတော့…ဒီနေ့တော့…ဒီလောက်ပဲပေါ့နော်…
နောက်နေ့မှ လိုတာလေးတွေ ဆက်ရေးပေးပါ့မယ်…
ပျက်စီးနေတဲ့ စကင်လေးတွေ မြန်မြန်ပြန်ကောင်းကြပါစေလို့…
ဆုတောင်းပေးရင်း…ဒီမှာတင်နားလိုက်ပါ့မယ်…
ဟုန်..ပိပါပိ…ကျေးဇု…
~PhyoWaiYan~
~ChantaraCosmeticShop~
#TenderLovingCare
~ကူးချသူfinနူ~
0 notes